စစ်ကိုင်းတိုင်း

ပဇီကြီး လေကြောင်းတိုက်ခိုက်မှုအတွင်း သေဘေးမှလွတ်လာသူ နှစ်ဦးပြောကြားချက်

ပဇီကြီး လေကြောင်းတိုက်ခိုက်မှုအတွင်း သေဘေးမှလွတ်လာသူ နှစ်ဦးပြောကြားချက်

RNA_ဧပြီ(၁၈)၊၂၀၂၃ ခုနှစ်။ စစ်တိုင်းတိုင်း၊ ကန့်ကလူမြို့နယ်၊ ပဇီကြီးကျေးရွာ၊ လေကြောင်းတိုက်ခိုက်မှုအတွင်း ဒေသခံ (၁၇၀) ကျော်သေဆုံးခဲ့ရသည့်အထဲမှ လွတ်မြောက်လာသူနှစ်ဦး၏ ပြောကြားချက်ကို တင်ပြလိုက်ပါသည်။ #RedNewsAgency
Read More
PDF (၃) ဖွဲ့ ပူးပေါင်း တင်ဆက်ထားသည့် တော်လှန်သင်္ကြန်သံချပ်

PDF (၃) ဖွဲ့ ပူးပေါင်း တင်ဆက်ထားသည့် တော်လှန်သင်္ကြန်သံချပ်

RNA_ဧပြီ(၁၇)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်းအတွင်း၊ စစ်ကောင်စီတပ်ကို လက်နက်ကိုင်တော်လှန်နေသည့် ညီနောင် မဟာမိတ် PDF (၃) ဖွဲ့ ဖြစ်သည့် Golden Eagle Defence Force - GEDF၊ Myin Mu Defence Force - MMDF၊ Just Fighter Force ရဲဘော်များ ပူးပေါင်းတင်ဆက်ထားသည့် တော်လှန်သင်္ကြန်သံချပ်ကို ပြည်သူများအတွက် တင်ပြလိုက်ပါသည်။ #RedNewsAgency
Read More
ပဇီကြီးကျေးရွာအတွက် လက်တုန့်ပြန်သည့်အနေဖြင့်စစ်ကောင်စီတပ်ကို တိုက်ခိုက်

ပဇီကြီးကျေးရွာအတွက် လက်တုန့်ပြန်သည့်အနေဖြင့်စစ်ကောင်စီတပ်ကို တိုက်ခိုက်

ပဇီကြီးကျေးရွာအတွက် လက်တုန့်ပြန်သည့်အနေဖြင့် ဘုန်းမကြီးကင်းကျေးရွာတွင် တပ်စွဲနေသော စစ်ကောင်စီတပ်ကို တိုက်ခိုက်   RNA_ဧပြီ(၁၆)၊၂၀၂၃ ခုနှစ်။   စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ အစုလိုက်အပြုံလိုက် သတ်ခံရမှုအတွက် လက်တုန့်ပြန်သည့်အနေဖြင့် မြင်းမူမြို့နယ်၊ ဘုန်းမကြီးကင်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် အင်အား (၈၅) ဦးခန့်ပါ စစ်ကြောင်းကို ယနေ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လက်လုပ် ၈၀ မမဖြင့် (၈) ကြိမ်၊ ၆၀ မမ ဖြင့် (၂) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Dog Killers People's Defence Force Myinmu ကယနေ့ ရုပ်သံနှင့်တကွ ထုတ်ပြန်ထားသည်။   “ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကိုလေကြောင်း ဖြင့်လူမျိုးတုံးသက်ဖြတ်မှုကို…
Read More
အညာမီးလောင်ပြင်မှ တော်လှန်သင်္ကြန်သံချပ်

အညာမီးလောင်ပြင်မှ တော်လှန်သင်္ကြန်သံချပ်

RNA_ဧပြီ(၁၃)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်းအညာတွင် စစ်ကောင်စီတပ်၏ ရွာလုံးကျွတ်မီးရှို့ခံရမှုများမှာ တနိုင်ငံလုံး တကမ္ဘာလုံး သိပြီးဖြစ်သည့်အတိုင်း စစ်အာဏာရှင်ကို ခုခံတွန်းလှန်နေကြသည်မှာလည်း နေ့စဉ်ဖြစ်သည့်ကြားက ၂၀၂၃ အညာမီးလောင်ပြင်မှ ရဲရဲတောက်သံချပ်ကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က တင်ဆက်ထားခြင်းဖြစ်သည်။ Red News Agency
Read More
သေဆုံးသွားသူများ၏ ကျန်ရစ်သူမိသားစုများက ရရာလက်နက်ဆွဲ တိုက်မည်

သေဆုံးသွားသူများ၏ ကျန်ရစ်သူမိသားစုများက ရရာလက်နက်ဆွဲ တိုက်မည်

RNA_ဧပြီ(၁၂)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ကန့်ပလူမြို့နယ်၊ ပဇီကြီးကျေးရွာအတွင်း စစ်ကောင်စီတပ်လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးသွားသူများ၏ ကျန်ရစ်သူမိသားစုများက ရရာလက်နက်ဆွဲတိုက်ခိုက်မည်ဟု ပြောနေကြကြောင်း၊ နောက်ဆုံးအခြေအနေများကို ယနေ့ နေ့လည်ပိုင်းက ဆက်သွယ်မေးမြန်းထားခြင်းဖြစ်သည်။ #RedNewsAgency
Read More
စစ်ကောင်စီတပ် တိုက်လေယာဉ်ဖြင့် ဗုံးကြဲသည့်အတွက် ပြည်သူများ အစုလိုက်အပြုံလိုက်သေဆုံး

စစ်ကောင်စီတပ် တိုက်လေယာဉ်ဖြင့် ဗုံးကြဲသည့်အတွက် ပြည်သူများ အစုလိုက်အပြုံလိုက်သေဆုံး

RNA_ဧပြီ(၁၁)၊၂၀၂၃ ခုနှစ်။   စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီးကြီးရွာမှာ ယနေ့ နံနက် (၈) နာရီဝန်းကျင်တွင် ပြည်သူလုံခြုံရေးအဖွဲ့ ရုံးခန်းဖွင့်ပွဲ ကျင်းပနေစဉ် စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် ဒေသခံပြည်သူများ အစုလိုက်အပြုံလိုက်သေဆုံးသွားကြောင်း သိရသည်။   " လူစုနေတဲ့အထဲ ဗုံးလေးလုံးကြဲသွားတယ်ပြောတယ်၊ သေတဲ့သူတွေ အတော်များပါတယ်၊အခု ၆၀ လောက်သေတယ်ပြောတယ်၊ ပျောက်နေတာတွေလည်း အများကြီးပဲ၊ အခုထိလည်း လေယာဉ်တွေက ဝဲနေတုန်းပဲ၊ ကယ်ထုတ်နေကြတုန်း စစ်ကြောင်း လာနေပြီပြောတယ်၊ အသိ ပကဖ တဦးလည်း ကျသွားတယ် " ကန့်ဘလူ ပကဖ နှင့် နီးစပ်သူတဦးက ပြောသည်။ (more…)
Read More
လက်နက်ကြီးများထုတ်လုပ်ကာ မဟာမိတ်များနှင့် မျှဝေပြီး တိုက်ပွဲဝင်နေသည့် Golden Eagle Defence Force 

လက်နက်ကြီးများထုတ်လုပ်ကာ မဟာမိတ်များနှင့် မျှဝေပြီး တိုက်ပွဲဝင်နေသည့် Golden Eagle Defence Force 

RNA_ဧပြီ(၇)၊၂၀၂၃ ခုနှစ်။   သေနတ်အစစ်များရှားပါးနေသည့် စစ်ကိုင်းတိုင်းအတွင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် လက်လုပ် လက်နက်ကြီးများကို အားကိုးအားထားပြုတိုက်ခိုက်နေရသည့်အတွက် လက်နက်ကြီးများ ထုတ်လုပ်နေသည့် Golden Eagle Defence Force ခေါင်းဆောင် ကိုသိမ်းငှက်ကို Red News Agency က မေးမြန်းထားသည်။   စစ်ကိုင်းတိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် Golden Eagle Defence Force တပ်ဖွဲ့သည် လက်နက်ကြီးများ ထုတ်လုပ်ကာ စစ်ကောင်စီတပ်ကို မဟာမိတ်များနှင့်ပူးပေါင်းပြီး တိုက်ခိုက်နေကြကြောင်း၊ မဟာမိတ်များနှင့်အတူ တိုက်ပွဲများတွင် အနီးကပ် ပစ်ခတ်မှုများထက် မိုင်းဆွဲခြင်း၊ လက်လုပ်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကိုသာ အဓိကထားတိုက်ခိုက်နေရကြောင်း၊ လက်နက်အစစ်များလည်း လိုအပ်နေကြောင်း သိရသည်။ (more…)
Read More
ပုလဲမြို့နယ်မှ M7 PDF စခန်း စီးနင်းခံရပြီး ရဲဘော် (၇) ဦးပျောက်ဆုံးနေ

ပုလဲမြို့နယ်မှ M7 PDF စခန်း စီးနင်းခံရပြီး ရဲဘော် (၇) ဦးပျောက်ဆုံးနေ

RNA_ဧပြီ(၆)၊၂၀၂၃ ခုနှစ်။   စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ M7 People's Defense Force - M7 PDF တပ်ဖွဲ့စခန်းတခုကို ယမန်နေ့ နံနက် ၁၀ နာရီအကျော်က စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြုပစ်ခတ် စီးနင်းခဲ့သည့်အတွက် စခန်းရှိရဲဘော် (၇) ဦးကျပျောက်ဆုံးနေပြီး (၄) ဦးကျဆုံးထားကြောင်း သိရသည်။   “၁၀ နာရီဝန်းကျင်လောက်မှာ Mi 35 တစ်စီး အရင်တက်လာပြီး​တော့ စခန်းကိုပစ်တယ်၊ ဗိုက်ပူ (Mi 17) နှစ်စီးက လူချတယ် နောက်တခါထပ်သွားသယ်ပြီးတော့ လူထပ်ချတယ် နှစ်စီး နှစ်ခေါက်ဆိုတော့ လေးစီးစာဖြစ်တာပေါ့။ စခန်းမှာလည်း ခွဲတစ်က လူအင်အား ၇၀ ခန့်နဲ့ ခွဲနှစ်မှာလည်း…
Read More
“ပြည်သူရှိနေသရွေ့ ပါတီရှိ​နေမယ်” စာသားကိုင်ဆောင်ပြီး ဆန္ဒပြ

“ပြည်သူရှိနေသရွေ့ ပါတီရှိ​နေမယ်” စာသားကိုင်ဆောင်ပြီး ဆန္ဒပြ

RNA_ဧပြီ(၂)၊၂၀၂၃ ခုနှစ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲမှတ်ပုံမတင်သည့် ပါတီများကို ဖျက်သိမ်းကြောင်း ကြေညာသည့်အပေါ် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းမှဦးဆောင်ကာ PDF များ၏ ဝန်းရံမှုဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆားလင်းကြီးမြို့နယ်အတွင်း ယနေ့ ဆန္ဒပြခဲ့ကြသည်။ (more…)
Read More
သူရဲကောင်း ဒုတပ်ရင်းမှူး ဗိုလ်ဆင်ရိုင်း ဈာပန

သူရဲကောင်း ဒုတပ်ရင်းမှူး ဗိုလ်ဆင်ရိုင်း ဈာပန

RNA_မတ်(၃၀)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာအနီး၊ စစ်ကိုင်းခရိုင် တပ်ရင်း အမှတ် (၁)၊ တပ်ခွဲ (၃) စခန်းအား စစ်ကောင်စီတပ်မှ ယနေ့ နံနက်ပိုင်းက စီးနင်းတိုက်ခိုက်ခဲ့ရာ ပြန်လည်ခုခံစဉ် လက်နက်အင်အားမမျှသည့်အတွက် စစ်ကိုင်းခရိုင် အမှတ် (၁) တပ်ရင်း သူရဲကောင်း ဒုတပ်ရင်းမှူး ဗိုလ်ဆင်ရိုင်းကျဆုံးခဲ့ရပြီး ဈာပနအခမ်းအနားကို ယနေ့ပြုလုပ်ခဲ့ကြောင်း သိရသည်။ " CDSOM လို့ပေါ်ပေါက်ပြီး မြောင်နယ်ရဲ့တော်လှန်ရေးအစကတည်းက ကျဆုံးချိန်ထိ လက်တွဲညီညီ သစ္စာရှိရှိနဲ့ တပည့်ပေါင်းများစွာမွေးထုတ်ပေးပြီး ခေါင်းဆောင်ကောင်းပီသစွာ ရွတ်ရွတ်ချွံချွံတိုက်ပွဲတွေဝင်ခဲ့တဲ့မင်း။ အဖွဲ့ရဲ့လိုအပ်ချက်တွေဖြည့်ဆည်းနိုင်ဖို့ ပိုင်ဆိုင်မှုတွေရောင်းချပေါင်နှံပီး တော်လှန်ရေးအပေါ် အားသွန်ခွန်စိုက်လုပ်ခဲ့တဲ့မင်း။ ငါယုံကြည် ငါအားကိုးရတဲ့မင်း ငါ့အနားကထွက်ခွားသွာခဲ့ပြီ။ ငါကိုယ်တိုင်လဲ လဲကျချင်နေပီ ဒါပေမယ့် အားတင်းပီး မင်းတို့ရဲ့ဆန္ဒတွေပြီးမြောက်သည်ထိ…
Read More