RNA_ဒီဇင်ဘာ(၂၈)၊၂၀၂၄ ခုနှစ်။ တော်လှန်ရေးအားကောင်းသည့် ဒေသများတွင် ၂၀၂၄ ခုနှစ်သည် အိမ်ပြန်သည့်နှစ်ဖြစ်သော်လည်း တော်လှန်ရေးအားမကောင်းသည့် ဒေသများအတွက်တော့ ၂၀၂၅ ခုနှစ်မှသာ တော်လှန်ရေးအားကောင်းလာပြီး ကိုယ့်မြို့ကို ပြန်ချဉ်းကပ်နိုင်မည့်နှစ်ဖြစ်သည်။
“၂၀၂၄ ခုနှစ်ဟာ အားလုံးလည်း မြင်တွေ့ပြီးပြီ ကိုယ့်မြို့တွေကိုပြန်တဲ့နှစ် ကိုယ့်အိမ်တံခါးကို ကိုယ်ပြန်ဖွင့်တဲ့နှစ် ဖြစ်ကြသလို နောက် ၂၀၂၅ ကလည်း တော်လှန်ရေးအားမကောင်းသေးတဲ့ ဒေသတွေက တော်လှန်ရေးအားကောင်းပြီးတော့ ကိုယ့်နယ်မြေကို ကိုယ့်အိမ်ပြန်မဲ့လမ်းကို စတင်လျှောက်လှမ်းနေကြမဲ့နှစ်ဖြစ်မယ် ကိုယ့်ဒေသတွေထဲကို ကိုယ်ပြန်ချဉ်းကပ်နိုင်မဲ့နှစ်ဖြစ်မယ်လို့ ကျွန်တော်မြင်ပါတယ်” ဟု 96 Soldiers PDF – အညာတပ်ခွဲ တပ်ဖွဲ့ခေါင်းဆောင် ကိုဇေယျာလွင်က ပြောသည်။
#RedNewsAgency #RNA #RedNews