Red News Agency

Independent Journalism for Justice and Human Rights.

ဟိန္ဒူဘုရားကျောင်း ဗုံးကြဲခံရမှုအတွင်း အရပ်သား (၇) ဦးသေဆုံး

Written by

in

RNA_ဒီဇင်ဘာ(၂)၊၂၀၂၅ ခုနှစ်။

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့အရှေ့ဘက်၊ အမဲခေါင်ကျေးရွာအုပ်စု၊ ရမ်းနဂါးကျေးရွာလမ်းဆုံရှိ ဟိန္ဒူဘုရား‌‌ကျောင်းကို စစ်ကောင်စီတပ်မှ ဒရုန်းဗုံးသီး ၂ လုံးကြဲချခဲ့သည့်အတွက် ပြည်သူ (၇) ဦးသေဆုံးပြီး (၄) ဦးထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

ရမ်းနဂါးကျေးရွာလမ်းဆုံရှိ ဟိန္ဒူဘုရား‌‌ကျောင်းကို စစ်ကောင်စီမှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့က ဒရုန်းဗုံး (၂) လုံးကြဲချခဲ့ကြောင်း၊ ဟိန္ဒူဘုရားကျောင်းသည် လမ်းဆုံဖြစ်သည့်အတွက် ဒရုန်းဗုံးကြဲခံရချိန် စျေးရောင်စျေးဝယ်ပြုလုပ်နေသော ပြည်သူများ (၇) ဦးသေဆုံးပြီး (၄) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားနေရာများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်‌နေသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်းစစ်ဒေသက ယနေ့ ထုတ်ပြန်ထားသည်။

#RedNewsAgency #REDNEWS #RNA