ကယန်းပြည်သစ်ပါတီ

စစ်ကြောင်းမှူး ရဲဘော်ကိုစိုင်းအား ကယန်းပြည်သစ်တပ်မတော်မှ သတ်ဖြတ်

စစ်ကြောင်းမှူး ရဲဘော်ကိုစိုင်းအား ကယန်းပြည်သစ်တပ်မတော်မှ သတ်ဖြတ်

RNA_မတ်(၁၃)၊၂၀၂၅ခုနှစ်။ နေပြည်တော်တိုင်းစစ်ဌာန ပျဉ်းမနားစစ်ကြောင်း စစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း(ခ)ဝင်းလှိုင်ကိုအား ကယန်းပြည်သစ်တပ်မတော် ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီးသိန်းဟန်နှင့် တွေ့ဆုံဆွေးနွေးရန်ဟုဆိုကာ ကယန်းပြည်သစ်နယ်မြေ၊ အမှတ်(၆)မြို့နယ် ဒုတပ်မဟာမှူးဖိုးခွားမှ လာရောက်ခေါ်ပြီးနောက် သတ်ဖြတ်ခံလိုက်ရသည်ဟု Nay Pyi Taw PDF ကယနေ့ ထုတ်ပြန်လိုက်သည်။ ရဲဘော်ကိုစိုင်း၏ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကယန်းပြည်သစ်တပ်မတော်သည် ယခုစာထုတ်ပြန်ပြီးအချိန်မှ ( ၃ )ရက်အတွင်း ဤဖြစ်စဉ်အား တာဝန်အပြည့်အဝယူ၍ ဖြေရှင်းပေးရန်၊ အမိန့်ပေးစေခိုင်းသူနှင့်ကျူးလွန်သူအားလုံးကို ထိရောက်ပြင်းထန်စွာအရေးယူဆောင်ရွက်ပေးရန်၊ တော်လှန်ရေးအဝန်းအဝိုင်းတခုလုံးကို ခြိမ်းခြောက်မှုဖြစ်သဖြင့် တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့များအနေဖြင့် ဤဖြစ်စဉ်အား သမာသမတ်ကျစေဖို့ ဝိုင်းဝန်းကြိုးပမ်းကူညီပေးပါရန် ပြည်သူ့ကာကွယ်ရေးတပ်မတော် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နေပြည်တော်တိုင်းစစ်ဌာနက တောင်းဆိုထားသည်။ (more…)
Read More
ကယန်းပြည်သစ်ကြောင့် ဒေသတွင်းတော်လှန်ရေးအင်အားစုများ စစ်ကောင်စီကို တိုက်ခိုက်ရာမှာ အခက်တွေ့နေ

ကယန်းပြည်သစ်ကြောင့် ဒေသတွင်းတော်လှန်ရေးအင်အားစုများ စစ်ကောင်စီကို တိုက်ခိုက်ရာမှာ အခက်တွေ့နေ

RNA_ဇန်နဝါရီ(၁၇)၊၂၀၂၄ ခုနှစ်။ ကရင်နီပြည်နှင့်ရှမ်းတောင်အစပ် ဖယ်ခုံမြို့နယ်အတွင်းနှင့် ပျဉ်းမနားမြို့နယ်၊ သံတောင်ကြီးအတွင်းရှိ စစ်ကောင်စီတပ်များကို တိုက်ခိုက်ရာတွင် ကယန်းပြည်သစ်စိုးမိုးနယ်မြေများကြောင့် ဒေသတွင်း တော်လှန်ရေးအင်းအားစုများတိုက်ပွဲဖော်ဆောင်ရာတွင် အခက်တွေ့နေရကြောင်း ဒေသတွင်း တော်လှန်ရေးအဖွဲ့အစည်းများထံမှ သိရသည်။ ကယန်းပြည်သစ်ပါတီသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတခုဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးသော်လည်း စစ်ကောင်စီကို တရားဝင်ကြေညာပြီးတိုက်နေသည့်အဖွဲ့မဟုတ်ကြောင်း၊ စိုးမိုးနယ်မြေများအတွင်းရှိ စစ်ကောင်စီဂိတ်နှင့်စခန်းများကိုလည်း တော်လှန်ရေးအင်အားစုများက တိုက်သည်ကို မလိုလားသည့်အနေအထားဖြစ်နေပြီး၊ စိုးမိုးနယ်မြေအတွင်း ဂိတ်များမှ တော်လှန်ရေးအဖွဲ့အစည်းများ လက်နက်သယ်ယူခြင်းနှင့် ယူနီဖောင်းဝတ်သွားလာမှုများကိုပါ မြေပြင်တွင် ကန့်သတ်မှုများပြုလုပ်နေကြောင်း သိရသည်။ (more…)
Read More