စခန်းသိမ်းပြန် ရဲဘော်များကို ပြည်သူများကြိုဆို

RNA_ဇွန်(၆)၊၂၀၂၅ခုနှစ်။

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ မြန်မာ – ထိုင်းနယ်စပ်ရှိ စစ်ကောင်စီ၏ ဘလယ်ဒိုစခန်းအား မေလ၊ ၂၃ ရက်နေ့ကလည်းကောင်း၊ သေ့ဘောဘိုးစခန်းအား ဇွန်လ ၃ ရက်နေ့ကလည်းကောင်း သိမ်းပိုက်နိုင်ခဲ့ပြီး ပြည်သူ့အောင်ပွဲအဖြစ် အောင်ပွဲရယူခဲ့ကြသော KNLA၊ PDF ဗျူဟာ ၃၂ ပူးပေါင်းတပ်ဖွဲ့များအား ပြည်သူများက အားရဝမ်းသာစွာဖြင့် ကြိုဆိုခဲ့ကြသည်ဟု ဇွန်လ (၅) ရက်နေ့တွင် Cobra Column 2 VENOM ကအသိပေးထားသည်။

Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1

#REDNewsAgency #RNA #RedNews

By RNA Editor