20                                    
                                    
                                        Jan 
                                    
                                
                            
                        
                        
                    
                        RNA_ဇန်နဝါရီ ၂၀ ရက်၊ ၂၀၂၂ ခုနှစ်။ နအဖ လက်ထက် သမဝါယမ ဝန်ကြီးဌာန၊ ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့တွင် ဝန်ကြီးလုပ်ခဲ့သည့် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဆန်းရွာဖြစ်သည့် စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ချင်ပြစ်ကျင်းကျေးရွာအုပ်စု၊ နွယ်အင်းရွာက အမျိုးသမီးတချို့ကို စစ်ကောင်စီတပ်သားတချို့က မုဒိမ်းကျင့်မှုဖြစ်ပွားခဲ့ကြောင်း အနီးအနားကျေးရွာများအထိ သတင်းပြန့်နေသည်။ ဗိုလ်နဂါးကို ဖမ်းဆီးရန်ဟုဆိုကာ ဦးနှောက်ကျေးရွာမှာ အထိုင်ချနေသည့် စစ်ကောင်စီတပ်သားများသည် နွယ်အင်းကျေးရွာကို လွန်ခဲ့သည့် တပတ်က ရဟတ်ယာဉ်ဖြင့် ပြောင်းရွေ့အထိုင်ချခဲ့ကြောင်း၊ ဇန်နဝါရီလ ၁၉ ရက်နေ့က ရဟတ်ယာဉ်နှင့် ပြန်ထွက်ပြသော်လည်း ရဟတ်ယာဉ်ဖြင့် တပ်သားများပြန်ချသွားပြီး၊ ကျေးရွာအတွင်း စုဆောင်းရမိသည့် ပျူစောထီး (၂၀) ဝန်းကျင်ကို စစ်သင် တန်းပေးရန်ပြင်ဆင်နေကြောင်း ဒေသခံထံမှ…                    
                                            
                                    
 
                             
                             
                             
                             
                             
                             
                             
                             
                            