Tag: ကယားပြည်နယ်
-

စစ်ဘေးရှောင်များခိုလှုံနေသည့် ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်
RNA_နိုဝင်ဘာ(၁၄)၊၂၀၂၂ ခုနှစ်။စစ်ဘေးရှောင်များ ခိုလှုံနေမှန်းသိနေသည့် ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကုန်းဆွတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း စစ်ကောင်စီတပ်က ယမန်နေ့ (နိုဝင်ဘာ ၁၃ ရက်) နံနက် ၈ နာရီဝန်းကျင်က လက်နက်ကြီးပစ်ခတ်သည့်အတွက် စစ်ဘေးရှောင်အမျိုးသမီး ၂ ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။ကရင်နီပြည်တွင်း စစ်ကောင်စီတပ်သည် စစ်ဘေးရှောင်များခိုလှုံနေသည့် ခရစ်ယာန်ဘုရားကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းများ၊ ဒုက္ခသည်စခန်းနှင့် ကျေးရွာများအတွင်း ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ပြုလုပ်နေသည်။၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့အထိ ကရင်နီပြည်တွင် စစ်ကောင်စီတပ်က အရပ်သားပြည်သူ (၂၈၂) ဦးနှင့် စစ်ဘေးရှောင်သေဆုံးမှု (၉၇) ဦး သတ်ဖြတ်ခဲ့ကြောင်း၊ လေကြောင်းတိုက်ခိုက်မှု (၁၇၃) ကြိမ်ရှိကြောင်း၊ ဘာသာရေးအဆောက် အဦ (၂၇) လုံးနှင့် နေအိမ်အဆောက် အဦ (၁၂၄၇) လုံး ပျက်စီးခဲ့ရပြီး ပြည်သူ (၂၈၀) ဝန်းကျင် ဖမ်းဆီးခံထားရသည်ဟု တိုးတက်သော ကရင်နီပြည်သူ့အင်အားစု – PKPF က ထုတ်ပြန်ထားသည်။#RedNewsAgency -

ရိက္ခာပို့သည့် စစ်ကောင်စီတပ် အဖွဲ့ဝင် ၅ ဦးကို ကြားဖြတ်တိုက်ခိုက်ရာ ဗိုလ်အဆင့်တဦးအပါအဝင် (၃) ဦးသေဆုံး
RNA_နိုဝင်ဘာ(၁၄)၊၂၀၂၂ ခုနှစ်။ကယား (ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့နယ် ၊ လောပိတမြို့ရှိ စစ်ကောင်စီခြေကုပ်စခန်းကို ရိက္ခာပို့သွားသည့် အရပ်ဝတ်များဖြင့် စစ်ကောင်စီတပ်က အဖွဲ့ဝင် (၅) ဦးကို KNDF B (10) ရဲဘော်များက ယမန်နေ့ ( နိုဝင်ဘာ ၁၃ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်)က ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ဗိုလ်အဆင့် တဦးအပါအဝင် ၃ ဦးသေဆုံးသွားကြောင်း သိရသည်။
-

စစ်ကြောင်းမူး စောအယ်လ်ဘက်အဲလ်ပေါ နင်းမိုင်းထိပြီး ကျဆုံး
RNA_စက်တင်ဘာ (၂၅)၊၂၀၂၂ခုနှစ်။
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ ခေါက်ပလော့ကျေးရွာ၌ အကြမ်းဖက် စစ်ကောင်စီတပ်ထောင်ထားသည့် နင်းမိုင်းထိပြီး စက်တင်ဘာလ (၂၄) ရက်နေ့က ၁၁၀၇ တပ်ရင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်ကြောင်း (၁) စစ်ကြောင်းမူး စောအယ်လ်ဘက်အဲလ်ပေါ ကျဆုံးခဲ့ရကြောင်း ၁၁၀၇ တပ်ရင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ထုတ်ပြန်ထားသည်။
ကယားပြည်နယ် ( ကရင်နီပြည်)၊ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (DMO-Local PDF)သည် အကြမ်းဖက်စစ်ကောင်စီ(စစ်အာဏာရှင်)တပ်ဖွဲ့နှင့် တိုက်ပွဲ(၁၅၆)ကြိမ်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲစတင်ဖြစ်ပွားသည့်အချိန်မှစ၍ သြဂုတ်လအထိ ပြည်သူ့ကာကွယ်ရေးတပ်မှ ကျဆုံးသွားသော ရဲဘော် (၃၅)ဦးရှိကြောင်း၊ စက်တင်ဘာလ (၉)ရက်နေ့မှ (၂၅)ရက်နေ့အထိ ရဲဘော် (၄)ဦး ထပ်မံကျဆုံးခဲ့ရသည့်အတွက် ရဲဘော် (၃၉)ဦးထိ ကျဆုံးခဲ့ရကြောင်း DMO-Local PDFက ယနေ့ ထုတ်ပြန်ထားသည်။
Red News Agency
-

ရဲမေ မဇယ်ရာမီးနာ (အသက်(၁၈)နှစ်) မိုင်းနင်းမိပြီး ကျဆုံး
RNA_စက်တင်ဘာ၂၀၊၂၀၂၂ခုနှစ်။
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဆောင်ဒူရွာသစ်ကျေးရွာ ရှေ့တန်းသို့ ဆေးကုရန် ဦးလေးဖြစ်သူနှင့် သွားပြီး ပြန်လာနေစဉ် ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF) တပ်ရင်း(K)မှ ဆေးမှူးတာဝန်ထမ်းဆောင်ခဲ့သော ရဲမေ မဇယ်ရာမီးနာ (အသက်(၁၈)နှစ်သည်) စက်တင်ဘာလ(၁၈)နေ့ ညနေ(၄)နာရီအချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ကျေးရွာအတွင်း ထောင်ထားသောမိုင်း နင်းမိ၍ ကျဆုံးခဲ့ရကြောင်း သိရသည်။
ရဲမေ မဇယ်ရာမီးနာသည် စစ်ကောင်စီတပ် ကျေးရွာအတွင်းထောင်ထားသည့် မိုင်းနင်းမိပြီး ကျဆုံးခဲ့ရပြီး အတူသွားလာခဲ့သည့် ဦးလေးဖြစ်သူ ဦးပေါလူခွန်း အသက်(၅၀)နှစ်သည် ဘယ်လက်နှင့် ဘယ်ခြေထောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်ဟု DMO-Local PDF က ယနေ့ထုတ်ပြန်ထားသည်။
-

ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီတပ်က ပြည်သူ (၂) ဦးကို ရက်ရက်စက်စက်သတ်ပြီး မြေမြှပ်ထားခဲ့
RNA_စက်တင်ဘာ(၁၇)၊၂၀၂၂ခုနှစ်။
ကရင်နီ (ကယား)ပြည်၊ ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်းထိုးလာသည့် စစ်ကောင်စီတပ်က ဒေသခံပြည်သူ (၂) ဦးကို ရက်ရက်စက်စက်သတ်ဖြတ်ပြီး အလောင်းမြေမြှပ်ထားခဲ့ရာ KNDF -BO 6 ရဲဘော်များက ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
” စခတွေကို ဖထွေးတော်ချင်တဲ့သူတွေက စခကကောင်းပါတယ် ပြန်နေရင်ဘာမှ မဖြစ်ဘူး ငါတို့ကိုတောင် ကော်ဖီတိုက်သေးတယ် ပြောဆိုစည်းရုံးတော့ ရွာသားအနည်းစုက အဟုတ်ထင်ပြီးပြန်နေကြတယ်။ စက်တင်ဘာ ၁၄ ရက်က စခတွေ စစ်ကြောင်းထိုးတော့ KNDF တပ်ရင်းအမှတ်၆ နဲ့ တိုက်ပွဲ ၁နာရီ မိနစ် ၃၀ ကြာ ဖြစ်ပွားခဲ့တယ်။ စခဘက် အထိနာရှိတော့ ရွာအတွင်း မြေလှန်နင်းရှာဖွေရင်း ရွာတွင်းရှိ ပြည်သူနှစ်ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့ပါတယ်။ ပြန်လည်တူးဖော်တွေ့ရှိချက်အတိုင်း ပြောရရင် လူမဆန်စွာ နှိပ်စက်ပြီး သတ်ဖြတ်ကြောင်း တွေ့ရတယ်။ စခတွေကောင်းကြောင်းပြောပြီး စခနှင့်အတူပြန်နေဖို့ ပြောတဲ့သူတွေ ဘယ်လိုတာဝန်ယူမလဲ” ဟု ဒေသခံ ရဲဘော်တဦးက ပြောကြားထားသည်။

-

စနိုက်ပါ (Sniper) အဖွဲ့၏ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့မှ (၄) ဦးသေ
RNA_ဩဂုတ်၁၈၊၂၀၂၂ခုနှစ်။
ကရင်နီပြည်၊ ဒီးမော့ဆိုခရိုင်၊ ဖရူဆိုမြို့နယ်၊ ဆိုလာလူးရွာအနီး တိုက်ပွဲတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေး စနိုက်ပါ ( Sniper) အဖွဲ့သားများ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၄) ဦးသေဆုံးခဲ့သည်။

“ဖရူဆိုမြို့နယ် ၊ ဆိုလာလူးရွာအနီးတွင် တပ်စွဲထားသောရန်သူစခများအား အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးSniper အဖွဲ့ ၊ KNDF Sniper အဖွဲ့ ၊ Loikaw PDF Sniper အဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ပါသည်၊ ပူးပေါင်းအဖွဲ့၏တိုက်ခိုက်မှုကြောင့် ( ၃ ) ရက်အတွင်းရန်သူစခ ( ၄ ) ကောင်သေဆုံးခဲ့ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆိုလာလူးရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို ဩဂုတ် (၁၄) ရက်နေ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က (၁) ဦးသေပြီး၊ ဩဂုတ် (၁၆) ရက်နေ့က ပစ်ခတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား (၃) ဦး သေဆုံးခဲ့ကြသည်။
Red News Agency
-

ဖမ်းဆီးခံလိုက်ရသည့် မိုးဗြဲPDF ရဲဘော် ကျဆုံးလျှက် တွေ့ရှိ
RNA_မတ်၃၊၂၀၂၂ခုနှစ်။
မိုးဗြဲPDF လင်းယုန်တပ်ခွဲမှ ရဲဘော်မောင်ဘဲတို မတ်လ ၂ ရက်နေ့က စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်း ခံခဲ့ရပြီး ယနေ့တွင် ရင်ဘက် ဓားစိုက်ထားပြီး ညှင်းပန်းနှိပ်စက်ခံရကာ ကျဆုံးနေသည်ကို ရဲဘော်များ ပြန်တွေ့ရှိရကြောင်း သိရသည်။

Photo: KGY စစ်ကောင်စီတပ်သည် တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် ပြည်သူအပါအဝင် ရဲဘော်များကို ညှင်းပန်းနှိပ်စက် သတ်ဖြတ်နေပြီး၊ စစ်ကောင်စီတပ် ထိုးစစ်ဆင်သည့် ကျေးရွာနှင့် မြို့တို့ကို အလုံးစုံပျက်သုဉ်းရေးအတွက် မီးရှို့ခြင်း၊ မြင်မြင်သမျှ ပစ်ခတ်သတ်ဖြတ်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။
Red News Agency
-

ယနေ့ မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီတပ်က (၄၀) ဦးထက်မနည်း သေဆုံးဟု ထုတ်ပြန်
ယနေ့ မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီတပ်က (၄၀) ဦးထက်မနည်း သေဆုံးဟု ထုတ်ပြန်
RNA_ဖေဖော်ဝါရီ ၁၉၊၂၀၂၂ ခုနှစ်။
ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့အနီး ဝါှရီဆူးပလိုင်၊ လေဝိုး၊ ဝီသဲကူး(မြောက်ရွာ)တို့တွင် ယနေ့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က အရာရှိ တပ်သားပါအဝင် (၄၀) ဦးထက်မနည်း သေဆုံစခဲ့သည်ဟု မြေပြင်သတင်းအရ DMO-PDF ကထုတ်ပြန်ထားသည်။
” အကြမ်းဖက်စစ်ကောင်စီဘက်မှ စစ်ကား(၃)စီးပျက်ဆီးခဲ့ပြီး အရာရှိအရာခံအပါအဝင် (၄၀)ဦးထက်မနည်းသေဆုံးခဲ့ဟု မြေပြင်သတင်းအရသိရသည်။ အထိနာခဲ့သောအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် ခမရ ၄၂၂ တပ်၊ ခမရ ၅၄တပ်မှ လက်နက်ကြီး ပစ်ကူခဲ့သလို ညနေ(၄)နာရီဝန်ကျင်ခန့်တွင် တိုက်လေယာဉ် ၂ စီး၊ ညနေ (၅)နာရီအချိန်တွင် တိုက်လေယာဥ် (၂)စီး စုစုပေါင်း (၄)စီးဖြင့် (၉)ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ (more…)
-

ကရင်နီပြည်နယ် KGZ-Army က တပ်မဟာ (၅) ထပ်မံဖွဲ့စည်းကာ အင်အားဖြည့်
RNA_ဖေဖော်ဝါရီ ၃ ရက်၊ ၂၀၂၂ ခုနှစ်။

တိုက်ပွဲပြင်းထန်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြည်နယ်၏ ၉၀ ရာခိုင်နှုန်း ထိန်းချုပ်ထားသည့် ကရင်နီပြည်နယ် (ကယား)တွင် Karenni Generation Z ( KGZ-Army)က အင်အားဖြည့်သည့်အနေဖြင့် တပ်မဟာ (၅) ကို ထပ်မံဖွဲ့စည်းလိုက်နိုင်ပြီဟု ယနေ့ အသိပေးလာသည်။

Red News Agency
-

ကရင်နီပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ်အတွင်း စစ်ကောင်စီ အုပ်ချုပ်ရေး ၉၀ ရာခိုင်နှုန်း ရပ်တန့်
RNA_ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၂ ခုနှစ်။
ကရင်နီ (ကယား)ပြည်နယ်၌ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ်အတွင်း စစ်ကောင်စီအုပ်ချုပ်ရေး ၉၀ ရာခိုင်နှုန်းအထိ ရပ်တန့်သွားပြီဖ့စ်ကြောင်း ယနေ့တွင် ကရင်နီ အမျိုးသားကာကွယ်ရေးတပ် -KNDF က ထုတ်ပြန်ထားသည်။
ကရင်နီပြည်နယ် အဝင် အထွက် လမ်းကြောင်းအားလုံးနီးပါးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားသည့်အတွက် စစ်ကောင်စီတပ်အတွက်လက်နက်နှင့် ရိက္ခာကို ထောက်ပို့လေယာဉ် အသုံးပြုနေရကြောင်း၊ တပြည်နယ်လုံးရှိ ကျေးရွာ (၇၀၀) ကျော်တွင် ရွာလုံးကျွတ် စစ်ဘေးရှောင်ရွာမှအပ ကျေးရွာပေါင်း (၄၀၀) ခန်းတွင် စာသင်ကျောင်း၊ ဆေးပေးခန်းများကို ပြည်သူများက ကိုယ်ထူကိုယ်ထ စီမံအုပ်ချုပ်မှုဖြင့် လည်ပတ်နိုင်ပြီဖြစ်ကြောင်း သိရသည်။
Red News Agency