စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် မောင်နှမ (၂) ဦးအပါဝင် (၄) ဦးသေဆုံးပြီး (၁၃) ဦးဒဏ်ရာရ

RNA_စက်တင်ဘာ(၁၆)၊၂၀၂၂ခုနှစ်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ ယနေ့ နံနက်ပိုင်းက လက်နက်ကြီးပစ်ခတ်မှု မိုးဗြဲမြို့ မွေတော် ဘုရားကျောင်းဝန်းအတွင်း စစ်ဘေးရှောင်များအနီး ကျရောက်ပေါက်ကွဲပြီး အသက် (၁၀)နှစ် အောက် ကလေးငယ်မောင်နှမ (၂) ဦးနှင့် အသက်(၅၀)ကျော် အမျိုးသား (၂) ဦး သေဆုံးခဲ့ရပြီး (၁၃) ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

” စကစမှ လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုကြောင့် မိုးဗြဲ မွေတော် ဘုရားကျောင်းတွင် စစ်ဘေးရှောင် ခှိုလှုံသောအပြစ်မဲ့ ပြည်သူ 13ဦး လက်နက်ကြီးထိမှန်ကာ အသက်10 နှစ် အောက် ကလေးငယ်မောင်နှမ ၂ ဦး နှင့် အသက် 50ကျော် အမျိုးသား ၂ ဦး သေဆုံးခဲ့ပါသည်” ဟု Moebye Rescue Team က ယနေ့ အသိပေးထားသည်။

စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် မိုးဗြဲမြို့အနီးဝင်ကျင်ကို ရမ်းသန်းပစ်ခတ်နေသည့်အတွက် ပြီးခဲ့သည့်ရက်ပိုင်းကလည်း အသက် (၇) နှစ်အရွယ် ကလေးငယ်တဦး သေဆုံးခဲ့ကြောင်း၊ တိုင်ပွဲဖြစ်ပွားနေသည့် အခြားတိုင်းနှင့်ပြည်နယ်များတွင်လည်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေပြီး လက်နက်ကြီးများနှင့်လည်း ရမ်းသန်းပစ်ခတ်နေသည်။

Red News Agency

 

By Editor