RNA_နိုဝင်ဘာ(၁၈)၊၂၀၂၆ခုနှစ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းရှိ အာဏာသိမ်းစစ်တပ်လက်အောက်ခံ ပျူများကို ဆက်သွယ်ကာ စားနပ်ရိက္ခာနှင့် အခြားပစ္စည်းများ ရောင်းဝယ်မှုဖြင့် ဒေသခံပြည်သူ (၄၇) ဦးကို ကလေးတောင်ပိုင်း ပြည်သူ့လုံခြုံရေးအဖွဲ့က (ပလဖ) က ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။
ဖမ်းဆီးစစ်ဆေးခံနေရသော (၄၇) ဦးသည် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ဟံသာဝတီရွာနှင့် မြောက်ခင်ရန်းရွာတို့ကို ကား၊ ဆိုင်ကယ်၊ ခြေလျင် စသည်တို့ဖြင့် စက်သုံးဆီအပါအဝင် စားနပ်ရိက္ခာနှင့် အခြားကုန်ပစ္စည်းများကို သွားရောက် ရောင်းဝယ်နေကြသူများဖြစ်ကြောင်း၊ စစ်ရေးလိုအပ်အချက်အရ ပြည်သူ့တော်လှန်ရေးအင်အားစုများက ပျူအများစုနေထိုင်ရာ ကျေးရွာများအား ရောင်းဝယ်ဖောက်ကားခြင်း အပါအဝင် ဆက်ဆံခြင်းများ မပြုလုပ်ရန် ၂၀၂၂ ခုနှစ်မှ စတင်ကာ တားမြစ်ထားကြောင်း ယောအလင်းတန်းထံမှ သိရသည်။
“အောက်တိုဘာ ၂၆၊၂၇၊၂၈၊၂၉ ရက်တွေမှာ စောင့်ဖမ်းတာပါ၊ သတင်းအရတော့ လူ ၅၀ ပေါ့၊ တကယ်ဖမ်းမိတာက ၄၇ ဦးဖမ်းမိပါတယ်၊ လိုအပ်တဲ့ စစ်ဆေးမှုတွေပြုလုပ်ဖို့ ထိန်းသိမ်းထားပါတယ်၊ နောက်ထပ် ဒီလိုဖြစ်စဥ်တွေထပ်မပေါ်လာစေဖို့ တင်းတင်းကြပ်ကြပ် အရေးယူဆောင်ရွက်သွားမှာပါ “ဟု ကလေးနယ်တောင်ပိုင်း ပလဖ တာဝန်ရှိသူတစ်ဦးကလည်း ယောအလင်းတန်းကို ပြောထားသည်။



ဓာတ်ပုံ : ပေးပို့ – ယောအလင်းတန်း
ပျူများနှင့် ဆက်သွယ်နေသည်ဟု သံသယရှိသူ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၄၇ ဦးကို အောက်တိုဘာ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ ၄ ရက်တာအတွင်း ကလေးတောင်ပိုင်းနှင့် ဂန့်ဂေါမြောက်ပိုင်း ဟံသာဝတီရွာကြား နေရာများတွင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး၊ နောက်နောင် အလားတူပြဿနာမပေါ်ပေါက်လာရေးအတွက် တင်းကြပ်စွာအရေးယူနိုင်ရေး ဆောင်ရွက်နေသည်ဟု ယောအလင်းတန်းထံမှ သိရသည်။
#RedNewsAgency #REDNEWS #RNA