ဒီပဲယင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၂၁ ဦးကျဆုံးခဲ့ရသည့် နှစ်ပတ်လည်နေ့ ကျင်းပ 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၂၁ ဦးကျဆုံးခဲ့ရသည့် နှစ်ပတ်လည်နေ့ ကျင်းပ 

RNA_ဇူလိုင်၉၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၂၁ ဦးကျဆုံးခဲ့ရသည့် ဇူလိုင်လ ၂ ရက်နေ့က တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် Kaung Kin နှင့် ဒေသခံပြည်သူများက ဝမ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်ခဲ့ကြသည်။ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့က ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီတပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် စစ်ဘေးရှောင်ပြည်သူ၊ Kaung Kin ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော် (၆) ယောက် အပါအဝင် တစ်မြို့နယ်လုံး (၂၆) ဦး ကျဆုံးခဲ့ကြောင်း Kaung Kin ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ Red News Agency
Read More
ရဲဘော် (၁၈) ဦး ကျဆုံးခြင်း (၈) လပြည့် သွေးကြွေး ရဲစခန်းကို တိုက်ခိုက်

ရဲဘော် (၁၈) ဦး ကျဆုံးခြင်း (၈) လပြည့် သွေးကြွေး ရဲစခန်းကို တိုက်ခိုက်

RNA_မတ် ၂၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (၁၈) ဦး ကျဆုံးခဲ့ရသည့် သွေးကြွေးအနေဖြင့် ဒီးပဲယင်းရဲစခန်းကို တိုက်ခိုက်ခဲ့ကြပြီး ယနေ့ ကျဆုံးရဲဘော်များအတွက် ဝမ်းနည်းခြင်း၊ အလေးပြုခြင်းစသည့် အထိမ်းအမှတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့က ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်ခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော် (၁၈) ဦးကျဆုံးခဲ့ရပြီး (၁၀)ဦးကျော် ဒဏ်ရာရရှိခဲ့ကြရကြောင်း၊ ဆပ်ပြာကျင်း၊ ဘုတ်ရွာ၊ အုန်းဒင်၊ ကျွန်းတောကြီး၊ ကျွန်တောလေး၊အင်ပင်စသည့် ကျေးရွာနေပြည်သူ ထောင်ချီကာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ ဒီပဲယင်း ရဲစခန်းကို အဝေးပစ် ဒုံး များဖြင့် ယမန်နေ့ညက တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီလက်အောက်ခံ ရဲများသေဆုံးမှုရှိကြောင်း၊…
Read More