စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရန်သွာစဉ် ရဲဘော်(၇) ဦးကျဆုံး

RNA_ဖေဖော်ဝါရီ(၁၃)၊၂၀၂၃ ခုနှစ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ငွေသာကျေးရွာဘက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ရှေ့ထွက်မိုင်းဆွဲတိုက်ခိုက်ရန်သွားစဉ် စောင့်ကြိုတိုက်ခိုက်ခံရသည့်အတွက် ဒေသခံပြည်သူ့ကာကွယ်ရေး ရဲဘော် (၇) ဦး ဖေဖော်ဝါရီ (၁၂) ရက်နေ့က ကျဆုံးခဲ့ရသည်။

Shwe Nyar Myae People Defense Force မှ ရဲဘော် (၄) ဦး၊ ညီနောင်သုံးဖော် အဖွဲ့မှ (၁) ဦး၊ Zarmani Blood Guerilla Army.Myaingအဖွဲ့မှ ရဲဘော် (၁)ဦး၊ ဒေသခံ ရဲဘော် (၁) ဦးတို့သည် စစ်ကောင်စီတပ်က ကင်းပုန်းစောင့်ပြီး တိုက်ခိုက်ခံရသည့်အတွက် ကျဆုံးခဲ့ရခြင်း ဖြစ်သည်ဟု သက်ဆိုင်ရာတပ်ဖွဲ့များမှ ထုတ်ပြန်ထားသည်။

ငွေသာကျးရွာသို့ အကြမ်းဖက်ဝင်ရောက်စီးနင်းမည့် စစ်ကောင်စီတပ် စစ်ကြောင်းကို Southern YSO PDF အဖွဲ့ နှင့်ပူးပေါင်းမဟာမိတ်များဖြစ်ကြသော Shwe Nyar Myae People Defense Force ၊ညီနောင်သုံးဖော် ၊ Yesagyo Revolution Group၊ Zarmani Blood Guerilla Army.Myaing အဖွဲ့၊Urban Underground Revolution Force(UURF-YSO)၊ ယင်းမာပင်ခရိုင်အမှတ် (၁၀) တပ်ရင်း ဒေါင်နက်နယ်နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့နှင့် ပုလဲမြို့နယ်အတွင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရန် ပြင်ဆင်ခဲ့ကြပြီး ရှေ့ထွက်မိုင်းအဖွဲ့ သွားရောက်တိုက်ခိုက်စဉ် ကျဆုံးခဲ့ရခြင်း ဖြစ်သည်ဟု Southern YSO PDF က ထုတ်ပြန်ထားသည်။

ပြည်သူ့ကာကွယ်ရေးရဲဘော် (၇) ဦးကျဆုံးခဲ့ရမှုနှင့်အတူ MK12သေနတ် ၁လက်၊ ကား (၂) စီး၊ လက်လုပ်ခြောက်ဆယ်ပြောင်း (၇) ခု၊ ပါးရီ သေနတ် (၁) လက် စသည့် လက်နက်ခဲယမ်းများပါ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဆုံးရှုံးခဲ့ရကြောင်း ထုတ်ပြန်ထားသည်။

#RedNewsAgency

By Editor