13
Jan
RNA_ဖားကန့်၊ ဇန်နဝါရီ (၁၃)၊ ၂၀၂၅ ခုနှစ်။ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာ၌ ကျေးရွားနားကပ်လျက် ကျောက်တူးဖော်နေသည့် ကုမ္ပဏီလုပ်ကွက် (ဒေသအခေါ် ရတနာ အဓိပတိ) မှ ရွှံ့နွံကန် ပေါက်ထွက်ပြီး စပေါ့ကျေးရွာ၊ ရပ်ကွက်(၃)ရှိနေအိမ်များပေါ် ရွှံ့နွံဖုံးအုပ်သွားသည့်ဖြစ်စဉ် ယနေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက် (၁) ခွဲခန့်က ဖြစ်ပွားခဲ့သည့်အတွက် သေဆုံးသူ ရုပ်အလောင်း (၈) လောင်းတွေ့ရှိထားသည်။ ကုမ္ပဏီလုပ်ကွက်မှ ရွှံ့နွံသည် မြေစာဖိအားကြောင့် မြေအောက်မှ ကန်ထွက်ကာ ကျေးရွာအပေါ် ဖုံးအုပ်ခြင်းဖြစ်ကြောင်း စပေါ့ကျေးရွာ ဒေသခံံံတစ်််ဦးက ပြောကြားထားသည်။ (more…)