Tag: ကယားပြည်နယ်

  • စစ်ကောင်စီတပ် ခလရ (၁၃၅) စခန်းတခုကို ကရင်နီကွန်မန်ဒိုတပ်ဖွဲ့မှ သိမ်းပိုက်

    စစ်ကောင်စီတပ် ခလရ (၁၃၅) စခန်းတခုကို ကရင်နီကွန်မန်ဒိုတပ်ဖွဲ့မှ သိမ်းပိုက်

    RNA_မတ်(၁၇)၊၂၀၂၃ ခုနှစ်။
     
    သံလွင်အရှေ့ခြမ်းရှိ စစ်ကောင်စီတပ် ခလရ (၁၃၅) ရှေ့တန်းတပ်စခန်းတခုကို မတ်လ (၁၆) ရက်နေ့ ညနေ ၅ နာရီမှ ၆ နာရီအတွင်း ကရင်နီကွန်မန်ဒိုတပ်ဖွဲ့မှ ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။
     
    စစ်ကောင်စီတပ် ခလရ (၁၃၅) ရှေ့တန်းတပ်စခန်းတခုကို သိမ်းပိုက်စဉ် စစ်ကောင်စီတပ်သား အလောင်း (၃) လောင်းတွေ့ရှိရပြီး၊ လက်နက်မျိုးစုံ (၆)နှင့် ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း၊ စခန်းအထိုင်တပ်သားတချို့ထွက်ပြေးသွားကြကြောင်း သိရသည်။
     
    #RedNewsAgency

  • ကရင်နီတပ်မတော် စခန်းတခုကို သိမ်းပိုက်ရန်ကြိုးစားသည့် စစ်ကောင်စီတပ် အထိနာပြီး တပ်ဆုတ်သွား

    ကရင်နီတပ်မတော် စခန်းတခုကို သိမ်းပိုက်ရန်ကြိုးစားသည့် စစ်ကောင်စီတပ် အထိနာပြီး တပ်ဆုတ်သွား

    RNA_မတ်(၁၂)၊၂၀၂၃ ခုနှစ်။

    ကရင်နီပြည် ဆိုတရှားမြို့နယ်တွင်ရှိသည့် ကရင်နီတပ်မတော် တပ်ရင်း(၃) စခန်းတခုကို စစ်ကောင်စီတပ်မှ တပ်ရင်း (၃) ရင်းပေါင်းပြီး အင်အားအများအပြားဖြင့် သိမ်းပိုက်ရန် ရန်ကြိုးစားခဲ့သော်လည်း အထိနာပြီး တပ်ဆုတ်သွားကြောင်း သိရသည်။

    ကရင်နီ-ထိုင်း နယ်စပ်အမှတ်(၈)နှင့် (၉)အကြားတွင်ရှိသည့် ကရင်နီတပ်မတော် ရင်း(၃)၏ တပ်စခန်းတစ်ခုအား သိမ်းပိုက်ရန် စစ်ကောင်စီတပ် ခမရ-၃၃၇၊ ခမရ – ၃၃၄နှင့် ခမရ-၅၁၉ တပ်ရင်း(၃)ရင်းမှ ပူးပေါင်းကာ မတ်လ (၁၁) ရက်နေ့ နံနက် (၁၁)မှ ညနေ (၆) နာရီထိ ပစ်ခတ်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်ဟု KnIC ကသတင်းထုတ်ပြန်ထားသည်။

    (more…)

  • ဒေါသဲရွာအတွင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၁၄) ဦးသေဆုံး

    ဒေါသဲရွာအတွင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၁၄) ဦးသေဆုံး

    RNA_မတ်(၁၁)၊၂၀၂၃ ခုနှစ်။

    ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုအရှေ့ခြမ်း ဒေသဲရွာအတွင်း စစ်ကောင်စီတပ်နှင့် KA၊ KNDF ပူးပေါင်းတပ်တို့ ရင်ဆိုင်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၁၄) ဦးသေဆုံးကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

    ဒေါသဲရွာအတွင်း စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ရင်ဆိုင်တိုက်ပွဲကို မတ်လ (၁၀) ရက်နေ့က ကရင်နီတပ်မတော် KA၊ KNDF ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

    (more…)

  • တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တပ်ခွဲမှူး (၁) ဦးအပါအဝင် (၅) ဦးဖမ်းခံရပြီး (၆) ဦးသေဆုံး

    တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တပ်ခွဲမှူး (၁) ဦးအပါအဝင် (၅) ဦးဖမ်းခံရပြီး (၆) ဦးသေဆုံး

    RNA_ဖေဖော်ဝါရီ(၂၀)၊၂၀၂၃ ခုနှစ်။

    ဘောလခဲမြို့နယ်၊ ဟွေ့မာကော်နှင့် ဟွေခွန်းမောင်းကျေးရွာအကြား လက်နက်ခဲယမ်းနှင့် ရိက္ခာများသယ်ပို့နေသည့် စစ်ကောင်စီတပ် ခလရ (၅၄) မှ အင်အား (၃၀) ခန့်ပါ စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး တပ်ခွဲမှူး(၁)ဦးအပါအဝင် (၅) ဦးအရှင်ဖမ်းခံရပြီး (၆) ဦးသေဆုံးကြောင်း သိရသည်။

    ကရင်နီတပ်မတော်(KA)၊ ကရင်နီကွန်မန်ဒိုတပ်ဖွဲ့မှ ဦးစီး၍ ကရင်နီတပ်မတော် အမှတ်(၁)တပ်ရင်း၊ ကရင်နီတပ်မတော်အမှတ် (၅) တပ်ရင်းနှင့် KNDFတို့ ပါဝင်သော ပူးပေါင်းတပ်ဖွဲ့က ဖေဖော်ဝါရီလ (၁၉) ရက်နေ့က တိုက်ခိုက်ခဲ့ကြောင်း၊ အရှင်ဖမ်းမိသူများနှင့်အတူ MA လက်နက်မျိုးစုံ (၁၀)လက်နှင့် ကျည်ဆံ၊ ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

    (more…)

  • Justice-PDF ရဲဘော် (၄) ဦး ကျဆုံးခြင်း အထိမ်းအမှတ်ပြုလုပ်

    Justice-PDF ရဲဘော် (၄) ဦး ကျဆုံးခြင်း အထိမ်းအမှတ်ပြုလုပ်

    RNA_ဖေဖော်ဝါရီ(၁၈)၊၂၀၂၃ ခုနှစ်။

    ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်အစပ် မိုးဗြဲမြို့မှ နန်းမယ်ခုံမြို့နယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ခုခံတိုက်သည့် မိုးဗြဲတိုက်ပွဲတွင် ကျဆုံးခဲ့ရသည့် Justice-PDF ရဲဘော် ရဲလင်း၊ ရဲဘော် ငွေပု၊ ရဲဘော် မောင်ညို၊ ရဲဘော် ဝိုင်းချစ်တို့၏ တနှစ်ပြည့်အမှတ်တရ ရဲဘော်များက ပြုလုပ်ခဲ့ကြောင်း သိရသည်။

    ရဲဘော်များ ကျဆုံးခြင်း တနှစ်ပြည့်အထိမ်းအမှတ်အဖြစ် ရဲဘော်များ၏ အုတ်ဂူများကို ပြုပြင်မွန်းမံခြင်းနှင့် ဦးညွတ်အလေးပြုခြင်း၊ ဘုန်း‌တော်ကြီးကျောင်းတွင် ရဲဘော်များအတွက် ရည်စူး ဆွမ်းကပ်ခ့င်း၊ အလှူများပြုလုပ်ခြင်း စသည်တို့ပြုလြပ်ခဲ့ကြောင်း Justice-PDF ကထုတ်ပြန်ထားသည်။

    (more…)

  • အိမ်စီးကားတစီး မိုင်းနင်းမိပြီး (၄) ဦးသေ (၂) ဦးဒဏ်ရာပြင်းထန်

    အိမ်စီးကားတစီး မိုင်းနင်းမိပြီး (၄) ဦးသေ (၂) ဦးဒဏ်ရာပြင်းထန်

    အိမ်စီးကားတစီး မိုင်းနင်းမိပြီး (၄) ဦးသေ (၂) ဦးဒဏ်ရာပြင်းထန်
     
    RNA_ဖေဖော်ဝါရီ(၅)၊၂၀၂၃ ခုနှစ်။
     
    ကယားပြည်နယ်၊ လွိုင်ကော်မြို့မှ ထွက်လာသည့် Ipsum အဖြူရောင် အိမ်စီးကားတစီး ဇရပ်ဖြူကျေးရွာအကျော်လမ်းတွင် ယနေ့ နေ့လည် (၂) နာရီဝန်းကျင်က မိုင်းနင်းမိပြီး ကားပေါ်ပါသူ အမျိုးသား (၄) ဦးသေဆုံးကာ အမျိုးသား (၂) ဦးအပြင်းအထန် ဒဏ်ရာရရှိသွားကြောင်း သိရသည်။
     
    မိုင်းနင်းမိသည့်ကားမှာ တစစီဖြစ်သွားပြီး အလောင်းများမှာလည်း ရုပ်ပျက်သွားသည်အထိ ထိခိုက်ပျက်စီးသွားကြောင်း၊ လွိုင်ကော်ဆေးရုံသို့ ရွှေလွိုင်ကော်အသင်းမှ Dead Body-၃လောင်း နှင့် အသက်ရှင်သောလူနာ-၁ဦး၊ Dead Body- ၁ လောင်းနှင့် အသက်ရှင်လူနာ- ၁ဦးအား ရွှေညောင်ပင် ပရဟိတအသင်းမှ ပို့ဆောင်ပေးခဲ့သည်ဟု ရွှေလွိုင်ကော် (ကယား) ပရဟိတအသင်းမှ အသိပေးထားသည်။
    [embedyt] https://www.youtube.com/watch?v=J4eYjQqKJ9M[/embedyt]
     
    ကားမိုင်းနင်းမိပြီး သေဆုံးသွားသူများမှာ ကိုအောင်စိုးမိုး၊ ကိုထွန်းမင်းလတ်၊ ကိုစိန်မင်း (အသက် ၄၁နှစ်) တို့၏ အမည်များသာသိရပြီး အသက်ရှင်သောလူနာ၂ဦးနှင့် သေဆုံး ကျား-၁ ၏ အမည် /လိပ်စာ စုံစမ်း၍မရသေးကြောင်း ရွှေလွိုင်ကော် (ကယား) ပရဟိတ အသင်းက အသိပေးထားသည်။
     
    #RedNewsAgency

  • စခန်းသိမ်းတိုက်ပွဲတွင် နက်လက်ခဲယမ်း အများအပြားသိမ်းဆည်းရမိ

    စခန်းသိမ်းတိုက်ပွဲတွင် နက်လက်ခဲယမ်း အများအပြားသိမ်းဆည်းရမိ

    RNA_ဇန်နဝါရီ(၂၁)၊၂၀၂၃ ခုနှစ်။

    ကရင်နီ(ကယား)ပြည်၊ ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာအနီးရှိ မယ်စလောင်းတောင်ကုန်းပေါ်တွင် အခိုင်အမာတပ်ချထားသော စစ်ကောင်စီတပ်စခန်းကို KNDF၊PDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်း ပိုက်ရာလက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့သည်။

    မယ်စလောင်းတောင်ကုန်းပေါ်ရှိ စစ်ကောင်စီ တပ်စခန်းအား ဇန်နဝါရီလ (၂၀)ရက် ၊ နံနက် (၇း၅၀) မှ (၉) နာရီ (၃၀) မိနစ်ဝန်းကျင်အထိ Karenni Commando၊ KA၊ KNDF B(15)၊ KNDF B(16)၊ KNDF B (09)၊ Loikaw PDF၊ DMO PDF တို့ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး၊ နယ်မြေရှင်းလင်းစဉ် စစ်ကောင်စီတပ်သား (၅) ဦးသေဆုံးပြီး၊ ကျန်တပ်သားနှင့် အရာရှိများ ထွက်ပြေးကြကြောင်း KNDF က ထုတ်ပြန်ထားသည်။

    (more…)

  • ရဲဘော်များ စစ်တိုက်ထွက်မည်ဖြစ်သည့်အတွက် ကျည်ဆံဖိုးများ လှူဒါန်းနိုင်

    ရဲဘော်များ စစ်တိုက်ထွက်မည်ဖြစ်သည့်အတွက် ကျည်ဆံဖိုးများ လှူဒါန်းနိုင်

    RNA_ဇန်နဝါရီ (၁၀)၊၂၀၂၃ ခုနှစ်။
     
    ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ်စပ်မှာ အခြေချပြီး စစ်ကောင်စီတပ်ကို လက်နက်ကိုင်တိုက်ခိုက်နေသည့် မြို့ပြတော်လှန်ရေးတပ်ဦး – Urban Revolutionary Front – URF ရဲဘော်များအနေဖြင့် တိုက်ပွဲအတွက် ပြင်ဆင်ပြီးဖြစ်သည့်အတွက် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန်ထွက်မည်ဖြစ်သည့်အတွက် ကျည်ဆံဖိုးများ လှူဒါန်းနိုင်ကြောင်း သိရသည်။
    မြို့ပြတော်လှန်ရေးတပ်ဦးအနေဖြင့် လက်နက်အင်အားမှာလည်း တပ်ဖွဲ့ရင်အရေအတွက်၏ တဝက်သာရှိသည့်အတွက် စစ်မြေပြင်ကို ရဲဘော်အားလုံး ထွက်ဖို့ အဆင်မပြေကြောင်း၊ ယခု ရှေ့တန်းထွက်မည့် ရဲဘော်များအတွက် ကျည်ဆံဖိုးများကို အနည်းအများပေါ်မူမတည်ပဲ တက်နိုင်သမျှ https://t.me/URF_Urban_Revolutionary_Front  မှာ လာရောက်လှူဒါန်းနိုင်ကြောင်း အသိပေးထားသည်။

    (more…)

  • သေးဆူးလဲတိုက်ပွဲတွင် ကျဆုံးခဲ့ရသည့် ရဲဘော်ဒို ဈာပန ပြုလုပ်

    သေးဆူးလဲတိုက်ပွဲတွင် ကျဆုံးခဲ့ရသည့် ရဲဘော်ဒို ဈာပန ပြုလုပ်

    RNA_ဒီဇင်ဘာ ( ၃)၊၂၀၂၂ ခုနှစ်

    ကရင်နီပြည်(ကယား)၊ ဒီးမော့ဆိုမြို့နယ်၊ သေးဆူးလဲတိုက်ပွဲအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ် (၅) မှ ကျဆုံးခဲ့သည့် ရဲဘော်ဒို ဈာပနအခမ်းအနားကို ဒီဇင်ဘာ (၁) ရက်နေ့က ပြုလုပ်ခဲ့သည်။

    ကရင်နီပြည် အမျိုးသားကာကွယ်ရေးတပ်နှင့် ဒေသခံမဟာမိတ် တပ်ပေါင်းစု တပ်ဖွဲ့များက သေးဆူးလဲရွာအနီးဝန်ကျင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်သည့် နိုဝင်ဘာလ (၂၉) ရက်နေ့ တိုက်ပွဲတွင် ရဲဘော်ဒို ကျဆုံးခဲ့ရသည်။

    (more…)

  • ကရင်နီပြည်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သေဆုံးမှု ၁၆၁၈ ကျော်ရှိ

    ကရင်နီပြည်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သေဆုံးမှု ၁၆၁၈ ကျော်ရှိ

    RNA_နိုဝင်ဘာ(၁၉)၊၂၀၂၂ ခုနှစ်။
     
    မင်းအောင်လှိုင်ဦးဆောင်သည့်စစ်တပ် အကြမ်းဖက်အာဏာသိမ်းပြီးနောက် ကယား (ကရင်နီ) ပြည်နယ်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က သေဆုံးသူ ၁၆၁၈ ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။
    ဓာတ်ပုံ – KNDF_Bo 1- ရဲဘော်များလေ့ကျင့်နေမှု မြင်ကွင်း။
     
    ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ ၂၀၂၂ ခုနှစ် အောက်တိုဘာလ (၃၁) ရက်နေ့အထိ ကရင်နီပြည်တွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲပေါင်း ၅၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၁၆၁၈ ဦး သေဆုံးခဲ့သည်ဟု တိုးတက်သော ကရင်နီပြည်သူ့အင်အားစု – PKPF ကထုတ်ပြန်ထားသည်။

    (more…)