Tag: စစ်ကောင်စီတပ်

  • ဗိုလ်မှူးချုပ်ဟောင်း ကျော်ဆန်းရွာက အမျိုးသမီးတချို့ကို စစ်ကောင်စီတပ်က မုဒိမ်းကျင့်မှုရှိဟု သတင်းထွက်

    ဗိုလ်မှူးချုပ်ဟောင်း ကျော်ဆန်းရွာက အမျိုးသမီးတချို့ကို စစ်ကောင်စီတပ်က မုဒိမ်းကျင့်မှုရှိဟု သတင်းထွက်

    RNA_ဇန်နဝါရီ ၂၀ ရက်၊ ၂၀၂၂ ခုနှစ်။

    နအဖ လက်ထက် သမဝါယမ ဝန်ကြီးဌာန၊ ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့တွင် ဝန်ကြီးလုပ်ခဲ့သည့် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဆန်းရွာဖြစ်သည့် စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ချင်ပြစ်ကျင်းကျေးရွာအုပ်စု၊ နွယ်အင်းရွာက အမျိုးသမီးတချို့ကို စစ်ကောင်စီတပ်သားတချို့က မုဒိမ်းကျင့်မှုဖြစ်ပွားခဲ့ကြောင်း အနီးအနားကျေးရွာများအထိ သတင်းပြန့်နေသည်။

    ဗိုလ်နဂါးကို ဖမ်းဆီးရန်ဟုဆိုကာ ဦးနှောက်ကျေးရွာမှာ အထိုင်ချနေသည့် စစ်ကောင်စီတပ်သားများသည် နွယ်အင်းကျေးရွာကို လွန်ခဲ့သည့် တပတ်က ရဟတ်ယာဉ်ဖြင့် ပြောင်းရွေ့အထိုင်ချခဲ့ကြောင်း၊ ဇန်နဝါရီလ ၁၉ ရက်နေ့က ရဟတ်ယာဉ်နှင့် ပြန်ထွက်ပြသော်လည်း ရဟတ်ယာဉ်ဖြင့် တပ်သားများပြန်ချသွားပြီး၊ ကျေးရွာအတွင်း စုဆောင်းရမိသည့် ပျူစောထီး (၂၀) ဝန်းကျင်ကို စစ်သင် တန်းပေးရန်ပြင်ဆင်နေကြောင်း ဒေသခံထံမှ သိရသည်။

    (more…)

  • ညပိုင်းက လေကြောင်းဖြင့် တိုက်ခိုက်ခံရသည့်အတွက် (၈) နှစ်အရွယ် ကလေးငယ်အပါအဝင် (၃) ဦးသေဆုံး

    ညပိုင်းက လေကြောင်းဖြင့် တိုက်ခိုက်ခံရသည့်အတွက် (၈) နှစ်အရွယ် ကလေးငယ်အပါအဝင် (၃) ဦးသေဆုံး

    RNA_ဇန်နဝါရီ ၁၇ ရက်၊ ၂၀၂၂ ခုနှစ်။

    ဖရူဆိုမြို့နယ်၊ ဟိုယာကျေးရွာအုပ်စု၊ ရီခီးဘူးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားမှုမရှိပဲ ပြီးခဲ့သည့်ည (၁) နာရီ (၄၀) မိနစ် ( ဇန်နဝါရီ ၁၇ ရက်၊ နံနက် ၁ နာရီ ၄၀ မိနစ်) ဝန်းကျင်က စစ်ဘေးရှောင်များ ရှိသည့်နေရာ စစ်ကောင်စီတပ် လေယာဥ်ဖြင့် ဗုံးကြဲပစ်ခတ်သည့်အတွက် (၈) နှစ်အရွယ်ကလေးငယ် အပါအဝင် (၃) ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

    ရီခီးဘူးကျေးရွာတွင် လာရောက်စစ်ဘေးရှောင်သူ အများအပြားရှိခဲ့ပြီး ဗုံးကြဲပစ်ခတ်မှုကြောင့် စစ်ဘေးရှောင် အမျိုးသမီးကလေးသူငယ် အသက်(၈)နှစ်၊ အမျိုးသမီးအသက်(၁၈)နှစ်၊ အမျိုးသားအသက် (၇၅)နှစ်တို့ သေဆုံးခဲ့ရကြောင်း၊ စစ်ကောင်စီတပ်သည် အပြစ်မဲ့ပြည်သူလူထုကို အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ စစ်ဘေးရှောင်ပြည်သူလူထုအပေါ် ဗုံးကြဲပစ်ခတ်ခြင်း၊ ရပ်ကွက်ကျေးရွာနေပြည်သူလူထုအပေါ် ရည်ရွယ် ချက်ရှိရှိ လက်နက်ကြီး ပစ်ခတ်ခြင်းများ တစ်နေ့တစ်ခြားပြုလုပ်လာနေသည်ကို တွေ့ရှိရသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-PDF) က ယနေ့ နံနက်တွင် ထုတ်ပြန်ထားသည်။

    Red News Agency

  • လွိုင်ကော်မှာ စစ်ကော်စီတပ်က လေကြောင်းသုံး ပစ်ခတ်နေ

    လွိုင်ကော်မှာ စစ်ကော်စီတပ်က လေကြောင်းသုံး ပစ်ခတ်နေ

    RNA_ဇန်နဝါရီ ၈ ရက်၊ ၂၀၂၂ ခုနှစ်။

    ကရင်နီပြည်၊ လွိုင်ကော်မြို့အနီးတွင် စစ်ကောင်စီတပ်က ယနေ့ နေ့လည် ၃ နာရီဝန်းကျင်က လေကြောင်းအသုံးပြု ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

    ” လေကြောင်းကနေ ပစ်တာဟုတ်ပါတယ်၊ ၂ နာရီနောက်ပိုင်းကတည်းကပါ၊ လာပစ်လိုက်ပြန်သွားလိုက်ပဲ၊ ဗုံလဲကျဲပါတယ်” လို့ လွိုင်ကော်မြို့ ဒေသခံ အရပ်သားတဦးကအတည်ပြု ပြောကြားသည်။

    လွိုင်ကော်မြို့ရှိ မိုင်းလုံးရပ်ကွက်၊ ပန်ကန်းရပ်ကွက်၊ ရွာတန်းရှည်ရပ်ကွက် နှင့် ဆက်စပ် ရပ်ကွက်ကျေးရွာများတွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များနှင့် အကြမ်း ဖက်စစ်ကောင်စီတို့ ရင်ဆိုင်တိုက်ပွဲများ ဇန်နဝါရီလ (၇) ရက်နေ့က ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က အသေအဆုံးများခဲ့ကြောင်း သိရသည်။

    ဇန်နဝါရီ (၇) ရက်နေ့က စစ်ကောင်စီတပ်၏ ရပ်ကွက်များအတွင်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ ၆ ဦး သေဆုံးခဲ့ရကာ ထောင်ချီပြီး ထွက်ပြေးခဲ့ကြရကောင်း၊ ပိတ်မိနေသည့် ပြည်သူများကို ကယ်ထုတ်ရင်း CDM ကျောင်းဆရာ KNDF ရဲဘော် ကိုနိုင်လင်း ကျဆုံးခဲ့ရသည်။

    ယနေ့ တိုက်ပွဲအခြေအနေများကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များထံက ထုတ်ပြန်ခြင်း မရှိသေးကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တချို့နှင့် ဒေသခံပြည်သူတို့၏ ပြောပြချက်အရ လေကြောင်းကနေပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ၊ စစ်ကောင်စီတပ်ကို ကရင်နီပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များဖြစ်သည့် Karenni Army၊ KNDF ၊ ဒီးမော့ဆို PDF ၊ KGZ၊ KPDF စသည့်မဟာမိတ်တပ်ဖွဲ့များက ခုခံပစ်ခတ်ကြကြောင်း သိရသည်။

    Red News Agency

  • စစ်ကောင်စီတပ်စခန်း တခုကို ကရင်နီတပ်မတော်က တိုက်ခိုက်သိမ်းပိုက်

    စစ်ကောင်စီတပ်စခန်း တခုကို ကရင်နီတပ်မတော်က တိုက်ခိုက်သိမ်းပိုက်

    RNA_ဇန်နဝါရီ ၇ ရက်၊ ၂၀၂၂ ခုနှစ်။

    ထိုင်း-ကရင်နီပြည် ( ကယား) နယ်စပ် နန်းပန်ချောင်း အနီးရှိ စစ်ကောင်စီတပ်‌ စခန်းတခုကို ယနေ့ နံနက်က သွားရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

    ” ပြည်သူကိုအမြဲ ဒုက္ခပေးနေတဲ့ ထိုင်း-ကရင်နီ နယ်စပ် နန်းပန်ချောင်း အနီး စစ်ခွေး​ခြေကုတ် တပ်စခန်းဖြစ်တဲ့ နတ်တောင် စခန်းကို ကရင်နီတပ်မတော် မှ ယနေ့နံနက်အချိန်တွင် သွားရောက်သိမ်းပိုက်ခဲ့ပြီး..စခ ဘ​က်မှ အသေအပျောက်များခဲ့ပါသည်..ကရင်နီတပ်မတော်မှ ထိုစခန်းကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပြီး..စခန်းသိမ်းပွဲအပြီး နာရိီဝက်အလွန်မှာ..စခ မှ ရဟတ်ယာဥ်ဖြင့် စစ်ကူ လာရောက်ပစ်ခတ်ဗုံးကျဲခဲ့သည့်အပြင်…ဆက်လက်ပြီး ကရင်နီတပ်မတော် ဌာနချုပ် ညာမူတပ်စခန်းကို ထို ရဟတ်ယာဥ်ဖြင့်လာရာက် ဗုံးကျဲခဲ့သော်လည်း ၎င်းတို့၏ ကာကင်းကုန်းတစ်ခုကိုသာ မှားယွင်း ဗုံးကျဲခဲ့ပါသည်” ဟု Karenni Army Center က ထုတ်ပြန်ထားသည်။

    (more…)

  • HD ထွက်လာသည့်အမျိုးသမီးထောင်မှူး စစ်ဆေးခံနေရ

    HD ထွက်လာသည့်အမျိုးသမီးထောင်မှူး စစ်ဆေးခံနေရ

    “အင်းစိန်ထောင်က ထောင်မှူးမ” အမည်နှင့် HD ထွက်လာသည့်အမျိုးသမီးထောင်မှူး ဝန်ထမ်းရေးရာက စစ်ဆေးနေ

    RNA_ဒီဇင်ဘာ ၂၉ ရက်၊ ၂၀၂၁ ခုနှစ်။

    စစ်ကောင်စီတပ် ဗိုလ်ကြီးတဦးနှင့် ချစ်ကြိုက်နေသည့် အင်းစိန်ကျဉ်းထောင်က အမျိုးသမီး ထောင်မှူးမနန္ဒာ (အမည်လွှဲ) လူမှုကွန်ယက်မှာ HDထွက်လာသည့်အတွက် ဌာနထိခိုက်သည်ဟုဆိုကာ အကျဉ်းဦးစီးဌာ ဝန်ထမ်းရေးရာက စစ်ဆေးနေကြောင်း စုံစမ်းသိရှိရသည်။

    အင်းစိန်အကျဉ်းထောင် ဝန်ထမ်းရေးရာက HD ထွက်လာသည့်အခါ ဌာနဂုဏ်သိက္ခာ ထိခိုက်သည်ဟုဆိုကာ ပြီးခဲ့သည့် (၇) ရက်အတွင်းက စစ်ဆေးခဲ့ကြကြောင်း သိရသည်။

    “အင်းစိန်ထောင်က ထောင်မှူးမ” အမည်နှင့် HD ( ဟိုတယ်တခုရင် အတူနေခဲ့သည့်ရုပ်သံ) တခုကို လူမှုကွန်ယက်တွင် ယခင်ချစ်ကြိုက်ခဲ့သူ (ရည်းစားဟောင်း) က ဖြန့်ချိခဲ့ခြင်းဖြစ်ကြောင်း၊ ယခု လက်ရှိ စစ်ကောင်စီတပ်က ဗိုလ်ကြီးနှင့် ချစ်ကြိုက်နေသည်ကို မကျေနပ်သည့်အတွက် လူမှုရေးဖောက်ပြန်သည်ဟုဆိုကာ ရုပ်သံကိုဖြန့်ခဲ့ခြင်းဖြစ်ကြောင်း၊အမျိုးသမီး ထောင်းမှူး မနန္ဒာသည် အင်းစိန်အကျဉ်းထောင် အမျိုးသမီး အချုပ်‌ဆောင်မှာ တာဝန်ထမ်းဆောင်ကြောင်း သိရသည်။

    Red News Agency

  • အမျိုးသမီးနှင့် ကလေးငယ်အပါအဝင် မီးရှို့သတ်ခံရသူ (၃၅) ဦး ဈာပန ပြုလုပ်

    အမျိုးသမီးနှင့် ကလေးငယ်အပါအဝင် မီးရှို့သတ်ခံရသူ (၃၅) ဦး ဈာပန ပြုလုပ်

    RNA_ဒီဇင်ဘာ ၂၉ ရက်၊ ၂၀၂၁ ခုနှစ်။

    ကရင်နီပြည်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီး အရှင်လတ်လတ် မီးရှို့သတ်ခံရသည့် အမျိုးသမီးနှင့် ကလေးငယ်အပါအဝင် ပြည်သူ (၃၅) ဦး၏ ကျန်ရစ်သည့် အလောင်းများကို ဒေသခံပြည်သူများနှင့် ကရင်နီပြည်သူ့ကာကွယ်ရေတပ် ရဲဘော်များက သင်္ဂြိုဟ်ပေးခဲ့ကြောင်း သိရသည်။

    မိုဆိုကျေးရွာအနီး စစ်ဘေးရှောင်ရန် ထွက်ခွါလာသည့် ပြည်သူ (၃၅) ဦးကို စစ်ကောင်စီတပ် တပ်မ (၂၂) လက်အောက်ခံ၊ ခမရ (၁၀၈) တပ်ဖွဲ့အပါအဝင် စစ်ကောင်စီတပ်သားများက ဒီဇင်ဘာလ ၂၄ ရက်နေ့က ကြိုးတုပ် ကားများပေါ်တင်ကာ အရှင်လတ်လတ် မီးရှို့သတ်ခဲ့ကြခြင်း ဖြစ်သည့်အတွက် ဒေသခံအဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများက ယင်းဖြစ်ရပ်အတွက် စစ်ကောင်စီတပ်ကို အရေးယူနိုင်ရေး ဆောင်ရွက်နေကြကြောင်း သိရသည်။

    စစ်ကောင်စီတပ်၏ ဖရူဆို မြို့နယ်အတွင်းက လူအစုလိုက် အပုံလိုက် သတ်ဖြတ်ခံရသည့် ခိုင်လုံသည့် သတင်းများရထားကြောင်း၊ ဖရူဆိုဖြစ်ရပ်အပါအဝင် တနိုင်ငံလုံးက အရပ်သား ပြည်သူများအပေါ် ပစ်မှတ်ထား ခိုက်ခိုက်မှုတွေကို ရှုတ်ချကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ နှင့် အရေးပေါ်အကူအညီပေးရေးဌာန အကြီးအကဲ မာတင်ဂရစ်ဖစ်ကလည်း ပြောကြားထားသည်။

    Photo: CJ

    Red News Agency

  • အမြင်မှန်ရပြီး လက်နက်ချ အလင်းဝင်သူများကို ကြိုဆိုကြောင်း KNLA တပ်မဟာ (၅) ဗိုလ်မှူးချုပ်ပြော 

    အမြင်မှန်ရပြီး လက်နက်ချ အလင်းဝင်သူများကို ကြိုဆိုကြောင်း KNLA တပ်မဟာ (၅) ဗိုလ်မှူးချုပ်ပြော 

    RNA_ဒီဇင်ဘာ ၂၈ ရက်၊ ၂၀၂၁ ခုနှစ်။

    ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အမှတ် (၅) လက်အောက်ရှိ တပ်ရင်း၊ တပ်ခွဲများထံ ဒီဇင်ဘာလအထိ အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်များနှင့်အတူ (၅၀) နီးပါး အလင်းဝင်လာသည့်ကိစ္စနှင့် ပတ်သက်ပြီး အမြင်မှန်ရပြီး လက်နက်ချ အလင်းဝင်သူများကို ကြိုဆိုကြောင်း KNLA တပ်မဟာ (၅) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောမူဟဲက ပြောကြားထားသည်။

    ” ဒီလိုအမြင်မှန်ရပြီး လက်နက်ချ အလင်းဝင်လာသူ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို ကျွန်တော်တို့ဖက်ကတော့ လှိုက်လဲပျူငှါစွာနဲ့ လက်ခံကြိုဆိုပါတယ်။ ရှေ့လျှောက်အနာဂတ် ဘာလုပ်ချင်၊ ဘာဖြစ်ချင်တာကတော့ သူတို့အပေါ်မှာပဲ မူတည်တယ်။ ကျွန်တော်တို့နဲ့ နေသွားချင်လည်း လက်ခံတယ်။ သူတို့အိမ်ပြန်ချင်တယ်ဆိုရင်လည်း အတက်နိုင်ဆုံး စီစဥ်ပေးပါတယ်” ဟု ဗိုလ်မှူးချုပ် စောမူဟဲက ပြောထားကြောင်း KNU မူတြော်သတင်းစဉ်က ယနေ့ ထုတ်ပြန်ထားသည်။

    မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ် ‌၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့က ပြည်သူ့အစိုးရထံမှ အာဏာသိမ်းပြီးနောက် စစ်တပ်နှင့်ရဲအဖွဲ့က ပြည်သူ့ရင်ခွင်ခိုလှုံကာ စစ်ကောင်စီတပ်ကို ဆန့်ကျင်နေကြောင်း၊ လက်နက်ကိုင်ပြီး စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်နေသူများရှိကြောင်း သိရသည်။

    Red News Agency

  • စစ်ကောင်စီတပ်က ကရင်နီပြည်မှာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်

    စစ်ကောင်စီတပ်က ကရင်နီပြည်မှာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်

    RNA_ဒီဇင်ဘာ ၂၅ ရက်၊ ၂၀၂၁ ခုနှစ်။

    ကရင်နီပြည် (ကယား) နယ်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း ဆိုမိုကျေးရွာအနီးမှာ ဒီဇင်ဘာလ ၂၄ ရက်နေ့က ပြည်သူ့စစ် (၄) ဦး၊ ပြည်သူ (၃၅) ဦးကို စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်းသည် လူသားမျိုးနွယ်စုဆိုင်ရာ လူမျိုးတုံး သတ်ဖြတ်ဖြစ်ကြောင်း ဒေသတွင်းအဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။

    စစ်ကောင်စီ တပ်မ (၆၆) ၊ ခမရ (၁၀၈) စစ်ကြောင်းတို့က ဆိုမိုကျေးရွာအနီး ဒေသခံများကို ဖမ်းဆီးရိုက်နှက်ခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီးသည့်အတွက် တားမြစ်သည့် ပြည်သူ့စစ် (၄) ဦး လက်ပြန်ကြိုးတုပ်ကာ ပစ်သတ်ခဲ့ကြောင်း၊ စစ်ဘေးရှောင်ထွက်ခွါသည့် ပြည်သုများ စစ်ကြောင်းနှင့်တွေ့ကာ ဒန်ပါကား (၃) စီး၊ ကားငယ် (၃) စီး၊ ထော်လော်ကြည်နှင့် ဆိုင်ကား (၅) တို့နှင့်အတူ ပြည်သူ (၃၅) ဦးကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း၊ ခမရ (၅၄) တပ်မှ လက်နက်ကြီးပစ်ခတ်သဖြင့် လွိုင်ကော်မြို့နယ် ဘာဒိုရွာနှင့် နာနတ်တောရပ်ကွက်အတွင်း။ လက်နက်ကြီးကျကာ အိုးအိမ်များပျက်စီးခဲ့ရပြီး ပြည်သူ (၁) ဦး သေဆုံးခဲ့ရသည်။

    (more…)

  • ရွာအတွင်း စစ်ကောင်စီတပ် တပ်စွဲစဉ် ပြည်သူ (၃) ဦးအထက် ရက်ရက်စက်စက် သတ်ဖြတ်ခံရ

    ရွာအတွင်း စစ်ကောင်စီတပ် တပ်စွဲစဉ် ပြည်သူ (၃) ဦးအထက် ရက်ရက်စက်စက် သတ်ဖြတ်ခံရ

    RNA_ဒီဇင်ဘာ ၂၄ ရက်၊ ၂၀၂၁ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရေမျက်ရွာတွင် စစ်ကောင်စီတပ် (၃) ရက် တပ်စွဲပြီး ပြည်သူ (၄) ဦးကို ရက်ရက်စက်စက်သတ်ပြီး နေအိမ်များမီးရှို့သွားကြောင်း သိရသည်။

    နေအိမ်များကို မီးရှို့ထားသည့် မြင်ကွင်း

    ရေမျက်ရွာအတွင်း စစ်ကောင်စီတပ် (၃) ရက်ကြာ တပ်စွဲအပြီး ဒီဇင်ဘာလ ၂၃ ရက်နေ့က ထွက်ခွါသွားရာတွင် အိမ်ထဲတွင် မီးရှို့အသတ်ခံထားရသူ (၁) ဦး၊ ဓားစာခံအဖြစ်ဖမ်းဆီးခံရပြီး ဦးခေါင်းတေ့ပစ်ရသူ (၁) ဦး၊ သေနတ်ဒဏ်ရာရရှိသည့် နေရာတွင် သေဆုံးနေသူ အမျိုးသမီး (၁) ဦးအပါအဝင် အသတ်ခံထားရသူ အနည်းဆုံး (၃) ဦးအထပ်ရှိကြောင်း၊ ရွာတွင်ကျန်ခဲ့သည့် သက်ကြီးရွယ်အိုနှင့် တိရိစ္ဆာန်များ စားစရာမရှိသည့် အနေအထားနှင့်ကြုံတွေ့ခဲ့ရပြီး၊ နေအိမ်၊ ကား၊ ဆိုင်ကယ် စသည်တို့ကို မီးရှို့သွားကြောင်း သိရသည်။

    နေအိမ်အတွင်း မီးရှို့အသတ်ခံထားရသူ

    စစ်ကောင်စီတပ်နှင့် ဒေသခံ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တို့ ဒီဇင်ဘာလ ၂၀ ရက်နေ့က ရေမျက်ရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းက ပစ်ခတ်ခဲ့သည့်အတွက် ဒေသခံများ ရှောင်တိမ်းခဲ့ကြရပြီး PDF များဆုတ်ပေးချိန် ကျေးရွာအတွင်း တပ်စွဲကာ ပြည်သူများကို သတ်၊ နေအိမ်နှင့် အဖိုးတန်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

    သေနတ်ဒဏ်ရာကို လက်ဖြင့်အုပ်ထားပြီး နေရာတွင် သေဆုံးနေသည့် အမျိုးသမီး
    ကားများကို မီးရှို့ထားသည့်မြင်ကွင်း

    ဓာတ်ပုံ : ဒေသခံ

    Red News Agency

  • နတ်ချောင်းကျေးရွာအနီးကို စစ်ကောင်စီတပ်က လေကြောင်းသုံးပစ်ခတ်ခဲ့ပြီး ရွာကိုမီးရှို့

    နတ်ချောင်းကျေးရွာအနီးကို စစ်ကောင်စီတပ်က လေကြောင်းသုံးပစ်ခတ်ခဲ့ပြီး ရွာကိုမီးရှို့

    တိုက်ပွဲပြင်းထန်သည့် နတ်ချောင်းကျေးရွာအနီးကို စစ်ကောင်စီတပ်က လေကြောင်းသုံးပစ်ခတ်ခဲ့ပြီး ရွာကိုမီးရှို့

    RNA_ဒီဇင်ဘာ ၂၃ ရက်၊ ၂၀၂၁ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ဘက် (၁၀) ဝန်းကျင်က နတ်ချောင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်က အထိနာပြီး လေကြောင်းအသုံးတိုက်ခိုက်ခဲ့ပြီး နတ်ချောင်းကျေးရွာနေအိမ်တချို့ကို စစ်ကောင်စီတပ်က ယနေ့ညနေပိုင်းတွင် မီးရှို့ခဲ့ကြောင်း သိရသည်။

    Photo: CJ

    Red News Agency