RNA_ဖေဖော်ဝါရီ(၁၇)၊၂၀၂၅ခုနှစ်။
ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF/KNA) နယ်မြေအတွင်းရှိ ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်သူများနှင့် မူးယစ်ဆေးကိစ္စကို ပြတ်ပြတ်သားသားရှင်းလင်းမည်ဟု BGF/KNA ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူက ယနေ့ မြဝတီမှာ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ရွှေကုက္ကိုအတွင်း ကာစီနီုများ၊ KTV နှင့်အခြားလုပ်ငန်းများကို ဝင်ရောက်စီးနင်းပြီး တရုတ်နိုင်ငံသားများအပါအဝင် နိုင်ငံခြားသားများကို စာရင်းကောက်ကာ စစ်ကောင်စီထံလွှဲပြောင်းလိုက်သည့်အတွက် လူကုန်ကူးခံရသူများ မြဝတီကို ရောက်ရှိကာ တရုတ်၊ ထိုင်၊ မြန်မာစစ်ကောင်စီတာဝန်ရှိသူများ လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
DKBA နှင့် BDF က ကျားဖြန့်လုပ်ငန်းများအတွင်းမှ လူကုန်ကူးခံရသူများကို ပြန်လည်လွှတ်ပေးမှုများရှိနေသော်လည်း ကျန်ရှိနေသူများရှိနေသေးကြောင်း၊ ကျားဖြန့်ခေါ်ဆောင်တစ်ဦးတစ်ယောက်ကိုမှ ဖမ်းမိခြင်းမရှိသေးကြောင်း၊ ဘုရားသုံးဆူတွင် ကျားဖြန့်လုပ်ကိုင်ဆောင်ရွက်သူများကို မြေငှါးခြင်း လက်နက်ကိုင်များက လုံခြုံရေးယူပေးခြင်းများရှိနေသည်ဟု သိရသည်။