ABSDF Column – 3

ABSDF အမှတ် (၃) စစ်ကြောင်း ရဲဘော်များ၏ ယောဒေသနှင့် ချင်းတွင်းဒေသ စစ်ရေးလှုပ်ရှားမှု

ABSDF အမှတ် (၃) စစ်ကြောင်း ရဲဘော်များ၏ ယောဒေသနှင့် ချင်းတွင်းဒေသ စစ်ရေးလှုပ်ရှားမှု

RNA_စက်တင်ဘာ(၂၂)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း ယောဒေသနှင့် စစ်ကိုင်းတိုင်း ချင်းတွင်း ဒေသအတွင်း လှုပ်ရှားနေသည့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး - အမှတ် (၃) စစ်ကြောင်း (ABSDF Column-3) ရဲဘော်များ၏ စစ်ရေးလှုပ်ရှားမှုမှတ်တမ်းတချို့ကို ဖော်ပြလိုက်သည်။ ABSDF Column-3 ရဲဘော်များသည် ယောဒေသနှင့်ချင်းတွင်းဒေသရှိ NUG-MOD PDF များ၊ ပကဖ နှင့်​ ဒေသတွင်း တော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်းကာ အကြမ်းဖက်အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်တိုက်ပွဲများ၊ စခန်းသိမ်းတိုက်ပွဲများဖော်ဆောင်နေကြောင်း သိရသည်။ ယခုဖော်ပြပါ ရုပ်သံသည် ABSDF Column-3 ရဲဘော်တဦးက စစ်ဆင်ရေးမှတ်တမ်းများအဖြစ်ရိုက်ကူးထားခြင်းဖြစ်ပြီး၊ နောက်ခံ ကျောင်းသားတပ်မတော်သီချင်းမှာ ABSDF ဒေါင်းတမာန်စခန်းမှ တေးရေး၊တေးဆို ရဲဘော်မိုးခါး သီဆိုထားခြင်းဖြစ်ကြောင်း အသိပေးအပ်ပါသည်။ Red News Agency
Read More
ပုလဲမြို့က ထွက်လာသည့် စစ်ကြောင်းနှင့် ဒေသခံပူးပေါင်းတပ်များ ယနေ့ တိုက်ပွဲဖြစ်

ပုလဲမြို့က ထွက်လာသည့် စစ်ကြောင်းနှင့် ဒေသခံပူးပေါင်းတပ်များ ယနေ့ တိုက်ပွဲဖြစ်

RNA_စက်တင်ဘာ(၁၂)၊ ၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့မှ ထွက်လာသည့် အင်အား ၈၀ ခန့်ရှိ စစ်ကောင်စီတပ်စစ်ကြောင်း ပြီးခဲ့သည့်ညက နွယ်ရှောက်ကျေးရွာတွင်် ညအိပ်ပြီးနောက် ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်ဝန်းကျင်က ကျောင်းသားတပ်မတော် နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ယင်မာပင်ခရိုင် တပ်ရင်းများ ၊ ဒေသခံကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်း ABSDF Column - 3 က ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်စစ်ကြောင်းကို ကျောင်းသားတပ်မတော်(ချင်းတွင်းဒေသတပ်ရင်း)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်( PDF)၊ ယင်းမာပင်ခရိုင်တပ်ရင်း (၃)၊ တပ်ရင်း(၄)၊ တပ်ရင်း(၅)၊ တပ်ရင်း(၆)၊ တပ်ရင်း(၇)၊ တပ်ရင်း(၈)၊ တပ်ရင်း(၁၀)၊ တပ်ရင်း(၁၁)၊တပ်ရင်း (၁၂)၊ တပ်ရင်း (၁၉)၊…
Read More