မိုးဗြဲ

၃ ရက်အတွင်း စစ်ကောင်စီတပ်သား (၄၀) ဦးထက်မနည်း သေဆုံး

၃ ရက်အတွင်း စစ်ကောင်စီတပ်သား (၄၀) ဦးထက်မနည်း သေဆုံး

RNA_စက်တင်ဘာ ၁၁၊၂၀၂၂ ခုနှစ်။ ရှမ်းပြည်နယ် ( တောင်ပိုင်း) နှင့် ကယား ( ကရင်နီ) ပြည်နယ်အစပ် မိုးဗြဲမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး (၃) ရက်အတွင်း စစ်ကောင်စီတပ်သား (၄၀) ဦးထက်မနည်း သေဆုံးကြောင်း မိုးဗြဲ PDF၏ ထုတ်ပြန်ချက်များအရ သိရသည်။ စက်တင်ဘာလ (၈) ရက်နေ့မှစတင်ကာ ဝှါရီဆူးပလိုင်ရွာမှ မိုးဗြဲသို့ အင်အား (၁၀၀) ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီစစ်သားများကို မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ KNDF၊ KA၊ URF၊ နေပြည်တော် PDF၊ KGZ တို့မှ ကြားဖြတ်စတင်တိုက်ခိုက်ခဲ့ရာ စက်တင်ဘာ ၁၀ ရက်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့သည်။ (more…)
Read More
မိုးဗြဲတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ၂၀ ဝန်းကျင်အထိ ကျဆုံးနိုင်

မိုးဗြဲတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ၂၀ ဝန်းကျင်အထိ ကျဆုံးနိုင်

RNA_ဖေဖော်ဝါရီ ၁၇ ရက်၊ ၂၀၂၂ ခုနှစ်။ ယနေ့ တိုက်ပွဲပြင်းထန်ခဲ့သည့် မိုးဗြဲမြို့တိုက်ပွဲတွင် ရှေ့တန်းရောက် ဒေါက်တာစွမ်းထက်အောင်နှင့် မိုးဗြဲ PDF ရဲဘော် မောင်မိုးနိုင်အပါအဝင် ၂၀ ဦးဝန်းကျင်အထိ ကျဆုံးမှုရှိနိုင်ကြောင်း သိရသည်။ စစ်ကောင်စီတပ်က နံနက်ပိုင်း အထိနာပြီး သံချပ်ကာ အမြှောက်ကား (တင့်ကား)၊ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ပြီး ညနေ (၆) နာရီဝန်းကျင်က လေကြောင်းမှ (၈) ကြိမ်ထက်မနည်း ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ လေကြောင်းပစ်ခတ်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်သားများ အထိနာ အကျအဆုံးများခဲ့ရခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ် တင့်ကားတစီး ပျက်စီးသွားခဲ့ကြောင်း သိရသည်။ (more…)
Read More