စစ်ကောင်စီတပ်ကျဆုံး

ကြိတ်စခန်းကို KNLA တပ်ရင်း (၁၈)နှင့် ပူးပေါင်းတပ်ဖွဲ့ တို့ တိုက်ခိုက်သိမ်းပိုက်အပြီး လက်နက်အများအပြားသိမ်းဆည်းရမိ

ကြိတ်စခန်းကို KNLA တပ်ရင်း (၁၈)နှင့် ပူးပေါင်းတပ်ဖွဲ့ တို့ တိုက်ခိုက်သိမ်းပိုက်အပြီး လက်နက်အများအပြားသိမ်းဆည်းရမိ

RNA_စက်တင်ဘာ(၂၁)၊ ၂၀၂၂ ခုနှစ်။ ကေအဲန်ယူ- ကော့ကရိတ်မြို့နယ် KNLA တပ်ရင်း (၁၈)နှင့် ဒေါနစစ်ကြောင်း-SOG ပူးပေါင်းတပ်ဖွဲ့တို့က စစ်ကောင်စီတပ် ခမရ - ၅၅၇ ခြေကုတ်စခန်းဖြစ်သည့် ကြိတ်စခန်းကို စက်တင်ဘာ ၂၀ ရက်နေ့ နေ့လည် ၂ နာရီ ၁၉ မိနစ်ဝန်းကျင်က သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်အများအပြားဖမ်းဆီးရမိခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုက ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
NUG,PDF ကို ထောက်ပံ့လှူဒါန်းရင် သေဒဏ် အထိ ချမှတ်နိုင်ကြောင်း ဇော်မင်းထွန်း ခြိမ်းခြောက်

NUG,PDF ကို ထောက်ပံ့လှူဒါန်းရင် သေဒဏ် အထိ ချမှတ်နိုင်ကြောင်း ဇော်မင်းထွန်း ခြိမ်းခြောက်

RNA_စက်တင်ဘာ (၂၁)၊ ၂၀၂၂ ခုနှစ်။ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(PDF) ၊ဒေသကာကွယ်ရေးတပ်ဖွဲ့ (LDF) တို့ကို ထောက်ပံ့ လှူဒါန်းမယ်ဆိုရင် အကြမ်း ဖက်တိုက်ဖျက်ရေး ဥပဒေနှင့် အရေးယူမှာဖြစ်ပြီး၊ ထောင်ဒဏ် ၃ နှစ်၊ ၅နှစ် ၊ ၁၀ နှစ်မှသည် သေဒဏ် အထိ ချမှတ်နိုင်ကြောင်း စစ်ကော်စီ အလိုတော်ကျ သတင်းပြန်ကြားပေးနေသူ ဇော်မင်းထွန်းက ခြိမ်းခြောက်ပြောဆိုထားသည်။ နေပြည်တော်မှာ ယမန်နေ့( စက်တင်ဘာ ၂၀ )က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲမှာ Kpay အပါအဝင် Mobile Banking ငွေပေးချေမှု အကောင့်များကို Level (2 )အဆင့်တိုးမြှင်ရန်ထုတ်ပြန်ခဲ့သော စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်…
Read More
တစ်နှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ ၂၅၀၀၀ ကျော်သေဆုံးပြီး ၈၀၀၀ ကျော်ထိခိုက်ဒဏ်ရာရ

တစ်နှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ ၂၅၀၀၀ ကျော်သေဆုံးပြီး ၈၀၀၀ ကျော်ထိခိုက်ဒဏ်ရာရ

RNA_ စက်တင်ဘာ ၁၃၊ ၂၀၂၂ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ အရေးပေါ်အခြေအနေ ကြေညာချက်ထုတ်ပြန်ပြီးကာလ (၇.၉.၂၀၂၁)မှ (၆.၉.၂၀၂၂) ထိ တစ်နှစ်တာကာလအတွင်းအာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ၏ ဘက်မှ သေဆုံးသူ- ၂၅၁၀၇ ဦး နှင့်ထိခိုက်သူ - ၈၀၂၃ ဦး အထိ ရှိခဲ့ကြောင်း NUG ပြည်ထဲရေးနှင့် လူဝင် မှုကြီးကြပ်ရေးဝန်ကြီးဌာနက ယနေ့(စက်တင်ဘာ ၁၃ ရက်) ထုတ်ပြန်ကြေညာသည်။ (more…)
Read More
ကျဆုံးခဲ့ရသည့် သူရဲကောင်းများကို ရည်မှန်းပြီး စစ်ကောင်စီတပ်သားတွေကို သာကေတမှာ မိုင်းခွဲတိုက်ခိုက် 

ကျဆုံးခဲ့ရသည့် သူရဲကောင်းများကို ရည်မှန်းပြီး စစ်ကောင်စီတပ်သားတွေကို သာကေတမှာ မိုင်းခွဲတိုက်ခိုက် 

RNA_ဩဂုတ်၈၊၂၀၂၂ခုနှစ်။ ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ တိုင်းရင်းသားကျေးရွာအနီး၊ ဆောက်လုပ်ရေးမှတ်တိုင်အနီးတွင် ယနေ့ နံနက်ပိုင်းက ရှစ်လေးလုံး သူရဲကောင်းများကို ရည်မှန်းပြီး အာဏာသိမ်း စစ်ကောင်စီတပ်သားများကို ရန်ကုန်မြို့ပြ ပြောက်ကျားတပ်ဖွဲ့မှ မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ " ရှစ်လေးလုံးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော်သူရဲကောင်းတွေကို သူတို့ရဲ့ကျေးဇူးတွေ သူတို့ရဲ့ဂုဏ်သိက္ခာတွေကို ရည်မှန်းပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ စစ်ကားဖြတ်သွားတဲ့အချိန်မှာ ကျနော်တို့ ရှေ့ထွက်မိုင်းလို့ပြောလို့ရတဲ့ မိုင်းတလုံးနဲ့ခွဲတယ်၊ အဲချိန်မိုင်းကွဲလို့ကားပေါ်က လာဆင်းကြည့်တဲ့အချိန်မှာ နောက်တလုံးထပ်ခွဲပါတယ်။ ဒါဟာ စစ်ကောင်စီယာဉ်ကို မိုင်းဆွဲတိုက်ခိုက်တာပါ။ ရှစ်လေးလုံး သူရဲကောင်းတွေကို အလေးပြုရင်း တိုက်ခိုက်ခဲ့တာပါ" ဟု မြို့ပြ ပြောက်ကျားတပ်ဖွဲ့မှ အဖွဲ့ဝင်တဦးက Red News Agency သို့ ပြောကြားသည်။ (more…)
Read More
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ကစဉ့်ကလျား ထွက်ပြေး

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ကစဉ့်ကလျား ထွက်ပြေး

RNA_ဇူလိုင်၃၀၊၂၀၂၂ခုနှစ်။ နောင်ချိုမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သားများ သေဆုံးမှုရှိပြီး ကျန်တပ်သားများ ကစဉ့်ကလျား ထွက်ပြေး သွားခဲ့သည်ဟု သိရသည်။ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် စစ်ကောင်စီတပ်တို့ ဇူလိုင် (၂၂)ရက်နေ့မှစ၍ (၂၄)ရက်နေ့တွင် တစ်ကြိမ် ၊ ဇူလိုင် (၂၈)ရက်နေ့တွင်တစ်ကြိမ် နောင်ချိုမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်အတွင်း ထိတွေ့တိုက်ပွဲများဖြစ်ပွါးခဲ့သည်။ (more…)
Read More
စစ်ကောင်စီတပ်အထိနာပြီး တိုက်ပွဲအတွင်း လေယာဉ်သုံးပစ်ခတ်၊ စစ်ကောင်စီတပ်က ၁၅ ဦးဝန်းကျင်သေဆုံး

စစ်ကောင်စီတပ်အထိနာပြီး တိုက်ပွဲအတွင်း လေယာဉ်သုံးပစ်ခတ်၊ စစ်ကောင်စီတပ်က ၁၅ ဦးဝန်းကျင်သေဆုံး

RNA_ဇူလိုင်၃၀၊၂၀၂၂ခုနှစ်။ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ တောင်မြင့်ရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များ တိုက်ခိုက်မှုဖြစ်ကြရာ စစ်ကောင်စီတပ်က (၁၅) ဦးဝန်းကျင်သေဆုံးသည့်အတွက် လေယာဉ်ပစ်ကူယူကာ ပစ်ခတ်ခဲ့ကြောင်း သိရသည်။ ပေါက်မြို့နယ်၊ ကျားပစ်ကန်ကျေးရွာကို မီးရှို့အပြီး ဇူလိုင်လ ၂၈ ရက်နေ့က တောင်မြင့်ရွာဘက် အသွား စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို ပေါက်တောင်ပိုင်း ပျောက်ကြားတပ်ဖွဲ့ - SPGF၊ PDF Pauk တပ်ရင်း- ၄၊ PDF Pauk တပ်ရင်း - ၆၊ Pauk Revolution Front - PRF၊ Knight Commander PDF၊ King Fighter - SGF၊Young…
Read More
စစ်ကောင်စီတပ် ရခိုင်ပြည်နယ်အတွင်း ရှုံးမဲမဲနေဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ထုတ်ပြန်

စစ်ကောင်စီတပ် ရခိုင်ပြည်နယ်အတွင်း ရှုံးမဲမဲနေဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ထုတ်ပြန်

RNA_ဇူလိုင်၂၁၊၂၀၂၂ ခုနှစ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ် အသေအဆုံးနှင့် အရှင်ဖမ်းခံရမှုများကြောင့် ပြည်သူလူထုအပေါ် ရှုံးမဲမဲနေသည်ဟု က္ခိုင်အမျိုးသားအဖွဲ့ချုပ်၏ ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စစ်ကောင်စီတပ်သည် တိုက်ပွဲများတွင် ရှုံးတိုင်း ပြည်သူ လူထုအပေါ် အငြိုးအတေးကြီးများပြီး ရက်သက်သော လုပ်ရပ်များလုပ်နေသည်မှာ ဆယ်စုနှစ်ပေါင်းများစွာရှိနေပြီဖြစ်ကြောင်း၊ ရခိုပြည်နယ်အတွင်း ပြည်သူများအပေါ် စစ်ကောင်စီတပ်သည် ကုန်းလမ်း ရေလမ်း စစ်ဆေးရေးဂိတ်များဖွင့်ကာ ဖုန်း ဆိုင်ကယ် ကားများကို အကြောင်း အမျိုးမျိုးပြကာ စစ်ဆေးမှုများပြုလုပ်ပြီး လူဖမ်းပွဲကဲ့သို့ ညအချိန်မတော် ပြည်သူများကို အပြစ်မရှိ အပြစ်ရှာကာ ဖမ်းဆီးမှုများ ပြုလုပ်နေသည်ဟု သိရသည်။ (more…)
Read More
ရခိုင်ပြည်နယ်တွင် တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်သည့်အတွက် ပြည်သူများ စစ်ရေးသတိရှိကြရန် ရက္ခိုင့်တပ်တော် သတိပေး 

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်သည့်အတွက် ပြည်သူများ စစ်ရေးသတိရှိကြရန် ရက္ခိုင့်တပ်တော် သတိပေး 

RNA_ဇူလိုင်၁၉၊၂၀၂၂ခုနှစ်။ စစ်ကောင်စီတပ်၏ အမျိုးမျိုးသော လုပ်ဆောင်မှုများကြောင့် တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်သည့်အတွက် ပြည်သူများ စစ်ရေးသတိရှိကြရန် ရက္ခိုင့်တပ်တော် သတင်းနှင့်ပြန်ကြားရေးက ယနေ့ သတိပေးထုတ်ပြန်ထားသည်။ ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်၊ ဆောင်ပညာရွာနှင့် စံကားပင်ရင်း (ရခိုင်) ရွာ အကြား၌ ဇူလိုင်လ (၁၈)ရက်၊ နံနက် (၉) နာရီခန့်က မြန်မာစစ်တပ်နှင့်နယ်ခြားစောင့်တို့ပူးပေါင်းထားသောတပ်ဖွဲ့အား ရက္ခိုင့်တပ်တော်မှ တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားရာနေရာများသို့ စစ်ကူများကို ထပ်မံပို့ပေးခဲ့သောကြောင့် နံနက် (၁၀) နာရီ (၃၀) မိနစ် အချိန်တွင် မောင်တောမြို့နယ်၊ ဒုံးကုလားရွာနှင့် ဝက်ကျိန်းရွာ အကြား၌ လည်း တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။ (more…)
Read More
ယနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ် တပ်မ (၄၄) လက်အောက်ခံ ခလရ (၈) စစ်ကြောင်းမှ တပ်ရင်းမှူး ဒုတပ်ရင်းမှူးအပါအဝင် အများအပြားသေဆုံး

ယနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ် တပ်မ (၄၄) လက်အောက်ခံ ခလရ (၈) စစ်ကြောင်းမှ တပ်ရင်းမှူး ဒုတပ်ရင်းမှူးအပါအဝင် အများအပြားသေဆုံး

RNA_ဇူလိုင်၁၂၊၂၀၂၂ ခုနှစ်။ ကရင်ပြည်နယ်၊ KNU တပ်မဟာ (၆) နယ်မြေ၊ မြဝတီ - ဝေါ်လေ ကားလမ်းမပေါ်ရှိ သုံးထပ်​ကွေ့နှင့် သရက်တစ်ပင်ရွာကြား နေရာတစ်ခုတွင် စစ်ကောင်စီတပ် တပ်မ (၄၄) လက်အောက်ခံ ခလရ (၈) စစ်ကြောင်းနှင့် ကော်ဘရာ စစ်ကြောင်းတို့ ယနေ့တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်စစ်ကြောင်းက တပ်ရင်းဖွဲ့စည်းပုံပျက်လောက်သည်အထိ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး အပါအဝင် အရာရှိများ၊ တပ်သားအများအပြားသေဆုံးကြောင်း ကော်ဘရာစစ်ကြောင်းက ယနေ့ညပိုင်းတွင် ထုတ်ပြန်ထားသည်။ ယနေ့ တိုက်ပွဲတွင် ကော်ဘရာစစ်သည် (၃)ဦးသာ " ပွန်းပဲ့ဒဏ်ရာ " ရရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ် ခလရ (၈)မှ တပ်ရင်းမှူးအပါအဝင် အများအပြားသေဆုံးပြီး RPG အသီး -၂၆…
Read More