Tag: ကျားဖြန့်
-

လူကုန်ကူးခံထားရသော (၇၀၀၀) ကျော်ကို ပြန်ခေါ်ကြရန် BGF မေတ္တာရပ်ခံ
RNA_ဖေဖော်ဝါရီ(၂၆)၊၂၀၂၅ခုနှစ်။မြဝတီဒေသအတွင်း ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်များတွင် လူကုန်ကူးခံထားရပြီး နေရပ်ပြန်လိုသော နိုင်ငံ (၂၈) နိုင်ငံမှ နိုင်ငံသား (၇၀၀၀) ကျော်ကို သက်ဆိုင်ရာနိုင်ငံများအလိုက် အမြန်ဆုံးပြန်လည်ခေါ်ယူကြရန် ယနေ့ မေတ္တာရပ်ခံထားသည်။“အိမ်ပြန်ချင်တဲ့ မိမိနိုင်ငံသားကို ကိုယ့်ရဲ့သားသမီးကဲ့သို့ သဘောထားပြီးတော့ ပြန်ပို့တဲ့ အချိန်မှာ အမြန်ဆုံး ပြန်လည်လက်ခံဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ကရင်နယ်ခြားစောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောကြားထားသည်။ -

Red News Agencyမှ တင်ဆက်သော သတင်းအစီအစဉ်
တော်လှန်ရေးအောင်မြင်ဖို့ နီးနေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောတဲ့ သတင်း၊ မကွေးလေတပ်က စက်တပ်လေထီး (Paramortor) နဲ့ ဒေသခံတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့သတင်း၊ ယင်းမာပင်ခရိုင်မှာ စစ်ကြောင်းထိုးမှုတွေ မရှိသလောက်ဖြစ်နေပြီဆိုတဲ့ သတင်းနဲ့ ကျားဖြန့်လုပ်ငန်းနဲ့ ဆက်စပ်ပြီး မြဝတီက ခေါ်ဆောင်သွားတဲ့ တရုတ် နိုင်ငံသား ၂၀၀ ခန့်ကိုနန်ကျင်းမြို့ရှိ အကျဉ်းစခန်းမှာ ထိန်းသိမ်းထားတယ်ဆိုတဲ့ သတင်းတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။
[embedyt] https://www.youtube.com/watch?v=lTZ9K3qHFiQ[/embedyt]
#RedNewsAgency #RedNews #RNA
-

ယနေ့ အတွက် Red News သတင်းများ
ပွင့်ဖြူမြို့နယ်က တိုက်ပွဲ၊ ကျားဖြန့် ကိစ္စ၊ လွတ်မြောက်နယ်မြေရရှိရေးကိစ္စ၊ ယူကရိန်း ရုရှား စစ်ပွဲ ကိစ္စများကို တင်ဆက်ပေးထားသည်။
Red News Agency
-

ကျားဖြန့်မှလွတ်လာသော တရုတ်နိုင်ငံသားများကို လေယာဉ်ဖြင့် ခေါ်ထုတ်
RNA_ဖေဖော်ဝါရီ(၂၀)၊၂၀၂၅ခုနှစ်။ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေကုက္ကို ကျားဖြန့်လုပ်ငန်းများအတွင်း လူကုန်ကူးခံထားရသော တရုတ်နိုင်ငံသားများကို ယနေ့ မြ၀တီမှဆင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ လေဆိပ်ကနေ တရုတ်အစိုးရက ပြန်လည်ခေါ်ထုတ်နေသည်။ရွှေကုက္ကို ကျားဖြန့်လုပ်ငန်းများအတွင်း လူကုန်ကူးခံရသော တရုတ်နိုင်ငံသားများအပါအဝင် နိုင်ငံခြားသားများကို BGF ကတဆင့် ပြန်လည်အပ်နှံကာ မြ၀တီမြို့တွင် ထောင်ကျော်ရှိနေကြောင်း၊ တရုတ်အစိုးရမှ တရုတ်နိုင်ငံသားများကို ယနေ့ စတင်ကာ ထိုင်း – မြန်မာ အမှတ် (၂) ချစ်ကြည်ရေး တံတားမှတဆင့် မဲဆောက်လေဆိပ်သို့ တိုက်ရိုက်လေယာဉ်ဖြင့် လာရောက်ခေါ်ထုတ်သွားခဲ့ကြောင်း သိရသည်။ -

ကျားဖြန့်နှင့်မူးယစ်ဆေးကို ပြတ်ပြတ်သားသားရှင်းလင်းမည်ဟု BGF ခေါင်းဆောင် စောချစ်သူပြော
RNA_ဖေဖော်ဝါရီ(၁၇)၊၂၀၂၅ခုနှစ်။ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF/KNA) နယ်မြေအတွင်းရှိ ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်သူများနှင့် မူးယစ်ဆေးကိစ္စကို ပြတ်ပြတ်သားသားရှင်းလင်းမည်ဟု BGF/KNA ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူက ယနေ့ မြဝတီမှာ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။ -

ယနေ့အတွက် သတင်း
RNA_ဖေဖော်ဝါရီ(၁၆)၊၂၀၂၅ခုနှစ်။
စစ်ကောင်စီတပ်ဂိတ်စခန်း (၃) ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့သတင်း၊ စစ်ကောင်စီတပ်က ကျေးရွာသားတွေကို လူသားဒိုင်းလုပ်တဲ့သတင်း၊ ရိုဟင်ဂျာတွေကို စစ်တွေပို့လိုက်တဲ့ သတင်း၊ လူကုန်ကူးခံရသူတွေ ထပ်ပြီးလွတ်လာဖို့ ရှိသတင်းများကို တက်ဆက်ပေးထားခြင်းဖြစ်သည်။
#RedNewsAgency #REDNEWS #RNA
-

နေရပ်ပြန်လိုသော ရွှေက္ကိုမှ နိုင်ငံခြားသားများကို BGF စာရင်းကောက်ရာ (၄၀၀) ခန့်ရရှိ
RNA_ဖေဖော်ဝါရီ(၁၅)၊၂၀၂၅ ခုနှစ်။
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေက္ကိုတွင် နေရပ်ပြန်လိုသည့် တရုတ်နိုင်ငံသားများ အပါအဝင် နိုင်ငံခြားသား ၄၀၀ ခန့် စာရင်းကောက်ယူရရှိထားပြီဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီလက်အောက်ခံ BGF ထိန်းချုပ်နယ်မြေ ရွှေကုက္ကိုရှိ ဟိုတယ်များ၊ ကာစီနိုများ၊ စားသောက်ဆိုင်နှင့် KTV များစသည့် အဆောက်အအုံများကို လက်နက်အပြည့်အစုံနှင့် BGF တပ်ဖွဲ့ဝင်များ ယနေ့ နံနက်ပိုင်းက နေရပ်ပြန်လိုသော နိုင်ငံခြားသားများကို ရှာဖွေမှုပြုလုပ်ရာတွင် နေရပ်ပြန်လိုသော နိုင်ငံခြားသား ၄၀၀ ခန့် ရရှိထားကြောင်း သိရသည်။
-

ယနေ့အတွက် Red News Agency မှ တင်ဆက်သော သတင်းများ
ယနေ့အတွက် Red News Agency မှ တင်ဆက်သော သတင်းများRNA_ဖေဖော်ဝါရီ(၁၃)၊၂၀၂၅ခုနှစ်။ရွှေကုက္ကိုက တရုတ်များ စက်သုံးဆီကို ရသလောက်ဝယ်ယူနေကြောင်း၊ တေးရေးဆရာ နိုင်မြန်မာအား ရည်စူးပြီး ကုသိုလ်ပြုလုပ်ပွဲ၊ စစ်ကောင်စီတပ်စစ်ကြောင်းတိုက်ခိုက်ခံရမှု သတင်း၊ ထိုင်းနိုင်ငံ၏ ခရီးသွားကဏ္ဍ တိုးတက်ဖို့အတွက် ကာစီနီုလောင်းကစား ဥပဒေမူကြမ်း အပြီးသတ်ရေးဆွဲနိုင်ခဲ့သည့် သတင်းစသည်တို့ကို တင်ပြထားသည်။#RedNewsAgency #RNA #rednews -

ကျားဖြန့်ကြောင့် ဖမ်းဆီးခံထားရသူ (၁၉) နိုင်ငံမှ (၂၆၀) ဦးကို DKBA က ထိုင်းအာဏာပိုင်ထံလွှဲအပ်
RNA_ဖေဖော်ဝါရီ(၁၂)၊၂၀၂၅ ခုနှစ်။
ကျားဖြန့်လုပ်ငန်းများတွင် ဖမ်းဆီးခံထားရပြီး စွန့်ပစ်ခံထားရသူ နိုင်ငံပေါင်း (၁၉) နိုင်ငံမှ (၂၆၀) ဦးအား DKBA က လမ်းစရိတ်အဖြစ် တစ်ဦးလျှင် ဘတ် ၃၀၀၀ နှုန်းလမ်းစရိတ်အဖြစ် ပေးကာ ထိုင်းအာဏာပိုက်များထံ ယနေ့ လွှဲအပ်ခဲ့ကြောင်း သိရသည်။
-

တပ်ခွဲမှူး နဂါးလေး(ခေါ်) ရဲဘော် နိုင်ထက်ဦး ကျဆုံးခဲ့ရသော သတင်းနှင့် ထူးခြားသတင်းများ
ဒီကနေ့ ပြောပြချင်တဲ့ သတင်းတွေကတော့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းက တပ်ခွဲမှူး နဂါးလေး(ခေါ်) ရဲဘော် နိုင်ထက်ဦး ကျဆုံးခဲ့ရတဲ့ သတင်း၊ ကျားဖြန့်လုပ်ငန်းတွေ ထွက်ခွါသွားကြဖို့ DKBA အမိန့်ထုတ်လိုက်တဲ့သတင်း၊ သစ်ရွက်တွေ၊ ပန်းအစစ်တွေနဲ့ ပုံပေါ်ထားတဲ့ “တော်လှန်ရေး လှေခါးထစ်များ” အနုပညာပြပွဲသတင်းနဲ့ အခြားစိတ်ဝင်စားဖွယ်သတင်းများကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။
#rednews #rednewsagency #rna #myanmar #revolution