ကိုလင်းထက်နိုင်

အင်းစိန်ထောင်ဗုံးပေါက်ကွဲမှု ကိုလင်းထက်နိုင် မိခင်အပါအဝင် နိုင်ငံရေးအကျဉ်းသား မိသားစုတချို့ သေဆုံးမှုရှိ

အင်းစိန်ထောင်ဗုံးပေါက်ကွဲမှု ကိုလင်းထက်နိုင် မိခင်အပါအဝင် နိုင်ငံရေးအကျဉ်းသား မိသားစုတချို့ သေဆုံးမှုရှိ

RNA_အောက်တိုဘာ(၁၉)၊၂၀၂၂ ခုနှစ်။ ယနေ့ နံနက်အင်းစိန်ထောင်ဗုံးပေါက်ကွဲမှုတွင် ထောင်ဝင်စာသွားပို့သည့် ကိုလင်းထက်နိုင် (ခ) ကိုဂျိမ်း မိခင်အပါအဝင် နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တချို့ သေဆုံးသွားကြောင်း သိရသည်။ "ကိုဂျိမ်းအမေ ဆုံးသွားတာ သေချာပါပြီ၊ ၁၀ နှစ်အရွယ် ကလေးငယ်တဦးလည်း ပါတယ်၊ ဝန်ထမ်းက ၃ ဦး၊ အရပ်သားစုစုပေါင်းက ၅ ဦးထိ အတည်ပြုရပါတယ်"ဟု အင်းစိန်ထောင်အသိုင်းအဝန်းနှင့် နီးစပ်သူ တဦးကပြောသည်။ ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်အကျော်က အင်းစိန်ထောင် နိုင်ငံရေးအကျဉ်းသားများ (တိုက်ထောင်ဝင်စာ) အတွက်ပေးပို့နေသည့် ထောင်ဝင်စာဌာန ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး၊ အင်းစိန်ထောင်ကို စစ်ကောင်စီတပ်သားများဖြင့် အဝင်အထွက်ပိတ်ထားကြောင်း၊ CCTV မှတဆင့် စုံစမ်းနေကြောင်း သိရသည်။…
Read More