ဖမ်းဆီးခံလိုက်ရသည့် မိုးဗြဲPDF ရဲဘော် ကျဆုံးလျှက် တွေ့ရှိ 

RNA_‌မတ်၃၊၂၀၂၂ခုနှစ်။

မိုးဗြဲPDF လင်းယုန်တပ်ခွဲမှ ရဲဘော်မောင်ဘဲတို မတ်လ ၂ ရက်နေ့က စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်း ခံခဲ့ရပြီး ယနေ့တွင် ရင်ဘက် ဓားစိုက်ထားပြီး ညှင်းပန်းနှိပ်စက်ခံရကာ ကျဆုံးနေသည်ကို ရဲဘော်များ ပြန်တွေ့ရှိရကြောင်း သိရသည်။

Photo: KGY

စစ်ကောင်စီတပ်သည် တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် ပြည်သူအပါအဝင် ရဲဘော်များကို ညှင်းပန်းနှိပ်စက် သတ်ဖြတ်နေပြီး၊ စစ်ကောင်စီတပ် ထိုးစစ်ဆင်သည့် ကျေးရွာနှင့် မြို့တို့ကို အလုံးစုံပျက်သုဉ်းရေးအတွက် မီးရှို့ခြင်း၊ မြင်မြင်သမျှ ပစ်ခတ်သတ်ဖြတ်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

Red News Agency

By Editor