RNA_စက်တင်ဘာ(၁၉)၊၂၀၂၄ ခုနှစ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအတွင်း စက်တင်ဘာ (၁၂) ရက်နေ့ တိုက်ပွဲအတွင်း ဖားကန့် KPDF ရဲဘော် စိုင်းအောင်အောင် (အသက် ၂၁ နှစ်)သည် မြင့်မြတ်စွာကျဆုံးခဲ့ရသည်ဟု သိရသည်။
#RedNewsAgency #RNA

RNA_စက်တင်ဘာ(၁၉)၊၂၀၂၄ ခုနှစ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအတွင်း စက်တင်ဘာ (၁၂) ရက်နေ့ တိုက်ပွဲအတွင်း ဖားကန့် KPDF ရဲဘော် စိုင်းအောင်အောင် (အသက် ၂၁ နှစ်)သည် မြင့်မြတ်စွာကျဆုံးခဲ့ရသည်ဟု သိရသည်။
#RedNewsAgency #RNA

RNA_ဖားကန့်၊ စက်တင်ဘာ (၉)၊ ၂၀၂၄ ခုနှစ်။
ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအတွင်း ပိတ်မိနေသော စစ်ကောင်စီတပ်သားများ ထွက်ခွင့်ရရေးနှင့် KIA/KPDF တိုက်ပွဲမဖြစ်ပွားရေးအတွက် ယနေ့ ညှိနှိုင်းမှု သွားရောက်ပြုလုပ်သည့် ကချင်ပြည်နယ် ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးယွပ်ဇော်ခေါင် ပေါင်တွင် သေနတ်ကျည်ထိကာ ညှိနှိုင်းမှု အဆင်မပြေခဲ့ဟု သိရသည်။
စက်တင်ဘာ (၆) ရက်နေ့ည (၁၂)နာရီခန့်တွင် စစ်ကောင်စီတပ် စစ်ကြောင်းက လက်နက်ကြီး လက်နက်ငယ်များပစ်ခတ်ကာ ဆိပ်မူကျေးရွာအတွင်း ဝင်ရောက်ခဲ့ပြီး Lucky Man Hotel & KTV ကို ဝင်စီးခဲ့ရာ ဟိုတယ်အတွင်းမှ KIA/KPDF အချို့ ပစ်ခတ်ဖမ်းဆီးခံခဲ့ရသည့် အတွက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ဖမ်းဆီးခံထားရသည့် KIA/KPDF အချို့ကို လွတ်ပေးပြီးနောက် စစ်ကောင်စီလက်အောက်ခံများ ရွာအတွင်းပိတ်မိနေခြင်း ဖြစ်ကြောင်းသိရသည်။




RNA_ဖားကန့်၊ ဇွန် ၂၆ ရက်၊ ၂၀၂၄ ခုနှစ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ၌ ယနေ့မနက်ပိုင်းက စစ်ကောင်စီ၏ လှုပ်ရှားလာသည့် တပ်နှင့် နယ်မြေစိုးမိုးမှုယူထားသည့် KIA/KPDF ပူးပေါင်းတပ်တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အထိနာသည့် စစ်ကောင်စီက ဖားကန့်ဗျူဟာကုန်းမှ လက်နက်ကြီးဖြင့် အရပ်သားပြည်သူများကို ရည်ရွယ်ပစ်ခတ်ခဲ့ပြီး အရပ်သားပြည်သူများ သေဆုံးသူအချို့နှင့် ထိခိုက်ဒဏ်ရာရရှိသူအများအပြား ရှိခဲ့သည်။
လက်ရှိနှစ်ဖက်စစ်ရေးတင်းမာနေသည့် ဆိပ်မူမြေပြင်အခြေအနေအရ အရပ်သား ပြည်သူများ၏ ထိခိုက်သေဆုံးမှုအတိအကျ မသိရှိရသေးသော်လည်း ဆိပ်မူ စိန်မြသုခကျောင်း အနောက်ဘက်တွင် တစ်လုံး၊ ဖူဆယ်ကွင်းဘေးတွင် တစ်လုံး၊ မှော်ရှန်ရပ်ကွက်လမ်းဘေးတွင် နှစ်လုံးကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ(၂၀)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားပြီး ထိခိုက်လဲကျ သေဆုံးနေသူတစ်ဦးကိုလည်းတွေ့ရှိထားကြောင်း ဆိပ်မူဒေသခံအချို့ထံမှ သိရသည်။

RNA_ဖားကန့်၊ ဇွန် (၁၇)၊၂၀၂၄ ခုနှစ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ စစ်ကောင်စီဖွင့် အခြေခံပညာကျောင်းများတွင် အသက်အရွယ်အလိုက် စာသင်နှစ်တစ်နှစ်အတွင်း အတန်းကျော်သည့် မှောင်ခိုဈေးကွက်ထွန်းကားနေကြောင်း ကျောင်းသား မိဘများထံမှ သိရသည်။
“ဖားကန့် ကျောင်းကြီးမှာက ကိုယ့်သားသမီးက အသက်ကြီးနေရင် ကျောင်းစအပ်တာနဲ့ တစ်တန်းတက်စေချင်ရင် သုံးသိန်းခွဲပဲ၊ တစ်နှစ်ထဲ နှစ်တန်းအထိတင်လို့ရတယ်၊ ခုနှစ်သိန်း ကျမှာပေါ့ နှစ်တန်းတင်ဆို၊ အတန်းကြီးတွေက တစ်တန်းတင်မယ်ဆို ငါးသိန်းဈေးပေါက်တယ်၊ ကျောင်းအုပ် ကတော့ မသိဘူး ဒါဆရာမတွေက လုပ်ပေးတာ ဆိုပြီးပြောနေတာပဲ”ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။
မြို့နယ်ပညာရေးမှူးသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်နောက်မှ ပြောင်းလာသည့် ဒေါ်အေးအေးနွယ်ဖြစ်ပြီး ဖားကန့်ကျောင်းအုပ်ကြီးသည် အာဏာမသိမ်းခင်ကတည်းက ကျောင်းအုပ် ဖြစ်သူ ဦးထွဲဝါဖြစ်သည်။

RNA_ဖားကန့်၊ ဇွန်(၁၇)၊၂၀၂၄ ခုနှစ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ မော်မောင်းလျံ-တောင်ပြိုကျေးရွာဘက်ခြမ်းရှိ ယခင် ပိုင်ဖြိုးသီဟ ကုမ္ပဏီမြေစာပုံဟောင်းအောက်ရှိ ရေချောင်းကမ်းပါးတွင် ယနေ့နေ့လယ် (၁၂)နာရီ ဝန်းကျင်ခန့်က ရေမဆေးကျောက်ရှာသူ တစ်ဦး ကမ်းပါးပြိုကျပြီး ရေချောင်းအောက်သို့ပြုတ်ကျ သေဆုံးသွားကြောင်း သိရသည်။
သေဆုံးသူသည် မည်သူမည်ဝါဖြစ်ကြောင်း ယခုအချိန်အထိ ရပ်မိ/ရပ်ဖများနှင့် တာဝန်ရှိသူ များထံ မိသားစုမှ ဆက်သွယ်လာခြင်းမရှိသေးပဲ သူငယ်ချင်း မိသားစု ဆွေမျိုးအသိုင်းအဝန်းမှ ဆက်သွယ်လာရန် စောင့်ဆိုင်းနေသည့်အတွက် ရုပ်အလောင်းအား သုဿာန်သို့မပို့ဆောင်ရသေးကြောင်း တောင်ပြိုကျေးရွာ ရပ်မိ/ရပ်ဖ တစ်ဦးထံမှ သိရသည်။

RNA_ဖားကန့်၊ဇွန်လ ၁၃ ရက်၊ ၂၀၂၄ ခုနှစ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာအပိုင်း သာယာကုန်းကမ်းပါး ပြိုကျမှု ယနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ချိန် ကမ်းပါးနံရံတွင်ကပ်လျက် ကျောက်တူးနေသူ (၄) ဦး မြေစာနှင့်အတူ ကမ်းပါးအောက်ခြေသို့ ပြုတ်ကျခဲ့ပြီး (၃) ဦး ဒဏ်ရာရရှိကာ (၁) ဦးမှာ မြေစာပိ သေဆုံးသွားခဲ့သည်။

ကျောက်တူးနေစဉ် ကမ်းပါးပြိုကျ၍ မြေစာပိ သေဆုံးသူနှင့် ဒဏ်ရာရသူများသည် ဒေါ်ခမ်းပေါင်း လုပ်ကွက်မှ ကျင်းသားများဖြစ်ကြောင်း၊ ဖားကန့်၌ မိုးရာသီ လမ်းများပျက်စီးပြီး ကျင်းများသည် ရေကန်အဖြစ်ပြောင်းလာချိန် နွံရေများပြည့်လာပြီး ဘက်ဟိုးနှင့်မြေသယ်ယာဉ် စက်ယန္တရားများ အသုံးပြုရန် ခက်ခဲလာသည့်အတွက် လုပ်ကွက်ပိုင်ရှင်များက အစုပုံစံဖြင့် ကျင်းသားများကို ကမ်းပါးယံများတွင် ကျောက်တူးစေခြင်း၊ စုပုံထားသည့် မြေစာများအား ရွှေမျောစင်များဖြင့် ရွှေမျောတိုက်စေခြင်းတို့ကို ဆောင်ရွက်ကြသည်။
#RedNewsAgency

RNA_ဖားကန့်၊ ဇွန်( ၁၃)၊ ၂၀၂၄ ခုနှစ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ ရှရော်ခကျေးရွာ ၌ အသက် (၅) နှစ်အရွယ် မိန်းကလေးငယ်အား မုဒိမ်းမှုကျူးလွန်ခဲ့သူ အသက် (၁၇)နှစ် အရွယ် ယောင်္ကျားလေးအား KIO/KIA အုပ်ချုပ်ရေး တိုက်နယ်မှ ယနေ့ နံနက်ပိုင်းက ဖမ်းဆီးသွားပြီဖြစ်ကြောင်း သိရသည်။
ကလေးငယ်၏ မိဘများက KIO/KIA အုပ်ချုပ်ရေးထံ တိုင်ကြားခဲ့သော်လည်း အမှုဖြစ်စဉ်အတွင်းမှ ဆေးလက်မှတ်အပါအဝင် လိုအပ်သည့် သက်သေများ ပြည့်စုံနေသည့်အတွက် တိုင်ကြားခံရသူအား ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။
ကျူးလွန်ခံရသူသည် အသက်(၅)နှစ်အရွယ်၊ မိန်းကလေးဖြစ်ပြီး လွန်ခဲ့သည့် နှစ်ရက်ကတည်းက မသင်္ကာသဖြင့် မိန်းကလေးမိဘများက ဆေးစစ်ခဲ့ရာ ဆေးလက်မှတ်တွင် ကျူးလွန်ခံထားရသည်ဟု ဖော်ပြကြောင်း၊ ယနေ့ နံနက်ပိုင်းက ဖမ်းဆီးခံရသည့် အသက် (၁၇) နှစ်အရွယ် ယောက်ျားလေးကလည်း ကျူးလွန်ကြောင်း ဝန်ခံထားသည်ဟု Red News Agency သတင်းရင်းမြစ်ထံမှ သိရသည်။
#RedNewsAgency
