စုပေါင်းရုံးကို တာဝေးပစ်လက်နက်ကြီးအချက်၂၀ ကျော် ပစ်ခတ်၊ ထွက်လာသည့် စစ်ကောင်စီတပ်သားများကို အနီးကပ် မိုင်းဆွဲ 

RNA_ဇူလိုင်၁၁၊၂၀၂၂ခုနှစ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့ရှိ စုပေါင်းရုံးအတွင်း ဒေသခံပြည်သူကာကွယ်ရေး မဟာမိတ်တပ်များက ယမန်နေ့ညနေ ၆ နာရီဝန်းကျင်က တာဝေးပစ်လက်နက် ကြီးအချက်၂၀ ကျော်ပစ်ခတ်ကာ စစ်မြူပြီး ထွက်လာသည့် စစ်ကောင်စီတပ်သား ၆ ယောက်ထွက်လာစဉ် အနီးကပ်မိုင်းဆွဲတိုက်ခိုက်ရာ (၂) ဦးသေဆုံးကြောင်း သိရသည်။

ပုလဲမြို့ စုပေါင်းရုံးနှင့် ထွက်လာသည့် စစ်ကောင်စီတပ်သားများကို ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ ပုလဲတပ်ရင်း(၄)၊ဒေါင်းနက်‌နယ်စည်းမခြားပြောက်ကျား တပ်ဖွဲ့ ပုလဲတပ်ရင်း(၅)၊ဒေသခံ Local PDF တို့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့မှတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၆ နာရီမှ ၈ နာရီအထိ တိုက်ခိုက်ခဲ့ကြကြောင်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။

Red News Agency

By Editor