Tag: ကယားပြည်နယ်

  • လေကြောင်းသုံးပစ်ခတ်သည့်နေ့က ဒဏ်ရာရရှိခဲ့သည့် ကျောင်းဆရာ တော်လှန်ရေးရဲဘော် ကျဆုံး

    လေကြောင်းသုံးပစ်ခတ်သည့်နေ့က ဒဏ်ရာရရှိခဲ့သည့် ကျောင်းဆရာ တော်လှန်ရေးရဲဘော် ကျဆုံး

    RNA_ဇန်နဝါရီ ၂ ရက်၊ ၂၀၂၂ ခုနှစ်။

    ငွေတောင်ဆည်အနီးတိုက်ပွဲတွင် စစ်ကောင်စီတပ် လေကြောင်းမှ ပစ်ခတ်ခဲ့သည့်တိုက်ပွဲတွင် ဒဏ်ရာရရှိခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကျောင်းဆရာ တော်လှန်ရေးသမား ရဲဘော် ဟင်နရီ ယနေ့ နံနက်တွင်ကျဆုံးသွားပြီ ဖြစ်ကြောင်း သိရသည်။

    ” ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်‌နေ့တိုက်ပွဲအတွင်း ဒဏ်ရာပြင်းထန်စွာရရှိခဲ့သော မိမိတို့ရဲဘော်တစ်ဦး ဆေးကုသမှုခံယူနေစဥ် ကျဆုံးခဲ့ပါသည်။ အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရင်း ဖက်ဒရယ် ဒီမိုကရေစီအရေးတော်ပုံအတွက် အသက်ပေးသွားသော ရဲဘော်အား KNDF မှ အမျိုးသားအာဇာနည်သူရဲကောင်းအဖြစ် လေးစားအသိမှတ်ပြု သမိုင်းမှတ်တမ်းတင်အပ်ပါသည်” ဟု KNDF သတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့ ထုတ်ပြန်ထားသည်။

    ဒဏ်ရာရရှိပြီး ဆေးကုသမှုခံယူနေစဉ် ကျဆုံးခဲ့ရသည့် ပြည်သူ့ သူရဲကောင်း ရဲဘောင်သည် ယခင်က ကျောင်းဆရာ တာဝန်ထမ်းဆောင်ခဲ့ပြီး၊ နွေဦးတော်လှန်ရေးကာလ လက်နက်ဆွဲကိုင်ကာ တိုက်ပွဲဝင်ခဲ့သူဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ကဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ဆည်အနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်က (၃၀) ဝန်းကျင် သေဆုံးနိုင်ပြီး၊လွိုင်ကော် PDF ရဲဘော် (၈) ဦး၊ ဒီးမော့ဆို PDF ရဲဘော် (၅) ဦး တဦးပြင်းထန် ဒဏ်ရာများရရှိခဲ့သလို မဟာမိတ်အဖွဲ့များဖြစ်သည့် KA ၊မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ KNDF၊ KGZ စသည့် ပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

    Red News Agency

  • DMO-PDF နှင့်မဟာမိတ်များ ဒီးမော့ဆို မြို့မရဲစခန်းကို တိုက်ခိုက် 

    DMO-PDF နှင့်မဟာမိတ်များ ဒီးမော့ဆို မြို့မရဲစခန်းကို တိုက်ခိုက် 

    RNA_ဇန်နဝါရီ ၁ ရက်၊ ၂၀၂၂ ခုနှစ်။

    ကရင်နီပြည် (ကယား) ဒီးမော့ဆို မြို့မရဲစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို (DMO-PDF)နှင့် မဟာမိတ်ပူး​ပေါင်းတပ်ဖွဲ့ဝင်များနှင့် ယနေ့ သွား​ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ယနေ့ ဒီးမော့ဆို မြို့မရဲစခန်းတိုက်ပွဲနှင့် ငွေ​တောင်အုပ်စုဘက်မှ ထိုးစစ်ဆင်လာ​သော စစ်​ကောင်စီတပ်ဖွဲ့နှင့် ‌ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲအတွင်း စစ်ကောင်သီဘက်က အကျအဆုံးများနိုင်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဒဏ်ရာရရှိခဲ့သူများရှိကြောင်း၊ စစ်ကောင်စီတပ်က လက်နက်ကြီးများအသုံးပြု ပစ်ခတ်ခဲ့ကြောင်း DMO-PDF က ထုတ်ပြန်ထားသည်။

    ပြီးခဲ့သည့်နေ့ ငွေတောင်ဆည်အနီးတိုက်ပွဲမှာ စစ်ကောင်စီတပ် အထိနာပြီး တိုက်လေယာဉ် (၂) စီးအသုံးပြု ပစ်ခတ်ခဲ့သေည်လည်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များမှာ ဒဏ်ရာရရှိသူများသာရှိပြီး စစ်ကောင်စီတပ်က (၃၀) ဝန်းကျင်သေဆုံးနထုင်သည်ဟု ထုတ်ပြန်ထားကြကြောင်း၊ ယနေ့တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ပွဲပြင်းထန်ခဲ့သည့် ငွေတောင်ဆည်အနီးတဝိုက် နယ်မြေရှင်းလင်းရေး လုပ်နေကြကြောင်း သိရသည်။

    Red News Agency

  • လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံကာကွယ်ရေးအဖွဲ့ ထိခိုက်ဒဏ်ရာရရှိ

    လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံကာကွယ်ရေးအဖွဲ့ ထိခိုက်ဒဏ်ရာရရှိ

    RNA_ဒီဇင်ဘာ ၃၁ ရက်၊ ၂၀၂၁ ခုနှစ်။

    ကရင်နီးပြည် (ကယား) ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ဆည်အနီး ယနေ့ နံနက်ပိုင်းမှစတင်ကာ စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်းခဲ့ပြီး စစ်ကောင်စီတပ်လေကြောင်း ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    ဓာတ်ပုံ : ယနေ့ ငွေတောင်ဆည်အနီးတိုက်ပွဲ လေကြောင်း ပစ်ခတ်မှုကြောင့် ဒဏ်ရာရ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များကို ဆေးတပ်ဖွဲ့က သယ်ယူနေစဉ် _ CJ။

    အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် ( DMO- PDF) ၊ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့၊ လွိုင်ကော် PDF ၊ KGZ၊ KNDF နှင့် အခြား မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ယနေ့ နံနက် (၉) နာရီမှစတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီတပ် အထိနာပြီး လက်နက်ကြီး ပစ်ကူယူသလို ဂျက်ဖိုက်တာ တိုပ်လေယာဉ် ၂ စီးဖြင့် ညနေ ၃ နာရီ ၄၀ မိနစ်အချိန်မှစတက်ကာ မိနစ် (၂၀) ကြာ လာရောက်တိုက်ခိုက်ခဲ့ကြောင်း DMO- PDF ကထုတ်ပြန်ထားသည်။

    ယနေ့ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က အသေအဆုံးရှိသော်လည်း အတိအကျမသိရသေးကြောင်း၊ ညနေပိုင်းအထိ တိုက်ပွဲမပြီးသေးကြောင်း၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းမဟာမိတ်အဖွဲ့မှလည်း ဒဏ်ရာရရှိသူများရှိသော်လည်း အတိအကျ မသိရသေးကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

    Red News Agency

  • အမျိုးသမီးနှင့် ကလေးငယ်အပါအဝင် မီးရှို့သတ်ခံရသူ (၃၅) ဦး ဈာပန ပြုလုပ်

    အမျိုးသမီးနှင့် ကလေးငယ်အပါအဝင် မီးရှို့သတ်ခံရသူ (၃၅) ဦး ဈာပန ပြုလုပ်

    RNA_ဒီဇင်ဘာ ၂၉ ရက်၊ ၂၀၂၁ ခုနှစ်။

    ကရင်နီပြည်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီး အရှင်လတ်လတ် မီးရှို့သတ်ခံရသည့် အမျိုးသမီးနှင့် ကလေးငယ်အပါအဝင် ပြည်သူ (၃၅) ဦး၏ ကျန်ရစ်သည့် အလောင်းများကို ဒေသခံပြည်သူများနှင့် ကရင်နီပြည်သူ့ကာကွယ်ရေတပ် ရဲဘော်များက သင်္ဂြိုဟ်ပေးခဲ့ကြောင်း သိရသည်။

    မိုဆိုကျေးရွာအနီး စစ်ဘေးရှောင်ရန် ထွက်ခွါလာသည့် ပြည်သူ (၃၅) ဦးကို စစ်ကောင်စီတပ် တပ်မ (၂၂) လက်အောက်ခံ၊ ခမရ (၁၀၈) တပ်ဖွဲ့အပါအဝင် စစ်ကောင်စီတပ်သားများက ဒီဇင်ဘာလ ၂၄ ရက်နေ့က ကြိုးတုပ် ကားများပေါ်တင်ကာ အရှင်လတ်လတ် မီးရှို့သတ်ခဲ့ကြခြင်း ဖြစ်သည့်အတွက် ဒေသခံအဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများက ယင်းဖြစ်ရပ်အတွက် စစ်ကောင်စီတပ်ကို အရေးယူနိုင်ရေး ဆောင်ရွက်နေကြကြောင်း သိရသည်။

    စစ်ကောင်စီတပ်၏ ဖရူဆို မြို့နယ်အတွင်းက လူအစုလိုက် အပုံလိုက် သတ်ဖြတ်ခံရသည့် ခိုင်လုံသည့် သတင်းများရထားကြောင်း၊ ဖရူဆိုဖြစ်ရပ်အပါအဝင် တနိုင်ငံလုံးက အရပ်သား ပြည်သူများအပေါ် ပစ်မှတ်ထား ခိုက်ခိုက်မှုတွေကို ရှုတ်ချကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ နှင့် အရေးပေါ်အကူအညီပေးရေးဌာန အကြီးအကဲ မာတင်ဂရစ်ဖစ်ကလည်း ပြောကြားထားသည်။

    Photo: CJ

    Red News Agency

  • နွေဦးတော်လှန်ရေးကာလ ကရင်နီပြည်မှာ ၁၈၇ ဦး ကျဆုံးခဲ့ရ

    နွေဦးတော်လှန်ရေးကာလ ကရင်နီပြည်မှာ ၁၈၇ ဦး ကျဆုံးခဲ့ရ

    RNA_ဒီဇင်ဘာ ၂၈ ရက်၊ ၂၀၂၁ ခုနှစ်။

    မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၂၆ ရက်နေ့အထိ ကရင်နီ (ကယား) ပြည်မှာ KNDF/PDF ပြည်သူ စုစုပေါင်း (၁၈၇) ဦး ကျဆုံးခဲ့ရကြောင်း တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစုက ထုတ်ပြန်ထားသည်။

    ဓာတ်ပုံ: နိုဝင်ဘာလ ၂၅ ရက်နေ့က ကျဆုံးခဲ့သည့် KNDF ရဲဘော် (၄) ဦး ဈာပန မြင်ကွင်း CJ ။

    စစ်ကောင်စီ၏ ဖမ်းဆီး ပစ်ခတ် ညှင်းပန်း သတ်ဖြတ်မှုစသည်တို့ကြောင့် နွေဦးတောင်လှန်ရေးလာက ကရင်နီပြည် သပိတ်တိုက်ပွဲတွင် (၂) ဦး၊ စစ်ဘေးရှောင်စဉ် ( ၁၁) ဦး၊ အရပ်သားပြည်သူ ( ၁၃၃) ဦး၊ KNDF/PDF စသည့် လက်နက်ကိုင်တိုက်ပွဲဝင်သူ (၄၁) ဦး ကျဆုံးခဲ့ရကြောင်း၊ မြို့နယ်အားဖြင့် ဒီးမော့ဆို ( ၉၈) ဦး၊ လွိုင်ကော် (၂၄) ဦး၊ မိုးဗြဲ (၈) ဦး၊ ဖယ်ခုံ (၁၅) ဦး၊ ဘောလခဲ (၂) ဦး၊ ဖရူဆို (၄၀) ဦးတို့ ကျဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

     

    အာဏာသိမ်း စစ်တပ်၏ ဖမ်းဆီး၊ ပစ်ခတ်၊ သတ်ဖြတ်မှုကြောင့် တနိုင်ငံလုံးအတိုင်းအတာဖြင့် ဒီဇင်ဘာလ ၂၆ ရက်နေ့အထိ ကျဆုံးခဲ့ရသူ (၁၃၇၇) ဦးရှိကြောင်း AAPP က ကောက်ယူရရှိထားသည့်စာရင်းကို ထုတ်ပြန်ထားပြီး ယခုစာရင်းထက် ပိုများနိုင်ကြောင်း သိရသည်။

    ဓာတ်ပုံ: နိုဝင်ဘာလ ၂၅ ရက်နေ့က ကျဆုံးခဲ့သည့် KNDF ရဲဘော် (၄) ဦး ဈာပန မြင်ကွင်း CJ ။

    Red News Agency

  • DMO-PDF တပ်ရင်း (j) တပ်သားသစ် အခြေ​ခံစစ်သင်တန်း​ ပြီးဆုံး

    DMO-PDF တပ်ရင်း (j) တပ်သားသစ် အခြေ​ခံစစ်သင်တန်း​ ပြီးဆုံး

    RNA_ဒီဇင်ဘာ ၁၉ ရက်၊ ၂၀၂၁ ခုနှစ်။

    အမျိုးသားညီညွတ်​ရေးအစိုးရ လမ်းညွှန်မှု​အောက်ရှိ ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို(DMO-PDF) တပ်ရင်း (j) တပ်သားသစ် အခြေ​ခံစစ်သင်တန်း​ကို ယနေ့တွင် အောင်မြင်စွာပြီးဆုံးကြောင်း ဓာတ်ပုံများနှင့်တကွ DMO-PDF ထုတ်ပြန်ထားသည်။

    Red News Agency

  • ယနေ့ တိုက်ပွဲ (၂) ခုတွင် စစ်ကောင်စီတပ်သား (၇) ယောက်သေ၊ ကရင်နီတပ်မတော်က တဦးကျ

    ယနေ့ တိုက်ပွဲ (၂) ခုတွင် စစ်ကောင်စီတပ်သား (၇) ယောက်သေ၊ ကရင်နီတပ်မတော်က တဦးကျ

    RNA_ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၂၁ ခုနှစ်။

    ကရင်နီ (ကယား) ပြည် ဒီးမော့ဆိုမြို့နယ်နှင့် လွိုင်ကော်မြို့နယ်အတွင်း ကရင်နီတပ်မတော် (KA) နှင့် KNDF တို့ တိုက်ခိုက်မှုကြောင့် ယနေ့ စစ်ကောင်စီတပ်သား (၇) ယောက်သေပြီး (၈) ယောက်နီးပါး ဒဏ်ရာရရှိသွားပြီး၊ ကရင်နီတပ်မတော် (KA)က ရဲဘော် တဦးရျဆုံးခဲ့ကြောင်း သိရသည်။

    ကရင်နီတပ်မတော် (KA) နှင့် KNDF တို့မှ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးအရှေ့ဘက်၊ ကနန်းကွယ်ရွာ နှင့် ရေကန်ရွာ အကြားတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၄) ယောက်သေပြီး (၄) ယောက်ဒဏ်ရာရရှိသွားကြောင်း၊ ဒီးမော့ဆိုမြို့နယ်၊ ၆ မိုင်ကျေးရွာအုပ်စု၊ ဝပ်လထွားကျေးရွာအတွင်း ကင်းပုန်းစောင့်နေသော အကြမ်းဖက်စစ်ကောင်စီတပ်များကို ယနေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်ဝန်းကျင်က တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ‌၄ ဦးသေပြီး ၅ ဦးဒဏ်ရာရှိကြောင်း KNDF က ယနေ့ ထုတ်ပြန်ထားသည်။

    စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော် (KA)၊ KNDF တို့တိုက်ပွဲပြင်းထန်ခဲ့ပြီး ကရင်နီတပ်မတော် (KA)က ရဲဘော်တဦး ကျဆုံးခဲ့ရကြောင်း၊ ဒဏ်ရာရရှိခဲ့သူ နှစ်ဦးရှိကြောင်း သိရသည်။

    Red News Agency

  • ဒီးမော့ဆို အရှေ့ဖက်ခြမ်းက စစ်ရှောင်တွေရဲ့ အခြေအနေ

    ဒီးမော့ဆို အရှေ့ဖက်ခြမ်းက စစ်ရှောင်တွေရဲ့ အခြေအနေ

    အားလုံးရဲ့ အိမ်မက်ဟာ အိမ်ပြန်ရဖို့ပါပဲ။ ကိုယ်ရှောင်ရှားနေရတဲ့ အန္တရာယ်ကြီးက အိမ်ဘေးမှာ ရှိနေတာကို ဘယ်သူကများ နေရဲမှာလဲ။ အားလုံးက တော့ရွာမှာ မနေရဲပေမယ့် တစ်ချို့ကတော့ ရွေ့ပြောင်းဖို့သယ်ယူ ပို့ဆောင်ဖို့ ခက်ခဲနေတဲ့ စစ်ရှောင်အချို့ကတော့ ရွာထဲမှာ ခေတ္တစောင့်ဆိုင်းရင်း တစ်ခြားဘေးလွှတ်ရာကို ပြောင်းရွေ့ဖို့ လုပ်နေကြရ

    July Phyo

    ဒီးမော့ဆို အရှေ့ဖက်ခြမ်းက စစ်ရှောင်တွေရဲ့ အခြေအနေကို ကျနော် ဆက်သွယ်သိထားရသလောက် ပြောပြချင်ပါတယ်။ဒီးမော့ဆို အရှေ့ဖက်ခြမ်းမှာ ဇွန်လ ၁၇ ရက်နေ့က စပြီး စစ်ကောင်စီတွေ ကအင်အားအများအပြားနဲ့ ရောက်လာပြီး ထီးဖိုးကလိုး ရွာမှာ တပ်ဆွဲပါတယ်။ အပစ်ရပ်လို့ ရွာပြန်နေကြတဲ့ အရှေ့ဖက်ခြမ်း စစ်ရှောင်တွေက နောက်တစ်ကြိမ် ကပြာကယာ ပဲ တောထဲကို ပြန်ထွက်ပြေးခဲ့ကြရပါတယ်။

    ဇွန်လ ၁၉ ရက်နေ့မှာ ရွာထဲကို ပက်မွှေပြီး အိမ်တွေထဲ ဝင်မွှေပါတယ်။ ပစ္စည်းတွေ ယူသွားပါတယ်။ တစ်ချို့ ကွန်ပျူတာ အချို့တောင်ပါသွားပါတယ်။ ရွာမှာ ကျန်ခဲ့တဲ့ တိရိစ္ဆာန် အချို့ကလည်း သူတို့ ဟင်းအိုးထဲရောက်နိုင်ပါတယ်။ ဇွန်လ ၁၉ ရက်နေ့မှာပဲ ထီးဖိုးကလိုး ရွာ အနီးဝန်ကျင်မှာ ရှိတဲ့ စစ်ရှောင်စခန်းဆီကို စစ်ကောင်စီ တပ်တွေ ရောက်လာပြီး စစ်ရှောင်တွေအတွက် ဆေးကုသမှု ပေးတဲ့ အထိုင်ဆေးခန်းကို ဝင်ပြီး တပ်ဆွဲလိုက်ပါတယ်။ အထိုင်ဆေးခန်းကို ရွာထဲမှာ လုပ်ထားချင်ပေမယ့် စစ်ကောင်စီ တပ်တွေရဲ့ အန္တရာယ် ကိုကြောက်လို့ တောထဲမှာ လာဖွင့်ထားခဲ့ရတာ ဖြစ်ပါတယ်။ အဲ့ဒီမှာ စစ်တပ်ဟာ နေရာဝင်ယူလိုက်ပြီး စစ်ရှောင်အချို့ကို ရေခပ်ခိုင်းတာ ထမင်းချက်ခိုင်းတာတွေ ခိုင်းပါတယ်။ စစ်ရှောင်တွေ ကို ရွာပြန်ခိုင်းပါတယ်။

    Photo: CJ

    (more…)