နေရပ်ပြန်လိုသော ရွှေက္ကိုမှ နိုင်ငံခြားသားများကို BGF စာရင်းကောက်ရာ (၄၀၀) ခန့်ရရှိ

RNA_ဖေဖော်ဝါရီ(၁၅)၊၂၀၂၅ ခုနှစ်။

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေက္ကိုတွင် နေရပ်ပြန်လိုသည့် တရုတ်နိုင်ငံသားများ အပါအဝင် နိုင်ငံခြားသား ၄၀၀ ခန့် စာရင်းကောက်ယူရရှိထားပြီဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်ခံ BGF ထိန်းချုပ်နယ်မြေ ရွှေကုက္ကိုရှိ ဟိုတယ်များ၊ ကာစီနိုများ၊ စားသောက်ဆိုင်နှင့် KTV များစသည့် အဆောက်အအုံများကို လက်နက်အပြည့်အစုံနှင့် BGF တပ်ဖွဲ့ဝင်များ ယနေ့ နံနက်ပိုင်းက နေရပ်ပြန်လိုသော နိုင်ငံခြားသားများကို ရှာဖွေမှုပြုလုပ်ရာတွင် နေရပ်ပြန်လိုသော နိုင်ငံခြားသား ၄၀၀ ခန့် ရရှိထားကြောင်း သိရသည်။

ရွှေကုက္ကိုတွင် ပိတ်မိနေသော နိုင်ငံခြားသားများတွင် နှိပ်စက်ခံရသူများရှိကြောင်း၊ ယနေ့ ကောက်ယူသော စာရင်းတွင် အမည်နေရပ် လိပ်စာများအပါအဝင် ထိုင်းနိုင်ငံတွင်း ရောက်ရှိလာသော အခြေအနေ၊ အလုပ်လုပ်ရန် ချိတ်ဆက်ဆောင်ရွက်မှုအခြေအနေ၊ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်မှုပြုလုပ်နေသည့်အခြေအနေ၊ လုပ်ငန်းခွင်အတွင်း နှိပ်စက်ခံရမှုအခြေအနေစသည့် အချက် (၈) ချက်ကိုလည်း ကောက်ယူခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ : အောင်ဗလ
#RedNewsAgency #REDNEWS #RNA #BGF

By RNA Editor