Tag: ရက္ခိုင့်တပ်တော် -AA

  • ဘူးသီးတောင်အခြေစိုက် ခမရ (၅၆၄) တပ်ရင်းဌာနချုပ်သိမ်း တိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ (၈၀) ကျော်သေဆုံး

    ဘူးသီးတောင်အခြေစိုက် ခမရ (၅၆၄) တပ်ရင်းဌာနချုပ်သိမ်း တိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ (၈၀) ကျော်သေဆုံး

    RNA_ဧပြီ(၆)၊၂၀၂၄ခုနှစ်။

    ရခိုင်ပြည်နယ်၊ ဘူးသီးတောင်အခြေစိုက် ခမရ (၅၆၄) တပ်ရင်းဌာနချုပ်အား ရက္ခိုင့်တပ်တော် – AA မှ အပြီးသတ်သိမ်းပိုက်အပြီးတွင် စစ်ကောင်စီလက်အောက်ခံ (၈၀) ကျော်သေဆုံးခဲ့ကြောင်း သိရသည်။

    ရက္ခိုင့်တပ်တော် – AA မှ စစ်ကောင်စီ၏ ခမရ (၅၆၄) တပ်ရင်းဌာနချုပ်အား ဧပြီလ ၁ ရက်နေ့မှစတင်ထိုးစစ်ဆင်ခဲ့ပြီး (၅) ရက်အကြာ ဧပြီလ ၅ ရက်နေ့ နံနက် (၈) နာရီတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ယင်းတပ်ရင်းဌာနချုပ်သိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီ လက်အောက်ခံ (၈၀) ကျော်သေဆုံးခဲ့ပြီး ရက္ခိုင့်တပ်တော်မှလည်း ပေးဆပ်စွန့်လွှတ်ခဲ့ရမှုများရှိကြောင်း၊ ပေးဆပ်စွန့်လွှတ်ခဲ့သော အာရက္ခစစ်သည်တော်များအား ရက္ခိုင့်တပ်တော်၊ စစ်ရုံးချုပ်မှ လေးနက်စွာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်ဟု AA ကထုတ်ပြန်ထားသည်။
    (more…)

  • အမ်းမြို့နယ်အတွင်းရှိ စကခ (၅) လက်အောက်ခံ တောဟိန်းတောင်ဗျူဟာ အပါအဝင် စစ်ကောင်စီတပ်စခန်းများကို AA ထိုးစစ်ဆင်နေ

    အမ်းမြို့နယ်အတွင်းရှိ စကခ (၅) လက်အောက်ခံ တောဟိန်းတောင်ဗျူဟာ အပါအဝင် စစ်ကောင်စီတပ်စခန်းများကို AA ထိုးစစ်ဆင်နေ

    RNA_ဧပြီ(၄)၊၂၀၂၄ခုနှစ်။

    ရခိုင်ပြည်နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်အတွင်းမှ စကခ (၅) လက်အောက်ခံ တောဟိန်းတောင်ဗျူဟာ အပါအဝင် ၎င်းပတ်ဝန်းကျင်ရှိ စခန်းအချို့ကို ရက္ခိုင့်တပ်တော် – AA မှထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။

    ရက္ခိုင့်တပ်တော် အနေဖြင့် ရခိုင်ပြည်နယ်အတွင်းမှ မြို့များကို သိမ်းပိုက်ထားနိုင်သော်လည်း ရခိုင်တပြည်နယ်လုံး စစ်အာဏာရှင်လက်အောက်မှလွတ်မြောက်ရေးအတွက် ကျန်ရှိနေသော ဘူးသီတောင် စကခ(၁၅) လက်အောက်ခံ ခမရ (၅၆၄) တပ်ရင်းဌာနချုပ်၊ အမ်းမြို့နယ်အတွင်းရှိ စကခ(၅) လက်အောက်ခံ တောဟိန်းတောင် ဗျူဟာ အပါအဝင် ၎င်းပတ်ဝန်းကျင်ရှိ စခန်းအချို့နှင့် မောင်တော၊ ကြိမ်ချောင်း နယ်ခြားစောင့် စခန်းတို့ကို အဓိကထား ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု AA ကထုတ်ပြန်ထားသည်။

    (more…)

  • အမ်းမြို့နယ်နှင့် ငဖဲမြို့နယ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ၂၅ ဦးကျော် သေဆုံး

    အမ်းမြို့နယ်နှင့် ငဖဲမြို့နယ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ၂၅ ဦးကျော် သေဆုံး

    RNA_မတ်(၂၉)၊၂၀၂၄ ခုနှစ်။

    ရခိုင်ပြည်နယ် အမ်းမြို့နယ်နှင့် မကွေးတိုင်း ငဖဲမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ကို ရက္ခိုင့်တပ်တော် – AA နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ကြရာ စစ်ကောင်စီတပ်မှ ၂၅ ဦးကျော် သေဆုံးကြောင်း သိရသည်။

     

    အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာ ရက္ခိုင်ပြည်၊ အမ်းမြို့နယ်၊ လုံးကျေးရွာ၏ အနောက်ဘက် မီတာ (၁၄၀၀) ခန့်အကွာတွင် ရက္ခိုင့်တပ်တော် နှင့် အကြမ်းဖက်စစ်ကောင်စီတို့ မတ်လ ၂၆ ရက်နေ့တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ (၁၅) ဦးခန့် သေဆုံးကြောင်း AAကထုတ်ပြန်ထားသည်။

    (more…)

  • ကျုံပျော်အခြေစိုက် ခလရ (၃၆) တပ်ရင်းနှင့် အမ်းမြို့အခြေစိုက် ခမရ(၃၇၃) တပ်ရင်းတို့ ပူးပေါင်းစစ်ကြောင်းမှ ၈၀ ကျော်သေဆုံး

    ကျုံပျော်အခြေစိုက် ခလရ (၃၆) တပ်ရင်းနှင့် အမ်းမြို့အခြေစိုက် ခမရ(၃၇၃) တပ်ရင်းတို့ ပူးပေါင်းစစ်ကြောင်းမှ ၈၀ ကျော်သေဆုံး

    RNA_ဖေဖော်ဝါရီ(၂၇)၊၂၀၂၄ခုနှစ်။

    ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ကို လေကြောင်းမှ စစ်ကူပို့ထားသည့် ဧရာဝတီတိုင်း၊ ကျုံပျော်မြို့ အခြေစိုက် ခလရ (၃၆) တပ်ရင်းနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ အမ်းမြို့အခြေစိုက် ခမရ (၃၇၃) တပ်ရင်းတို့၏ ပူးပေါင်းစစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ (၈၀) ကျော် သေဆုံးသွားပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် – AA ကထုတ်ပြန်ထားသည်။

    စစ်ကောင်စီတပ်မှ ရဟတ်ယာဉ် (၄) စီးဖြင့် တစ်ခေါက်၊ ရဟတ်ယဉ် (၃) စီးဖြင့်တစ်ခေါက် ဖေဖော်ဝါရီလ (၂၄) ရက်နေ့၌ ရမ်းဗြဲမြို့အနီးတွင် လာရောက် စစ်ကူချပေးခဲ့သည့်အတွက် ယင်းစစ်ကူစစ်ကြောင်းကို ရက္ခိုင့်တပ်တော် – AA မှ ဖေဖော်ဝါရီလ ၂၄ ရက်နှင့် ၂၅ ရက်နေ့က အင်အား (၆၀) ကျော်နှင့် ဖေဖော်ဝါရီ ၂၆ ရက်နေ့က အင်အား ၂၀ ကျော်ကို တိုက်ခိုက်ချေမှုန်းထားကြောင်း၊ လေကြောင်း (Y-12) မှဖြင့် ရိက္ခာ၊ လက်နက်ခဲယမ်းများကို ဖေဖော်ဝါရီလ (၂၆) ရက်၊ နေ့လည်ပိုင်းတွင် ရမ်းဗြဲမြို့အတွင်းရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များထံလာရောက်ချခဲ့သော်လည်း အဆိုပါပစ္စည်းများကို AA က သိမ်းပိုက်ရရှိထားသည်ဟု ထုန်ပြန်ချက်တွင် ဖော်ပြထားသည်။

    (more…)

  • ရက္ခိုင့်တပ်တော်နှင့် တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံများ ဆက်လက်ကျဆုံးနေ

    ရက္ခိုင့်တပ်တော်နှင့် တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံများ ဆက်လက်ကျဆုံးနေ

    RNA_ဖေဖော်ဝါရီ(၁၇)၊၂၀၂၄ခုနှစ်။

    ရခိုင်ပြည်နယ်၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်မြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်- AA တို့ ယမန်နေ့က တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလက်အောက်ခံများ စခန်းသိမ်းခံရမှုနှင့် သေဆုံးမှုများ ဆက်လက်ရှိနေသေးကြောင်း သိရသည်။

    ရက္ခိုင့်တပ်တော်ထိုးစစ်ဆင်တိုက်နေသည့် မောင်တောဒေသရှိ ဗောဓိကုန်းစခန်းကိုလည်း ယမန်နေ့က သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံ (၁၄) လောင်းတွေ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း၊ ပန်းတောပြင်ရွာသစ် (မူဆလင်ရွာ) အနီး၌လည်း ဘူးသီးတောင်အခြေစိုက် ခလရ (၂၆၃) တပ်ရင်းနှင့် တိုက်ပွဲဖြစ်ရာ စစ်ကောင်စီလက်အောက်ခံ (၁၂) ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း၊ ရသေ့တောင်မြို့နယ်၊ ခနောင်းကြီးရွာ၏ အရှေ့တောင်ဖက် တောင်ကြောတွင်လည်း ခမရ (၅၃၆) တပ်ရင်း နှစ်ဖက်ရင်ဆိုင်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ (၄) ဦးသေဆုံးပြီး ဒဏ်ရာရသူ (၁၀) ဦးခန့်အထိရှိသည်ဟု AA ကထုတ်ပြန်ထားသည်။

    (more…)

  • AA ၏ သုံးလတာစစ်ဆင်ရေးအပြီးတွင် ပလက်ဝ၊ ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံမြို့တို့ကို သိမ်းပိုက်

    AA ၏ သုံးလတာစစ်ဆင်ရေးအပြီးတွင် ပလက်ဝ၊ ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံမြို့တို့ကို သိမ်းပိုက်

    RNA_ဖေဖော်ဝါရီ(၁၆)၊၂၀၂၄ခုနှစ်။

    ရက္ခိုင့်တပ်တော် – AA၏ သုံးလတာစစ်ဆင်ရေးအပြီးတွင် ပလက်ဝ၊ ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံမြို့များပေါ်မှ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက် တပ်စခန်းများကို သိမ်းပိုက်ရယူနိုင်ခဲ့ပြီး နဉ်မြေများကို သိမ်းပိုက်ရရှိထားပြီး စစ်ရေးရည်မှန်းချက်အရ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

    “တစ်ပြိုင်နက်တည်းတွင် ရက္ခိုင်ဒေသအတွင်း လက်ကျန်မြို့များမှ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက် တပ်စခန်းများ ကို တစ်ခုမျှမကျန်စေရဟူသော စစ်ရေးရည်မှန်းချက်အတိုင်း ရက္ခိုင့်တပ်တော်မှ ဗျူဟာမြောက်စွာ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။ အခြားတစ်ဖက်တွင် စစ်ကောင်စီအနေဖြင့် ကြည်း၊ ရေ၊ လေ ပူးပေါင်းခုခံစစ်ကို ဆင်နွှဲလျက်ရှိသည်”ဟု AAက ထုတ်ပြန်ထားသည်။

    (more…)

  • ဗိုလ်မှူးချုပ်ဇော်မင်းထွန်း သုံ့ပန်းအဖြစ်ဖမ်းခံထားရပြီး ဗိုလ်မှူးကြီး မင်းမင်းထွန်းသေဆုံး

    ဗိုလ်မှူးချုပ်ဇော်မင်းထွန်း သုံ့ပန်းအဖြစ်ဖမ်းခံထားရပြီး ဗိုလ်မှူးကြီး မင်းမင်းထွန်းသေဆုံး

    RNA_ဖေဖော်ဝါရီ(၁၅)၊၂၀၂၄ခုနှစ်။

    ရက္ခိုင်ပြည်စစ်မြေပြင်တွင် စစ်ကောင်စီလက်အောက်ခံများဖြစ်သည့် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းမှာ သုံ့ပန်းအဖြစ်ဖမ်းဆီးခံထားရပြီး တပ်မ (၁၁) တပ်မမှူး – ဗိုလ်မှူးကြီး မင်းမင်းထွန်းမှာ တိုက်ပွဲအတွင်း အသေဖမ်းဆီးရမိသည်ဟု ရက္ခိုင့်တပ်တော် AA ထံမှ သိရသည်။

    စစ်ကောင်စီတပ် စကခ (၉) တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၇/၈) ရက်များက ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး ရေကြောင်းတိုက်ပွဲများအတွင်း အသက်လု ထွက်ပြေးလာခဲ့စဉ် ၎င်းတို့တပ်ဖွဲ့ဝင်အချို့နှင့်အတူ ဖမ်းဆီးရမိထားကြောင်း၊ နှုံးဘူးဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး ဗညားပိုင်စိုးကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယအပတ် တိုက်ပွဲကာလများတွင် သေနတ်ဒဏ်ရာများဖြင့် အသေဖမ်းဆီးရမိခဲ့သည်ဟု AA ကထုတ်ပြန်ထားသည်။

    (more…)

  • AA ၏ ၆ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ၏ စစ်သင်္ဘော (၃)စင်း အပါအဝင် ၉ စင်းကို ချေမှုန်းနိုင်ခဲ့

    AA ၏ ၆ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ၏ စစ်သင်္ဘော (၃)စင်း အပါအဝင် ၉ စင်းကို ချေမှုန်းနိုင်ခဲ့

    RNA_ဖေဖော်ဝါရီ(၁၄)၊၂၀၂၄ခုနှစ်။

    ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်နှင့်ကျောက်တော်မြို့နယ်တို့တွင် ဖေဖော်ဝါရီ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ ရက္ခိုင့်တပ်တော် AA ၏ တိုက်ခိုက်ချေမှုန်းမှုအတွင်း စစ်ကောင်စီ၏ စစ်သင်္ဘော (၃) စင်းနှင့် ဇက်သင်္ဘော (၂) စင်းတို့ကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီး အခြားသော ၄ စီးမှာလည်း ရေချမရနိုင်အောင် ပျက်စီးသွားသည်ဟု AA ကထုတ်ပြန်ထားသည်။

    ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်၊ သက်ပုန်းရွာအနီး ရေကြောင်းတိုက်ပွဲအတွင်း၌ စစ်ကောင်စီ၏ စစ်သင်္ဘော (၁) စင်းကိုလည်း ဖေဖော်ဝါရီ ၁၃ ရက်နေ့က ထပ်မံတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၇ ရက်နှင့် ၈ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာအနီး ရေကြောင်းတိုက်ပွဲ၌ စစ်ကောင်စီ၏ စစ်သင်္ဘော (၂) စင်း၊ ဇက်သင်္ဘော (၁) စင်းတို့အား ရက္ခိုင့်တပ်တော်မှ အပြတ်အသတ် ချေမှုန်းတိုက်ခိုက်နိုင်ခဲ့ပြီး အဆိုပါ သင်္ဘော (၃) စင်းသည် မီးလောင်ပျက်စီးကာ ရေထဲနစ်မြုပ်သွားအောင် ပြုလုပ်နိုင်ခဲ့သည်ဟု AA ကထုတ်ပြန်ထားသည်။

    #RedNewsAgency

  • စစ်ကောင်စီလက်အောက်ခံများ ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ခဲယမ်းများ မီးရှို့ထွက်ပြေး

    စစ်ကောင်စီလက်အောက်ခံများ ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ခဲယမ်းများ မီးရှို့ထွက်ပြေး

    RAN_ဇန်နဝါရီ(၂၇)၊၂၀၂၄ခုနှစ်။
     
    ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်အတွင်းရှိ “ယောချောင်းဗျူဟာကုန်း” နှင့် အနီးအနားရှိစခန်းကုန်းများမှ (၁၂၂) မမ ဟောင်ဝစ်ဇာအမြောက်များအပါအဝင် လက်နက်ခဲယမ်းများကိုပါ မီးရှို့ဖျက်ဆီးပြီ စစ်ကောင်စီလက်အောက်ခံများ စစ်သင်္ဘောနှစ်စီးဖြင့် ဇန်နဝါရီလ ၂၆ ရက်နေ့က ထွက်ပြေးသွားကြကြောင်း သိရသည်။
    [embedyt] https://www.youtube.com/watch?v=I3VxqDajiAM[/embedyt]
     
    ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီအနေဖြင့် ဗျူဟာကုန်းများ ထပ်မံစွန့်လွှတ်နေရကြောင်း၊ ရက္ခိုင့်တပ်တော် – AA မှလည်း ထွက်ပြေးသွားသူများနှင့် စစ်ရေးပစ်မှတ်များကို ဆက်လက်တိုက်ခိုက်နေကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။
     
    #RedNewsAgency

  • စစ်ကောင်စီအတွက် အိမ်မက်ဆိုးများပေးနေသော AA

    စစ်ကောင်စီအတွက် အိမ်မက်ဆိုးများပေးနေသော AA

    “ရှမ်းမြောက်တွင် စစ်ရေးခဏ ငြိမ်သက်သွားသော်လည်း ရခိုင်ဒေသတွင် စစ်ကောင်စီ၏ စခန်းကုန်းများ တစ်ခုပြီးတစ်ခု သိမ်းပိုက်ခံနေရပြီး ယခု မင်းပြားမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ မကြာမီတွင် မင်းပြားမြို့ကိုပါ စစ်ကောင်စီမှ လက်လွှတ် ဆုံးရှူံးရတော့မည်”
    ***********************
    သူရိန်

    ၁၀၂၇ စစ်ဆင်ရေး ရှမ်းမြောက်မှာ တိုက်ပွဲတွေ ရပ်တန့်ပြီးနောက်ပိုင်းတွင် ရခိုင်ဒေသအတွင်း စစ်ကောင်စီအထိနာပြီး စစ်စခန်းများလက်လွှတ် ဆုံးရှုံးမှုများနှင့် စခန်းသိမ်းတိုက်ပွဲများတွင် စစ်ကောင်စီတပ်သားများ အလုံးအရင်းလိုက် လက်နက်ချပြီး ထွက်ပြေးမှုများနှင့် သိမ်းဆည်းရရှိသည့် ဗျူဟာကုန်း များ၊ အဓိကစစ်စခန်းများကို တဟုန်းထိုး တိုက်ခိုက်သိမ်းပိုက်ပြီး ကျန်ရှိသည့် စစ်စခန်းများကိုလဲ တိုက်ခိုက်လျက်ရှိပြီး ဆက်လက်တိုက်ခိုက်သွားမည်ဟု ကြေငြာချက်ထုတ်ထားသည်။

    ရက္ခိုင့်တပ်တော် AA သည် အာဏာသိမ်းပြီးနောက် လှုပ်ရှားမှုမရှိ ငြိမ်သက်နေခြင်းကို တစ်နိုင်ငံလုံးမှ ပြည်သူများအနေဖြင့် အထင်အမြင် လွဲမှားမှုများရှိခဲ့သည်။ စစ်တပ်နှင့် အပစ်ရပ်ခဲ့ချိန်က တကယ်မြေပြင် သတင်းအမှန်ကို မသိခြင်းကြောင့် ဖြစ်လိမ့်မည်။ အာဏာသိမ်းပြီးအချိန်ကာလကတည်းက ရက္ခိုင့်တပ်တော် AA သည် ထွက်ပြေးလာသောမြို့ပြမှ လူငယ်များကို လက်ခံခဲ့ပြီး စစ်သင်တန်း သင်ကြားပေးခြင်းများကို လုပ်ဆောင်ပေးလျက်ရှိပြီး ဆိုရှယ် မီဒီယာ ပေါ်သို့ သတင်းမပြန့်စေရန် လုပ်ဆောင်နေသည့် လုပ်ဆောင်ချက်များ လျိုဝှတ်စွာ လုပ်ဆောင်သင့်သဖြင့် အာဏသိမ်းဖြစ်စဉ်တွင် ပါဝင်မပတ်သက်သည့် ပုံစံမျိုးဖြင့် တိုးတိတ်စွာ လုပ်ဆောင်လာခဲ့သည်။

    ရက္ခိုင့်တပ်တော် AA သည် ညီနောင်မဟာမိတ် အဖွဲ့အစည်း (၃) ဖွဲ့သည် ဆယ်စုနှစ်နီးပါး အချိန်ကာလတစ်ခုကို နိုင်ငံရေးစားပွဲဝိုင်းတွင်သာမက စစ်မြေပြင်၌ပါ တစ်ယောက်ကိုတစ်ယောက် အသက်၊ သွေး၊ ချွေး ပေးဆပ်မှုများစွာဖြင့် စည်းစည်းလုံးလုံး အတူတကွ လက်တွဲတိုက်ပွဲဝင်ခဲ့ကြသော စစ်ရေး၊ နိုင်ငံရေး ညီနောင်မဟာမိတ်များဖြစ်ကြသည့်အပြင် တစ်ဖွဲ၏ နိုင်ငံရေးရည်မှန်းချက်ကို တစ်ဖွဲက လေးစား အသိအမှတ်ပြုပြီး မည်သည့်ကိစ္စတွင်မဆို စိတ်ရင်းစေတနာမှန်ဖြင့် အကောင်းဆုံးဖေးမကူညီခဲ့ကြသည်။


    “တစ်ဖွဲ့၏ပြဿနာသည် သုံးဖွဲစလုံး၏ ပြဿနာဖြစ်သည်” ဟူသော မူဝါဒကို ချမှတ်ပြီး ယနေ့အချိန်အထိ ပူးပေါင်းဆောင်ရွက်လျက်ရှိနေသည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ချက်ထားသည်။

    (more…)