RNA_ဇွန်(၇)၊၂၀၂၅ခုနှစ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ခွန်ဆာကုန်း (ခ) ငြိမ်းချမ်းသာယာကျေးရွာ အပိုင်း(၃)၊ ဘုန်းကြီးကျောင်းနှင့် ရဲစခန်းကြား ဇွန်လ ၆ ရက်နေ့ ည (၉) နာရီ (၇) မိနစ်ခန့်က လက်နက်ကြီကျသည်ဟု ယူဆရသည့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ယနေ့နံနက်ပိုင်းအထိ ကလေးငယ် (၂) ဦးနှင့် အမျိုးသမီး (၁) ဦးအပါအဝင် ပြည်သူ (၉) ဦး၏ အလောင်းများ တွေ့ရှိရသည်ဟု ဒေသခံများထံမှ သိရသည်။
လက်နက်ကြီးကျရောက်ပေါက်ကွဲရာသည့်နေရာတွင် ပေ (၂၀) ဝန်းကျင်ရှိ ချိုင့်ဖြစ်ပေါ်နေပြီး ကျရောက်သည့်နေရာတွင် အမိုနီယမ်နိုက်ထရိတ်ထားရာ နေရာဖြစ်သည့်အတွက် ပေါက်ကွဲမှုအတွင်း ပေ (၅၀၀) ပတ်လည် ထိခိုက်ကာ နေအိမ် (၁၀) လုံးထက်မနည်းပျက်စီးခဲ့ရပြီး ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရသည်။
ဖားကန့်မြို့အတွင်း စစ်ကောင်စီတပ်စစ်ကြောင်းသည် မေလ ၂၇ ရက်နေ့က ရောက်ရှိလာပြီးနောက် ဒေသခံပြည်သူများကို ဖမ်းဆီးခြင်း၊ မြို့တွင်း ရပ်ကွက်များနှင့် ကျောက်စိမ်းလုပ်ကွက်များအတွင်းလှည့်လည်ကာ စက်ယန္တရားများကို မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးများဖြင့် ပြည်သူများရှိရာကို ပစ်ခတ်ခြင်းများ ပြုလုပ်နေခြင်းဖြစ်သည်။
Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1
#RedNewsAgency #REDNEWS #RNA