Tag: MOD-PDF

  • ခုခံတော်လှန်စစ် ဒုတိယနှစ်အတွင်း စစ်ကောင်စီတပ်စခန်း ၁၀၇ ခု သိမ်းပိုက်နိုင်ခဲ့ 

    ခုခံတော်လှန်စစ် ဒုတိယနှစ်အတွင်း စစ်ကောင်စီတပ်စခန်း ၁၀၇ ခု သိမ်းပိုက်နိုင်ခဲ့ 

    RNA_စက်တက်ဘာ()၊၂၀၂၃ ခုနှစ်။ 

    နွေဦးတော်လှန်ရေး ခုခံစစ် ဒုတိယနှစ်အတွင်း စစ်ကောင်စီတပ်စခန်း (၁၀၇) ခု တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ယနေ့ ကျရောက်သည့် ပြည်သူ့ခုခံတော်လှန်စစ် () နှစ်ပြည့်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အစီရင်ခံစာတွင် ထုတ်ပြန်ထားသည်။ 

    ခုခံတွန်းလှန်စစ် ပထမနှစ်တွင် စစ်ကောင်စီတပ်စခန်း (၂၈) ခုသာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ဒုတိယနှစ်တွင် စစ်ကောင်စီတပ်စခန်း (၁၀၇) ခု တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ခုခံစစ် ဒုတိယနှစ်အတွင်း မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် လက်တွဲ၍ ပြောက်ကျားစစ် သာမက သမရိုးကျစစ် အဆင့်သို့ တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

    (more…)

  • စစ်ကောင်စီတပ်စခန်းတခုကို ၁၅ မိနစ်အတွင်း သိမ်းခဲ့တယ်

    စစ်ကောင်စီတပ်စခန်းတခုကို ၁၅ မိနစ်အတွင်း သိမ်းခဲ့တယ်

    RNA_ဩဂုတ်(၁၁)၊ ၂၀၂၃ ခုနှစ်။
     
    ကျွန်တော်တို့ တပ်ဖွဲ့သည် ယုံကြည်မှုအပြည့်ရှိပြီး ၁၅ မိနစ်အတွင်း စစ်ကောင်စီတပ်စခန်းတခုကို သိမ်းပိုက်ခဲ့ပြီး၊ လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့သည်ဟု “စွန့်လွှတ်စွန့်စား ပြည့်ရင်သွေးများ” အစီအစဉ်တွင် အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F)တာဝန်ခံ တပ်မှူး အောင်စံရှားကပြောကြားထားသည်။
    [embedyt] https://www.youtube.com/watch?v=m17DAtJBmrg[/embedyt]
     
    #RedNewsAgency

  • မကွေးတိုင်းအတွင်း စစ်ရေးအခြေအနေနဲ့ စစ်ကောင်စီတပ်တွေအနေအထား

    မကွေးတိုင်းအတွင်း စစ်ရေးအခြေအနေနဲ့ စစ်ကောင်စီတပ်တွေအနေအထား

    ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ နွားမတောင်တကြောမှာ ကာကွယ်ရေးအဖွဲ့ တွေကော စစ်တပ်ကပါ နေရာဖြန့်ပြီး ယူထားပေမဲ့ ဒါဟာ စစ်တပ်အတွက်တော့ တဒင်္ဂနေရာယူထားတာသာဖြစ်ခဲ့ပါတယ်။ မုန်းတလျှောက်နဲ့ မင်းဘူးခရိုင်- ဂန့်ဂေါခရိုင်နဲ့ ချင်းပြည်နယ် အစပ်ကို ပတ်ချာလည် ဝန်းရံ ပြီး ကာမယ်လို့ ထင်ထားခဲ့ပေမဲ့ အင်အားမရှိတဲ့ စစ်တပ်ဟာ တစ်ပတ်သာ တောင့်ခံပြီး ပြန်ဆုတ်သွားခဲ့ပါတယ်

    ကျော်ရဲစံ

    မကွေးတိုင်းမှာ ခရိုင် ငါးခုနဲ့ မြို့နယ် ၂၅ မြို့နယ် ရှိပါတယ်။ မင်းဘူးခရိုင်၊ မကွေးခရိုင်၊ ပခုက္ကူခရိုင်၊ ဂန့်ဂေါခရိုင်နဲ့ သရက်ခရိုင်တို့ မှာ မြို့နယ်ပေါင်း ၂၅ မြို့နယ်ကို နယ်မြေဒေသအခြေခံပြီး အချိုးကျ ဖွဲ့စည်းထားတာပဲ ဖြစ်ပါတယ်။

    ဒီခရိုင်တွေမှာ အရေးကြီးတဲ့ အချက်ကစစ်တပ်က အားကိုးတဲ့ ပုသိမ် – မုံရွာ လမ်းပိုင်းနဲ့ နီးစပ်တဲ့ ခရိုင်တွေပဲဖြစ်ပါတယ်။ ဂန့်ဂေါခရိုင်နဲ့ ပခုက္ကူခရိုင် ဘက်မှာ ပုသိမ်- မုံရွာလမ်းပိုင်းကို ကာကွယ်ရေးအဖွဲ့တွေက စိုးမိုးထားပြီ ​ဖြစ်ပြီးတော့ မကွေးဘက်ကလာမယ်ဆို ကန်စွန်းမ ဂိတ်ကို ကျော်တာနဲ့ PDF ဂိတ်တွေ ကို ဆက်တိုက်ဖြတ်ရတော့မှာပဲ ဖြစ်ပါတယ်။

    ပခုက္ကူခရိုင်နဲ့ ဂန့်ဂေါခရိုင်က အဓိကမြို့ချင်းဆက်လမ်းတွေမှာ ကာကွယ်ရေးအဖွဲ့တွေရဲ့ ဂိတ်ပေါင်းစုံ စစ်တပ်ကတောင် အသနားခံပြီး ဖြတ်ရတဲ့ အနေအထားတွေလည်း ​ကြားသိနေရပါတယ်။ ဒါတွေက မကွေးတိုင်းကာကွယ်ရေးအဖွဲ့တွေရဲ့ နယ်မြေစိုးမိုးမှုတွေပဲ ဖြစ်ပြီးတော့ ကြေညာခြင်း မရှိတဲ့ တချို့မြို့တွေဟာ ရာနှုန်းပြည့်နီးပါး ကာကွယ်ရေးအဖွဲ့တွေ စိုးမိုးထားတာပါ။

    စစ်ရေးနဲ့နယ်မြေ အနေအထားအရ အရေးပါလှတဲ့ ဂန့်ဂေါ၊ ဆော၊ ပခုက္ကူ၊ ရေစကြို၊ ပေါက်၊ မြိုင် နဲ့ စေတုတ္တရာနယ်တွေမှာ ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတို့ မကြာခဏဆိုသလို တိုက်ပွဲ ဖြစ်ပွားရာကနေ လက်ရှိအချိန်မှာတော့ အဲဒီဒေသက က.ပ.စ တွေကိုတောင်မှ PDF တွေက ဝိုင်းဝန်းပိတ်ဆို့ထားတဲ့ အခြေနေမှာရှိပါတယ်။ ဒါ့ကြောင့်ပဲ မကွေးတိုင်း PDF တာဝန်ခံ ကိုတံခွန်က စစ်တပ်ရဲ့ အသဲ နှလုံးတွေကို ဖောက်စားတော့မယ်လို့ ပြောကြားထားပါတယ်။

    (more…)

  • မကွေးတိုင်းက စစ်ကောင်စီ အသည်းနှလုံးတွေ အပေါဆုံးနေရာ

    မကွေးတိုင်းက စစ်ကောင်စီ အသည်းနှလုံးတွေ အပေါဆုံးနေရာ

    RNA_ဩဂုတ်()၊ ၂၀၂၃ ခုနှစ်။ 

    မကွေးတိုင်းအတွင်း စစ်ကောင်စီတပ်၏ လက်နက်စက်ရုံများ၊ ငွေစက္ကူထုတ်လုပ်ရေးအပါအဝင် စစ်ကောင်စီတန်ဖိုးထားရသည့် အသည်းနှလုံးများစွာရှိပြီး ထိုးစိုက်ရန် ဓားရိုးများကို တော်လှန်ရေးတပ်ဖွဲ့တွေက ကိုင်ထားနိုင်ပြီဟုစွန့်လွှတ်စွန့်စား ပြည့်ရင်သွေးများအစီအစဥ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မကွေးတိုင်း တာဝန်ခံ ကိုတံခွန်က ပြောကြားထားသည်။ 

    [embedyt] https://www.youtube.com/watch?v=0rrqWY1w6z4[/embedyt]

    မကွေးတိုင်းက စစ်ကောင်စီရဲ့ လူသတ်လက်နက်စက်ရုံတွေ အပေါဆုံး နေရာဒေသတခုဖြစ်ပါတယ်။ ကျွန်တော်တို့ မကွေးတိုင်းအတွင်းမှာဆိုလို့ရှိရင် ဒါသူတို့ရဲ့ အသည်းနှလုံးတွေလို့ ပြောလို့ရပါတယ်။ အသည်းနှလုံးကို ထိုးစိုက်ဖို့ ဓားရိုးကိုတော့ ကျွန်တော်တို့ မကွေးတိုင်းသားတွေ PDF တပ်ဖွဲ့ တပ်ရင်းတွေက ကိုင်ထားပြီလို့ ပြောလို့ရပါတယ်ဟု မကွေးတိုင်း PDF တာဝန်ခံ ကိုတံခွန်က ပြောထားသည်။ 

    (more…)

  • ဂန့်ဂေါခရိုင်မှာ NUG လက်အောက်ခံများ ပြဿနာတက်နေ

    ဂန့်ဂေါခရိုင်မှာ NUG လက်အောက်ခံများ ပြဿနာတက်နေ

    RNA_ဩဂုတ်(၄)၊ ၂၀၂၃ ခုနှစ်။

    မကွေးတိုင်း၊ ဂန့်ဂေါခရိုင်ရှိ ဂန့်ဂေါ ပ.က.ဖ နှင့် ဆောမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ – ပ.လ.ဖ တို့သည် ယခုရက်ပိုင်း ဒေသခံပြည်သူတချို့နှင့် NUG လက်အောက်ခံမဟုတ်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပြဿနာဖြစ်ပွားနေကြောင်း သိရသည်။

    ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် ပ.လ.ဖ အဖွဲ့ဝင် အချုပ်ခန်းစောင့် (အစမ်းခန့်) ၈ ဦး သည် ခိုးမှုဖြင့် အချုပ်ကျနေသော အမျိုးသမီးတဦးအား အတင်းအဓမ္မပြုကျင့်ခဲ့မှု ၂၀၂၃ ခုနှစ် ဧပြီလနောက်ဆုံးပတ်က ဖြစ်ပွားခဲ့သည့်အတွက် ဇူလိုင်လ ၃၁ ရက်နေ့တွင် ကျူးလွန်ခဲ့သူ (၈) ဦးလုံးကို ဖမ်းဆီးနိုင်ခဲ့ပြီး အမှုစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်ဟု ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယမန်နေ့က ကြေညာထားသည်။

    [embedyt] https://www.youtube.com/watch?v=YcAu4y3YKVM[/embedyt]

    ဂန့်ဂေါမြို့နယ် ပ.က.ဖ အဖွဲ့မှ တဦးတယောက်တည်းဆုံးဖြတ်လုပ်ကိုင်နေခြင်းနှင့် အခက်အခဲများကို ဖြေရှင်းပေးနိုင်ခြင်း မရှိသည့်အတွက် NUG တာဝန်ရှိသူများအနေဖြင့် ဖြုတ်ချပြီး အစားထိုးခန့်အပ်နိုင်ရေးအတွက် ဒေသခံတချို့က ဩဂုတ်လ ၂ ရက်နေ့က ဆန္ဒပြခဲ့သည်။

    (more…)

  • 96 Soldiers – PDF နှင့်ပတ်သက်ပြီး စာထုတ်သည့်ကိစ္စ NUG ထိခိုက်သလို တော်လှန်ရေးကိုလည်းထိခိုက်ဟု ကိုဇေယျာလွင်ပြော

    96 Soldiers – PDF နှင့်ပတ်သက်ပြီး စာထုတ်သည့်ကိစ္စ NUG ထိခိုက်သလို တော်လှန်ရေးကိုလည်းထိခိုက်ဟု ကိုဇေယျာလွင်ပြော

    RNA_ဇူလိုင်(၃၁)၊၂၀၂၃ ခုနှစ်။

    အညာဒေသခြေစိုက် ကိုဇေယျာလွင် ဦးဆောင်သော 96 Soldiers – PDF အညာဒေသတပ်ခွဲကို ကျေးရွာတရွာတွင် အခြေချနေထိုင်ခြင်းမပြုရန် ညွှန်ကြားသည့်စာသည် NUG ကိုလည်း ထိခိုက်သလို တော်လှန်ရေးကိုလည်း ထိခိုက်သည်ဟု ကိုဇေယျာလွင်က ပြေကြားထားသည်။

    NUG ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၁) စစ်ဒေသရုံး၏ ညွန်ကြားချက်အရ ဇူလိုင်လ ၂၄ ရက်နေ့ရက်စွဲဖြင့် အခြေချနေထိုင်ရန် ရွှေ့ပြောင်းရောက်ရှိလာသော ကိုဇေယျာလွင် ဦးဆောင်သော 96 Soldier (LPDF) အဖွဲ့အား အခြေချနေထိုင်ခြင်းမပြုရန် ညွှန်ကြားခစာကို မြို့နယ်တာဝန်ခံက ထပ်ဆင့်ညွှတ်ကြားချက်ထုတ်ခဲ့ကြောင်းသိရသည်။

    “ဒီလိုစာမျိုးက ဒီလိုကာလမျိုးမှာ အပေါင်းလက္ခဏာမဆောင်တဲ့ အနုတ်လက္ခဏာဆောင်တဲ့ စာမျိုးဖြစ်တယ်ပေါ့နော်။ အကျိုးမရှိတဲ့ စာမျိုးဖြစ်တယ်ပေါ့။ အဲလိုစာမျိုးထုတ်ချင်းက NUG ကိုလည်းထိခိုက်တယ်။ တော်လှန်ရေးကိုလည်း ထိခိုက်တယ်ပေါ့နော်။ အဲလိုလူမျိုးတွေ အောက်ခြေမှာ လုပ်ချင်တိုင်းလုပ် ထုတ်ချင်တိုင်းထုတ် စာတွေထုတ်နေတဲ့ အကျိုးဆက်ကို NUG လည်းထိခိုက်တယ် တော်လှန်ရေးအတွက်လည်း ထိခိုက်တယ်လို့ ကျွန်တော်မြင်တယ်” ဟု ကိုဇေယျာလွင်က ပြောကြားထားသည်။

    (more…)

  • လက်ခတ်တောင် တာဝါတိုင်ကုန်းစခန်းမှာ တိုက်ပွဲပြန်ဖြစ်

    လက်ခတ်တောင် တာဝါတိုင်ကုန်းစခန်းမှာ တိုက်ပွဲပြန်ဖြစ်

    RNA_ဇူလိုင်(၂၅)၊၂၀၂၃ ခုနှစ်။

    KNLA-ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် မြဝတီမြို့၊ မေတ္တာလင်းမြိုင်နှင့် လက်ခတ်တောင်အကြားတွင် လက်ခတ်တောင်စခန်းကုန်းအား စစ်ကောင်စီတပ်မှ ပြန်လည်ရရှိရေး ထိုးစစ်ဆင်နေသည့်အတွက် ယနေ့ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

    KNLA−ပူးပေါင်းတပ်ဖွဲ့မှ ဇူလိုင်လ ၂၁ ရက်နေ့က စစ်ကောင်စီတပ် တပ်စွဲထားသည့် လက်ခတ်တောင် စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြကြောင်း၊ ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ် အကျအဆုံးများပြီး တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူး ထွက်ပြေးခဲ့သည့်အတွက် အရေးယူခံနေရကြောင်း သိရသည်။

    စစ်ကောင်စီတပ်မှ လပ်ခတ်တောက် စခန်းကုန် ပြန်လည်ရရှိရေးအတွက် တပ်မ(၄၄) မှူးမှ တိုက်ရိုက် ညွန်ကြားပြီး ခမရ(၂) နှင့် ခမရ(၁၁၈) စုပေါင်းထုတ်နုတ်အင်အား (၁၀၀) ကျော်ဖြင့် ထိုးစစ်ဆင်နေကြောင်း KNLA− ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောထံမှ သိရသည်ဟု ဒူးပလာယာခရိုင်−သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်သည်။

    (more…)

  • အထူးစစ်ဆင်ရေးတပ်ဖွဲ့က (၇၆)နှစ်​မြောက် အာဇာနည်နေ့အလေးပြုအခမ်းအနားပြုလုပ်

    အထူးစစ်ဆင်ရေးတပ်ဖွဲ့က (၇၆)နှစ်​မြောက် အာဇာနည်နေ့အလေးပြုအခမ်းအနားပြုလုပ်

    RNA_ဇူလိုင်(၁၉)၊၂၀၂၃ ခုနှစ်။

    အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F ၏ ရှေ့တန်းစစ်ကြောင်းများနှင့် တပ်ခွဲများတွင် တပြိုင်တည်း ယနေ့ နံနက် ၇ နာရီက (၇၆) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။


    (more…)

  • ဆောမြို့နယ်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က အနည်းဆုံး ၂၀ ဦးသေ

    ဆောမြို့နယ်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က အနည်းဆုံး ၂၀ ဦးသေ

    RNA_ဇူလိုင် (၁၉)၊၂၀၂၃ ခုနှစ်။

    မကွေးတိုင်း ဆောမြို့အနီးဝန်းကျင်ထိ ဇူလိုင် ၁၃ ရက်နေ့မှ ၁၈ ရက်နေ့အထိ စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ နေ့စဉ် တိုက်ပွဲဖြစ်ပွားရာတွင် စစ်ကောင်စီဘက်မှ ၂၀ ဦးအနည်းဆုံးသေဆုံးပြီး ဒဏ်ရာရရှိသူများပြားကြောင်း ဒေသခံများထံမှ သိရသည်။

    “ကျွန်တော်တို့ ဒေသမှာထိတာတော့ အလွန်ဆုံး ဆယ်ယောက်ပေါ့။ သူတို့ဂျမ်မာကားတွေလည်းပါတယ်လေ။ စုပြုံပြီးတက်လာတာမဟုတ်ဘူး” ဟု ဆောနှင့် ချင်းပြည်နယ်အစပ်က ဒေသခံတစ်ဦးက ပြောသည်။

    ဇူလိုင်လ ၁၈ ရက်နေ့မှာ ဆောနှင့် ကန်ပက်လက်ကြားမှာ ကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်လို့ စစ်ကောင်စီဘက် လက်အောက်ခံများ မြေပြင်တွင် ၁၀ ဦးဝန်းကျင် သေဆုံးကြောင်း၊ ဆောမြို့ အနီးတိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ ၁၀ ဦးထက်မနည်းသေဆုံးနိုင်ကြောင်း၊ ယခုရက်ပိုင်း တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သားများ ဒဏ်ရာရရှိမှု များပြားသော်လည်း သေဆုံးမှုမှာ ၂၀ ဝန်းကျင်သာရှိကြောင်း သိရသည်။

    NUG ကကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လောင်းရှည်ဒေသတိုက်ပွဲရုပ်သံမှ

    (more…)

  • မယ်စဲ့မြို့နယ်မှာ စစ်ကောင်စီတပ် ဗျူဟာကုန်းတပ်စခန်း ၆ခုနှင့် မြို့မရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်

    မယ်စဲ့မြို့နယ်မှာ စစ်ကောင်စီတပ် ဗျူဟာကုန်းတပ်စခန်း ၆ခုနှင့် မြို့မရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်

    RNA_ဇူလိုင်(၅)၊၂၀၂၃ ခုနှစ်။

    ကရင်နီပြည်၌ ဇွန်လအတွင်း တိုက်ပွဲများထဲတွင် မယ်စဲ့မြို့နယ်က စစ်ကောင်စီတပ် ဗျူဟာကုန်း တပ်စခန်း ၆ ခုနှင့် မယ်စဲ့မြို့မရဲစခန်တို့ကိုပါ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

    ” ဇွန်လ(၁၃)ရက်နေ့မှစ၍ ရက်သတ္တပတ်အတွင်း မယ်စဲ့မြို့နယ် အတွင်းရှိ ထိုင်း-မြန်မာ နယ်စပ်မှ စစ်ကောင်စီ၏ တပ်စခန်းများဖြစ်သော BP -13စခန်း၊ BP-14 စခန်း၊ BP-15 ရှိ မယ်တနွယ် တပ်စခန်း၊ BP -16 ရှိ တောင်လှတပ်စခန်းတို့နှင့် မယ်စဲ့မြို့မရဲစခန်း၊ ဗျူဟာကုန်းတပ်စခန်းတို့အား KA၊ ကလလတ ၊ မိမိတို့ KNDF နှင့်အတူ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုများ ပူးပေါင်း၍ တိုက်ခိုက်သိမ်းပိုက်ခဲ့ကာ စစ်ကောင်စီ၏ လက်နက်ကြီး/ငယ် များစွာနှင့် ခဲယမ်းမီးကျောက်အမြောက်အများတို့အား သိမ်းဆည်းရရှိခဲ့ပါသည်” ဟု KNDF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    (more…)