ကြိတ်စခန်းကို KNLA တပ်ရင်း (၁၈)နှင့် ပူးပေါင်းတပ်ဖွဲ့ တို့ တိုက်ခိုက်သိမ်းပိုက်အပြီး လက်နက်အများအပြားသိမ်းဆည်းရမိ

RNA_စက်တင်ဘာ(၂၁)၊ ၂၀၂၂ ခုနှစ်။

ကေအဲန်ယူ- ကော့ကရိတ်မြို့နယ် KNLA တပ်ရင်း (၁၈)နှင့် ဒေါနစစ်ကြောင်း-SOG ပူးပေါင်းတပ်ဖွဲ့တို့က စစ်ကောင်စီတပ် ခမရ – ၅၅၇ ခြေကုတ်စခန်းဖြစ်သည့် ကြိတ်စခန်းကို စက်တင်ဘာ ၂၀ ရက်နေ့ နေ့လည် ၂ နာရီ ၁၉ မိနစ်ဝန်းကျင်က သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်အများအပြားဖမ်းဆီးရမိခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုက ယနေ့ ထုတ်ပြန်ထားသည်။

ကြိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်စဉ် စစ်ကောင်စီတပ််သား(၇) ယောက်သေဆုံးခဲ့ပြီး အရှင် (၂) ဦးဖမ်းဆီးရမိခဲ့ကြောင်း၊ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများမှာ MA ကျည်ဘောက်- ၁၇၊ 9MM-44၊ 16 ကျည်ဘောက်- ၄၊ sinper ကျဥ်ဘောက်-၃၊ 60MM-၁၂ ၊ 73MM-၁၁ ၊ အီနာဂါ-၁၊ 40MM-၁၀ ၊ BA109 လက်ပစ်ဗုံး- ၂၊ 73ယမ်းတောင့် -၅၊ စက်လက်ကျည်-၂၂၉ ၊ AKကျည်ဘောက်ဝိုင်း- ၁၊ စကားပြောစက်- ၂၊ ဖုန်း-၃၊ ကပစ 5.56- ၂၂၂၃၊ စိန်ပြောင်းချိန်သီး- ၁၊ MA5 ကျည်- ၂၊ RPG- ၂၊ BA 100 စိန်ပြောင်း-၁၊ ငါးကြင်းမြီးစက်လက်- ၁၊ ပြောင်းပို-၁၊ AK-၁၊ MAS sinper- ၁၊ MA4.MAK ပူးတွဲ-၁၊ MA1-၂၊ MA3-၂ ၊ MA5-၂၊ MG3-၁ လက်နက်တို့ သိမ်းဆည်းရမိခဲ့သည်။

Red News Agency

By Editor