ယင်းမာပင်ခရိုင်

BNRA အဖွဲ့မှ ထုတ်ပေးသော လက်နက်များ ပကဖထံ အပ်နှံရမည်

BNRA အဖွဲ့မှ ထုတ်ပေးသော လက်နက်များ ပကဖထံ အပ်နှံရမည်

RNA_ဖေဖော်ဝါရီ(၁၉)၊၂၀၂၆ခုနှစ်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်း ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် - BNRA မှ ထုတ်ပေးထားသည့် လက်နက်များကိုင်ဆောင်သည့် ရဲဘော်များအနေဖြင့် မိမိတို့နေထိုင်ရာ ခရိုင်/မြို့နယ် ပကဖ အဖွဲ့များထံသို့ ချိတ်ဆက်၍ ဆက်စပ်ပစ္စည်းများကို လာရောက်အပ်နှံရန် ယနေ့ (ဖေဖော်ဝါရီ ၁၉ ရက်) ယင်းမာပင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။ BNRA အဖွဲ့အစည်းမှ ထုတ်ပေးထားသော လက်နက်များနှင့် ဆက်စပ်ပစ္စည်းများကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ဖျောက်ဖျက်ထားခြင်း၊ ဖျက်စီးခြင်းများ မပြုလုပ်ကြရန်နှင့် ပြုလုပ်သူများ စစ်ဆေးပေါ်ပေါက်ပါက ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (more…)
Read More
ဗိုလ်နဂါး နှင့် BNRA တပ်ဖွဲ့ဝင်များ ဆင်မပိုအိစံ သတ်ဖြတ်မှုအပါအဝင် (၇) မှုဖြင့် တိုင်တန်းခံထားရကြောင်း NUG ပြည်ထဲရေးဌာနမှ အရေးပေါ်သတင်းထုတ်ပြန်

ဗိုလ်နဂါး နှင့် BNRA တပ်ဖွဲ့ဝင်များ ဆင်မပိုအိစံ သတ်ဖြတ်မှုအပါအဝင် (၇) မှုဖြင့် တိုင်တန်းခံထားရကြောင်း NUG ပြည်ထဲရေးဌာနမှ အရေးပေါ်သတင်းထုတ်ပြန်

RNA_ဖေဖော်ဝါရီ(၁၈)၊၂၀၂၆ခုနှစ်။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် အခြေစိုက်၊ BNRA ခေါင်းဆောင် ဗိုလ်နဂါးနှင့် BNRA တပ်ဖွဲ့ဝင်များသည် ဆင်မပိုးအိစံအား သတ်ဖြတ်ခုတ်ထစ်မီးရှို့မှု၊ အမျိုးသမီးငယ် (၂) ဦးအား သက်ငယ်မုဒိမ်းမှု၊ ပကဖ ရဲဘော် (၁၀) ဦးအား ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း၊ နှိပ်စက်ခြင်း၊ မုဒိမ်းကျင့်ရန်ကြံစည်သည်ဟု စွပ်စွဲကာ လူသတ်၊ အလောင်းဖျောက်သည့်အမှုအပါအဝင် အမှု (၇) မှုဖြင့် တိုင်တန်းခံထားရသူဖြစ်ကြောင်း ယနေ့ (ဖေဖော်ဝါရီလ ၁၈ ရက်) ညပိုင်းတွင် NUG ပြည်ထဲရေးဌာနမှ အရေးပေါ်သတင်းထုတ်ပြန်ထားသည်။ တိုင်တန်းခံထားရသည့်အတွက် ဗိုလ်နဂါးအး ယင်းမာပင် ပလဖစခန်း (ပ) ၈၉/၂၀၂၄ ရာဇသတ်ကြီးပုဒ်မ ၃၅၃၊ ပုလဲ ပလဖစခန်း (ပ) ၃/၂၀၂၆ ရာဇသတ်ကြီးပုဒ်မ…
Read More
တော်လှန်ရေးအဖွဲ့အချင်းချင်း တိုက်ခိုက်မှုသည် တော်လှန်ရေးကို သွေဖီနေသည်ဟု နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု အဖွဲ့ဝင် GZA ပြော

တော်လှန်ရေးအဖွဲ့အချင်းချင်း တိုက်ခိုက်မှုသည် တော်လှန်ရေးကို သွေဖီနေသည်ဟု နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု အဖွဲ့ဝင် GZA ပြော

RNA_ဖေဖော်ဝါရီ(၁၈)၊၂၀၂၆ခုနှစ်။ MOD ဗဟိုစစ်ရုံးချုပ်ညွှန်ကြားချက်ဖြင့် MOD လက်အောက်ခံတပ်များ BNRA စခန်းကို တိုက်ခိုက်ခြင်းသည် အထူးသဖြင့် လက်နက်ခဲယမ်း ရှားပါး၍ ချွေတာနေရသည့် တော်လှန်ရေးကာလတွင် ရန်သူကိုတိုက်မည့်အစား တော်လှန်ရေးအဖွဲ့အချင်းချင်း ကျည်ဖြုန်းတီးနေခြင်းဖြစ်သလို တော်လှန်ရေးကို သွေဖီနေခြင်းဖြစ်သည်ဟု နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု အဖွဲ့ဝင် Generation Z Army မှ ယနေ့ ထုတ်ပြန်ပြောကြားထားသည်။ ဗိုလ်နဂါးဦးဆောင်သော BNRA ဂိတ် (၃) ခုကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် MOD ဗဟိုစစ်ရုံးချုပ်ညွှန်ကြားချက်ဖြင့် MOD လက်အောက်ခံ တပ်သား ထောင်ဂဏန်းထက်သာလွန်အင်အားဖြင့် တပ်ဖြန့်လာခဲ့ကြောင်း၊ BNRA ဂိတ် ၃ ခုကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့…
Read More
အင်းတော်မြို့သိမ်းတိုက်ပွဲပြန် ABSDF ရဲဘော်များအား ပြည်သူများမှ အောင်သပြေများဖြင့် ကြိုဆို

အင်းတော်မြို့သိမ်းတိုက်ပွဲပြန် ABSDF ရဲဘော်များအား ပြည်သူများမှ အောင်သပြေများဖြင့် ကြိုဆို

RNA_ဧပြီ(၂၃)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲမှ ပြန်လာသည့် ABSDF အမှတ် ၃ စစ်ကြောင်း၊ အမှတ် ၁၄ တပ်ရင်းရှိ ရဲဘော်များအား ပြည်သူများမှ အောင်သပြေပန်းများဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်ဟု ယနေ့ အသိပေးထားသည်။ (more…)
Read More
M7 People’s Defense Force ဘဏ္ဍာရေးမှူးတာဝန်ထမ်းဆောင်ခဲ့သော မင်းသွေးသစ်ကို ယင်းမာပင်ခရိုင် တပ်ရင်းအမှတ်(၂၀)တွင် ဖမ်းဆီးထား

M7 People’s Defense Force ဘဏ္ဍာရေးမှူးတာဝန်ထမ်းဆောင်ခဲ့သော မင်းသွေးသစ်ကို ယင်းမာပင်ခရိုင် တပ်ရင်းအမှတ်(၂၀)တွင် ဖမ်းဆီးထား

RNA_မတ်(၁၀)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်းအခြေစိုက်၊ M7 People's Defense Force တွင် ဘဏ္ဍာရေးမှူးတာဝန်ထမ်းဆောင်ခဲ့သော မင်းသွေးသစ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် (၂၀) တွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။ M7 People's Defense Force တွင် မင်းသွေးသစ် ဘဏ္ဍာရေးမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ်က ယင်းမာပင်ခရိုင် တပ်ရင်း ၃၈ အဖြစ် တရားဝင် မဖြစ်သေးကြောင်း၊ ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၂၀ (YOMA YAR ZAR)မှ ၂၀၂၄ ခုနှစ် နိုဝင်ဘာ (၁၀) ရက်နေ့က ဖမ်းဆီးခဲ့သည့်အတွက် (၄) ပြည့်ပြီဟု မင်းသွေးသစ်နှင့် နီးစပ်သူ တစ်ဦးက…
Read More
မြို့ပေါ်က စစ်ကောင်စီတပ်ကို PDF ရဲဘော်များ ပိတ်ဆို့ထား

မြို့ပေါ်က စစ်ကောင်စီတပ်ကို PDF ရဲဘော်များ ပိတ်ဆို့ထား

RNA_ဖေဖော်ဝါရီ(၂၅)၊၂၀၂၅ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့ပေါ်က စစ်ကောင်စီတပ်ကို PDF တပ်ဖွဲ့များ ပိတ်ဆို့ထားသည်ဟု ကျားသစ်နက်တပ်မတော် တာဝန်ခံ ကိုဥက္ကာက ပြောကြားထားသည်။ #RedNewsAgency #RedNews #RNA
Read More
Red News Agencyမှ တင်ဆက်သော သတင်းအစီအစဉ်

Red News Agencyမှ တင်ဆက်သော သတင်းအစီအစဉ်

တော်လှန်ရေးအောင်မြင်ဖို့ နီးနေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောတဲ့ သတင်း၊ မကွေးလေတပ်က စက်တပ်လေထီး (Paramortor) နဲ့ ဒေသခံတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့သတင်း၊ ယင်းမာပင်ခရိုင်မှာ စစ်ကြောင်းထိုးမှုတွေ မရှိသလောက်ဖြစ်နေပြီဆိုတဲ့ သတင်းနဲ့ ကျားဖြန့်လုပ်ငန်းနဲ့ ဆက်စပ်ပြီး မြဝတီက ခေါ်ဆောင်သွားတဲ့ တရုတ် နိုင်ငံသား ၂၀၀ ခန့်ကိုနန်ကျင်းမြို့ရှိ အကျဉ်းစခန်းမှာ ထိန်းသိမ်းထားတယ်ဆိုတဲ့ သတင်းတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ #RedNewsAgency #RedNews #RNA
Read More
ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် ယင်းမာပင်ခရိုင် ဗျူဟာ (၄၂) မှ ရဲဘော် (၇၇) ဦးပါဝင် တိုက်ပွဲဝင်ခဲ့

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် ယင်းမာပင်ခရိုင် ဗျူဟာ (၄၂) မှ ရဲဘော် (၇၇) ဦးပါဝင် တိုက်ပွဲဝင်ခဲ့

RNA_အောက်တိုဘာ(၉)၊၂၀၂၄ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် ယင်းမာပင်ခရိုင် ဗျူဟာ (၄၂) မှ ရဲဘော် (၇၇) ဦးပါဝင်တိုက်ပွဲဝင်ခဲ့ပြီး ရဲဘော် (၅) ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဗျူဟာ (၄၂) တာဝန်ရှိသူများထံမှ သိရသည်။ ပင်လည်ဘူးမြို့သိမ်းစစ်ဆင်ရေးအတွက် ယင်းမာပင်ခရိုင် ဗျူဟာ (၄၂) မှ ရဲဘော် (၇၇) ဦးသည် ဩဂုတ်လ (၈) ရက်နေ့ကတည်းက ထွက်ခွါ တိုက်ပွဲဝင်ခဲ့ကြကြောင်း၊ ယင်းမာပင်ရိုင် ဗျူဟာ (၄၂) ကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့က အတည်ပြုခဲ့ကြောင်း၊ ဗျူဟာ (၄၂) တွင် ယင်းမာပင်ခရိုင် တပ်ရင်း(၁၁) ကျားသစ်နက်တပ်မတော်၊ တပ်ရင်း…
Read More
သစ္စာစောင့်ထိန်းမှုမရှိပါက ခွေးဖြစ်မည်ဟု လက်နက်တပ်ဆင်ပွဲအခမ်းအနားတွင် ဆရာတော် မိန့်ကြား

သစ္စာစောင့်ထိန်းမှုမရှိပါက ခွေးဖြစ်မည်ဟု လက်နက်တပ်ဆင်ပွဲအခမ်းအနားတွင် ဆရာတော် မိန့်ကြား

RNA_စက်တင်ဘာ(၁၀)၊၂၀၂၄ ခုနှစ်။   PDF ရဲဘော်များ ပြည်သူများအပေါ် သစ္စာစောင့်ထိန်းကြရန် လိုအပ်ပြီး သစ္စာစောင့်ထိန်းမှုမပါရှိပါက ခွေးဖြစ်မည်ဟု အမျိုးသား ညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁) စစ်ဒေသယင်းမာပင်ခရိုင် ဗျူဟာ(၄၂) လက်နက်တပ်ဆင်ပွဲအခမ်းအနားတွင် ကြွရောက်လာသည့် ဆရာတော်က မိန့်ကြားထားသည်။ "သစ္စာစောင့်ထိန်းမှုသာ မရှိဘူးဆိုရင် မင်းတို့လည်း ခွေးဖြစ်မှာပဲ။ ဒီခွေးတွေဟာ သစ္စာစောင့်ထိန်းမှု ပြည်သူ့အပေါ်မှာ အနိုင်ကျင့်မှု ပြည်သူ့အပေါ်မှာ သတ်ဖြတ်မှု ပြည်သူ့အပေါ်မှာ နှိပ်စက်မှုတွေနော် ဘာမှသစ္စာစောင့်ထိန်းမှုမရှိဘူး။ အဲတော့ မင်းတို့တတွေလည်းပဲ ဒီသစ္စာစောင့်ထိန်းမှုကို မလုပ်ူဘး အားမထုတ်ဘူးဆိုလို့ရှိရင် ငါပြောခဲ့သလို မင်းတို့လည်း ခွေးဖြစ်မှာပဲ။ ခွေးမဖြစ်ချင်ရင် သစ္စာစောင့်ထိန်းမှု တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ်မှာ သစ္စာစောင့်ထိန်းမှုကို ဖြစ်အောင် မကြိုးစားသင့်ဘူးလား" ဟု…
Read More
အညာသူ/အညာသားတွေ စစ်ဘေးကို ဘယ်လို ရင်ဆိုင်ကျော်ဖြတ်နေလဲ

အညာသူ/အညာသားတွေ စစ်ဘေးကို ဘယ်လို ရင်ဆိုင်ကျော်ဖြတ်နေလဲ

အညာသူ/အညာသားတွေ စစ်ဘေးကို ဘယ်လို ရင်ဆိုင်ကျော်ဖြတ်နေလဲ   ခေတ်ငြိမ်းအေး   "စစ်ကြောင်းက အရှေ့ကလာရင် အနောက်ကိုပြေးပြီး အနောက်ကလာရင် အရှေ့ကိုပြေးကြရတာပဲ ဖြစ်ပါတယ်။ စစ်ဘေးဒဏ်ကို ကိုယ်တိုင်ခံစားနေကြရတာမို့ ဆင်းရဲငတ်မွတ်နေကြသော်လည်း စစ်ဘေးရှောင်တွေကိုတော့ ဧည့်ဝတ်ကျေနိုင်အောင် ရှိထမင်း ရှိဟင်းနဲ့ ကြိုးစားဧည့်ခံနေကြတဲ့ အညာက စေတနာတွေကို ​မျက်လုံးနဲ့မြင်ရ၊ နှလုံးသားနဲ့ ခံစားသိရှိရပါတယ်။ ဒါ့ကြောင့်လဲ အညာက အညာဖြစ်နေတာပေါ့"   #RedNewsAgency
Read More