Tag: KNLA

  • DKBA စခန်း တိုက်ပွဲတွင် PDF (၈) ဦး ဖမ်းဆီးခံရပြီး (၄) ဦးအသတ်ခံရ၊ ၁ ဦးဒဏ်ရာပြင်းထန်

    DKBA စခန်း တိုက်ပွဲတွင် PDF (၈) ဦး ဖမ်းဆီးခံရပြီး (၄) ဦးအသတ်ခံရ၊ ၁ ဦးဒဏ်ရာပြင်းထန်

    RNA_ဇန်နဝါရီ ၁၅ ရက်၊ ၂၀၂၂ ခုနှစ်။

    ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် ဖလူးလေးကျေးရွာအနီး စစ်ဘေးရှောင်များ ရှိနေသည့် DKBA ဗိုလ်စလုံးစခန်းကို ဇန်နဝါရီလ ၁၄ ရက်နေ့က လေကြောင်းအပါအဝင် လက်နက်ကြီး သာလွန်အင်အားဖြင့် စစ်ကောင်စီတပ်ထိုးစစ်ဆင်ရာတွင် စခန်းအသိမ်းခံလိုက်ရပြီး PDF (၈) ဦး ဖမ်းဆီးခံရပြီး (၄) ဦးသတ်ခံရကြောင်း၊ ၁ ဦးဒဏ်ရာအပြင်းအထန်ရထားပြီး ဆေးကုသမှုခံယူနေကြောင်း ဒေသခံ သတင်းရင်းမြစ်ထံမှ သိရသည်။

    စခန်းသိမ်းခံရစဉ် စစ်ကောင်စီတပ်က သိမ်းဆည်းရမိပစ္စည်းများ

    DKBA ဗိုလ်စလုံး စခန်းတွင် စစ်ဘေးရှောင်ပြည်သူ (၃၀၀) ကျော် ခိုလှုံနေကြောင်း၊ တိုက်ပွဲအတွင်း စစ်ဘေးရှောင်ပြည်သူ အနည်းဆုံး (၃) ဦးဒဏ်ရာရရှိကြောင်း၊ ယခု စစ်ဘေးရှောင်ပြည်သူများ ထိုင်းဘက်ကူးနေကြရကြောင်း၊ စစ်ကောင်စီတပ်သည် စစ်ဘေးရှောင်စခန်းများကိုပါလေကြောင်းဖြင့် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ DKBA ဗိုလ်စလုံးက ဆုတ်ပေးစရာ မြေမရှိတော့သည့်အ တွက် တိုက်ခိုက်ရတော့မည်ဟု သတင်းဌာနတခုကို ပြောကြားထားသည်။

    စခန်းအသိမ်းမခံရမီက DKBA ဗိုလ်စလုံး စခန်း မြင်ကွင်း

    စစ်ကောင်စီတပ်က သာလွန်အင်အား လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူတို့ကြောင့် စခန်းဆုတ်ပေးလိုက်ရခြင်းဖြစ်ကြောင်း၊ စခန်းဆုတ်ပေးစဉ် မြေပြင်က စစ်ကောင်စီတပ်ကို DKBA ၊ PDF စသည့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း၊ ဖမ်းဆီးခံလိုက်ရသည့် PDF များထဲက (၄) ဦးကို စစ်ကောင်စီတပ်က ဖမ်းမိပြီးမှ နေရာတွင် ပစ်သတ်ကြသည်ဟု သုံးသပ်ထားကြောင်း၊ စစ်ကောင်စီတပ်က (၆) ဦးသေပြီး ၁၀ ဦးဝန်းကျင် ဒဏ်ရာရရှိကြောင်း သိရသည်။

    စခန်းအသိမ်းမခံရမီက DKBA ဗိုလ်စလုံး စခန်း မြင်ကွင်း

    လေးကေ့ကော် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်များ ထိုင်းဘက် မပြေးချင်သူများက ဖလူးလေးကျေးရွာက DKBA ဗိုလ်စလုံးစခန်းတွင်နေထိုင်ကြကြောင်း၊ စခန်းဆုတ်မပေးရစဉ်ကတည်းက ညပိုင်းတွေမှာ စစ်ကောင်စီတပ်က လေကြောင်း ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ကြောင်း၊ စစ်ဘေးရှောင်များကို ကူညီနေသည့် စခန်းဖြစ်ကြောင်း သိရသည်။

    Red News Agency

  • မတရားသည့် နိုင်ငံရေးစနစ်များကို မမှိတ်မသုန် တွန်းလှန်တိုက်ဖျက်ကြရမည်ဟု KNU ဥက္ကဋ္ဌ ပြောကြား 

    မတရားသည့် နိုင်ငံရေးစနစ်များကို မမှိတ်မသုန် တွန်းလှန်တိုက်ဖျက်ကြရမည်ဟု KNU ဥက္ကဋ္ဌ ပြောကြား 

    RNA_ဇန်နဝါရီ ၂ ရက်၊ ၂၀၂၂ ခုနှစ်။

    မိမိတို့အမျိုးသားများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတားအဆီးဖြစ်နေသည့် မတရားသည့် နိုင်ငံရေးစနစ်များကို မှိတ်မသုန် တွန်းလှန်တိုက်ဖျက်ကြရမည်ဟု ကရင်အမျိုးသားအစည်းအရုံး ( KNU) ဗဟို ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖို့က ပြောကြားထားသည်။

    ယနေ့ ၂၀၂၂ ခုနှစ်၊ ‌ဇန်နဝါရီလ ၂ ရက်နေ့သည် သလေ လဆန်း ၁ ရက်၊ ၂၇၆၁ ခုနှစ်မြောက် ကရင့်အမျိုးသားလုံးဆိုင်ရာ နှစ်သစ်ကူးနေ့ဖြစ်ကြောင်း၊ ကရင်အမျိုးသားလုံးဆိုင်ရာ နှစ်သစ်ကူးနေ့သည် ကရင်အမျိုးသားများ၏ ယဉ်ကျေးမှု၊ ဘဝ၊ ဓလေ့ ၊ ထုံးတမ်းစဉ်လာများသည် အမျိုးသားလက္ခဏာတရပ်ဖြစ်ကြောင်း သိရသည်။

    (more…)

  • ကျဆုံးခဲ့ရသည့် PDF သူရဲကောင်း ကိုဝေလင်း အလောင်း ပြန်တွေ့

    ကျဆုံးခဲ့ရသည့် PDF သူရဲကောင်း ကိုဝေလင်း အလောင်း ပြန်တွေ့

    RNA_ဒီဇင်ဘာ ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။

    စစ်ကောင်စီတပ်သားများ စခန်းအနီး တက်လာစဉ် ရဲဘော်‌များကို ဆုတ်ခိုင်းပြီး ကတုတ်ကျင်းထဲကနေ ခံပစ်နေရာမှ ကျဆုံးခဲ့ရသည့် PDF သူရဲကောင်း ကိုဝေလင်း အလောင်း ယနေ့ တွေ့ရှိပြီ ဖြစ်ကြောင်း သိရသည်။

    ဧရာဝတီတိုင်းက PDF သူရဲကောင်း ကိုဝေလင်းသည် ဒီဇင်ဘာလ ၂၅ ရက်နေ့က ကရဂ်ပြည်နယ်၊ မြမတီမြို့နယ်၊ ထီးမယ်ဝါးခီးကျေးရွာအနီး တိုက်ပွဲမှာ ကျဆုံးခဲ့ရခြင်း ဖြစ်ပြီး၊ ယင်းနေ့ တိုက်ပွဲအတွင်း သတင်းစာဆရာ တဦးအပါအဝင် PDF တချို့ စစ်ကောင်စီတပ်၏ လေကြောင်း ပစ်ခတ်မှု၊ လက်နက်ကြီး ပစ်ခတ်မှု စသည်တို့ကြောင့် ကျဆုံးခဲ့ရပြီး၊ ဖမ်းဆီးခံခဲ့ရသူများ ရှိကြောင်း သိရသည်။

    ” ကိုဝေလင်း ကျတာက ပြီးခဲ့တဲ့ရက်ကပါ အလောင်းက ဒီနေ့မှတွေ့တာပါ။ သူ့နောက်ဆုံး ရိုက်ခဲ့တဲ့ ဓာတ်ပုံတော့ရှိတယ် ပေးလို့ရတယ်။ သူက အဲဒီပုံကို ပန်းချီဆွဲစေချင်ခဲ့တာ၊ ရဲဘော်တွေကို ကာကွယ်ရင်း ကျသွားရတာ ကျနော်တြိ့မှာ လက်နက်မရှိဘူး၊ ရှိတာလေးနဲ့ ခံပစ်ရင် ကျခဲ့ရတာ” ဟု ကိုဝေလင်း၏ သူငယ်ချင်း ဖြစ်သူ တဦးက ပြောသည်။

    ကိုဝေလင်း ပန်းချီအဖြစ် ဆွဲစေချင်ခဲ့သည့် နောက်ဆုံးဓာတ်ပုံ

    စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်မှု၊လက်နက်ကြီး ပစ်ခတ်မှုများ၊ အင်အားအများအပြား ထိုးစစ်ဆင်မှုတို့ကြောင့် KNLA နှင့် PDF တို့ ပူးပေါင်းတိုက်ပွဲပြင်းထန်ခဲ့ပြီး၊ စစ်ကောင်စီဘက်ကလည်း အသေ အပျောက်များကြောင်း၊ မယ်ဝါးခီး ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်နေကြရသည်။

    Red News Agency

  • ထီးမယ့်ဝါးခီးနှင့် မဲ့ထော်သလေး အနီးတိုက်ပွဲတွင် ဆေးမှူး ရဲဘော်တဦး ကျဆုံး 

    ထီးမယ့်ဝါးခီးနှင့် မဲ့ထော်သလေး အနီးတိုက်ပွဲတွင် ဆေးမှူး ရဲဘော်တဦး ကျဆုံး 

    RNA_ဒီဇင်ဘာ ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။

    ကရင်ပြည်နယ်၊ မြဝတီမမြို့တောင်ဘက် တိုက်ပွဲပြင်စထန်နေသည့် ထီးမယ်ဝါးခီးကျေးရွာနှင့် မဲ့ထော်သလေးကျေးရွာအကြား ယနေ့ တိုက်ပွဲတွင် ပြည်သူ့ဘက်တော်သား ဆေးမှူး ရဲဘော် တဦး ကျဆုံးခဲ့ကြောင်း သိရသည်။

    “ဒီနေ့တိုက်ပွဲမှာ KNLA တပ်ရင်းတခုက ဆေးမှူးကျတယ်လို့ပြောတယ်၊ PDF လို့လဲပြောကြတယ် အခုက ဘယ်အဖွဲ့ပါလို့ အတည်ပြုဖို့ ခက်နေသေးတယ်၊ ကျတာကတော့ မှန်တယ်၊ တယောက်က ဒဏ်ရာရတယ်၊ အခုဆေးကုဖို့ တိုက်ပွဲနဲ့ကင်းတဲ့နေရာ ပို့ထားလိုက်ပြီကြားတယ်၊ တိုက်ပွဲကတော့ ပြင်းထန်တယ် ၊ စခတွေက လေယာဉ်နဲ့ပါလာပစ်တာလေ” ဟု တိုက်ပွဲအခြေအနေစောင့်ကြည့်နေသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တဦးက ပြောသည်။

    KNLA၊ PDF နှင့်ပူးပေါင်းတပ်တို့က ယနေ့‌နံနက် အစောပိုင်းမှစတင်ကာ စစ်ကောင်စီတပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့သည့်အတွက် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ အထိခိုက် အသေအဆုံးများသည့် စစ်ကောင်စီတပ်က အဝေးမှနေ၍ လက်နက်ကြီးနှင့်ဘပတ်ခတ်နေသလို လေကြောင်းမှလည်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။

    Red News Agency

  • စစ်ကောင်စီတပ် ပစ်ခတ်ခံရပြီး အထိနာနေသည့်အတွက် လက်နက်ကြီး အချက်တရာကျော် ပစ်ခတ်နေ

    စစ်ကောင်စီတပ် ပစ်ခတ်ခံရပြီး အထိနာနေသည့်အတွက် လက်နက်ကြီး အချက်တရာကျော် ပစ်ခတ်နေ

    RNA_ဒီဇင်ဘာ ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။

    ကရင်ပြည်နယ် မြဝတီမြို့တောင်ဘတ် ထီးမယ်ဝါးခီးကျေးရွာနှင့် မဲ့ထော်သလေးကျေးရွာကြား စစ်ကောင်စီတပ်စစ်ကြောင်း‌ကို KNLA နှင့် PDF တို့ ပူးပေါင်းတိုက်ခိုက်သည့်အတွက် အထိနာနေပြီး လက်နက်ကြီး အချက် တစ်ရာကျော်ဖြင့် ပစ်ခတ်နေကြောင်း သိရသည်။

    ” အခု မနက်စောစောမှာ စစ်ကောင်စီ ယာယီစခန်းချနေတဲ့နေရာ တခုကို ဝင်တိုက်ကြတယ်ကြားတယ်၊ စစ်ကောင်စီတပ်က မဲ့ထော်သလေးအနီးကို ရွေ့သွားရတယ် နောက်ဆုတ်သွားတာပေါ့ မနက်အစောကြီး ၄ နာရီလောက်က စပြီး ပစ်ခတ်နေတာ ၈ နာရီကျော်မှာ ခစတွေ ဆုတ်သွားတယ်၊ မိုင်းရှင်းလင်းရေးလဲ လုပ်နေရတယ်၊ လက်နက်ကြီးကတော့ ရမ်းသန်းပစ်ခတ်နေတာ၊ ပြည်သူတွေကတော့ ထိတ်လန့်‌ပြီး ထွက်ပြေးဖို့ပဲ လုပ်နေကြရတယ်” စစ်ဘေးရှောင် တဦးက ပြောသည်။

    ထီးမယ်ဝါးခီးကျေးရွာအနီး KNU နယ်မြေအတွင်းကို စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၂၅ ရက်နေ့က လေကြောင်းမှ တိုက်ခိုက်ခဲ့သလို လက်နက်ကြီးပစ်ကူယူကာ စစ်ကြောင်းထိုးခဲ့ကြောင်း၊ ယနေ့နံနက်မှာ ယင်းစစ်ကြောင်းထိုးခဲ့သည့်အဖွဲ့ တိုက်ခိုက်ခံရပြီး ရှေ့မတိုးနိုင်သည့်အခြေအနေနှင့် ကြုံတွေ့ခဲ့ရကာ နောက်ဆုတ်ပေးပြီး လက်နက်ကြီးပစ်ကူ ယူနေကြောင်း သိရသည်။

    Red News Agency

  • ထီးမယ်ဝါးခီးကျေးရွာအနီး တိုက်ပွဲတွင် (၁၀) ဦးကျော်ဖမ်းဆီးခံရပြီး (၁၅) ဦးကျော်ပျောက်ဆုံးနေ

    ထီးမယ်ဝါးခီးကျေးရွာအနီး တိုက်ပွဲတွင် (၁၀) ဦးကျော်ဖမ်းဆီးခံရပြီး (၁၅) ဦးကျော်ပျောက်ဆုံးနေ

    RNA_ဒီဇင်ဘာ ၂၆ ရက်၊ ၂၀၂၁ ခုနှစ်။

    စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၂၅ ရက်နေ့ကလေကြောင်းတိုက်ခိုက်မှုအပါအဝင် လက်နက်ကြီး အချက် ရာချီပစ်မှုနှင့် အင်အားအများအပြား အပြင်းအထန် ထိုးစစ်ဆင်ခဲ့သည့် ထီးမယ်ဝါးခီး ကျေးရွာအနီး တိုက်ပွဲတွင် ဖမ်းဆီးခံရသူ (၁၀) ဦးအထက်ရှိပြီး ပျောက်ဆုံးနေသူ (၁၅) ဦးအထက်ရှိကြောင်း စုံစမ်းသိရှိရသည်။

    စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် သတင်းယူနေသည့် ဖက်ဒရယ်ဂျာနယ် အယ်ဒီတာ အေစိုင်းကေ (ခ)စိုင်းဝင်းအောင် နှင့် PDF ရဲဘော် ကိုအောင်မျိုးဇင် (ခ) အုပ်ကြီးတို့ ကျဆုံးခဲ့ရပြီး ယနေ့နံနက်မှာ သင်္ဂြိုဟ်ပေးခဲ့ပြီး၊ PDF ကိုဝေလင်းနှင့် ကိုမှိုင်းတို့မှာ ကျဆုံးသွားပြီဟု ယူဆထားကြပြီး ပျောက်ဆုံးနေသူ (၁၅) ဦးကျော် ရှိသေးကြောင်း သိရသည်။

    စစ်ကြောင်စီတပ် ထိုးစစ်ကို KNLA နှင့် PDF တို့က ခုခံပစ်ခတ်ခဲ့ကြောင်း၊ ဖမ်းဆီးခံရပြီး စစ်ကောင်စီတပ်က ပစ်သတ်မှုများရှိကြောင်း၊ (၁၀) ဦးကျော်အရှင်ဖမ်းသွားကြောင်း၊ ကျဆုံးစာရင်းနှင့် ဖမ်းဆီးခံရမှုစာရင်းကို တာဝန်ရှိသူများက အတိအကျ အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း စုံစမ်းသိရှိရသည်။

    Red News Agency

  • မယ်ဝါးခီး တိုက်ပွဲမှာ ကိုအောင်မျိုးဇင်အပါအဝင် PDF အနည်းဆုံး (၄) ဦးကျဆုံးပြီး ဖမ်းခံရသူများရှိ

    မယ်ဝါးခီး တိုက်ပွဲမှာ ကိုအောင်မျိုးဇင်အပါအဝင် PDF အနည်းဆုံး (၄) ဦးကျဆုံးပြီး ဖမ်းခံရသူများရှိ

    RNA_ဒီဇင်ဘာ ၂၅ ရက်၊ ၂၀၂၁ ခုနှစ်။

    စစ်ကောင်စီတပ်က တိုက်ပွဲအတွင်း အဆက်မပြတ်ပစ်ခတ်နေသည့် လက်နက်ကြီး‌ထိမှန်ကာ သာပေါင်းမြို့က ကိုအောင်မျိုးဇင် ပါအဝင် အနည်းဆုံး PDF (၄) ဦး မယ်ဝါးခီး တိုက်ပွဲမှာ သူရဲကောင်းပီသစွာ ယနေ့ ကျဆုံးသွားခဲ့ရပြီး၊ အဖမ်းခံရသူများရှိပြီး၊ ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။

    ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် လေးကေ့ကော်နှင့် မျက်နှာချင်းဆိုင်နီးပါးရှိသည့် မယ်ဝါးခီး ကျေးရွာအနီး စစ်ကောင်စီတပ်က လေကြောင်းဖြင့်ပါ ပစ်ခတ်နေပြီး၊ လက်နက်ကြီးများနှင့် အဆက်မပျက် ပစ်ခတ်နေခြင်း ဖြစ်ကြောင်း သိရသည်။

    KNU ထိန်းချုပ်နယ်မြေ မယ်ဝါးခီးတွင်ရှိသည့် ဒေသခံပြည်သူများ တိုက်ပွဲအတွင်း ပိတ်မိနေပြီး စစ်ကောင်စီတပ်က လေကြောင်းနှင့် လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်နေကြောင်း၊ KNLA တပ်ရင်း (၂၇) နှင့် PDF တို့က စစ်ကောင်စီတပ် ခြေလျင်အဖွဲ့ကို ခုခံပစ်ခတ်သည့်အတွက် တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

    Red News Agency

  • ပါတီနိုင်ငံရေးမှ လက်နက်ကိုင်တော်လှန်ရေးပါဝင်သူ NLD လူငယ်တဦး လေးကေ့ကော်မှာ တိုက်ပွဲကျ

    ပါတီနိုင်ငံရေးမှ လက်နက်ကိုင်တော်လှန်ရေးပါဝင်သူ NLD လူငယ်တဦး လေးကေ့ကော်မှာ တိုက်ပွဲကျ

    RNA_ဒီဇင်ဘာ ၁၉ ရက်၊ ၂၀၂၁ ခုနှစ်။

    စစ်တပ်အာဏာသိမ်းပြီး ပါတီနိုင်ငံရေးမှ လက်နက်ကိုင်တော်လှန်ရေးကူးပြောင်းပါဝင်လာသူ NLD ပါတီ ရန်ကုန်တိုင်း လူငယ် ကိုဗညား လေးကေ့ကော် တိုက်ပွဲမှာ သူရဲကောင်းပီသစွာ ကျဆုံးသွားခဲ့သည့်အတွက် ဒီဇင်ဘာလ ၁၈ ရက်နေ့က သင်္ဂြိုဟ် ပေးကြောင်း သိရသည်။

    KNLA၊PDF ပူးပေါင်းအဖွဲ့က စစ်ကောင်စီတပ်နှင့် ယခုရက်ပိုင်း တိုက်ပွဲဖြစ်ပွားရာအတွင်း စစ်ကောင်စီတပ် အကျအဆုံးများခဲ့ပြီး၊ စခန်းသိမ်းခံရမှုများရှိကြောင်း၊ KNLAနှင့် NUG ကာကွယ်ရေးဌာန လက်အောက် PDF က ကိုဗညားအပါဝင် ကျဆုံးခဲ့ရသူများကြောင်း သိရသည်။

    ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် (၁၀) ဝန်းကျင်က လေးကေ့ကော်ကို စစ်တပ်က စတင်ဝင်ရောက် ဖမ်းဆီးမှု‌တွေလုပ်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီတပ် အ‌သေအပျောက်များပြီး စခန်းချထားမှု ဆုတ်ခွါပေးခဲ့ရကြောင်း၊ မကြာမီ ကရင်ပြည်နယ်တွင် ယခုထရ်တိုက်ပွဲပိုမိုပြင်းထန်လာကြောင်း သိရသည်။

    Red News Agency

  • KNLA တပ်မဟာ(၁)နှင့် PDF ပူးပေါင်းတပ်ဖွဲ့မှ ကြသောင်းဆိပ် စခန်းအား တိုက်ခိုက်သိမ်းပိုက်

    KNLA တပ်မဟာ(၁)နှင့် PDF ပူးပေါင်းတပ်ဖွဲ့မှ ကြသောင်းဆိပ် စခန်းအား တိုက်ခိုက်သိမ်းပိုက်

    RNA_ဒီဇင်ဘာ ၁၈ ရက်၊ ၂၀၂၁ ခုနှစ်။

    KNU-သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ကြသောင်းဆိပ်ကျေးရွာရှိ BGF-၁၀၁၃ တပ်စခန်းအား ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၁)၊ တပ်ရင်း(၁)နှင့် PDF ပူးပေါင်းတပ်ဖွဲ့များမှ ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် (၆)နာရီ၌ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ည(၉)နာရီ ၃၀ မိနစ်ဝန်းကျင်က သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

    ကြသောင်းဆိပ်-BGFစခန်းကို ကူပစ်ပေးသည့်အနေဖြင့် ကတိုင်ဒိ BGFစခန်းမှ လက်နက်ကြီး (၁၂၀ mm)များဖြင့် ပစ်ခတ်မှုများကြောင့် ကျေးရွာအတွင်းရှိ လူနေအိမ်များ ပျက်စီးမှုရှိကြောင်း၊ BGF စခန်းအား သိမ်းယူပြီးသည်နှင့် တစ်ပြိုင်နက် စခန်းအတွင်းရှိ ကျန်ရှိနေသေးသော ပစ္စည်းများ၊ တဲအိမ်များအား ည(၁၀)နာရီအချိန်၌ KNLA ပူးပေါင်းတပ်ဖွဲ့မှ မီးရှို့ရှင်းလင်းခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။

    BGF-၁၀၁၃ တပ်စခန်းသိမ်းတိုက်ပွဲတွင် BGFဖက်မှ စခန်းမှူးအပါအဝင် (၄)ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး၊ KNLA ပူးပေါင်းတပ်ဖွဲ့မှ (၁)ဦးသေ၊ ၃ ဦးဒဏ်ရာရခဲ့ကြောင်း၊ BGF-၁၀၁၃ တပ်စခန်းကို ၁၉၉၃ ခုနှစ်ခန့်က စစ်ကောင်စီတပ်များ လာရောက်တပ်စွဲထားခဲ့ပြီး နောက်ပိုင်းတွင် BGFတပ်ဖွဲ့များကိုသာ စေလွှတ်၍ စခန်းချစေခဲ့ခြင်းဖြစ်ကြောင်း KNU ထုတ်ပြန်ချက်တွင် ပါရှိသည်။

    Red News Agency

  • လေးကေ့ကော်မြို့တွင်းဝင်ပြီး နှောက်ယှက်ဖျက်ဆီးမှုသည် ငြိမ်းချမ်းရေးကို ဖျက်ဆီးလိုက်သည်ဟု KNU ဗဟို ထုတ်ပြန်

    လေးကေ့ကော်မြို့တွင်းဝင်ပြီး နှောက်ယှက်ဖျက်ဆီးမှုသည် ငြိမ်းချမ်းရေးကို ဖျက်ဆီးလိုက်သည်ဟု KNU ဗဟို ထုတ်ပြန်

    RNA_ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၂၁ ခုနှစ်။

    စစ်ကောင်စီတပ်များ လေးကေကော်မြို့ တွင်းသို့ ဝင်ရောက်လာပြီး နှောက်ယှက်ဖျက်ဆီးမှုများသည့် ငြိမ်းချမ်းရေးကို ဖျက်ဆီးလိုက်ခြင်းဖြစ်ပြီး၊ လူ့အခွင့်အရေးချိုးဖောက်ခြင်းများစွာကိုလည်း ပြုမူကျင့်သုံးနေခြင်းဖြစ်သည်ဟု ယနေ့ညတွင် KNU ဗဟိုက ထုတ်ပြန်လိုက်သည်။

    အာဏာသိမ်း စစ်ကောင်စီ၏တပ်များ ဒီဇင်ဘာလ ၁၄ ရက်နေ့က လေးကေ့ကော်မြို့တွင်းသို့ ဝင်ရောက်ပြီး ရှာဖွေစစ်ဆေးမှုနှင့်ဖမ်းဆီးမှုပြုလုပ်နေချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တို့သည် စစ်ရေးပြင်ဆင်မှုအသင့်အနေအထားမှာရှိခဲ့ကြောင်း၊ ပစ်ခတ်မှုပြုလုပ်ပါက ပြည်သူလူထု အခက်အခဲများနှင့် ထိခိုက်သေဆုံးမှုများ ရှိလာမှာကို စိုးရိမ်သဖြင့် ပစ်ခတ်ခြင်းမပြုခဲ့ကြာင်း၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ထပ်မံဝင်ရောက်ပြီး ရှာဖွေစစ်ဆေး ဖမ်းဆီးမှုများလုပ်သည့်အပြင် ပြည်သူလူထု၏ နေအိမ်အချို့ကို ဖျက်ဆီးမှုများပြုလုပ်သောကြောင့် နံနက် ၁၀း၀၀ နာရီအချိန်တွင် KNLA တပ်ရင်း ၂၇ ( ပူးပေါင်းတပ်ဖွဲ့ ) နှင့် စစ်ကောင်စီ၏ တပ်တို့ကြား ထိတွေ့ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

    (more…)