Tag: ဖားကန့်

  • စစ်ကောင်စီတပ်နှင့် ရှမ်းနီတပ်တို့ပေါင်းပြီး အင်အား (၇၀၀) ကျော်ဖြင့် KIA/KPDF ထိန်းချုပ်နယ်မြေဘက် စစ်ကြောင်းထိုး

    စစ်ကောင်စီတပ်နှင့် ရှမ်းနီတပ်တို့ပေါင်းပြီး အင်အား (၇၀၀) ကျော်ဖြင့် KIA/KPDF ထိန်းချုပ်နယ်မြေဘက် စစ်ကြောင်းထိုး

    RNA_ဧပြီ(၂၄)၊၂၀၂၅ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်-မိုးကောင်း-မြစ်ကြီးနားလမ်းနှင့် တနိုင်း-မိုးကောင်း-မြစ်ကြီးနားလမ်းဆုံတို့ဖြစ်သော လဝါးကျေးရွာမှ စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ပြည်သူ့စစ်၊ ရှမ်းနီအမျိုးသားများတပ် (SNA)တို့ ပူးပေါင်းထားသော အင်အား (၇၀၀) ကျော်ဖြင့် KIA/KPDF ထိန်းချုပ်ထားသော ဖားကန့်-မိုးကောင်းလမ်းကြောဖြစ်သည့် နမ့်ယားဘက်ကို စစ်ကြောင်းထိုးလာသည်ဟု ယနေ့ ဒေသခံများက ပြောကြားထားသည်။


    ဖားကန့်လာသည့် ခရီးသွားပြည်သူများ၏ အတက်အဆင်းလမ်းများကို ပိတ်ထားကြောင်း၊ ဖားကန့်မှ ဟိုပင် – မိုးညှင်းထွက်သည့် အင်းတော်ကြီးဒေသတွင်လည်း စစ်ကောင်စီနှင့်ရှမ်းနီတပ်တို့ ပူးပေါင်းပြီး အလုံးအရင်းဖြင့် ထိုးစစ်ဆင်နေကြောင်း၊ စစ်ကောင်စီသည် ဖားကန့်ဝင်များကို ပြန်ယူရန် ကြိုးစားနေခြင်းဖြစ်သည်ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။

    (more…)

  • ဖားကန့် ရွှံ့နွံပေါက်ကျမှုအတွင်း (၁၀) နှစ်အောက် ကလေးငယ် (၆) ဦးအပါအဝင် (၃၂) ဦးသေဆုံး

    ဖားကန့် ရွှံ့နွံပေါက်ကျမှုအတွင်း (၁၀) နှစ်အောက် ကလေးငယ် (၆) ဦးအပါအဝင် (၃၂) ဦးသေဆုံး

    RNA_ဖားကန့်၊ ဇန်နဝါရီ(၁၅)၊ ၂၀၂၅ ခုနှစ်။

    ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာအနီး ကျောက်စိမ်းတူးဖော်နေသော ရတနာအဓိပတိ (ဒေသအခေါ် ) ကုမ္ပဏီလုပ်ကွက်မှ ရွှံ့နွံကန် ပေါက်ထွက်ပြီး ရပ်ကွက်နေအိမ်များပေါ်ဖုံးလွှမ်းခဲ့သည့်ဖြစ်စဉ်အတွင်း အသက် (၁၀) နှစ်အောက် ကလေးငယ် (၆) ဦးအပါအဝင် (၃၂) ဦးသေဆုံးကြောင်း အတည်ပြုပြီး အလောင်းရှာဖွေမှုများကို ယနေ့ လမ်းဟောင်းပေါ်သွားသည့်အတွက် ရပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

    (more…)

  • ဖားကန့် ရွှံ့နွံပေါက်ကျမှုအတွင်း သေဆုံးသူ (၃၅) ဦးကျော်ရှိ

    ဖားကန့် ရွှံ့နွံပေါက်ကျမှုအတွင်း သေဆုံးသူ (၃၅) ဦးကျော်ရှိ

    RNA_ဖားကန့်၊ ဇန်နဝါရီ(၁၄)၊ ၂၀၂၅ ခုနှစ်။
     
    ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွားနားကပ်ပြီး ကျောက်တူးဖော်နေသည့် ကုမ္ပဏီလုပ်ကွက် (ဒေသအခေါ် ရတနာ အဓိပတိ) မှ ရွှံ့နွံကန် ပေါက်ထွက်ပြီး စပေါ့ကျေးရွာ၊ ရပ်ကွက်(၃)ရှိ နေအိမ်များပေါ် ရွှံ့နွံဖုံးလွှမ်းသွားသည့် ဖြစ်စဉ်အတွင်း သေဆုံးသူ (၃၅) ဦးကျော်ရှိကြောင်း သိရသည်။
     
    စပေါ့ကျေးရွာ၊ ရပ်ကွက်(၃)ရှိ နေအိမ်များပေါ် ဇန်နဝါရီ ၁၃ ရက် နံနက် (၁) နာရီ (၃၀) မိနစ်ခန့်က ဖြစ်ပွားခဲ့ပြီး ယနေ့ (ဇူလိုင်လ ၁၄ ရက်) နေ့လယ်ပိုင်းအထိ သေဆုံးသူ ရုပ်အလောင်း (၂၁) လောင်းတွေ့ရှိထားပြီး ပျောက်ဆုံး (၁၅) ဦးရှိသည်ဟု စာရင်းပေးထားကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

    (more…)

  • ယနေ့ ဖားကန့် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း အရပ်သား (၈) ဦးသေဆုံး

    ယနေ့ ဖားကန့် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း အရပ်သား (၈) ဦးသေဆုံး

    RNA_ဖားကန့်၊ ဇန်နဝါရီ(၁၃)၊၂၀၂၅ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါရွာနှင့် ကျေးရွာအနီး မြေစာပုံနေရာအချို့အား ယနေ့ နံနက်ပိုင်းက စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ‌ဗုံးနှစ်လုံးကြဲချမှုအပြင် စက်လက်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် အရပ်သား ပြည်သူ အမျိုးသား (၆)ဦး၊ အမျိုးသမီး (၂) ဦး သေဆုံးခဲ့ရသည်။

    (more…)

  • ဖားကန့် ရွှံ့နွံပေါက်ကျမှုအတွင်း ယနေ့ နံနက်ပိုင်းတွင် ရုပ်အလောင်း (၈) လောင်းရှာဖွေတွေ့ရှိ

    ဖားကန့် ရွှံ့နွံပေါက်ကျမှုအတွင်း ယနေ့ နံနက်ပိုင်းတွင် ရုပ်အလောင်း (၈) လောင်းရှာဖွေတွေ့ရှိ

    RNA_ဖားကန့်၊ ဇန်နဝါရီ (၁၃)၊ ၂၀၂၅ ခုနှစ်။

    ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာ၌ ကျေးရွားနားကပ်လျက် ကျောက်တူးဖော်နေသည့် ကုမ္ပဏီလုပ်ကွက် (ဒေသအခေါ် ရတနာ အဓိပတိ) မှ ရွှံ့နွံကန် ပေါက်ထွက်ပြီး စပေါ့ကျေးရွာ၊ ရပ်ကွက်(၃)ရှိနေအိမ်များပေါ် ရွှံ့နွံဖုံးအုပ်သွားသည့်ဖြစ်စဉ် ယနေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက် (၁) ခွဲခန့်က ဖြစ်ပွားခဲ့သည့်အတွက် သေဆုံးသူ ရုပ်အလောင်း (၈) လောင်းတွေ့ရှိထားသည်။

    ကုမ္ပဏီလုပ်ကွက်မှ ရွှံ့နွံသည် မြေစာဖိအားကြောင့် မြေအောက်မှ ကန်ထွက်ကာ ကျေးရွာအပေါ် ဖုံးအုပ်ခြင်းဖြစ်ကြောင်း စပေါ့ကျေးရွာ ဒေသခံံံတစ်််ဦးက ပြောကြားထားသည်။

    (more…)

  • ၂၈ ရက်ကြာ ဖမ်းဆီးချုပ်နှောင်စစ်ဆေးပြီးနောက် ဖားကန့်သတင်းထောက်(၂) ဦးကို KIA ပြန်လွှတ်

    ၂၈ ရက်ကြာ ဖမ်းဆီးချုပ်နှောင်စစ်ဆေးပြီးနောက် ဖားကန့်သတင်းထောက်(၂) ဦးကို KIA ပြန်လွှတ်

    RNA_အောက်တိုဘာ(၂၉)၊၂၀၂၄ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်သတင်းထောက်များဖြစ်သော ကိုတာလင်းမောင် (Red News Agency) နှင့် အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးတို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဖားကန့်တိုက်နယ် ထောက်လှမ်းရေးအဖွဲ့က ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၉ ရက်နေ့က သတင်းကိစ္စနှင့်ပတ်သက်ပြီး ဖမ်းဆီးချုပ်နှောင်စစ်ဆေးပြီးနောက် (၂၈) ရက်အကြာ အောက်တိုဘာလ (၂၇) ရက်နေတွင် ပြန်လွှတ်ပေးခဲ့သည်။

    [embedyt] https://www.youtube.com/watch?v=ukRJf6fqYtQ[/embedyt]

    ဖားကန့်သတင်းထောက် (၂) ဦးပြန်လည်လွတ်မြောက်ရေးအတွက် ဝိုင်းဝန်းတောင်းဆိုခဲ့ကြသော ဒေသတွင်း တော်လှန်ရေးအဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့် ပြည်တွင်း ပြည်ပ သတင်းမီဒီယာအဖွဲ့အစည်းများ၊ သတင်းဌာနများ၊ သတင်းသမားများစသည်တို့ကို ကိုတာလင်းမောင်နှင့် ကိုနောင်ရိုးတို့က ကျေးဇူးတင်ရှိကြောင်း ပြောကြားထားသည်။

    Red News Agency

  • ဖားကန့် သတင်းထောက် ဖမ်းဆီးခံထားရမှုနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ချက်

    ဖားကန့် သတင်းထောက် ဖမ်းဆီးခံထားရမှုနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ချက်

    နေ့စွဲ – ၂၃၊ ၁၀၊ ၂၀၂၄ ခုနှစ်။

    Red News Agency ၏ ဖားကန့်သတင်းထောက် ကိုတာလင်းမောင်သည် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော် – KIA ဖားကန့်တိုက်နယ် တပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။


    (more…)

  • အရပ်ဝတ်ဖြင့် နယ်မြေသတင်းယူရန် လာသော ရဲတပ်ဖွဲ့ဝင် ၄ ဦးကို KPDF ရဲဘော်များ ပစ်ခတ်ဖမ်းဆီး

    အရပ်ဝတ်ဖြင့် နယ်မြေသတင်းယူရန် လာသော ရဲတပ်ဖွဲ့ဝင် ၄ ဦးကို KPDF ရဲဘော်များ ပစ်ခတ်ဖမ်းဆီး

    RNA_ဖားကန့်၊ စက်တင်ဘာ(၂၈)၊၂၀၂၄ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ၊ အမှတ် (၁) ရပ်ကွက်အတွင်း၊ နယ်မြေသတင်းရယူရန် IPsum ကားပေါ်တွင် အရပ်ဝတ်ဖြင့် စက်တင်ဘာ ၂၇ ရက်နေ့က လှည့်လည်နေစဉ် KPDF ရဲဘော်များက ပစ်ခတ်ဖမ်းဆီးရာ ရဲ (၄)ဦး ဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။

    အရပ်ဝတ်ဖြင့် နယ်မြေသတင်းရယူရန် ရောက်လာသူများထဲမှ KPDF ရဲဘော်များ၏ ဖမ်းဆီးခံခဲ့ရသော် ရဲ (၄) ဦးမှာ ဒုရဲအုပ် နိုင်ထူး၊ ဒုရဲအုပ် သူရမိုး၊ ဒုတပ်ကြပ် အောင်မြင့်ကျော်၊ တပ်သား တင်ထွန်းဝေတို့ဖြစ်ကြောင်း Red News Agency သတင်းရင်းမြစ်က ပြောကြားထားသည်။

    #RedNewsAgency #RNA

  • တာမခံ ခမရ(၁၁၉) စခန်းသိမ်း တိုက်ပွဲဝင် KPDF ရဲဘော်တစ်ဦး၏ အတွေ့အကြုံ (အပိုင်း-၂)

    တာမခံ ခမရ(၁၁၉) စခန်းသိမ်း တိုက်ပွဲဝင် KPDF ရဲဘော်တစ်ဦး၏ အတွေ့အကြုံ (အပိုင်း-၂)

    “ကျနော့်ဘေးက ရဲဘော်က ပွဲချင်းပြီး ကျသွားတယ်။ ခြံစည်းရိုး အတွင်းထိဖောက်ဝင်သွားတဲ့အထဲက ရဲဘော်တချို့က လေယာဉ်လာကြဲတော့ ကားအောက်ကို ဝင်ဝပ်လိုက်ကြတယ်။ အဲ့မှာ ထောင်ထားတဲ့ မိုင်းထိပြီး ဒဏ်ရာအပြင်းထန်ရကုန်ကြတယ် ကျနော်အပါဝင် ၅ ယောက်ပေါ့။ ငါ့ ခါးပြတ်သွားပြီ ငါတော့သေတော့မယ်လို့ အတွေးများနေတုန်း”
    ****************************

    Ernesto Ba Chan

    တိုက်ပွဲစဖြစ်တဲ့ရက်ကတည်းကစလို့ တရက်မပြတ် အသားဟင်းကို အမျိုးစားမထပ်အောင် ‌စားခဲ့ရတယ်။ ရိက္ခာပို့ပေးတဲ့ အရပ်သားလူငယ်တွေဟာ ကျနော်တို့ ပစ်နေတဲ့ ဧရိယာထဲအထိ ရိက္ခာထုပ်ထမ်းပို့ပေးတယ်၊ ကျည်တွေဗုံးတွေကြားလူနာတွေ DB တွေလာထမ်းကြတယ်၊ ချက်ပြုတ်တဲ့လူတွေက ချက်ပြုတ် ထောက်ပံ့တဲ့ လူထောက်ပံ့ ပို့ဆောင်သူပို့ဆောင်နဲ့
    တကယ်ကို နိုင်ရာနေရာကနေ အစွမ်းကုန်ပါဝင်ကြတာပါပဲ။

    တစ်ကိုယ်စာ ကတုပ်ကျင်းထဲမှာ ဆေးလိပ်ရှိတယ် ဖက်ကြမ်းရော အဖြူရော၊ လစ်ပိုကဒ်ရှိမယ် ကွမ်းယာထုပ်ရှိမယ်၊ တခြားစားစရာတွေရှိမယ် ပစ်တာက တစ်ရက်လုံး တညလုံးပါပဲ နားလိုက် ပစ်လိုက်ပေါ့။

    မနက်မိုးလင်းတာနဲ့ ရေသန့်နဲ့ မျက်နှာသစ်တယ် ရေသန့်ဗူးဆိုတာ ကဒ်လိုက် ကဒ်လိုက် ပြီးတာနဲ့ ပစ်ကြတာပါပဲ မောတဲ့လူက နောက်ပြန်ဆုတ် ဆေးလိပ်လေးဘာလေးသောက် စကားလေးဘာလေးပြော လေယာဉ်လာကြဲရင် ဝပ်ကြပေါ့။ ကျနော်တို့ဆို စခန်းထဲကို လစ်ပိုဗူးတွေနဲ့ ကောက်ထုပြီး သောက်ဖူးလား ခွေးတွေဆိုပြီး အော်ပေးကြတာ။

    (more…)

  • တာမခံ ခမရ(၁၁၉) စခန်းသိမ်း တိုက်ပွဲဝင် KPDF ရဲဘော်တစ်ဦး၏ အတွေ့အကြုံ

    တာမခံ ခမရ(၁၁၉) စခန်းသိမ်း တိုက်ပွဲဝင် KPDF ရဲဘော်တစ်ဦး၏ အတွေ့အကြုံ

    “ဗိုလ်လေးကို ထမ်းထုတ်ခဲ့တဲ့ ရဲဘော်သုံးယောက်အခုသူတို့ကိုပြန်ထမ်းထုတ်နေရပြီ။ ကျနော်တို့အကုန်မှိုင်တွေကုန်ကြတယ်၊ သွေးတွေကအိုင်လို့ အသားစတွေက ပြန့်ကျဲ နေရာတစ်ခုလုံးလုံးဝအနိဌာရုံတွေပါပဲ”

    တာမခန် ၁၂ ရက် (အပိုင်း – ၁)

    ၂၆ ၂ ၂၀၂၄ ။ နေ့လည် ၂ နာရီခန့် တပ်ပေါင်းစုစစ်ကြောင်းဟာ တာမခန်နဲ့မနီးမဝေးတစ်နေရာမှာ တပ်ဖျောက်ပြီးနားနေပါတယ်။ ဟန်းကောကိုယ်စီနဲ့ ထမင်းချက်စားတဲ့အဖွဲ့ကချက်စား စကားပြောတဲ့သူကပြောနဲ့ မကြာခင် တိုက်ပွဲဝင်ရတော့မယ်ဆိုတဲ့အသိက ကျနော်တို့အားလုံးကို တက်ကြွနေစေတယ်။

    ကျနော်တို့တပ်စိတ်ရဲ့ ကွန်မန်ဒါဖြစ်တဲ့ ဗိုလ်ကြီးက ခဲလုံးလေးတွေဟိုရွေ့သည်ရွေ့လုပ်ရင်း နေရာယူရမယ့်ပုံစံကိုရှင်းပြနေတယ်။

    “အဖွဲ့လေးဖွဲ့နဲ့ ဝိုင်းမယ် ငါတို့က ညာဖက်အစွန်ဆုံးက ကုန်းမှာနေရာယူမယ် ငါတို့ရဲ့ ဘယ်ဖက်မှာ လက်နက်ကြီးအဖွဲ့ရှိလိမ့်မယ်” မြေပုံတဖက်ကိုင်ထားပြီး ခဲလုံးလေးတွေတဖက်ကရွေ့ရင်း ဗိုလ်ကြီးကရှင်းပြတယ်။

    အတော်လေးကြာတဲ့အချိန်ကျမှ “ရွာသားတွေမရှိတော့ဘူး အကုန်ရှောင်သွားပြီ” ဆိုတဲ့သတင်းရောက်လာတယ်။ အဲ့နောက်မှ တပ်ပေါင်းစု စစ်ကြောင်းက ဆက်လက်ချီတက်ခဲ့တယ်။ ရန်သူက ပြင်ဆင်ပြီးစောင့်နေလောက်ရောပေါ့။

    (more…)