ကရင်နီပြည်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သေဆုံးမှု ၁၆၁၈ ကျော်ရှိ

Written by

in

RNA_နိုဝင်ဘာ(၁၉)၊၂၀၂၂ ခုနှစ်။
 
မင်းအောင်လှိုင်ဦးဆောင်သည့်စစ်တပ် အကြမ်းဖက်အာဏာသိမ်းပြီးနောက် ကယား (ကရင်နီ) ပြည်နယ်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က သေဆုံးသူ ၁၆၁၈ ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – KNDF_Bo 1- ရဲဘော်များလေ့ကျင့်နေမှု မြင်ကွင်း။
 
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ ၂၀၂၂ ခုနှစ် အောက်တိုဘာလ (၃၁) ရက်နေ့အထိ ကရင်နီပြည်တွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲပေါင်း ၅၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၁၆၁၈ ဦး သေဆုံးခဲ့သည်ဟု တိုးတက်သော ကရင်နီပြည်သူ့အင်အားစု – PKPF ကထုတ်ပြန်ထားသည်။

ဓာတ်ပုံ – KNDF_Bo 1- ရဲဘော်များလေ့ကျင့်နေမှု မြင်ကွင်း။
ဓာတ်ပုံ – KNDF_Bo 1- ရဲဘော်များလေ့ကျင့်နေမှု မြင်ကွင်း။
ဓာတ်ပုံ – KNDF_Bo 1- ရဲဘော်များလေ့ကျင့်နေမှု မြင်ကွင်း။
ဓာတ်ပုံ – KNDF_Bo 1- ရဲဘော်များလေ့ကျင့်နေမှု မြင်ကွင်း။
စစ်ကောင်စီတပ်ဘက်က အာဏာသိမ်းချိန်မှစပြီး ၂၀၂၂ ခုနှစ်အောက်တိုဘာ ၃၁ ရက်နေ့အထိ လေကြောင်း တိုက်ခိုက်မှု ၁၇၃ ကြိမ်ပြုလုပ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်လုပ်ရပ်ကြောင့် ဘာသာရေးအဆောက်အဦ ၂၇ လုံး၊ နေအိမ် ၁၂၄၇ လုံးပျက်စီးသွားကြောင်း၊ တိုက်ပွဲများအတွင်း လက်နက်ကိုင်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၈၃ ဦးကျဆုံးခဲ့ကြပြီး၊ အရပ်သားပြည်သူ ၂၈၂ ဦးနှင့် စစ်ဘေးရှောင်နေစဉ် ၉၇ ဦး သေဆုံးခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
Red News Agency