Tag: PDF

  • စစ်ကောင်စီတပ်က ပြည်သူများကို သတ်ဖြတ်ပြီး ကျေးရွာကို မီးလောင်တိုက်သွင်း

    စစ်ကောင်စီတပ်က ပြည်သူများကို သတ်ဖြတ်ပြီး ကျေးရွာကို မီးလောင်တိုက်သွင်း

    RNA_နိုဝင်ဘာ(၁၅)၊၂၀၂၂ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ထန်းကြီးကျေးရွာကိုဝင်စီးစဉ် ပြည်သူများကို သတ်ဖြတ်ပြီး လေဖြတ်နေသည့် ပြည်သူတဦးနှင့် ကျေးရွာကို မီးရှို့သွားကြောင်း သိရသည်။

    ဝက်လက်မြို့နယ် တောင်ဘက်ခြမ်း ကျေးရွာများအတွင်း ယခုရက်ပိုင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသည့်အတွက် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တချို့နှင့် တိုက်ပွဲဖြစ်ပွားကြောင်း၊ နိုဝင်ဘာလ (၁၃) ရက်နေ့က ထန်းကြီးကျေးရွာဝင်စီးစဉ် ဒေသခံပြည်သူ အနည်းဆုံး (၅) ဦးကို သတ်ဖြတ်ပြီး ကျေးရွာကို မီးရှို့သွားခဲ့သည်။

    (more…)

  • ကျေးရွာမီးရှို့သည့် စကစ တပ်ဖွဲ့ တိုက်ခိုက်ခံရ

    ကျေးရွာမီးရှို့သည့် စကစ တပ်ဖွဲ့ တိုက်ခိုက်ခံရ

    စစ်ကောင်စီတပ်ကို ဝက်လက်ဗိုလ်ကျားကြီးအဖွဲ့နှင့်မဟာမိတ်များတိုက်ခိုက်

    RNA_နိုဝင်ဘာ(၁၃)၊၂၀၂၂ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ထန်းကြီးကျေးရွာကို မီးရှို့ပြီး ထွက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ယနေ့ နေ့လည် ၁ နာရီဝန်းကျင်က ကျောင်းဖြူရွာအနီးတွင် ဝက်လက်ဗိုလ်ကျားကြီးအဖွဲ့နှင့်မဟာမိတ်ရဲဘော်များက တိုက်ခိုက်ခဲ့ကြကြောင်း Bo Tiger အဖွဲ့က ရုပ်သံနှင့်တကွ ထုတ်ပြန်ထားသည်။

    [embedyt] https://www.youtube.com/watch?v=eJztWiWJ5rA[/embedyt]

    Red News Agency

  • ချောင်းနှစ်ခွရဲစခန်းကို KNLAနှင့်နဂါးနီစစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်၊ ရဲ၃ဦးသေပြီး ၄ ဦးအရှင်ဖမ်းမိ

    ချောင်းနှစ်ခွရဲစခန်းကို KNLAနှင့်နဂါးနီစစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်၊ ရဲ၃ဦးသေပြီး ၄ ဦးအရှင်ဖမ်းမိ

    RNA_နိုဝင်ဘာ(၁၃)၊၂၀၂၂ခုနှစ်။

    မွန်ပြည်နည်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွရဲစခန်းကို KNLAပူးပေါင်းတပ်ဖွဲ့နှင့် နဂါးနီစစ်ကြောင်းတို့ ယမန်နေ့ ( နိုဝင်ဘာ ၁၂ ရက်) နံနက် ၆ နာရီဝန်းကျင်က တိုက်ခိုက်ခဲ့ခဒ့သည့်အတွက် ရဲ (၃)ဦး သေဆုံးပြီး၊ ၂ဦးထွက်ပြေးကာ ၄ ဦးအရှင်ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

    ” KNLA ပူးပေါင်းတပ်ဖွဲ့နှင့် နဂါးနီစစ်ကြောင်းမှ ရဲဘော်များ ပူးပေါင်းတိုက်ခိုက်ခဲ့ရာတွင် စခန်းမှူး လှကျော်ဦး၊ဒုတပ်ကြပ် စိုးငြိမ်းဦး၊တပ်သား အောင်နန်းဇွန်တို့ သေဆုံးပြီး၊ရဲဘော်တလာကိုနှင့်ဒုရဲအုပ်နန္ဒစိုးတို့ထွက်ပြေး၊ တပ်ကြပ်ကြီး အေးကို၊ရဲတပ်သား လွင်ကိုဟိန်း၊ ဒုတပ်ကြပ် မျိုးအေး၊ရဲတပ်သား ကိုလင်းတို့ကို အရှင်ဖမ်းဆီးရမိခဲ့ပါသည်” ဟု နဂါးနီစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။

    (more…)

  • ပြည်သူ ၁၄ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်

    ပြည်သူ ၁၄ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်

    RNA_နိုဝင်ဘာ(၇)၊၂၀၂၂ခုနှစ်။
    စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင် မြောက်ခြမ်းရှိ ကိုးတောင်ဘို့ တိုက်နယ်မှ အရပ်သား (၁၄) ဦးကို ဖမ်းဆီးသတ်ဖြတ် ခဲ့သည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ယနေ့ အသိပေးထားသည်။
    နိုဝင်ဘာလ ၃ ရက်နေ့ နေ့လည် ၂ နာရီဝန်းကျင်က ကန့်ဘလူမြို့နယ်မြောက်ခြမ်း ကိုးတောင်ဘို့အထိုင် စစ်ကောင်စီတပ် ခမရ-၃၆၃ စစ်ကြောင်းမှ စစ်ဘေးရှောင်တောတိုက်များမှ အပြစ်မဲ့ပြည်သူ(၁၄)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။အပြစ်မဲ့ပြည်သူ(၁၄)ဦးမှာ ခုခံနိုင်သည့် လက်နက်တစ်စုံ တစ်ရာမပါဘဲ စစ်ကောင်စီတပ်၏ ဖမ်းဆီးခံရခြင်းဖြစ်ပြီး၊ နိုဝင်ဘာ (၆) ရက်နေ့ ညနေက အပြစ်မဲ့ပြည်သူ (၁၄)ဦးအား စစ်ကောင်စီတပ်သားများက PDF စွပ်စွဲပြီးရက်ရက်စက်စက်မီးရှို့သတ်ဖြတ်ခဲ့ကြောင်းစုံစမ်းသိရှိရသည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က အသိပေးထားသည်။
    ဖမ်းဆီးခံသူများမှာ လျှော်ဖြူကုန်းကျေးရွာမှ ဦးစိုးဝင်း (၂၇)နှစ်၊ ဦးကျော်မြင့်ထွန်း (၃၅)နှစ်၊ မောင်စိုးစံ (၁၈)နှစ်၊ ဦးမိုးဝင်းထွန်း (၃၀)နှစ်၊ ဦးကျော်စိုး (၃၅)နှစ်၊ ဦးဇော်ဇော် (၃၇)နှစ်၊ ဦးမြင့်ဦး (၅၀)နှစ်၊ ဦးဇော်မင်းစိုး (၃၅)နှစ်၊ ဦးငချို (၃၄)နှစ်၊ ဦးအောင်စိုး(၃၃)နှစ်၊ ဦးညီညီ (၃၀)နှစ်၊မောင်ဝင်းဝင်းသူ(၁၆)နှစ်၊(8)တန်းကျောင်းသား၊ ဦးမျိုးအောင်(၂၅)နှစ်၊ ဇီးကနားကျေးရွာမှ ဦးထွန်းဦး(၃၅)နှစ်တို့ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
    Red News Agency

  • “တော်လှန်ရေးက အောင်ကိုယ်အောင်မှာပါ”

    “တော်လှန်ရေးက အောင်ကိုယ်အောင်မှာပါ”

    ပြည်သူ PDF NUG လက်တွဲညီညီလှုပ်ရှားနေသည့်အတွက် တော်လှန်ရေးက အောင်ကိုယ် အောင်မည်
    RNA_နိုဝင်ဘာ(၅)၊၂၀၂၂ ခုနှစ်။
     
    “ တော်လှန်ရေးက အောင်ကိုအောင်မှာပါ၊ ဘာလို့လည်းဆိုတော့ အခုချိန်ထိ ပြည်သူတွေနဲ့ PDF တွေ NUG တို့ဟာ အားလုံးက လက်တွဲညီညီ လှုပ်ရှားနေတာဖြစ်တဲ့အတွက် တနေ့တလံ ပုဂံဘယ်ရွေ့မလဲဗျာ၊ ဘယ်လိုပဲနေနေ အောင်မြင်မှုကတော့ ရကိုယ်ရမှာဖြစ်ပါတယ်၊ အဲဒီ ဖက်ဒရယ်ဒီမိုကရေစီ အောင်မြင်မှုကြီးရသည့်တိုင်အောင် အားလုံး ယုံကြည်ချက်မပျက်ပဲနဲ့ လက်တွဲမှုဖြုတ်ဘဲနဲ့ ဆက်လက်ယုံကြည်ပြီးတော့ လုပ်ဆောင်ပေးဖို့လည်း လိုအပ်ပါတယ်”ဟု လူငယ်သူရဲကောင်းတပ် – YRF မှရဲဘော် ဖီးနစ်က ပြောကြားထားသည်။
    [embedyt] https://www.youtube.com/watch?v=fUM59zMPhD4[/embedyt]
     
    စစ်ကိုင်းတိုင်း၊ ယင်းမာပင်အခြေစိုက် လူငယ်သူရဲကောင်းတပ်မှ ရဲဘော်ဖီးနစ်ကစစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က တော်လှန်ရေးအခြေအနေများ၊ လက်တလောကြုံတွေ့နေရသည့်အခက်အခဲနှင့် စစ်ရေးအခြေအနေများကို ပြောပြထားသည်။
     
    Red News Agency

  • PDF အနေဖြင့် ABSDFအပေါ် ညီနောင် ရဲဘော်ရဲဘက်များအဖြစ် မှတ်ယူသည်ဟု NUG ကာကွယ်ရေးဝန်ကြီးပြော

    PDF အနေဖြင့် ABSDFအပေါ် ညီနောင် ရဲဘော်ရဲဘက်များအဖြစ် မှတ်ယူသည်ဟု NUG ကာကွယ်ရေးဝန်ကြီးပြော

    RNA_နိုဝင်ဘာ ၁၊ ၂၀၂၂ ခုနှစ် ။
     
    ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အနေဖြင့်ဆိုရင် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ကျောင်းသားတပ်မတော်အပေါ် ညီနောင် ရဲဘော်ရဲဘက်များအဖြစ် မှတ်ယူပြီး ဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားထားသည်။
     
    ၂၀၂၂ ခုနှစ် မှာ ကျရောက်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးတည်ထောင်ခြင်း (၃၄) နှစ်ပြည့်သို့ ဒီနေ့(နိုဝင်ဘာလ ၁) NUG ၊ကာကွယ်ရေးဝန်ကြီးက ပေးပို့သော သဝဏ်လွှာတွင် ဖော်ပြထားသည်။
    Photo : ABSDF

    (more…)

  • MOD နှင့် PRA-Magway တို့ ကြားကာလအုပ်ချုပ်ရေး၊စစ်ရေးတို့ကိုလက်တွဲဆောင်ရွက်မည်

    RNA_နိုဝင်ဘာ(၁)၊၂၀၂၂ ခုနှစ်။
     
    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာ – MOD နှင့် လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) တို့ နိုင်ငံရေးဆိုင်ရာမူဝါဒ၊စစ်ရေးဆိုင်ရာမူဝါဒနှင့် မဟာမိတ်ဆိုင်ရာမူဝါဒများအရ စစ်ရေး၊ နိုင်ငံရေးနှင့် ဒေသန္တရအုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
     
    PRA-Magway အနေဖြင့် MODမှ ချမှတ်ထားသော စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ (COC)ကိုလေးစားလိုက်နာမှုနှင့် အမိန့်ပေးကွပ်ကွဲမှုကွင်းဆက် ( Chain of Command) တွင် ပါဝင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နှင့် ဒေသတွင်း စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရန်နှင့် ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းအကောင်အထည်ဖော်ရာတွင် ပါဝင်ကူညီရန် သဘောတူခဲ့ကြသည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။
    Red News Agency

  • ပထမဆုံး လွတ်မြောက်နယ်မြေဖြစ်လာမည့် အညာ

    ပထမဆုံး လွတ်မြောက်နယ်မြေဖြစ်လာမည့် အညာ

    “အညာဒေသဟာ ပထမဆုံး လွတ်မြောက်နယ်မြေဖြစ်လာမယ်ဆိုတာ ကောလဟလမဟုတ်ဘူး တစ်ကယ်ပါ”
     
     RNA_အောက်တိုဘာ(၂၈)၊၂၀၂၂ ခုနှစ်။
     
    ” လောလောဆယ် ကျွန်တော်တို့ လက်နက်ကိုင်တွေ စိုးမိုးထားတဲ့အခြေအနေက ကျေးရွာတွေအားလုံးကို အညာဒေသတွင်းမှာရှိတဲ့ ကျေးရွာတွေ အားလုံးနီးပါးကို ထိန်းချုပ်ထားနိုင်ပြီ PDF တွေစိုးမိုးထားနိုင်ပြီ၊ ကျေးရွာတွေရဲ့ နောက်တဆင့်ဖြစ်တဲ့ တိုက်နယ်တွေပေါ့နော် ကျေးရွာတွေစုပေါင်းထားတဲ့တိုက်နယ်တွေ အဲတိုက်နယ်တွေလည်း စိုးမိုးထားနိုင်ပြီ၊ တိုက်နယ်ကနေတဆင့် မြို့တွေပေါ့နော် အဲဒီမြို့တွေ အကုန်လုံးနီးပါးကို အဲဒီ မြို့တကွက်လေးပေါ့ဗျာ မြို့တကွက်လေး ကွက်ကွက်လေးတခုသာပဲ ဒီကောင်တွေက ထိုင်နိုင်တယ်၊ ကျန်တဲ့ဟာ သူတို့ မထိုင်နိုင်တော့ပါဘူး” ဟု စသဖြင့် 96 Solders – PDF တာဝန်ခံ ကိုဇေယျာလွင်က Red News Agency ကို ပြောသည်။
    [embedyt] https://www.youtube.com/watch?v=0KEmerY0w7A[/embedyt]
    အညာပြည်သူများ တော်လှန်ရေးနှင့်ပတ်သက်ပြီး စိတ်အားထက်သန်မှု အညာပြည်သူတို့၏ ရဲဝံ့မှု၊ အညာမြေ စစ်ရေးအခြေအနေမှာ PDF တွေစိုးမိုးထားမှုများ အခြေအနေများ၊ အညာမြေကို 96 Solders-PDF ဘာ့ကြောင့် ရွေးချယ်ခဲ့သလဲဆိုသည့် အကြောင်းအရာတွေကို Red News Agecny က 96 Solders – PDF တာဝန်ခံ ကိုဇေယျာလွင်ကို ဆက်သွယ်မေးမြန်းထားသည်။
     
    Red News Agency

  • လေကြောင်းကာကွယ်ရေးလက်နက် ဖြန့်ကျက်တပ်ဆင်ဖို့ ကန့်အသတ်ရှိဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြော 

    လေကြောင်းကာကွယ်ရေးလက်နက် ဖြန့်ကျက်တပ်ဆင်ဖို့ ကန့်အသတ်ရှိဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြော 

    RNA_အောက်တိုဘာ(၂၇)၊၂၀၂၂ခုနှစ်။

    လေကြောင်းကာကွယ်ရေးလက်နက် (MANPADS) အလုံ အလောက်ဖြန့်ကျက်တပ်ဆင်နိုင်ရန် အကန့်အသတ်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးရည်မွန်က ပြောသည်။

    PDF ရဲဘော်များသို့ ပြောကြားသည့် ရေဒီယို NUG အသံလွှင့်အစီအစဉ်တွင် ဦးရည်မွန်က ပြောကြားထားခြင်းဖြစ်သည်။

    ” လေကြောင်းကာကွယ်ရေးလက်နက် (MANPADS) အသုံးပြုတယ်ဆိုတာ နည်းလမ်းတစ်ခုပဲ ဖြစ်တယ်။ ဒီလက်နက်က တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ကြပ်မတ်ထားတာ ဖြစ်တဲ့အတွက် ပစ္စည်းရဖို့ အချိန်ယူကြိုးစားရသလို အလုံအလောက်ဖြန့်ကျက်တပ်ဆင်နိုင်ဖို့ ဆိုတာလည်း အကန့်အသတ်ရှိတယ်။ ဒါကြောင့် ငါတို့ ဥာဏ်သုံးပြီး ရန်သူ့လေကြောင်းဟန့်တားနိုင်မယ့်နည်းလမ်းသစ်တွေ ရှာရလိမ့်မယ်။နည်းဗျုဟာပိုင်းဆိုင်ရာ လိုအပ်တဲ့အပြောင်းအလဲနဲ့အသင့်အနေအထား ပြင်ဆင်မှုတွေ ဆောင်ရွက်ကြဖို့ လိုအပ်မှာ ဖြစ်တယ်” ဟု ဦးရည်မွန်က ပြောသည်။

    (more…)

  • 96 Soldiers – PDF ရဲဘော်များ မြို့ပေါ်တက်လာမည်ဟု ကြုံးဝါး

    96 Soldiers – PDF ရဲဘော်များ မြို့ပေါ်တက်လာမည်ဟု ကြုံးဝါး

    RNA_အောက်တိုဘာ(၂၇)၊၂၀၂၂ ခုနှစ်။

    “ 96 Soldiers တွေ မြို့ကိုတက်လာမယ်၊ မကြာခင်မှာ တက်လာမယ်၊ 96 Soldiers “ ဟု ရဲဘော်သစ်နောင်နောင်က တိုက်ပွဲဝင်ရန် သွားလာနေစဉ် ကြုံးဝါးထားသည်။ 

    [embedyt] https://www.youtube.com/watch?v=Xi3tqoBcx3U[/embedyt]

    96 Soldiers – PDF ရဲဘော်များသည် တောင်ပိုင်းတိုင်းစစ်ဒေသနှင့် အညာမြေစစ်ဒေသတို့တွင် စစ်အာဏာရှင်အား လက်နက်ကိုင်တိုက်ခိုက်နေပြီး ပြီးခဲ့သည့် ကော့ကရိတ်တိုက်ပွဲတွင်လည်း ပါဝင်ဆင်နွှဲခဲ့ကြသည်။ 

    Red News Agency