07
Dec
RNA_ဒီဇင်ဘာ(၇)၊ ၂၀၂၂ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးရွာ (ပျူစောထီးရွာ) သားများနှင့် စစ်ကောင်စီတပ်သားများ ပူးပေါင်းထားသည့် အင်အား (၂၀၀) ခန့် ရွာထွက်တွင် ယမန်နေ့ နံနက်ပိုင်းက PRA ပါအဝင်အဝင် ဒေသခံပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစု၏ တိုက်ခိုက်မှုကြောင့် ၈ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားသည်ဟု သိရသည်။ " တိုက်ပွဲက မနက်ပိုင်းကတည်းက ဖြစ်တာ ညနေပိုင်းထွက်လာအုံးမလားလို့ စောင့်တိုက်တာ သူတို့ထပ်ထွက်မလာတော့ဘူး။ လက်ရှိ နယ်မြေအတွင်း အနေအထားက ခွေးတွေထွက်အလာကို စောင့်တိုက်ဖို့ ပြင်ဆင်နေကြပါတယ်" ဟု People Revolution Army အဖွဲ့ခေါင်းဆောင် ဗိုလ်ဂျပန်က Red News Agency ကို ပြောသည်။…