RNA_နိုဝင်ဘာ(၁၃)၊၂၀၂၂ခုနှစ်။
မွန်ပြည်နည်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွရဲစခန်းကို KNLAပူးပေါင်းတပ်ဖွဲ့နှင့် နဂါးနီစစ်ကြောင်းတို့ ယမန်နေ့ ( နိုဝင်ဘာ ၁၂ ရက်) နံနက် ၆ နာရီဝန်းကျင်က တိုက်ခိုက်ခဲ့ခဒ့သည့်အတွက် ရဲ (၃)ဦး သေဆုံးပြီး၊ ၂ဦးထွက်ပြေးကာ ၄ ဦးအရှင်ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
” KNLA ပူးပေါင်းတပ်ဖွဲ့နှင့် နဂါးနီစစ်ကြောင်းမှ ရဲဘော်များ ပူးပေါင်းတိုက်ခိုက်ခဲ့ရာတွင် စခန်းမှူး လှကျော်ဦး၊ဒုတပ်ကြပ် စိုးငြိမ်းဦး၊တပ်သား အောင်နန်းဇွန်တို့ သေဆုံးပြီး၊ရဲဘော်တလာကိုနှင့်ဒုရဲအုပ်နန္ဒစိုးတို့ထွက်ပြေး၊ တပ်ကြပ်ကြီး အေးကို၊ရဲတပ်သား လွင်ကိုဟိန်း၊ ဒုတပ်ကြပ် မျိုးအေး၊ရဲတပ်သား ကိုလင်းတို့ကို အရှင်ဖမ်းဆီးရမိခဲ့ပါသည်” ဟု နဂါးနီစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။
တိုက်ပွဲဖြစ်ပွားအပြီးတွင် AK 47တစ်လက်၊ M16 ၄ လက်၊ G3 ၁ လက်၊ ၆၀ မမပြောင်းတို ၁ လက်၊ ရှေ့ထွက်မိုင်း ၂လုံး၊ AK 47 ကျည် ၂၀၀၊ M16 ကျည် ၅၀၀၊G3 ကျည် ၃၀၀၊ ၆၀မမ ကျည် ၁၀လုံးကို သိမ်းဆည်းခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပြီးချိန်တွင် စစ်ကောင်စီတပ် လေယာဥ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သေည်လည်း ပြည်သူ့ကာကွယ်ရေး ရဲဘော်များ ထိခိုက်ဒဏ်ရာ မရသော်လည်းဒေသခံပြည်သူများ ထွက်ပြေးခဲ့ရကြောင်း၊ နေအိမ်နှင့်အဆောက်အဦများ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ထုတ်ပြန်ထားသည်။
Red News Agency