တပ်မဟာ (၇)

တစ်ခွန်းပြောမယ်ဗျာ မင်းအောင်လှိုင်တပ်က တပ်ပျက်နေပြီ ဒါက ကျွန်တော်တို့ရဲ့ အောင်မြင်မှုပဲ

တစ်ခွန်းပြောမယ်ဗျာ မင်းအောင်လှိုင်တပ်က တပ်ပျက်နေပြီ ဒါက ကျွန်တော်တို့ရဲ့ အောင်မြင်မှုပဲ

" စစ်ကောင်စီက ကျွန်တော်တို့ကို အမြစ်ဖြတ်ဖို့ မနှစ်ကတည်းက ကြိုးစားနေခဲ့တာ၊ သူတို့တွေ ထိထိရောက်ရောက်ဘာမှ မလုပ်နိုင်ဘူး၊ ကျွန်တော်တို့ တစ်နေ့ထက်တစ်နေ့ နေရာတွေ ထပ်တိုးပြီး တပ်တွေဖြန့်ထားနိုင်လာပါပြီ။ မကြာခင်လိုချင်တဲ့ အောင်ပွဲမျိုးကိုလည်း ယူဆောင်ဖို့ ကြိုးစားနေပါတယ်"   ***************************** အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်းကြီးဌာနလက်အောက် တပ်မဟာ (၇)၊ တပ်ရင်း ၇၀၃၊ ဒု-တပ်ရင်းမှူး ဗိုလ်မှူးသန့်ဇင်အောင်ကို နွေဦးတော်လှန်ရေးနှင့်ပတ်သက်ပြီး စစ်ရေး နိုင်ငံရေး အခြေအနေများကို Red News Agency သတင်းဌာနက မေးမြန်းထားတာ ဖြစ်ပါတယ်။ RNA ။ ဗိုလ်မှူးအနေနဲ့ စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်မှရမယ်ဆိုတဲ့ ယုံကြည်ချက်အပြည့်ရှိပါ့သလားခင်ဗျာ၊ လက်နက်ကိုင်တိုက်ပွဲက ဘယ်လောက်ရှည်ကြာနိုင်မလဲ လက်နက်ကိုင်တိုက်ပွဲရဲ့ အဆုံးသတ်က ဘယ်လိုဖြစ်မလဲ သိချင်ပါတယ်ခင်ဗျာ။…
Read More
စစ်​ကောင်စီတပ် စစ်စခန်း​၊ မြို့သိမ်းတိုက်ပွဲ​နှင့် အထူးစစ်ဆင်​ရေး​တွေ ဖော်ဆောင်ဖို့ ကွန်မန်ဒိုအထူးတပ်ဖွဲ့ ဖွဲ့စည်းမည်

စစ်​ကောင်စီတပ် စစ်စခန်း​၊ မြို့သိမ်းတိုက်ပွဲ​နှင့် အထူးစစ်ဆင်​ရေး​တွေ ဖော်ဆောင်ဖို့ ကွန်မန်ဒိုအထူးတပ်ဖွဲ့ ဖွဲ့စည်းမည်

RNA_ဇွန် ၁၆၊ ၂၀၂၂ ခုနှစ်။ စစ်ကောင်စီတပ်စခန်းများနှင့် မြို့သိမ်းတိုက်ပွဲများ၊ အထူးစစ်ဆင်ရေးဖော်ဆောင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ အ​နောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မဟာ ၇၊ တပ်ရင်း ၇၀၃ မှ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယနေ့ ပြည်သူများကို အသိပေးထားသည်။ "ရွာ​တွေကို မီးရှို့၊လုယက်ပြီး အပြစ်မဲ့ပြည်သူ​တွေကို သတ်ဖြတ်​နေတဲ့ စစ်​ကောင်စီကို အမြစ်ပြတ်နှိမ်နင်းဖို့ ကျွန်​တော်တို့တပ်ရင်းက ကွန်မန်ဒိုအထူးတပ်ဖွဲ့တစ်ခု ဖွဲ့စည်းသွားမှာပါ။ ဒီတပ်ဖွဲ့က စစ်​ကောင်စီတပ်ရဲ့ စစ်စခန်း​တွေ၊ မြို့သိမ်း တိုက်ပွဲ​တွေနဲ့ အထူးစစ်ဆင်​ရေး​တွေကို အဓိက​ ဖော်​ဆောင်သွားဖို့ ဖြစ်ပါတယ်။" ဟု ဒု-တပ်ရင်းမှူး ဗိုလ်မှူးသန့်ဇင်အောင်က အသိပေးထားသည်။ Red News Agency
Read More