မကွေးတိုင်းက စစ်ကောင်စီ အသည်းနှလုံးတွေ အပေါဆုံးနေရာ

RNA_ဩဂုတ်()၊ ၂၀၂၃ ခုနှစ်။ 

မကွေးတိုင်းအတွင်း စစ်ကောင်စီတပ်၏ လက်နက်စက်ရုံများ၊ ငွေစက္ကူထုတ်လုပ်ရေးအပါအဝင် စစ်ကောင်စီတန်ဖိုးထားရသည့် အသည်းနှလုံးများစွာရှိပြီး ထိုးစိုက်ရန် ဓားရိုးများကို တော်လှန်ရေးတပ်ဖွဲ့တွေက ကိုင်ထားနိုင်ပြီဟုစွန့်လွှတ်စွန့်စား ပြည့်ရင်သွေးများအစီအစဥ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မကွေးတိုင်း တာဝန်ခံ ကိုတံခွန်က ပြောကြားထားသည်။ 

မကွေးတိုင်းက စစ်ကောင်စီရဲ့ လူသတ်လက်နက်စက်ရုံတွေ အပေါဆုံး နေရာဒေသတခုဖြစ်ပါတယ်။ ကျွန်တော်တို့ မကွေးတိုင်းအတွင်းမှာဆိုလို့ရှိရင် ဒါသူတို့ရဲ့ အသည်းနှလုံးတွေလို့ ပြောလို့ရပါတယ်။ အသည်းနှလုံးကို ထိုးစိုက်ဖို့ ဓားရိုးကိုတော့ ကျွန်တော်တို့ မကွေးတိုင်းသားတွေ PDF တပ်ဖွဲ့ တပ်ရင်းတွေက ကိုင်ထားပြီလို့ ပြောလို့ရပါတယ်ဟု မကွေးတိုင်း PDF တာဝန်ခံ ကိုတံခွန်က ပြောထားသည်။ 

မကွေးတိုင်းအတွင်း နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီလက်အောက်ခံများကို PDF LPDF နှင့် မကွေးတိုင်းအတွင်းရှိ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များက တိုက်ပွဲပေါင်း နှစ်ထောင်ကျော် တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ လေးထောင်ကျော်သေဆုံးခဲ့ရပြီး နှစ်ထောင်ဝန်းကျင်ဒဏ်ရာရှိခဲ့ကြောင်း၊ မကွေးတိုင်းအတွင်းရှိ အဖွဲ့အစည်းများ စည်းစည်းလုံးလုံးနှင့် ပူးပေါင်း တိုက်ပွဲဖော်ဆောင်နေသည်ဟု ၎င်းကပြောကြားထားသည်။ 

Red News Agency

By Editor