စစ်ကောင်စီတပ် လေကြောင်း ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးနှင့်အမျိုးသားတဦး သေဆုံး 

RNA_အောက်တိုဘာ(၁၉)၊၂၀၂၂ခုနှစ်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်နှင့် ယင်းမာပင်မြို့နယ်အစပ် ရင်ပေါင်တိုင်ကျေးရွာ၊ ပုထိုးသာကျေးရွာ၊ ပျားအိုကျေးရွာအပါအဝင် ရွာ (၄) ရွာကို ယနေ့ နံနက် ၁၀ နာရီဝန်းကျင်က စစ်ကောင်စီတပ် လေကြောင်း ပစ်ခတ်မှုများပြုလုပ်ကာ ကျေးရွာကိုစီးနင်းစဉ် ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးနှင့် အမျိုးသား တဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။

“ဒီနေ့ ဝင်အစီးခံရတဲ့ရွာတွေက ယမားချောင်းပဲခြားတာ၊ ပျားအိုက ကိုယ်ဝန်ဆောင်အမျိုးသမီး သေသွားတယ်၊ သေခတ်ဝင်တာဆိုတော့ တော်တော်ကြမ်းတယ်၊ အမျိုးသားတဦးလည်းသေတယ်၊ အရင်တခါလဲ ရင်ပေါင်တိုင်က အစီးခံရပြီးပြီ၊ သေတဲ့သူတွေ ဘယ်လိုသေသွားလည်း အတိအပျမသိရသေးဘူး၊ သေနတ်မှန်တာလား ရိုက်သတ်ခံရတာလားဆိုတာကတော့ ပြောမရသေးဘူး” ဟု Red News Agency ၏ နယ်မြေခံသတင်း ထောက်က သတင်းပေးပို့ထားသည်။

စစ်ကောင်စီတပ် လေယာဥ်ဖြင့်ပစ်ခတ်ပြီး တပ်သားများကို ချသွားကြောင်း၊ ဒေသခံရွာသူ ရွာသားများပိတ်မိနေကြကြောင်း၊ အနီးအနားကျေးရွာများကို စစ်ကြောင်းထိုးနိုင်သည့်မတွက် ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။

Red News Agency

By Editor