Tag: KNLA

  • တောင်ကလေးရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်

    တောင်ကလေးရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်

    တောင်ကလေးရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်၊ စကစ ဘက်မှ အရာရှိနှစ်ဦးအပါအဝင် (၁၀) ဦးသေ

    RNA_နိုဝင်ဘာ(၂၁)၊၂၀၂၂ခုနှစ်။

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ KNU တပ်မဟာ (၆) နယ်မြေတွင်းရှိ တောင်ကလေးရဲစခန်းအား ယနေ့ နေ့ နံနက် (၁၁) နာရီဝန်းကျင်ထိ ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်မှ အရာရှိနှစ်ဦးအပါအဝင် (၁၀) ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

    တောင်ကလေး ရဲစခန်းအား KNLA တပ်ရင်း ၁၆၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့- S.O.F၊ ကော်သူးလေအာမီ၊ Saw Dragon Drone Force နှင့် ARMS ဒရုန်းအဖွဲ့တို့ပူးပေါင်း တိုက်ခိုက်ခဲ့ကြသည်။

    (more…)

  • တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရာရှိတဦးအပါ အဝင် (၄) ဦးသေ၊ အများအပြား ထွက်ပြေး 

    တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရာရှိတဦးအပါ အဝင် (၄) ဦးသေ၊ အများအပြား ထွက်ပြေး 

    RNA_နိုဝင်ဘာ(၁၅)၊၂၀၂၂ခုနှစ်။

    ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သေ့ဘော့ဘိုးကျေးရွာအနီးသို့ လာရန်ကြိုးစားနေသည့် စစ်ကောင်စီတပ် တပ်မ (၄၄)လက်အောက်ခံ ၊ နည်းဗျူဟာ (၄၄၃)၏ တပ်များကို ကော်ဘရာစစ်ကြောင်းနှင့် မဟာမိတ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က အရာရှိတဦးအပါအဝင် (၄) ဦးသေဆုံးကာ အများအပြား ထွက်ပြေးကြကြောင်း သိရသည်။

    စစ်ကောင်စီတပ်ကို KNLA တပ်ရင်း (၂၇) ကော်ဘရာပူးပေါင်းစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ တပ်မဟာလုံခြုံရေးစစ်ကြောင်း၏ တပ်ခွဲ(၂)၊ Federal Wings Drone အဖွဲ့၊ ရောင်နီတပ်ခွဲ ဒရုန်းအဖွဲ့ တို့က နိုဝင်ဘာ ၁၄ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်မှ ညနေ ၇ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကာ စစ်ကောင်စီဘက်က သေဆုံးခဲ့ကြခြင်း ဖြစ်သည်။

    တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ကူ အများအပြားပစ်ခဲ့သော်လည်း စစ်ကောင်စီတပ်သားများထွက်ပြေးကြရပြီး နယ်မြေရှင်းလင်းရေးလုပ်စဉ် ၅.၅၆ (ကပစ) ကျည်ဆန် (၃၇၀)တောင့်၊ (၄၀) မမ ဗုံးသီး (၈) လုံး၊ RPG ဗုံးသီး (၃)တောင့်၊ ၎င်းပို့ယမ်းတောင့် (၃) တောင့်၊ (၅.၅၆)ကျည်ဘောက် (၈)ခု၊ MA – 2 ကျည်ဘောက်(၁)ခု၊ လက်ပစ်ဗုံး (၁)လုံး၊ နင်းမိုင်း (၂)လုံး၊ စစ်သုံးမြေပုံ (၁)ချပ်၊ ကျည်ကာ ဦးထုပ် (၁)လုံး၊ စစ်သုံး လွယ်အိတ် (၁)လုံး၊ စာရွက်စာတမ်းများ၊ ပုခတ် (၁)လုံး၊ ပေါက်တူး (၁)လက်၊ စက်အားသွင်းခုံ (၁)ခု၊ ရေဘူး(၁) လုံး၊ ကိုယ်ရေးကိုယ်တာ ဓာတ်ပုံ(၂)ပုံ တို့အား သိမ်းဆည်းရမိခဲ့သည်ဟု ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်ထားသည်။

    #RedNewsAgency

  • ချောင်းနှစ်ခွရဲစခန်းကို KNLAနှင့်နဂါးနီစစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်၊ ရဲ၃ဦးသေပြီး ၄ ဦးအရှင်ဖမ်းမိ

    ချောင်းနှစ်ခွရဲစခန်းကို KNLAနှင့်နဂါးနီစစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်၊ ရဲ၃ဦးသေပြီး ၄ ဦးအရှင်ဖမ်းမိ

    RNA_နိုဝင်ဘာ(၁၃)၊၂၀၂၂ခုနှစ်။

    မွန်ပြည်နည်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွရဲစခန်းကို KNLAပူးပေါင်းတပ်ဖွဲ့နှင့် နဂါးနီစစ်ကြောင်းတို့ ယမန်နေ့ ( နိုဝင်ဘာ ၁၂ ရက်) နံနက် ၆ နာရီဝန်းကျင်က တိုက်ခိုက်ခဲ့ခဒ့သည့်အတွက် ရဲ (၃)ဦး သေဆုံးပြီး၊ ၂ဦးထွက်ပြေးကာ ၄ ဦးအရှင်ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

    ” KNLA ပူးပေါင်းတပ်ဖွဲ့နှင့် နဂါးနီစစ်ကြောင်းမှ ရဲဘော်များ ပူးပေါင်းတိုက်ခိုက်ခဲ့ရာတွင် စခန်းမှူး လှကျော်ဦး၊ဒုတပ်ကြပ် စိုးငြိမ်းဦး၊တပ်သား အောင်နန်းဇွန်တို့ သေဆုံးပြီး၊ရဲဘော်တလာကိုနှင့်ဒုရဲအုပ်နန္ဒစိုးတို့ထွက်ပြေး၊ တပ်ကြပ်ကြီး အေးကို၊ရဲတပ်သား လွင်ကိုဟိန်း၊ ဒုတပ်ကြပ် မျိုးအေး၊ရဲတပ်သား ကိုလင်းတို့ကို အရှင်ဖမ်းဆီးရမိခဲ့ပါသည်” ဟု နဂါးနီစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။

    (more…)

  • ကြိတ်စခန်းကို KNLA တပ်ရင်း (၁၈)နှင့် ပူးပေါင်းတပ်ဖွဲ့ တို့ တိုက်ခိုက်သိမ်းပိုက်အပြီး လက်နက်အများအပြားသိမ်းဆည်းရမိ

    ကြိတ်စခန်းကို KNLA တပ်ရင်း (၁၈)နှင့် ပူးပေါင်းတပ်ဖွဲ့ တို့ တိုက်ခိုက်သိမ်းပိုက်အပြီး လက်နက်အများအပြားသိမ်းဆည်းရမိ

    RNA_စက်တင်ဘာ(၂၁)၊ ၂၀၂၂ ခုနှစ်။

    ကေအဲန်ယူ- ကော့ကရိတ်မြို့နယ် KNLA တပ်ရင်း (၁၈)နှင့် ဒေါနစစ်ကြောင်း-SOG ပူးပေါင်းတပ်ဖွဲ့တို့က စစ်ကောင်စီတပ် ခမရ – ၅၅၇ ခြေကုတ်စခန်းဖြစ်သည့် ကြိတ်စခန်းကို စက်တင်ဘာ ၂၀ ရက်နေ့ နေ့လည် ၂ နာရီ ၁၉ မိနစ်ဝန်းကျင်က သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်အများအပြားဖမ်းဆီးရမိခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုက ယနေ့ ထုတ်ပြန်ထားသည်။

    (more…)

  • စစ်ကောင်စီတပ် သုံ့ပန်းများကို ခြောက်ပေါက် ( ခြေထိပ်တုံးခတ်) နှင့်ခတ်ကာ ထိန်းသိမ်းထား

    စစ်ကောင်စီတပ် သုံ့ပန်းများကို ခြောက်ပေါက် ( ခြေထိပ်တုံးခတ်) နှင့်ခတ်ကာ ထိန်းသိမ်းထား

    RNA_စက်တင်ဘာ ၁၂၊၂၀၂၂ခုနှစ်။

    ကရင်ပြည်နယ်၊ မြဝတီ – ဝေါ်လေ ကားလမ်းမအတိုင်း ကျူးကျော်လာသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ ခမရ (၁၀၂) မှ ဗိုလ်ကြီး ရဲရင့်မောင် ဦးစီးသော စစ်ကောင်စီ တပ်ဖွဲ့ဝင် (၆) ဦးကို ခြောက်ပေါက် (ခြေထိပ်တုံးခတ်) နှင့်ခတ်ကာ ထိန်းသိမ်းစောင့်ရှောက်ထားသည်ဟု သိရသည်။

    အကြမ်းဖက်စစ်ကောင်စီတပ် တပ်မ (၄၄) လက်အောက်ခံ ခမရ (၁၀၂) မှ ဗိုလ်ကြီး ရဲရင့်မောင် ဦးစီးသော စစ်ကောင်စီ တပ်ဖွဲ့ဝင် (၆) ဦးနှင့်အတူ လက်နက်ခဲယမ်းများနှင့်အတူ စက်တင်ဘာလ (၉) ရက်နေ့က လူခို့ အနီးတွင် ကရင့် အမျိုးသားလွတ်မြောက်ရေးတပ်မ‌တော် တပ်ရင်း (၂၇) နှင့် ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့မှ ဖမ်းဆီး ရမိခဲ့သည်။

    (more…)

  • စစ်ကောင်စီတပ်လေယာဉ် ပစ်ခတ်ခံရပြီး အရေးပေါ်ဆင်းသက်ခဲ့ရ 

    စစ်ကောင်စီတပ်လေယာဉ် ပစ်ခတ်ခံရပြီး အရေးပေါ်ဆင်းသက်ခဲ့ရ 

    RNA_ဩဂုတ်၈၊၂၀၂၂ခုနှစ်။

    ကေအဲန်ယူ-ကရင် အမျိုးသားအစည်းအရုံး စီမံအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ပဲသောင်ကျေးရွာ၊ စာသင်ကျောင်းအနီးတဝိုက်တွင် စစ်ကောင်စီတပ် လေယာဉ် ၂ စင်းဖြင့် ယနေ့ နံနက် (၁၀) နာရီကျော်က (၅)ကြိမ် လာရောက်ပစ်ခတ်ခဲ့သည့် လေယာဉ်ကို KNLA တပ်ဖွဲ့က ပြန်လည်ပစ်ခတ်ရာ စက်ချို့ ယွင်းပြီး အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း သိရသည်။

    “လာရောက်ပစ်ခတ်သည့် နေရာမှာ ကျောက်ကြီးမြို့နယ် ပဲသောင်ကျေးရွာ၊ စာသင်ကျောင်းအနီးတဝိုက်တွင် (၅)ကြိမ် ပစ်ခတ်ခဲ့ပြီး ယင်းပစ်ခတ်မှုတွင် သစ်ပင်များကိုသာ ထိခိုက်ပျက်စီးစေခဲ့ပါသည်။ ထိုသို့လာရောက်ပစ်ခတ်သည့် လေယာဉ်တစ်စင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်ရင်း(၉)မှ ပြန်လည်ပစ်ခတ်ခဲ့သဖြင့် စက်ချို့ ယွင်းပြီး ကညင်ကျိုးကျေးရွာ စာသင်ကျောင်းဝန်းအတွင်းသို့ အမြန်ဆင်းသက်ခဲ့ရပါသည်” ဟု ကေအဲန်ယူ ဗဟိုမှ ယနေ့ ထုတ်ပြန်ထားသည်။

    ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်ရင်း(၉) တပ်ဖွဲ့များနှင့် ဩဂုတ်လ ၇ ရက်နေ့က စစ်ကောင်စီတပ်မှ ဒိုးဒါးတာစုံမှ ကျောက်စရစ်ကျေးရွာသို့ ဝင်ရောက်လာခဲ့သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားသည့် နေရာနှင့် နီးစပ်သော ကျေးရွာများဖြစ်သည့် ပဲသောင်၊ လိန်ပင်၊ ကျောက်စရစ်၊ သောင်ပု၊ အင်တိုင်းကုန်းနှင့် တောကြောင်ပေါက် စသည့်ကျေးရွာများမှ ကျေးရွာပြည်သူလူထုများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    Red News Agency

  • ဒုတိယဗိုလ်မှူးကြီးစောစလုံး(တပ်ရင်းမှူး)က ဥကရစ်ထ စခန်းတိုက်ပွဲနှင့်ပတ်သက်ပြီး ထုတ်ပြန်

    ဒုတိယဗိုလ်မှူးကြီးစောစလုံး(တပ်ရင်းမှူး)က ဥကရစ်ထ စခန်းတိုက်ပွဲနှင့်ပတ်သက်ပြီး ထုတ်ပြန်

    RNA_ဇူလိုင်၅၊၂၀၂၂ခုနှစ်။

    KNDO အထူးကွန်မန်ဒိုတပ်ရင်း ဆင်ဖြူစစ်ကြောင်း ဒုတိယဗိုလ်မှူးကြီးစောစလုံး(တပ်ရင်းမှူး)က စစ်ကောင်စီတပ် ဥကရစ်ထ စခန်းတိုက်ပွဲနှင့် ပတ်သက်ပြီး ပြည်သူသို့ အသိပေးချက် ယနေ့ ထုတ်ပြန်လိုပ်သည်။

    ထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

    မြဝတီတောင်ဘက်၊ ထိုင်း-မြန်မာနယ်စပ်ရှိ ဥကရစ်ထစစ်ကောင်စီခြေကုတ်စခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ရန်ကြိုးပမ်းလျှက်ရှိသော ဆင်ဖြူစစ်ကြောင်းနှင့် ပတ်သက်၍ ပြည်သူသို့ အောက်ပါအတိုင်း တင်ပြအပ်ပါသည် –

    ကရင်ပြည်နယ်၊ KNU တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့နယ်၊ ဥကရစ်ထကျေးရွာ၌တည်ရှိသော ဥကရစ်ထစစ်ကောင်စီခြေကုတ်စခန်းအား ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ရှိ မိမိတို့ ဆင်ဖြူစစ်ကြောင်းမှ (၂၆.၆.၂၀၂၂)ရက်နေ့၊ နံနက်အစောပိုင်းတွင် စတင်တိုက်ခိုက်ခဲ့ပါသည်။

    KNU တပ်မဟာ (၆) ထိန်းချုပ်နယ်မြေတွင် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလျှက်ရှိရာတွင် မိမိတို့ ဆင်ဖြူစစ်ကြောင်းအနေဖြင့် လေးကေ့ကော်တိုက်ပွဲတွင် စစ်ကူအနေဖြင့် ပါဝင်တိုက်ခိုက်ခဲ့ခြင်းမှအစပြု၍ ဖလူးတိုက်ပွဲ၌ ဦးဆောင် တိုက်ပွဲဝင်ခဲ့ကာ အကြမ်းဖက်စစ်ကောင်စီစခန်းများဖြစ်သော မော်ခီးစခန်း၊ ဝေါလေ ရဲစခန်းတို့အား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဥကရစ်ထစစ်ကောင်စီ ခြေကုတ်စခန်းအား ဆက်လက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါသည်။

    KNDO အထူးကွန်မန်ဒိုတပ်ရင်း၊ စစ်ကြောင်းမှူး ဗိုလ်မှူးစောဝင်းမြင့် ဦးဆောင်သော ဆင်ဖြူစစ်ကြောင်းနှင့်Venom စစ်ကြောင်းတို့သည် (၂၂.၆.၂ဝ၂၂)ရက်နေ့၊ ည (၁ဝးဝဝ)နာရီအချိန်မှစ၍ မိမိတို့စခန်းမှ ဥကရစ်ထစစ်ကောင်စီခြေကုတ်စခန်းအား တိုက်ခိုက်ရန် ထွက်ခွာခဲ့ပြီး (၂၆.၆.၂ဝ၂၂)ရက်နေ့၊ နံနက် (၄းဝဝ) နာရီအချိန်တွင် ဥကရစ်ထစစ်ကောင်စီခြေကုတ်စခန်း အနားသို့ ရောက်ရှိကာ နံနက် (၅းဝဝ)နာရီအချိန်၌ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပါသည်။ ထွက်ခွာချိန်အချိန် (၃)ရက်ကြာမြင့်ခဲ့ပြီး မိမိတို့ရဲဘော်များသည် လမ်းခရီး၌ သတ်မှတ်နေရာများတွင် နားခို၍ သိုသိပ်စွာဖြင့် ခရီးဆက်ကာ စစ်ကောင်စီစခန်းအနီးသို့ ချဉ်းကပ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါသည်။

    KNDO အထူးကွန်မန်ဒိုတပ်ရင်း၊ စစ်ကြောင်းမှူး ဗိုလ်မှူးစောဝင်းမြင့် ဦးဆောင်သော ဆင်ဖြူစစ်ကြောင်းနှင့်Venom စစ်ကြောင်းတို့သည် (၂၂.၆.၂၀၂၂)ရက်နေ့၊ ည (၁ဝးဝဝ)နာရီအချိန်မှစ၍ မိမိတို့စခန်းမှ ဥကရစ်ထစစ်ကောင်စီ ခြေကုတ်စခန်းအား တိုက်ခိုက်ရန် ထွက်ခွာခဲ့ပြီး (၂၆.၆.၂ဝ၂၂)ရက်နေ့၊ နံနက် (၄းဝဝ) နာရီအချိန်တွင် ဥကရစ်ထ စစ်ကောင်စီခြေကုတ်စခန်း အနားသို့ ရောက်ရှိကာ နံနက် (၅းဝဝ)နာရီအချိန်၌ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပါသည်။

    ထွက်ခွာချိန်အချိန် (၃)ရက်ကြာမြင့်ခဲ့ပြီး မိမိတို့ရဲဘော်များသည် လမ်းခရီး၌ သတ်မှတ်နေရာများတွင်နားခို၍ သိုသိပ်စွာဖြင့် ခရီးဆက်ကာစစ်ကောင်စီစခန်းအနီးသို့ ချဉ်းကပ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါသည်။

    စစ်ကောင်စီဘက်မှ စက်လက်များ၊ 40 mm များဖြင့် ပစ်ခက်ခဲ့ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခက်တိုက်ခိုက်နေ့လည် (၁း၃၀)နာရီအချိန်တွင် မိမိတို့ဘက်မှ ထိခိုက်ကျဆုံးမှုရှိလာပြီး ကျည်နည်းပါးလာသည့်အတွက် မိမိ (ဆင်ဖြူစစ်ကြောင်း၊ KNDO အထူး ကွန်မန်ဒိုတပ်ရင်း၊တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးစောစလုံး) ထံသို့ တင်ပြရာတွင် နေ့လည်(၂းဝဝ)နာရီအချိန်တွင် KNDO မှ ဗိုလ်အယ်စေးဝါးတို့အဖွဲ့ စစ်ကူရောက်ရှိလာခဲ့ပါသည်။

    ဆက်လက်ပြီး တိုက်ပွဲမှာပြင်းထန်လာခဲ့ပြီး ဥကရစ်ထစစ်ကောင်စီခြေကုတ်စခန်းမှနေ၍ ခုခံမှုကောင်းများ ရှိနေသည့်အတွက် ညသန်းခေါင်းအချိန်တွင် ဗိုလ်ဒါဘော ဦးဆောင်သည့် Cobra စစ်ကြောင်းမှ စစ်ကူထပ်မံရောက်ရှိကာ တိုက်ခိုက်ခဲ့ပါသည်။

    ထိုသို့ စခန်းတစ်ခုလုံးအား သိမ်းပိုက်နိုင်ရန် ကြိုးပမ်းခဲ့ကြသော်လည်း ရန်သူ့ဘက်မှ စစ်ကူများ ထပ်မံရောက်ရှိလာခြင်း၊ ရဟတ်ယာဉ်များဖြင့် လက်နက်ကျည်ဆံများ လာရောက်ပို့ဆောင်ခြင်းများကြောင့် တိုက်ပွဲမှာဆက်လက်ပြင်းထန်နေခဲ့ပြီး မိမိတို့ဘက်မှ ထိခိုက်ကျ ဆုံးမှုများ၊ ဒဏ်ရာရသူများ တိုးလာပြီး ကျည်ဆံမလုံလောက်မှုများရှိလာပါသည်။

    စစ်ကူလာရောက်သော Cobra စစ်ကြောင်း၌လည်း ကျဆုံးရဲဘော်များ ရှိလာပါသည်။ မိမိတို့ဘက်မှ ထိခိုက် ကျဆုံးမှုများရှိလာနေသော်လည်း ဆက်လက်တိုက်ခိုက်ခဲ့ပါသည်။ လိုအပ်မှုများအား ဖြည့်ဆည်းနိုင်ရန်အတွက် နောက်တန်းတွင်ကျန်ခဲ့သည့် ထောက်ပို့တပ်ဖွဲ့ဝင်များက ကြိုးစားခဲ့ကြပါသည်။

    စစ်ကောင်စီခြေကုတ်စခန်းဘက်မှ အကျအဆုံးများပြားလွန်းလှသဖြင့် ရဟတ်ယာဉ်များ၊ တိုက်လေယာဉ်များဖြင့်အကြိမ်ရေများစွာ လာရောက်ပစ်ခက်ခြင်း၊ ဗုံးကြဲခြင်းများ ပြုလုပ်ခဲ့ရာတွင် ယနေ့အထိဆိုပါက (၁၂၅) ကြိမ်တိုင် ရှိခဲ့ပြီ ဖြစ်ပါသည်။ (၂၈.၆.၂ဝ၂၂)ရက်နေ့ကလည်း လူတစ်ရပ်ခန့်မြင့်မားသော ဗုံးများ ကြဲချခဲ့ပါသည်။ တိုက်ပွဲစချိန်ကတည်းက(၃)မိုင်ခန့်သာ ဝေးကွာသည့် ဝေါလေဗျူဟာကုန်းမှ 120 mm ဖြင့် ပစ်ကူပေးခြင်း၊ ရဟတ်ယာဉ်၊ တိုက်လေယာဉ်များဖြင့်လာရောက်ပစ်ခက်ဗုံးကြဲခြင်းများကြောင့် ထပ်မံ၍ ကျဆုံးမှုများ ရှိလာခဲ့ပါသည်။ ထို့အတူ စစ်ကောင်စီဘက်မှ စစ်ကူလာ

    ရောက်သော တပ်မ (၄၄) စစ်ကြောင်းအား KNDO မှ ဗိုလ်အယ်စေးဝါးတို့အဖွဲ့နှင့် ပူးပေါင်းကာ အပြီးသတ် တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပါသည်။ သို့ရာတွင် တိုက်ပွဲရက် ကြာမြင့်လာသည်နှင့်အမျှ လက်နက်ခဲယမ်းလိုအပ်ချက်များလည်း ရှိလာခဲ့ပါသည်။

    ဤအခြေအနေကို ကာကွယ်ရေးဝန်ကြီးဌာနသို့လည်း အစီရင်ခံတင်ပြထားရှိပြီး ဖြစ်ပါသည်။ တိုက်ပွဲကာလအတွင်းပြည်သူတို့၏ ပူးပေါင်းပါဝင်လှူဒါန်းမှုများကိုလည်း လက်ခံရရှိကာ လိုအပ်သော ကျည်များကို ဝယ်ယူအသုံးပြုခဲ့ပါသည်။ကူညီထောက်ပံ့လှူဒါန်းကြသော အလှူရှင်များအားလည်း ဂုဏ်ပြုမှတ်တမ်းလွှာများကို မိမိအနေဖြင့်လည်းကောင်း၊Unity PDF စခန်း တာဝန်ခံများအနေဖြင့်လည်းကောင်း ထုတ်ပေးလျှက်ရှိပါသည်။

    လိုအပ်ချက်များအား ဝိုင်းဝန်းကူညီပံ့ပိုးမှသာလျှင် တော်လှန်ရေးခရီး အောင်မြင်မည်ဖြစ်ပြီး ယခုလက်ရှိ ဥကရစ်ထစစ်ကောင်စီခြေကုတ်စခန်းအားလည်းအမြန်ဆုံးတိုက်ခိုက်သိမ်းပိုက်နိုင်မည် ဖြစ်ပါသည်။

    လက်ရှိအခြေအနေတွင်လည်း မြဝတီ-ဝေါလေလမ်းတလျှောက် စစ်ကောင်စီတပ်များ၏ အင်အားတိုးမြှင့်လှုပ်ရှားမှုများ ရှိနေပြီး တိုက်ပွဲကြီးများ ဆက်လက်ဖြစ်ပေါ်လာနိုင်ပါသည်။ ဆင်ဖြူစစ်ကြောင်းအနေဖြင့်လည်း KNU,KNLA, KNDO တို့ အပါအဝင် ရဲရင့်ပြောင်မြောက်စွာ တိုက်ပွဲဝင်လျှက်ရှိသော Cobra စစ်ကြောင်း၊ Venom စစ်ကြောင်းတို့နှင့် အခြားသော PDF တပ်ခွဲများနှင့်အတူ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများကို ဆက်လက်တိုက်ခိုက်သိမ်းပိုက်သွားမည် ဖြစ်ပါကြောင်းပြည်သူတရပ်လုံးအား အသိပေးတင်ပြအပ်ပါသည်။

    သို့ဖြစ်ပါ၍ မိမိတို့ ဆင်ဖြူစစ်ကြောင်းအနေဖြင့် ဆက်လက်တိုက်ပွဲဝင်ရာတွင် … အမျိုးသားညီညွတ်ရေးအစိုးရနှင့်အတူ ပြည်သူတရပ်လုံး၏ ထိရောက်စွာ ပံ့ပိုးကူညီထောက်ပံ့မှုများက အဓိကကျလှပါသည်။ တိုက်ပွဲတစ်ခုဖော်ဆောင်ရာတွင် လိုအပ်ချက်များစွာရှိပြီး ၎င်းလိုအပ်ချက် များအတွက် မိမိတို့ ဆင်ဖြူစစ်ကြောင်း၊ KNDO အထူးကွန်မန်ဒိုတပ်ရင်းသို့ တိုက်ရိုက်ပံ့ပိုးကူညီလှူဒါန်းမည်ဆိုပါက မိမိထံသို့ လည်းကောင်း၊ Unity PDF စခန်း တာဝန်ခံများထံသို့ လည်းကောင်းဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း အသိပေး တင်ပြအပ်ပါသည်။

    ဒုတိယဗိုလ်မှူးကြီးစောစလုံး(တပ်ရင်းမှူး)

    KNDOအထူးကွန်မန်ဒိုတပ်ရင်းဆင်ဖြူစစ်ကြောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်

    Red News Agency

  • “အာဏာရူး မကျမချင်း တိုက်ပွဲဝင်နေမယ် ” ဟု ဥကရစ်ထစခန်းတိုက်ပွဲ ရှေ့တန်းစစ်မျက်နှာက ရဲဘော်ကြွေးကြော် 

    “အာဏာရူး မကျမချင်း တိုက်ပွဲဝင်နေမယ် ” ဟု ဥကရစ်ထစခန်းတိုက်ပွဲ ရှေ့တန်းစစ်မျက်နှာက ရဲဘော်ကြွေးကြော် 

    RNA_ဇွန်၃၀၊၂၀၂၂ခုနှစ်။

    KNDO ဗိုလ်စလုံးနှင့်အဖွဲ့ ဥကရစ်ထစခန်းတိုက်ပွဲ ရှေ့တန်းစစ်မျက်နှာမှ နောက်တန်းရဲဘော်များထံ ရုပ်သံ ပေးပို့ရာတွင် “အာဏာရူး မကျမချင်း တိုက်ပွဲဝင်နေမယ် “ဟု ရဲဘော်တဦးက ကြွေးကြော်ထားသည်။

    အများပြည်သူ သိရှိစေရန် ဗိုလ်စလုံးအဖွဲ့ဝင် ရဲဘော်တဦး ရိုက်ကူးပြီး လူမှုကွန်ယက်တွင် ယနေ့နံနက်ပိုင်းက ဖြန့်ချိထားခြင်း ဖြစ်သည်။

    [embedyt] https://www.youtube.com/watch?v=FIRRJxoS_fs[/embedyt]

    ” စခတွေက ဥကရစ်ထစခန်းကို အသေခံကွာကွယ်မှာ မင်းအောင်လှိုင်က သူသေတာမှမဟုတ်တာ၊ အောက်ခြေကကောင်တွေ သေခိုင်းတာလေ၊ သူတို့က ဒီစခန်းကျလို့မရဘူးလို သတ်မှတ်ထားပုံပဲ၊ ကျသွားရင် ကရင်ပြည်နယ်မှာ အခိုင်အမာစခန်းတခု ကျသွားရင် ကျန်တဲ့စခန်းတွေက လွယ်သွားပြီ အခုအသေအလဲ အသေခံ တိုက်ခိုင်းတယ်၊ လေယာဉ်တွေနဲ့ အင်တိုက်အားတိုက်သုံးချနေတယ်လို့ ယူဆပါတယ်” ဟု PDF ရဲဘော်တဦးက ပြောသည်။

    ကရင်ပြည်နယ် ဝေါလေဒေသရှိ စစ်ကောင်စီတပ်၏ ဥကရစ်ထစခန်းကို KNLA၊KNDO၊PDF ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်နေသည်မှာ ယနေ့အပါအဝင် (၅) ရက်ရှိပြီဖြစ်ကြောင်း၊ နှစ်ဖက် ထိခိုက်ကျဆုံးမှုများရှိကြောင်း၊ စစ်ကောင်စီတပ်သည် စခန်းမကျရေးအတွက် လေယာဉ်ပစ်ကူ အလွန်အကျွံအသုံးပြုကာ တိုက်ခိုက်နေရကြောင်း၊ စစ်ကောင်စီတပ်ဘက်က အကျအဆုံး ပိုများနေကြောင်း သိရသည်။

    ဝေါလေဒေသ ဥကရစ်ထ စစ်ကောင်စီ စစ်ဆင်ရေးခြေကုတ်စခန်းသည် မြဝတီ ၊ သေ့ဘောဘိုး၊ ဝေါလေမြို့သစ်အဝင် မုလအိ၊ စုကလိလမ်းပိုင်း ထိပ်လမ်းဆုံနေရာတွင် တည်ရှိကြောင်း သိရသည်။

    Red News Agency

  • တော်လှန်ရေးအဟုန်ကို ကရင်အမျိုးသားများ ဦးဆောင်မြှင့်တင်ဆောင်ရွက်လိမ့်မည်ဟု ယုံကြည်ကြောင်း NUG ပြော 

    တော်လှန်ရေးအဟုန်ကို ကရင်အမျိုးသားများ ဦးဆောင်မြှင့်တင်ဆောင်ရွက်လိမ့်မည်ဟု ယုံကြည်ကြောင်း NUG ပြော 

    RNA ၊ဇန်နဝါရီလ (၃၁)ရက်။

    ကရင်အမျိုးသားများအနေဖြင့် အကြမ်းဖက်စစ်ဝါဒချုပ်ငြိမ်းရေးနှင့်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အမြန်ဆုံးတည်ထောင်နိုင်ရေးအတွက် တော်လှန်ရေးအဟုန်ကို ဦးဆောင် မြှင့်တင်ဆောင်ရွက်လိမ့်မည်ဟု ယုံကြည်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန က ပေးပို့သော (၇၃)နှစ်မြောက် ကရင်အမျိုးသားတော်လှန်ရေးနေ့ သဝဏ်လွှာတွင် ဖော်ပြထားသည်။

    ” တိုင်းရင်းသားပြည်သူများ၏ထောက်ခံပါဝင်မှု၊ တော်လှန်ရေးအင်အားစုများ၏ စုစည်းညီညွတ်မှုဖြင့် ဆင်နွှဲလျက် ရှိသော ပြည်သူ့ခုခံတွန်းလှန်စစ်ကြောင့် စစ်အာဏာရှင်စနစ်၏နေဝင်ချိန်သည် နီးကပ်လာပြီ ဖြစ်သည့် အားလျော်စွာ အဓမ္မအကြမ်းဖက်စစ်ဝါဒချုပ်ငြိမ်းလျက် စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို အမြန်ဆုံးတည်ထောင်နိုင်ရန်အလို့ဌာ ကရင်အမျိုးသားများအနေဖြင့် အခြားတိုင်းရင်းသားတော်လှန်ရေး အင်အားစုများနှင့်လက်တွဲလျက် တော်လှန်ရေးအဟုန်ကို ဦးဆောင်မြှင့်တင်ဆောင်ရွက်လိမ့်မည်ဟု ယုံကြည်ကြောင်း” သဝဏ်လွှာတွင် ဖော်ပြထားခြင်းဖြစ်သည်။

    ယနေ့ ကျရောက်သော (၇၃)နှစ်မြောက် ကရင်အမျိုးသား တော်လှန်ရေးနေ့သို့ ဂုဏ်ယူစွာဖြင့် ဤသဝဏ်လွှာကို ပါးအပ်ခြင်း ဖြစ်ပြီး လွန်ခဲ့သော(၇၃)နှစ်မှစတင်၍ ယနေ့အချိန်ထိ ခေတ်အဆက်ဆက်စစ်အာဏာရှင်ဆန့်ကျင်ရေးခုခံတွန်းလှန် စစ်တွင် ရှေ့တန်းမှဦးဆောင်ပါဝင်လျက် စွန့်လွှတ်အနစ်နာခံမှုများစွာပြုခဲ့သော ကရင်အမျိုးသားများအား ဦးညွှတ်ဂုဏ်ပြုလိုက်ကြောင်း ဖော်ပြထားသည်။

    ပြည်ထောင်စုဖွားတိုင်းရင်းသားလူမျိုးပေါင်းစုံ၏ လိုလားချက်မှာ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိသည့် စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရန် ဖြစ်ပြီး ပြည်ထောင်စု၏အနာဂတ်ကို တည်ဆောက်ရာတွင် အဟန့်အတားပြုလျက်ရှိသော စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရန်မှာ ပြည်ထောင်စုဖွားတိုင်းရင်း သားပြည်သူအားလုံး၏ သမိုင်းပေးတာဝန် ဖြစ်သည်ဟု ခံယူကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ် ရေးဝန်ကြီးဌာနက ပေးပို့သော သဝဏ်လွှာတွင် ဖော်ပြထားသည်။

    Red News Agency

  • စစ်ကောင်စီတပ် ကျေးရွာအတွင်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၄၀၀ ကျော် ထွက်ပြေးနေရ 

    စစ်ကောင်စီတပ် ကျေးရွာအတွင်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၄၀၀ ကျော် ထွက်ပြေးနေရ 

    RNA_ဇန်နဝါရီ ၂၈ ရက်၊ ၂၀၂၂ ခုနှစ်။

    စစ်ကောင်စီတပ် ခလရ(၂၀၇)မှ လက်နက်ကြီးများ ကျေးရွာအတွင်းသို့ ပစ်ခတ်မှုကြောင့် KNU ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင် ၊ဆောထိမြို့နယ်အတွင်းရှိ ကော်ကပ်နှင့် ခမောက်ခွင် ကျေးရွာမှ ရွာသူ၊ ရွာသား ၄၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။ (more…)