Red News Agency

Independent Journalism for Justice and Human Rights.

Tag: စစ်ကောင်စီ

  • လေကြောင်းတိုက်ခိုက်ခံရပြီး အသားစများ ကောက်ယူနေသည့် မြင်ကွင်း

    လေကြောင်းတိုက်ခိုက်ခံရပြီး အသားစများ ကောက်ယူနေသည့် မြင်ကွင်း

    RNA_ဧပြီ(၂၀)၊၂၀၂၅ခုနှစ်။
     
    မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ရေထွက်ကျေးရွာအား အကြမ်းဖက်စစ်ကောင်စီတပ်မှ ဧပြီလ ၁၀ ရက်နေ့ နေ့လယ် (၁) နာရီခန့်က လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ကလေးငယ်များ အနည်းဆုံး (၈)ဦးအပါအဝင် ပြည်သူ (၁၅) ဦးအထက် သေဆုံးခဲ့ရပြီး သေဆုံးသွားသူများ၏ အရိုးစ အသားစများကို လိုက်လံကောက်ယူနေသည့် မြကွင်းတချို့ဖြစ်သည့် ရုပ်သံကို သပိတ်ကျင်းမြို့နယ် ပကဖကယနေ့ ရေထွက်ကျေးရွာပြည်သူများ၏ အသံနှင့်အတူ အသိပေးထားသည်။
    #RedNewsAgency #REDNEWS #RNA
  • သတင်းအမှောင်ချခံထားရသည့် နေပြည်တော်

    RNA_ဧပြီ(၅)၊၂၀၂၅ခုနှစ်။

    ငလျင်ဘေးဒဏ်ကြောင့် နေပြည်တော်တွင် သေဆုံးအလောင်းများကြောင့် အပုပ်နံ့များထွက်နေခြင်း၊ ဝန်ထမ်းအိမ်ယာများပျက်စီးခြင်း၊ ငလျင်လှုပ်ခတ်သည့်အနေ့က အလောင်းများကို ဖြစ်လိုအစဖျောက်ခြင်း၊ အိမ်ယာများမှ ဝန်ထမ်းများဖယ်ပေးရသော်လည်း အကူအညီမရခြင်းစသည့် နေပြည်တော်က သတင်းအမှောင်ချထားမှုများနှင့်ပတ်သက်ပြီး စုံစမ်းသိရှိရသမျှကို ရုပ်သံများနှင့်တကွ တင်ပြလိုက်ပါသည်။

    #RedNewsAgency #REDNEWS #RNA #MyanmarEarthquake #earthquake #Earthquake2025

  • တရုတ်နိုင်ငံကြက်ခြေနီအသင်းယာဉ်တန်းကို ပစ်ခတ်ခဲ့သည်ဟု ဇော်မင်းထွန်းဝန်ခံ

    တရုတ်နိုင်ငံကြက်ခြေနီအသင်းယာဉ်တန်းကို ပစ်ခတ်ခဲ့သည်ဟု ဇော်မင်းထွန်းဝန်ခံ

    RNA_ဧပြီ(၂)၊၂၀၂၅ခုနှစ်။

    တရုတ်နိုင်ငံကြက်ခြေနီအသင်းမှ မြန်မာနိုင်ငံ ငလျင်ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများသယ်ဆောင်လာသည့် ယာဉ်တန်း (၉) စီးအား စစ်ကောင်စီတပ်မှ ပစ်ခတ်ခဲ့သည်ဟု စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝန်ခံထားသည်။

    မြန်မာနိုင်ငံ ငလျင်ဘေးသင့်ပြည်သူများအတွက် တရုတ်နိုင်ငံကြက်ခြေနီ အသင်းမှ ထောက်ပံ့ရေးပစ္စည်းများသယ်ဆောင်လာသော ယာဉ်တန်းကို ဧပြီလ ၁ ရက်နေ့ ည ၉ နာရီ ၂၁ မိနစ်ခန့်က မန္တလေးမြို့သို့အသွား နောင်ချိုမြို့နယ် အုမ္မတီးကျေးရွာတွင် စစ်ကောင်စီတပ်က စက်လက်သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် နောင်ချိုမြို့သို့ ပြန်လည်ဆုတ်ခွါခဲ့ရသည်ဟု TNLA က ထုတ်ပြန်ထားသည်။
    (more…)

  • စစ်ရာဇဝတ်မှု ကျူးလွန်ထားသော လေကြောင်းတိုက်ခိုက်မှု မြင်ကွင်း

    စစ်ရာဇဝတ်မှု ကျူးလွန်ထားသော လေကြောင်းတိုက်ခိုက်မှု မြင်ကွင်း

    RNA_မတ်(၂၄)၊၂၀၂၅ခုနှစ်။

    အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီတပ်က ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်ကိုင်းတိုင်းအတွင်းမှ ဆေးရုံတစ်ခုကို လေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် စစ်ရာဇဝတ်မှု မှတ်တမ်း မြင်ကွင်းကို CDM ကထိက ဆရာမဒေါ်ရတီအုန်းက ပြောပြထားသည်။

    #RedNewsAgency #RedNews #RNA

  • ကျားဖြန့်လုပ်ငန်းခွင်များအတွင်း သိမ်းဆည်းရမိသော ပစ္စည်းများကို တရုတ်အစိုးရအပ်ရမည်

    ကျားဖြန့်လုပ်ငန်းခွင်များအတွင်း သိမ်းဆည်းရမိသော ပစ္စည်းများကို တရုတ်အစိုးရအပ်ရမည်

    RNA_မတ်(၁၃)၊၂၀၂၅ခုနှစ်။

    ကရင်ပြည်နယ်၊ မြဝတီဒေသအတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်)များမှ သိမ်းဆည်းရမိထားသော အွန်လိုင်းဆက်စပ်ပစ္စည်းများကို အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီထံမှတဆင့် တရုတ်အစိုးရထံ အပ်ရမည်ဟု ကရင်နည်ခြားစောင့်တပ် (BGF) ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=ljUXfmUXX7U[/embedyt]

    #rednewsagency #rednews #rna #myanmar #bgf

  • အထည်ချုပ်လုပ်သား ထောင်ကျော်ကို စစ်မှုထမ်းခိုင်းရန် စက်ရုံသူဌေးနှင့် စစ်ကောင်စီ ပူးပေါင်းကြံစည်နေ

    အထည်ချုပ်လုပ်သား ထောင်ကျော်ကို စစ်မှုထမ်းခိုင်းရန် စက်ရုံသူဌေးနှင့် စစ်ကောင်စီ ပူးပေါင်းကြံစည်နေ

    RNA_ဖေဖော်ဝါရီ(၂၁)၊၂၀၂၅ခုနှစ်။

    ရန်ကုန်တိုင်း၊ မင်္ဂလာဒုံ စက်မှုဇုန်အတွင်းမှ အထည်ချုပ်စက်ရုံ တစ်ရုံတွင် အလုပ်သမား (အမျိုးသမီး၊ အမျိုးသား) တစ်ထောင်ကျော်ကို စစ်မှုထမ်းခိုင်းရန်အတွက် စက်ရုံသူဌေးနှင့် စစ်ကောင်စီတပ်တို့ ပူးပေါင်းပြီး ကြံစည်ပြင်ဆင်နေသည်ဟု သိရသည်။

    မင်္ဂလာဒုံ စက်မှုဇုန်အတွင်းမှ Sunflower အထည်ချုပ် D 7 နှင့် D 9 နှစ်ရုံပေါင်းပါက အလုပ်သမား အရေအတွက် ၂ ထောင်ဝန်းကျင်ခန့်ရှိကြောင်း၊ အလုပ်သမားများကို အပြင်ထွက်ခွင့် မပြု၊ အိမ်ပြန်ခွင့် မပြုတော့ပဲ လစာတိုးပေးမည်ဟု ပြောဆိုထားကြောင်း၊ ဖော်ဝါရီလ (၂၅) ရက်နေ့တွင် ကျားမ အလုပ်သမားများအားလုံး မဲနှိုက်ရမည်ဖြစ်ပြီး မဲပေါက်သူကို သူဌေးမှ လစာ (၂) လစာပေးမည်ဟု စက်ရုံအတွင်း သတင်းလွှင့်ထားသည်ဟု သိရသည်။

    ဓာတ်ပုံ : ပုံဟောင်း

    (more…)

  • စစ်တပ်အာဏာသိမ်းမှုကို ထောက်ခံသော ဒေါက်တာသက်သက်ခိုင်ကို စစ်ကောင်စီဝန်ကြီးရာထူးမှ အနားပေး

    စစ်တပ်အာဏာသိမ်းမှုကို ထောက်ခံသော ဒေါက်တာသက်သက်ခိုင်ကို စစ်ကောင်စီဝန်ကြီးရာထူးမှ အနားပေး

    RNA_ဇန်နဝါရီ(၃၁)၊၂၀၂၅ ခုနှစ်။

    ပြည်သူ့အစိုးရထံမှ အကြမ်းဖက်အာဏာသိမ်းခဲ့သော စစ်တပ်ကို ထောက်ခံပြီး စစ်ကောင်စီ၏ ဟိုတယ်နှင့်ခရီးသွားဝန်းကြီးဌာနတွင် ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ပြည်သူ့ရှေ့ဆောင်ပါတီ-PPP ဥက္ကဌ ဒေါက်တာသက်သက်ခိုင်ကို စစ်ကောင်စီက ယနေ့ (ဇန်နဝါရီ ၃၁ ရက်) တွင် အနားပေးလိုက်ပြီဖြစ်သည်။

    #RedNewsAgency #REDNEWS #RNA

  • စစ်ကောင်စီသည် သမိုင်းတွင်သည့် ကျဆုံးမှုများနှင့် ဆက်တိုက်ကြုံတွေ့နေရဟု PSLF/TNLA သုံးသပ်

    စစ်ကောင်စီသည် သမိုင်းတွင်သည့် ကျဆုံးမှုများနှင့် ဆက်တိုက်ကြုံတွေ့နေရဟု PSLF/TNLA သုံးသပ်

    RNA_ဇန်နဝါရီ(၁၀)၊၂၀၂၅ခုနှစ်။

    မင်းအောင်လှိုင်ဦးဆောင်နေသော မြန်မာစစ်ကောင်စီသည် သမိုင်းတွင်သည့် ကျဆုံးမှုများနှင့် ဆက်တိုက်ကြုံတွေ့နေရသည်ဟု ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး – PSLF/ TNLA နှစ်ပတ်လည် အစည်းအဝေးက ရှုမြင်သုံးသပ်ထားသည်။

    ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး – PSLF/ TNLA နှစ်ပတ်လည် အစည်းအဝေးကို ဗဟိုကော်မတီဝင်များ၊ အရံဗဟိုကော်မတီများ၊ လုပ်ငန်းဌာနမှူးများ၊ တပ်မှူးများ၊ ခရိုင်မှူးများနှင့် ဖိတ်ကြားထားသော အရာရှိ အရာခံများပါအဝင် (၁၇၃) ဦးဖြင့် ဇန်နဝါရီလ ၃ ရက်မှ ၇ ရက်နေ့အထိ တအာင်းပြည်ရှိ PSLF ယာယီဌာနချုပ်တွင် ပြုလုပ်ခဲ့သည်။

    (more…)

  • ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် တွေ့ဆုံဆွေးနွေးမှသာ အောင်မြင်မည်ဟု မင်းအောင်လှိုင်ပြော

    ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် တွေ့ဆုံဆွေးနွေးမှသာ အောင်မြင်မည်ဟု မင်းအောင်လှိုင်ပြော

    RNA_ဇန်နဝါရီ(၁၀)၊၂၀၂၅ ခုနှစ်။

    အကြမ်းဖက်အာဏာသိမ်းစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်က ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် တွေ့ဆုံဆွေးနွေးမှသာ အောင်မြင်မည်ဖြစ်ကြောင်း (၇၇) နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာတွင် ထည့်သွင်း ပြောကြားထားသည်။

    မင်းအောင်လှိုင်ဦးဆောင်သော စစ်ကောင်စီသည် ငြိမ်းချမ်းရေးစကား၊ တွေ့ဆုံဆွေးနွေးရေးစကားများ ပြောကြားနေသော်လည်း ပြည်သူများကို ပစ်မှတ်ထားကာ တိုက်ပွဲမဖြစ်ပွားသော မြန်မာနိုင်ငံအတွင်းက ဒေသများကိုပင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကို နေ့စဉ်နီးပါး ပြုလုပ်နေခြင်း၊ စစ်ကောင်စီစိုးမိုးထိန်းချုပ်ထားသော နေရာများတွင် လူငယ် လူရွယ်များကို အဓမ္မဖမ်းဆီးကာ စစ်မှုထမ်းစေခြင်း၊ မစိုးမိုးနိုင်သော ဒေသများတွင် စစ်ကြောင်းထိုးကာ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းနှင့် ပြည်သူများကို သတ်ဖြတ်ခြင်း၊ လူသားဒိုင်းအဖြစ် ပြုလုပ်ခြင်းစစ်သည့် စစ်ရာဇဝတ်မှုများကို ကျူးလွန်နေခြင်းဖြစ်ကြောင်း သိရသည်။

    (more…)

  • စစ်ကောင်စီပေးသော လွတ်ငြိမ်းချမ်းသာခွင့်တွင် နိုင်ငံရေးအကျဉ်းသားများပါဝင်မှု အလွန်နည်းပါး

    စစ်ကောင်စီပေးသော လွတ်ငြိမ်းချမ်းသာခွင့်တွင် နိုင်ငံရေးအကျဉ်းသားများပါဝင်မှု အလွန်နည်းပါး

    RNA_ဇန်နဝါရီ(၄)၊၂၀၂၅ခုနှစ်။

    စစ်ကောင်စီက ယနေ့ပေးသော လွတ်ငြိမ်းချမ်းသာခွင့်တွင် နိုင်ငံရေးအကျဉ်းသားများ ပါဝင်မှု အလွန်နည်းပါကြောင်း၊ နိုင်ငံရေးအကျဉ်းသားများကို လွတ်ပေးလိမ့်မည်မဟုတ်ကြောင်း သိရသည်။

    စစ်ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို လိုရာတပ်စွဲထားသော ဥပဒေများမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ မတရား အသင်းများအက်ဥပဒေ၊ ပေါက်ကွဲစေတတ်သောဝတ္ထုပစ္စည်းများအက်ဥပဒေ၊ လက်နက်များအက်ဥပဒေ စသည်တို့ဖြင့် စွပ်စွဲထောင်ချထားခြင်းဖြစ်သည်။

    (more…)