Tag: အင်းစိန်ထောင်

  • “တော်လှန်ရေးအတွက်လုပ်နေတာ ငါတို့သရဏဂုံ မတင်နိုင်ဘူး” လို့ ကိုဂျင်မီက နောက်ဆုံးပြောကြားခဲ့

    “တော်လှန်ရေးအတွက်လုပ်နေတာ ငါတို့သရဏဂုံ မတင်နိုင်ဘူး” လို့ ကိုဂျင်မီက နောက်ဆုံးပြောကြားခဲ့

    RNA_ဇူလိုင်၂၅၊၂၀၂၂ ခုနှစ်။
    ကိုဂျင်မီ၊ ကိုဖြိုးဇေယျာ်သော် ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော် တို့ကို ​သေဒဏ်ကျခံထားရပြီး အာဏာသိမ်းစစ်ကောင်စီက ကြိုးမိန့်ပေး သေဒဏ်ပေးဖို့ ပြင်ဆင်နေတာဖြစ်ပြီး ယနေ့ ( ဇူလိုင်၂၄ ရက်စွဲနှင့်) မှာတော့ ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးစီးပြီလို့ စစ်ကောင်စီသတင်းစာက ထုတ်ပြန်လာပြီဖြစ်ပါတယ်။
    စစ်အာဏာရှင် လက်ပါးစေတွေက ကိုဂျင်မီကို ကြိုးမိန့်မပေးခင်မှာ သရဏဂုံတင်ခိုင်းပါတယ်၊ Red News Agency သတင်းရင်းမြစ်ကနေကြားသိရတာက “ တော်လှန်ရေးအတွက် လုပ်နေတာ ငါတို့သရဏဂုံ မတင်နိုင်ဘူး” လို့ နောက်ဆုံးကဂျင်မီက ပြောခဲ့ကြောင်း၊ ကိုဂျင်မီကို ကြိုးမိန့်ပေးရာတွင် တော်တော်နှင့် မပြီးတဲ့အတွက် (၁၂) မိနစ်ကြာမြင့်ခဲ့သည်ဟု ဇူလိုင်လ ၂၃ ရက်နေ့ကတည်းက စုံစမ်းသိရှိထားသည်။
    မိသားစုနှင့် အင်းစိန်ထောင်မှာ အွန်လိုင်းက တစ်ဆင့် Zoom နှင့် မိနစ်(၂၀) ပေးတွေ့ခဲ့ ပြီးနောက် ဇူလိုင် ၂၃ ရက်နေ့ နံနက်စောစောမှာ ကိုဂျင်မီနှင့်ကိုဇေယျာသော်ကို ကြိုးပေးမှုကို ပြုလုပ်ခဲ့ကြကြောင်း၊ ဇူလိုင် (၂၄)ရက်နံနက်စောစောက ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ကို ကြိုးမိန့်ပေး စီရင်ခဲ့သည်ဟု Red News Agency ၏ သတင်းရင်းမြစ််ထံမှသိရသည်။
    “ လူဆိုးတွေကိုတော့ ငါတို့ ဝါတွင်းလည်း သတ်ရမှာပဲ၊ ငါတို့တရားတယ်၊ ဒီကောင်တွေက လူသတ်ကောင်တွေ ငါတို့ဝိနည်းနဲ့ညီတယ်” ဆိုတာမျိုးထိ ထောင်ဝန်ထမ်းတွေက ပြောကြားပြီး ကြိုးမိန့်ပေးခဲ့သည်ဟု စုံစမ်းသိရှိရသည်။
    ယခုရက်ပိုင်း အင်းစိန်ထောင်မှာ ဗျူဟာမှူးအဆင့်က ဦးဆောင်ပြီး စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ရင်းအလိုက် ရောက်ရှိနေတယ်ဆိုသည့် သတင်းကို Red News Agency ကတင်ပြခဲ့သည့် ဇူလိုင်၂၃ ရက်နေ့ကတည်းက သေဒဏ်စတင်စီရင်ကြောင်း သိခဲ့ရသော်လည်း သက်သေအထောက်အထားနှင့်တကွ မရရှိသည့်အတွက် တင်ပြနိုင်ခြင်းမရှိခဲ့ပါ။
    ယနေ့အထိ ဒေသဏ်စီရင်ခံရသူများ၏ ရုပ်အလောင်းကို မိသားစုကိုလည်း ထုတ်မပေးသလို ကြိုးမိန့်စီရင်လိုက်ပြီဟုလည်း တိတိကျကျထုတ်ပြန်ထားခြင်းမရှိသေးကြောင်း၊ မိသားစုက အင်းစိန်ထောင် သွားရောက်စုံစမ်းရာတွင်လည်း သတင်းစာတွင် ကြေညာထားသည့်အတိုင်း သေဒဏ်ကျခံရမည့် အကျဉ်းသား (၄) ဦးအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးစီးကြောင်း၊ သတင်းစာမှာပါသည့်အတိုင်းဟုသာ ပြောကြားခဲ့သည်ဟု သိရသည်။
    Red News Agency

  • အင်းစိန်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများ ရိုက်နှက်ခံနေရပြီး အသက်အန္တရာယ်ထိ ခြိမ်းခြောက်ခံနေရ

    အင်းစိန်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများ ရိုက်နှက်ခံနေရပြီး အသက်အန္တရာယ်ထိ ခြိမ်းခြောက်ခံနေရ

    RNA_ဇူလိုင်၂၂၊၂၀၂၂ခုနှစ်။

    ရန်ကုန်မြို့၊ အင်းစိန်ဗဟိုအကျဉ်းထောင်တွင် ဖမ်းဆီးခံထားရပြီး သာမန်အကျဉ်းသားများထားသည့် အဆောင်တွင်နေထိုင်ရသည့် နိုင်ငံရေးအကျဉ်သားများ ကိုယ်ထိလက်ရောက် ရိုက်နှက်ခံနေရပြီး အသက်အန္တရာယ်ခြိမ်းခြောက်ခံနေကြရကြောင်း နိုင်ငံရေးအကျဉ်းသားမိသားစုများနှင့် နီးစပ်သူများထံမှ သိရသည်။

    အင်းစိန်အကျဉ်းထောင် (၂) ဆောင်၊ (၃) ဆောင်၊ (၄) ဆောင်၊ (၅) ဆောင်ရှိ နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များ၏ လက်ပါးစေ စည်းကမ်းထိန်း၊ အဆောင်မှူးနှင့် ထောင်ဝန်ထမ်းများက အပြစ်မရှိအပြစ်ရှာကာ ရိုက်နှက်ခံနေကြရသည်။

    ဇူလိုင် ၁၈ ရက်နေ့က ၅၀၅ (က)ဖြင့် ထောင်ဒဏ် (၃) နှစ်အမိန့်ချမှတ်ခံထားရသည့် ကိုခန့်သူအောင်ကို နေ့လည်တန်းပိတ်ချိန် တန်စီသည့်အခါ မညီမညာဖြစ်သည်ဟု ရည်ရွယ်ချက်ရှိရှိ ပြစ်ချက်ရှာကာ ထောင်ဝန်ထမ်းများလက်အောက်ခံ စည်းကမ်းထိန်းက ရိုက်နှက်ခဲ့ကြောင်း၊ ကိုခန့်သူအောင်ကို ထောင်ဝန်ထမ်းများကလည်း အပြစ်မရှိ အပြစ်ရှာစောင့်ကြည့်နေကြောင်း ရန်ကုန်စီးပွား‌ရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်တဦးက Red News Agencyကို ပြောကြားထားသည်။

    အင်းစိန်အကျဉ်းထောင် ထောင်ပိုင်သည် စစ်တပ်မှ တိုက်ရိုက်ခန့်ထားသူဖြစ်ကြောင်း၊ နိုင်ငံရေးအကျဉ်းသားများကို နည်းမျိုးစုံဖြင့် နှိပ်ကွပ်ရန်လက်အောက်ငယ်သား ဝန်ထမ်းများကို အမြဲပြောလေ့ရှိကြောင်း၊ အင်းစိန်ထောင် (၃) ဆောင်တွင် လူ(၅) ဦးထက်ပိုမစုရန် အမိန့်ထုတ်ထားပြီး၊ တန်းပိတ်အိပ်ချိန်တွင် ထမထိုင်ရ၊ နိုင်ငံရေးအကျဉ်းသားများ အခန်းကူးသွားလာမှုများမလုပ်ရ စသည့် မတရားသည့် အမိန့်များထုတ်ထားသည်။

    (more…)

  • အကျဉ်းထောင်တွင်း ဆန္ဒပြခဲ့သူ ကိုအောင်အောင် ဆေးကုသခွင့်မရသည့်အတွက် သေဆုံးခဲ့ရ 

    အကျဉ်းထောင်တွင်း ဆန္ဒပြခဲ့သူ ကိုအောင်အောင် ဆေးကုသခွင့်မရသည့်အတွက် သေဆုံးခဲ့ရ 

    RNA_ဖေဖော်ဝါရီ ၈ ရက်၊ ၂၀၂၂ ခုနှစ်။

    ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်အတွင်း ဆန္ဒပြရာတွင် ပါဝင်ခဲ့သူ ကိုအောင်အောင် ဆေးကုသခွင့်မရသည့် အခြေအနေများကြောင်း ထောင်တွင်းမှု ဖြစ်ခဲ့ကြောင်း သိရသည်။

    အကျဉ်းထောင်တွင်းက နိုင်ငံရေးအကျဉ်းသားများ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၀) ရက်နေ့က ဆန္ဒပြကြရာနှင့် ယင်းနေ့ ညပိုင်းတွင် ရိုက်နှက်ခံရပြီး တိုက်ပိတ်ခံရသူများထဲတွင် ကိုအောင်အောင်ပါဝင်ခဲ့ကြောင်း၊ ရိုက်နှက်ခံရသည့် ဒဏ်ရာများနှင့် တိုက်ပိတ်ခံရမှုအတွင်း ဆေးကုသခွင့်တောင်းသော်လည်း မရရှိခဲ့ကြကြောင်း အင်းစိန်ထောင်နှင့်နီးစပ်သူများထံမှ သိရသည်။ (more…)

  • အင်းစိန်ထောင်မှာ အဝေးထိန်း ဗုံးတွေ့သည့်အတွက် လုံခြုံရေး တင်းကြပ်နေ

    အင်းစိန်ထောင်မှာ အဝေးထိန်း ဗုံးတွေ့သည့်အတွက် လုံခြုံရေး တင်းကြပ်နေ

    RNA_ဇန်နဝါရီ ၂၀ ရက်၊ ၂၀၂၂ ခုနှစ်။

    ရန်ကုန်မြို့ အင်းစိန်ထောင်မှာ ယနေ့ နံနက် ၁၂ နာရီမထိုးမီက အဝေးထိန်း ဗုံးတွေ့သည့်အတွက် လုံခြုံရေး အစီအမံများနှင့် အင်းစိန်ထောင်တွင်း လှုပ်ခတ်မှု ဖြစ်နေကြောင်း သိရသည်။

    ” အခုထောင်ထဲကို လုံခြုံရေးအဝင်အထွက် ရှုပ်နေတာ တွေ့တယ်၊ ရဲအချုပ်ကားကို သံလိုက်နဲ့ကပ်ပြီး ထည့်ပေးလိုက်တာလဲ ကြားတယ်၊ ရဲမေတွေက စတွေ့တာလို့ပြောနေကြ၊ သေချာကတာ အဝေးထိန်းဗုံးတွေ့လို့ ရှုပ်ယှက်ခက်နေကြတာ၊ ” ဟု အင်းစိန်ထောင်အနီး ရောက်ရှိနေသည့် ပြည်သူတဦးက ပြောသည်။

    (more…)

  • ရုပ်ရှင်သရုပ်ဆောင် အိန္ဒြာကျော်ဇင်၊ အဆိုတော်ပိုပိုနှင့် Beauty Blogger ဝင်းမင်းသန်း တို့ကို အင်းစိန်ထောင်သီးသန့်ပြောင်းထား

    ရုပ်ရှင်သရုပ်ဆောင် အိန္ဒြာကျော်ဇင်၊ အဆိုတော်ပိုပိုနှင့် Beauty Blogger ဝင်းမင်းသန်း တို့ကို အင်းစိန်ထောင်သီးသန့်ပြောင်းထား

    RNA_ဇန်နဝါရီ ၃ ရက်၊ ၂၀၂၂ ခုနှစ်။

    နွေဦးတော်လှန်ရေးတွင် ပြည်သူနှင့်အတူ ပါဝင်ခဲ့သည့် ရုပ်ရှင်သရုပ်ဆောင် အိန္ဒြာကျော်ဇင်၊ အဆိုတော်ပိုပိုနှင့် Beauty Blogger ဝင်းမင်းသန်းတို့ (၃) ဦးကို ထောင်ဒဏ်အသီးသီးချမှတ်ပြီးနောက် အင်းစိန်အကျဉ်းထောင် VIP များသာထားရှိသည့် ၅ တိုက် (ခ) စက်ချုပ် မှာ အတူတူထားရှိကြောင်း သိရသည်။

    သီးသန့်အချုပ်ဆောင်တွင် ထားရှိစဉ် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့က အိန္ဒြာကျော်ဇင်၊ အဆိုတော်ပိုပို၊ အခြားသရုပ် ဆောင်နှင့်အဆိုတော်တချို့ကို နိုင်ငံတော်အကြည်ညို ပျက်စေမှု ၅၀၅(က)ဖြင့် ထောင်ဒဏ် (၃) နှစ်စီ ကျခံခဲ့ကြရကြောင်း၊ Beauty Blogger ဝင်းမင်းသန်းကို ၅၀၅(က)နှင့် မတရားအသင်းဆက်သွယ်မှု ဥပဒေ ၁၇(၁)တို့ဖြင့် နှစ်မှုပေါင်း (၃) နှစ်ချမှတ်ကြောင်း သိရသည်။

    ” အိန္ဒြာကျော်ဇင်၊ ပိုပို၊ မဝင်းမင်းသန်းတို့က အခု VIP အဆောင်ပြောလို့ရတယ် လုံးခြင်းအိမ်လေးတွေနဲ့ ၅ တိုက်မှာ ရောက်နေတယ် ကြားပါတယ်၊ ဒေါ်သန်းမြင့်အောင်တို့လည်း အဲဒီမှာရှိတယ်၊ အရင်က အမေစုက အင်းစိန်မှာခဏထားတဲ့ နေရာပေါ့၊ သူတို့ကျန်းမာရေးတွေကောင်းပါတယ်၊ ထောင်ဆိုတော့ အကုန်တော့ဘယ်အဆင်ပြေမလဲ ဒါပေမဲ့ သူတို့ကအေးဆေးနေကြရပါတယ်” ဟု အင်းစိန်အကျဉ်းထောင်နှင့် နီးစပ်သူထံမှသိရသည်။

    အင်းစိန်အကျဉ်းထောင်တွင် နိုင်ငံရေးမှုနှင့်ကျလာသူများကို လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးလုပ်နေသည်ပထောင်ဖြစ်ပြီး ဗကသ အဖွဲ့ဝင်တဦးကို ဝန်ထမ်းနှင့် လက်ပါးစေများ၏ ရိုက်နှက်မှုကြောင့် ဒဏ်ရာအပြင်းအထန်ရထားပြီး၊ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် အမျိုးသမီးတဦးလည်း အရေးပေါ်ဆေးကုသမှု ခံယူနေရကြောင်း၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့က အင်းစိန်ထောင် သီးသန့်အဆောင်ရှိ မတရားဖမ်းဆီးခံထားရသူ ၈၉ ဦး ဆန္ဒပြခဲ့သည့်အတွက် အငြိုးအတေးထားကာ ဖိနှိပ်ချုပ်ချယ်မှုများ ပိုလုပ်နေကြောင်း သိရသည်။

    Red News Agency

  • အင်းစိန်ထောင်ပိုင်နှင့် အဆောင်မှူး ရဲကျော်သူက ဗကသ ဒုဥက္ကဋ္ဌကို ရိုက်နှက်ရန် အဓိက လုပ်ဆောင်သူများဖြစ် 

    အင်းစိန်ထောင်ပိုင်နှင့် အဆောင်မှူး ရဲကျော်သူက ဗကသ ဒုဥက္ကဋ္ဌကို ရိုက်နှက်ရန် အဓိက လုပ်ဆောင်သူများဖြစ် 

    RNA_ဒီဇင်ဘာ ၃၁ ရက်၊ ၂၀၂၁ ခုနှစ်။

    ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင် ထောင်ပိုင် ဇော်လင်းအောင်၊ သပြေဆောင် (အကျဆောင်) အဆောင်မှူး ( နှစ်ပွင့်) ရဲကျော်သူနှင့် လက်ပါးစေ လူမိုက်များ လက်ချက်ဖြင့် ဒီဇင်ဘာလ ၂၉ ရက်နေ့က ဗမာနိုင်ငံလုံးဆိုင်ရာ‌ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုး အသက်အန္တရာယ်စိုးရိမ်ရသည့်အနေအထားထိ ရိုက်နှက်ခံခဲ့ရကြောင်း စုံစမ်းသိရှိရသည်။

    အင်းစိန်ထောင် အထူးတရားရုံးက ငြိမ်းစုစီ ပုဒ်မ၊ ၅၀၅ (ခ) တို့ဖြင့် ဒီဇင်ဘာလ ၂၉ ရက်နေ့က ကိုဝေယံဖြိုးမိုး ထောင်ဒဏ် ၂ နှစ်၊ ၁ လ ချမှတ်ခံရပြီး ထောင်ထဲပြန်ဝင်ချိန် ထောင်ဗူးဝ အကျရုံးတွင် ကိုယ်ရေးအကျဉ်းနှင့်အမှုဖြစ်စဉ် စာရင်းသွင်းချိန်တွင် ရိုက်နှက်မှု ပြုလုပ်ခဲ့ကြောင်း၊ ထောင်ကျအကျဉ်းသားများထားရှိသည့် သပြေဆောင်အဝင်တွင် အဆောင်မှူး ရဲကျော်သူက ဆီးရိုက်ကြောင်း၊ ရဲကျော်သူနှင့်အတူ ဝန်ထမ်း (၂) ဦးက ဝိုင်းရိုက်ကြကြောင်း၊ အိပ်ဆောင်ပို့ပြီး ပုံစံထိုင်ခိုင်းစဉ် မထိုင်ရမလားဟုဆိုကာ အဆောင်မှူး လက်သတ်မွေးထားသည့် လူမိုက်အဖွဲ့ ( တန်းစီးနှင့် အပေါင်းအပါ) က ဝိုင်းရိုက်ကြသည့်အတွက် တစ်ကိုယ်လုံး ဒဏ်ရာများရရှိနေပြီး နံရိုးကျိုးထားကြောင်း၊ ဆေးကုသခွင့်မရကြောင်း သိရသည်။

    ” ဒါက အညိုးအတေးနဲ့လုပ်နေတာ ကျောင်းသား ခေါင်းဆောင်တယောက်လဲ ဖြစ်တယ်၊ အသားလွှတ် ဒီလိုလုပ်စရာ မရှိဘူး၊ ထောင်ပိုင်လုပ်ခိုင်းလို့သာ ဝန်ထမ်းနဲ့လက်ပါးစေတွေက လုပ်တာ၊ ဘယ်လောက်ဆိုးရွားနေလဲဆိုရင် ရိုက်နှက်ပြီးတော့ ဆေူကုသခွင့်မပေးဘူးကြားတယ်၊ ဒီကောင်တွေက ရက်စက်တဲ့နေရာမှာ နှစ်ယောက်မရှိဘူး၊ ထောင်ပိုင်တွေ‌ ခေတ်အဆက်ဆက် သတ်လို့သေတဲ့ အကျဉ်းသားတွေ နည်းတာမဟုတ်ဘူး၊ အခုလဲ သေအောင်သတ်နေတာပဲ၊ ထောင်ထဲလောက် လူ့အခွင့်အရေး ချိုးဖောက်ခံရတာ ဘယ်နေရာမှ မရှိဘူးပြောရမယ်၊ တကယ့်သေတွင်းကြီး၊ အခုထောင်ပိုင်က စစ်တပ်ကပြောင်းလာတာ တကယ့်အာဏာရူး၊ အာဏာအတွက်ဆို သတ်လောက်တယ်” ဟု မကြာမီက လွတ်လာသည့် နိုင်ငံရေးအကျဉ်းသားတဦးက ပြောသည်။

    (more…)

  • HD ထွက်လာသည့်အမျိုးသမီးထောင်မှူး စစ်ဆေးခံနေရ

    HD ထွက်လာသည့်အမျိုးသမီးထောင်မှူး စစ်ဆေးခံနေရ

    “အင်းစိန်ထောင်က ထောင်မှူးမ” အမည်နှင့် HD ထွက်လာသည့်အမျိုးသမီးထောင်မှူး ဝန်ထမ်းရေးရာက စစ်ဆေးနေ

    RNA_ဒီဇင်ဘာ ၂၉ ရက်၊ ၂၀၂၁ ခုနှစ်။

    စစ်ကောင်စီတပ် ဗိုလ်ကြီးတဦးနှင့် ချစ်ကြိုက်နေသည့် အင်းစိန်ကျဉ်းထောင်က အမျိုးသမီး ထောင်မှူးမနန္ဒာ (အမည်လွှဲ) လူမှုကွန်ယက်မှာ HDထွက်လာသည့်အတွက် ဌာနထိခိုက်သည်ဟုဆိုကာ အကျဉ်းဦးစီးဌာ ဝန်ထမ်းရေးရာက စစ်ဆေးနေကြောင်း စုံစမ်းသိရှိရသည်။

    အင်းစိန်အကျဉ်းထောင် ဝန်ထမ်းရေးရာက HD ထွက်လာသည့်အခါ ဌာနဂုဏ်သိက္ခာ ထိခိုက်သည်ဟုဆိုကာ ပြီးခဲ့သည့် (၇) ရက်အတွင်းက စစ်ဆေးခဲ့ကြကြောင်း သိရသည်။

    “အင်းစိန်ထောင်က ထောင်မှူးမ” အမည်နှင့် HD ( ဟိုတယ်တခုရင် အတူနေခဲ့သည့်ရုပ်သံ) တခုကို လူမှုကွန်ယက်တွင် ယခင်ချစ်ကြိုက်ခဲ့သူ (ရည်းစားဟောင်း) က ဖြန့်ချိခဲ့ခြင်းဖြစ်ကြောင်း၊ ယခု လက်ရှိ စစ်ကောင်စီတပ်က ဗိုလ်ကြီးနှင့် ချစ်ကြိုက်နေသည်ကို မကျေနပ်သည့်အတွက် လူမှုရေးဖောက်ပြန်သည်ဟုဆိုကာ ရုပ်သံကိုဖြန့်ခဲ့ခြင်းဖြစ်ကြောင်း၊အမျိုးသမီး ထောင်းမှူး မနန္ဒာသည် အင်းစိန်အကျဉ်းထောင် အမျိုးသမီး အချုပ်‌ဆောင်မှာ တာဝန်ထမ်းဆောင်ကြောင်း သိရသည်။

    Red News Agency