Tag: အင်းစိန်ထောင်
-

ဒဂုံတက္ကသိုလ်ကျောင်းသူ မြသန္တာအောင်(ခ)မချယ်ရီ ဖမ်းဆီးခံရ
RNA_ဒီဇင်ဘာ(၂၉)၊၂၀၂၂ ခုနှစ်။အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံများက ရန်ကုန်မြို့၊ ဒဂုံတက္ကသိုလ် မြန်မာစာ နောက်ဆုံးနှစ် ကျောင်းသူ မြသန္တာအောင်(ခ)မချယ်ရီကို ဖမ်းဆီးပြီး ဘုရင့်နောင်ရဲစခန်း စစ်ကြောရေးမှတဆင့် ပုဒ်မ ၅၀ (ည) နှင့် တရားစွဲဆိုကာ အင်းစိန်အကျဉ်းထောင်တွင် ချုပ်နှောင်ထားကြောင်း သိရသည်။နွေဦးတော်လှန်ရေးတွင် ပြည်သူ့ဘက်မှ ဒဂုံတက္ကသိုလ်ကျောင်းသား သမဂ္ဂသည် ငြိမ်းချမ်းစွာ ဆန္ဒပြမှုများအပါအဝင် လက်နက်ကိုင်တော်လှန်ရေးတွင်လည်း အင်းတိုက်အားတိုက်ပါဝင်နေကြောင်း၊ မြသန္တာအောင်(ခ)မချယ်ရီကို စစ်ကောင်စီလက်အောက်ခံများက နိုဝင်ဘာလ ၁၆ ရက်နေ့က နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ထားသည်။ -

ဒဂုံတက္ကသိုလ်ကျောင်းသား (၇) ဦး သေဒဏ်ချမှတ်ခံရ
RNA_ဒီဇင်ဘာ(၁)၊၂၀၂၂ခုနှစ်။
အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီလက်အောက် ခံ အင်းစိန်ထောင်တွင်းရှိ စစ်ခုံရုံးက ဒဂုံတက္ကသိုလ်ကျောင်းသား (၇) ဦးကို ယမန်နေ့ ( နိုဝင် ဘာ ၃၀ ရက်) က သေဒဏ်အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ် ကမ္ဘာ့ရတနာဘဏ် မန်နေဂျာ ဒုဗိုလ်မှူးကြီး စောမိုးဝင်းကို သတ်သည်ဟု စွပ်စွဲကာ ဒဂုံတက္ကသိုလ်ကျောင်းသား ကိုဟိန်းထက်၊ ကိုသီဟထက်ဇော်၊ ကိုသူရမောင်မောင်၊ ကိုခန့်ဇင်ဝင်း၊ ကိုဇော်လင်းနိုင်၊ ကိုသက်ပိုင်ဦး၊ ကိုခန့်လင်းမောင်မောင်တို့ကို ၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၃၀၂ (က) ဖြင့် မတရားအမိန့် သေဒဏ်ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။
-

စစ်ကောင်စီက မိသားစုတခုလုံးကို ဖမ်းဆီးထားပြီး သားကို ထောင်ဒဏ် အနှစ် (၂၀) ချမှတ်
RNA_နိုဝင်ဘာ(၂၆)၊၂၀၂၂ ခုနှစ်။၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း မှ ကိုဇော်ဝမ်းမောင်နှင့် မခက်ခက်လွင်တို့ မိသားစု တခုလုံးကို စစ်ကောင်စီက ဖမ်းဆီးထားပြီး သားကြီး ကိုသီဟနှင့်ဇနီး မစွမ်းပြည့်စိုးမွန်ကို စစ်ကောင်စီလက်အောက်ခံ တရားရုံးက ထောင်ဒဏ် အနှစ် (၂၀) ထပ်မံချက်မှတ်လိုက်ကြောင်း သိရသည်။ကိုသီဟနှင့်ဇနီး မစွမ်းပြည့်စိုးမွန်အပါအဝင် အမှုတွဲ (၁၇) ဦးကို အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ပဲခူးတိုင်း၊ ဒိုက်ဦးထောင်မှာ ဖမ်းဆီးထားပြီး နိုဝင်ဘာလ ၂၅ ရက်နေ့က ဒိုက်ဦးတရားရုံးမှ ပုဒ်မ (၁၂၂) နှင့် ထောင်ဒဏ် အနှစ် (၂၀) ချမှတ်ခဲ့ကြောင်း၊ ကိုသီဟတို့ ဇနီးမောင်နှံကို ထောင်ဒဏ်အနှစ် (၂၀) မချမှတ်ခင် ပုဒ်မ ၅၀၅ နှင့် ထောင်ဒဏ် (၃) နှစ်ချခံထားရသည်။ -

အဆိုတော်နှင့်အတူနေသည့် အင်းစိန်ထောင်အရာရှိ စစ်ဆေးခံနေရ
ဇေကမ္ဘာခင်ရွှေထံမှလာဘ်စားပြီး အဆိုတော်နှင့်အတူနေသည့် အင်းစိန်ထောင်အရာရှိ စစ်ဆေးခံနေရRNA_နိုဝင်ဘာ(၂၄)၊၂၀၂၂ ခုနှစ်။ဇေကမ္ဘာခင်ရွှေထံမှ ငွေသိန်း (၇၀) လာဘ်စားပြီး မကြာသေးမီက ထောင်ကလွတ်မြောက်သွားသည့် အဆိုတော်တဦးနှင့် တညတာ သိန်း (၈၀) ပေးပြီး အတူနေခဲ့သည့် ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်မှ အသက် (၄၀) ကျော် အကြီးတန်းအရာရှိတဦး ထောင်တွင်းစစ်ဆေးမှု ပြုလုပ်ခံနေရကြောင်း သိရသည်။အင်းစိန်အကျဉ်းထောင်တွင်း ဇေကမ္ဘာခင်ရွှေထောင်ဝင်စာနှင့် ထောင်ကမလွတ်ခင် အဆိုတော်အမျိုးသမီးတဦးတို့၏ ထောင်ဝင်စာပါဆယ်များသည် စစ်ဆေးခံနေရသည့် အရာရှိနေအိမ်မှတဆင့် ထောင်တွင်းစစ်ဆေးခြင်းမရှိ သယ်ပို့ခဲ့ကြောင်း၊ ဇေကမ္ဘာခင်ရွှေထံမှ သိန်း (၇၀) လာဘ်စားခဲ့ပြီး ရရှိသည့်ငွေနှင့်အတူ အဆိုတော်အမျိုးသမီးကို သိန်း (၈၀) ပေးကာ ထောင်ကလွတ်သည့်ညတွင် အတူနေခဲ့ကြကြောင်း အကျဉ်းဦးစီးဌာန အသိုင်းအဝန်းတွင် ပြောဆိုနေကြသည်။“ထောင်တွင်းစစ်ဆေးခံနေရတာပေါ့ အတိုင်ခံရတာက အရာရှိ အကြီးပိုင်းကပဲ၊ တိုင်တဲ့သူက လုံခြုံရေးအရာရှိဗျ ထိန်လင်းဦးလေ ဗိုလ်ထိန်ဆို အကုန်သိတယ် သူက ခြေတဖတ်ပြတ် စစ်တပ်ကလာတာ၊ အခု DE စစ်တာပေါ့ ထောင်တွင်း စစ်ဆေးမှုပေါ့၊ စစ်နေတာက ဒုတိယညွန်ကြားရေးမှူးချုပ်ကိုယ်တိုင် စစ်နေတာပါ။ အခုတိုင်တဲ့သူက တပ်ကလာတယ် အတိုင်ခံရတဲ့ အရာရှိက အရပ်ဖက်ပေါ့ အဲတော့ အားပြိုင်နေကြတာလည်းပါတယ်၊ အကုန်လုံးကတော့ အတူတူနဲ့အနူနူပါပဲ ဘိန်းစားချင်းအတူတူ တမူးပိုရှုချင်တာ၊ မတည့်ရင် ဦးတဲ့သူက ဆော်နေကြတာ၊ အခုက အဆိုတော်နဲ့အိပ်လိုက်တာကော ခင်ရွှေဆီက ငွေယူတာကော ရောသွားတာ ” ဟု အကျဉ်းဦးစီးဌာန ဝန်ထမ်းတဦးက ပြောသည်။အင်းစိန်အကျဉ်းထောင်တွင် တာဝန်ကျနေသည့် ဝန်ထမ်းအများစုသည့် လာဘ်စားမှုများရှိနေပြီး ရာထူးကြီးသူက ပိုလာဘ်စားကြကြောင်း၊ သာမန်အကျဉ်းသားများသည် လာဘ်ပေးပြီး တန်းစီးချုပ်၊ အခန်းလူကြီး၊ စာရေး၊ စည်းကမ်းထိန်းစသည့် အခွင့်အရေးရသည့်နေရာများကိုယူပြီး ရောက်ရှိလာသည့် အကျဉ်းသားများထံမှ အိမ်ယာနေရာကောင်းရရှိရေး၊ ရဲဘက်မထွက်ရရေး၊ ထောင်တွင်းအလုပ်မလုပ်ရရေး (သက်သာသည့်အလုပ် ရရှိရေး) စသည့် နေရာများစွာမှ ဝန်ထမ်းများအတွက် ငွေရှာပေးရကြောင်း၊ ညွန်ချုပ်၊ ထောင်ပိုင်၊ ထောင်ပိုင်လေး၊ အဆောင်မှူး စသည့် အကျဉ်းဦးစီးဝန်ထမ်းများကလည်း ပတ်သက်နေသည့် အကျဉ်းသားများထံမှ ထောင်တွင်းနေထိုင် စားသောက်ရေး အဆင်ပြေစေရန် နည်းမျိုးစုံဖြင့် လာဘ်စားကြကြောင်း သိရသည်။Red News Agency -

အင်းစိန်ထောင်ဝန်ထမ်း၂၀ ကျော် ထွက်ပြေး
RNA_နိုဝင်ဘာ(၁၅)၊၂၀၂၂ ခုနှစ်။
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ အင်းစိန်အကျဉ်း ထောင်တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်း ၂၀ ဦးကျော် ထွက်ပြေးနေကြောင်း သိရသည်။

အင်းစိန်ထောင်တွင် တာဝန်ထမ်းဆောင်လိုမှုမရှိသည့်အတွက် ထွက်ပြေးသည့် ဝန်ထမ်းများတွင် အမျိုးသမီးအပါအဝင် ၂၀ ဦးကျော်ရှိကြောင်း၊ အင်းစိန်ထောင် ဝန်ထမ်းလိုင်းခန်းအနီးတွင် ထွက်ပြေးသူများစာရင်းကပ်ထားပြီး ဝန်ထမ်းအိမ်ယာပြန်လာပါက အကြောင်းကြားရန် အသိပေးထားကြောင်း သိရသည်။
-

ရွေးကောက်ပွဲလမ်းကြောင်း အရောင်တင်ရန် လွတ်ပေးသည့်အတွက် ကျေးဇူးတင်စရာမရှိဟု NUG ဝန်းကြီးပြောကြား
RNA_နိုဝင်ဘာ(၁၇)၊၂၀၂၂ ခုနှစ်။အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီအဖွဲ့က အမျိုးသားအောင်ပွဲနေ့ အကြောင်းပြုကာ လွတ်ရက်နီး မတရားဖမ်းဆီးခံထားရသူများအပါအဝင် သာမန်ပြစ်ဒဏ်ကျ အကျဉ်းသားစသည်တို့ကို လွှတ်ပေးခြင်းသည်ရွေးကောက်ပွဲကို အရောင်တင်ရန်သာ ဖြစ်သည့်အတွက် ကျေးဇူးတင်စရာ မရှိကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောကြားထားသည်။မင်းအောင်လှိုင်ဦးဆောင်နေသည့် အကြမ်းဖက်အာဏာသိမ်းအဖွဲ့သည် ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေကြောင်း၊ ယနေ့ လွှတ်ပေးသည့် နိုင်ငံရေးအကျဉ်းသားများထဲတွင် လွတ်နီးများပါရှိပြီး၊ဖမ်းဝရမ်းထုတ်ခံရသည့် အနုပညာရှင်တို့ ပါဝင်ကြောင်း၊ ခိုး၊ဆိုး၊လု၊နှိုက်စသည့် ပြစ်ဒဏ်ကျအကျဉ်းသားများပါဝင်ပြီး စုစုပေါင်း (၅၇၇၄) ဦး လွှတ်ပေးမည်ဟု သိရသည်။ -

အင်းစိန်ထောင်ဗုံးပေါက်ကွဲမှု ကိုလင်းထက်နိုင် မိခင်အပါအဝင် နိုင်ငံရေးအကျဉ်းသား မိသားစုတချို့ သေဆုံးမှုရှိ
RNA_အောက်တိုဘာ(၁၉)၊၂၀၂၂ ခုနှစ်။ယနေ့ နံနက်အင်းစိန်ထောင်ဗုံးပေါက်ကွဲမှုတွင် ထောင်ဝင်စာသွားပို့သည့် ကိုလင်းထက်နိုင် (ခ) ကိုဂျိမ်း မိခင်အပါအဝင် နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တချို့ သေဆုံးသွားကြောင်း သိရသည်။
“ကိုဂျိမ်းအမေ ဆုံးသွားတာ သေချာပါပြီ၊ ၁၀ နှစ်အရွယ် ကလေးငယ်တဦးလည်း ပါတယ်၊ ဝန်ထမ်းက ၃ ဦး၊ အရပ်သားစုစုပေါင်းက ၅ ဦးထိ အတည်ပြုရပါတယ်”ဟု အင်းစိန်ထောင်အသိုင်းအဝန်းနှင့် နီးစပ်သူ တဦးကပြောသည်။
ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်အကျော်က အင်းစိန်ထောင် နိုင်ငံရေးအကျဉ်းသားများ (တိုက်ထောင်ဝင်စာ) အတွက်ပေးပို့နေသည့် ထောင်ဝင်စာဌာန ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး၊ အင်းစိန်ထောင်ကို စစ်ကောင်စီတပ်သားများဖြင့် အဝင်အထွက်ပိတ်ထားကြောင်း၊ CCTV မှတဆင့် စုံစမ်းနေကြောင်း သိရသည်။Red News Agency -

အင်းစိန်ထောင် ပါဆယ်ဌာန ဗုံးပေါက်ကွဲမှု အနည်းဆုံး ၂ ဦးသေ
RNA_အောက်တိုဘာ(၁၉)၊၂၀၂၂ ခုနှစ်။ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင် တိုက်သမားများထံပို့သည့် ပါဆယ်ဌာနတွင် ယနေ့ ( အောက်တိုဘာ ၁၉ ရက်) နံနက် ၉ နာရီ ၃၀ မိနစ်ဝန်းကျင်က ဗုံးပေါက်ကွဲမှုဖြစ်ပြီး ဝန်ထမ်း တစ်ဦးပါအဝင် အနည်းဆုံး (၂) ဦးသေဆုံးကြောင်း သိရသည်။” အခုပေါက်တာက ပါဆယ်ဌာနပေါ့၊ တိုက်ထဲနေရာတဲ့ နိုင်ငံရေးအကျဉ်းသားတွေဆီကို ပါဆယ်ပို့တဲ့ နေရာလေ၊ ဖြစ်နိုင်တာက PDF တွေ လုပ်တာ မဖြစ်နိုင်ဘူး၊ အင်းစိန်ထောင်က အစစ်အဆေးတအား ကြပ်နေတာလေ ပျူစောထီးတွေလုပ်တာဖြစ်နိုင်တယ်၊ အခု ဝန်ထမ်းတဦးက တန်းသေတယ်၊ နောက်ထပ်တယောက်က သတိမေ့သွားပြီးမှ သေတယ်၊ အပြင်က ထောင်ဝင်စာလာတဲ့အထဲကလည်း ကလေးတယောက် ဒဏ်ရာရသေးတယ်၊ အခြားဒဏ်ရာရတဲ့ သူရှိနိုင်သေးတယ်” ဟု အင်းစိန်ထောင်နှင့် နီးစပ်သူ တဦးက Red News Agency ကို ပြောသည်။အင်းစိန်ထောင် ယနေ့ နံနက်ပေါက်ကွဲမှု မည်သည့်အဖွဲ့က လုပ်သည်ကို တိတိကျကျ မသိရှိရသေးကြောင်း၊ ဝန်ထမ်းများ ပါဆယ်များကို စစ်ဆေးရင်း ပေါက်ကွဲသွားကြောင်း၊ နိုင်ငံရေးအကျဉ်းသားများကို ပစ်မှတ်ထားပြီး လုပ်ဆောင်ခြင်း ဖြစ်နိုင်သည်ဟု ယူဆနေကြကြောင်း စုံစမ်းသိရှိရသည်။Red News Agency -

အင်းစိန်အကျဥ်းထောင်က ဂျန်မာ (Jammer) မိုးကြိုးပစ်ခံရ
RNA_စက်တင်ဘာ(၂၅)၊၂၀၂၂ခုနှစ်။
ယနေ့ နေ့လည်ပိုင်း ရန်ကုန်မြို့ အင်းစိန်မြို့နယ်အတွင်း မိုးရွာသွန်းချိန် အင်းစိန်ထောင် မိုးကြိုးပစ်ခံရမှု ဂျန်မာ (Jammer) ထိခိုက်သွားကြောင်း သိရသည်။
“လွန်ခဲ့တဲ့တနာရီက မိုးရွာတော့ ထောင်ကို မိုးကြိုး ပစ်တယ်၊ ဘယ်ထိလဲ ကျနော်တို့လိုက်စစ်တော့ ဂျန်မာထိသွားတယ်၊ အခုတန်းပြန်ဆင်မလား ဘယ်လိုလုပ်လဲ မသိသေးဘူး” ဟု ဝန်ထမ်းတဦးက ပြောပြသည်။
အင်းစိန်အကျဉ်းထောင်တွင် ဒရုန်း ( Drone) အပါ အဝင် အဝေးထိန်းစနစ်ဖြင့် တိုက်ခိုက်ဖောက်ခွဲမှုများ ပြုလုပ်မရစေရန်အတွက် ကန့်သတ်ထားသည့် ဧရိယာထဲ ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ပေးထားသည့် ဂျန်မာများ တပ်ဆင်ထားသည်။
-

အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသား ၂၅၀ သာယာဝတီထောင်ကို ယနေ့ပြောင်းရွေ့
RNA_စက်တင်ဘာ(၂၄)၊၂၀၂၂ခုနှစ်။
အာဏာသိမ်းစစ်ကောင်စီက မတရားဖမ်းဆီးချုပ်နှောင်ထားသည့် ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား (၂၅၀) ယနေ့ နံနက်ပိုင်းက သာယာဝတီအကျဉ်းထောင်ကို ပြောင်းရွေ့လိုက်ကြောင်း သိရသည်။
“အင်းစိန်အကျဥ်းဦးစီးဌာနမှ စက်တင်ဘာလ ၂၄ရက်နေ့ စနေနေ့ ယနေ့မနက်တွင် မယဥ်မြတ်နိုးဦး အပါအဝင် နိုင်ငံရေးအကျဥ်းသား အမျိုးသား ၂၀၀ ဦးနှင့် အမျိုး သမီး ၅၀ဦး၊ စုစုပေါင်းအယောက် ၂၅၀ ကို သာယာဝတီထောင်သို့ ပြောင်းရွေ့လိုက်ကြောင်း သတင်းရရှိသည်” ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရွာသာကြီးနယ်မြေ)က ယနေ့ထုတ်ပြန်ထားသည်။
