ကျားဖြန့်မှလွတ်လာသော တရုတ်နိုင်ငံသားများကို လေယာဉ်ဖြင့် ခေါ်ထုတ်

RNA_ဖေဖော်ဝါရီ(၂၀)၊၂၀၂၅ခုနှစ်။
 
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေကုက္ကို ကျားဖြန့်လုပ်ငန်းများအတွင်း လူကုန်ကူးခံထားရသော တရုတ်နိုင်ငံသားများကို ယနေ့ မြ၀တီမှဆင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ လေဆိပ်ကနေ တရုတ်အစိုးရက ပြန်လည်ခေါ်ထုတ်နေသည်။
 
ရွှေကုက္ကို ကျားဖြန့်လုပ်ငန်းများအတွင်း လူကုန်ကူးခံရသော တရုတ်နိုင်ငံသားများအပါအဝင် နိုင်ငံခြားသားများကို BGF ကတဆင့် ပြန်လည်အပ်နှံကာ မြ၀တီမြို့တွင် ထောင်ကျော်ရှိနေကြောင်း၊ တရုတ်အစိုးရမှ တရုတ်နိုင်ငံသားများကို ယနေ့ စတင်ကာ ထိုင်း – မြန်မာ အမှတ် (၂) ချစ်ကြည်ရေး တံတားမှတဆင့် မဲဆောက်လေဆိပ်သို့ တိုက်ရိုက်လေယာဉ်ဖြင့် လာရောက်ခေါ်ထုတ်သွားခဲ့ကြောင်း သိရသည်။

 
ကျားဖြန့်အတွင်း ဖမ်းဆီးခံထားရသူများ ယနေ့အချိန်ထိ ရှိသေးကြောင်း၊ BGF လက်ထဲတွင်လည်း ပြန်အပ်ရန် လူကုန်ကူးခံရသူများရှိကြောင်း၊ BGF လက်အတွင်း ကျားဖြန့်၌ ပါဝင်နေသော တရားခံများရှိကြောင်း၊ တရားခံ အကြီးစားများသည် ရွှေကုက္ကို ကျားဖြန့်လုပ်ငန်းများအတွင်း နေထိုင်ခြင်းမရှိသည့်အတွက် အောက်ခြေ မန်နေဂျာအဆင့်လောက်ဖမ်းဆီးရမိသူများရှိသည်ဟု BGF ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားသည်။
Red News Agency
By RNA Editor