စစ်ကောင်စီ၏ သေဘောဘိုးစခန်းကို အောင်မြင်စွာ သိမ်းပိုက်

RNA_ဇွန်(၆)၊၂၀၂၅ခုနှစ်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီတပ် တပ်စွဲထားသော သေဘောဘိုးစခန်းကို KNU တပ်မဟာ (၆)ဦးဆောင်သော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (P.D.F) ရဲဘော်များက ဇွန်လ (၃) ရက်နေ့ ည (၁၁) နာရီခန့်တွင် အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊တပ်မဟာ (၆)၊ ကော့ကရိတ် မြို့နယ်၊ သေဘောဘိုးကျေးရွာအတွင်း ၁၉၉၇ ခုနှစ်မှ စတင်ကာ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များ ဝင်ရောက်ကျူးကျော် တပ်စွဲထားသော စခန်းတစ်ခုဖြစ်သည်ဟု KNU ကထုတ်ပြန်ထားသည်။

Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1

#RedNewsAgency #RedNews #RNA

By RNA Editor