စစ်ကိုင်းတိုင်း

ကျေးရွာမီးရှို့သည့် စကစ တပ်ဖွဲ့ တိုက်ခိုက်ခံရ

ကျေးရွာမီးရှို့သည့် စကစ တပ်ဖွဲ့ တိုက်ခိုက်ခံရ

စစ်ကောင်စီတပ်ကို ဝက်လက်ဗိုလ်ကျားကြီးအဖွဲ့နှင့်မဟာမိတ်များတိုက်ခိုက် RNA_နိုဝင်ဘာ(၁၃)၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ထန်းကြီးကျေးရွာကို မီးရှို့ပြီး ထွက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ယနေ့ နေ့လည် ၁ နာရီဝန်းကျင်က ကျောင်းဖြူရွာအနီးတွင် ဝက်လက်ဗိုလ်ကျားကြီးအဖွဲ့နှင့်မဟာမိတ်ရဲဘော်များက တိုက်ခိုက်ခဲ့ကြကြောင်း Bo Tiger အဖွဲ့က ရုပ်သံနှင့်တကွ ထုတ်ပြန်ထားသည်။ Red News Agency
Read More
ပြည်သူ ၁၄ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်

ပြည်သူ ၁၄ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်

RNA_နိုဝင်ဘာ(၇)၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင် မြောက်ခြမ်းရှိ ကိုးတောင်ဘို့ တိုက်နယ်မှ အရပ်သား (၁၄) ဦးကို ဖမ်းဆီးသတ်ဖြတ် ခဲ့သည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ယနေ့ အသိပေးထားသည်။ နိုဝင်ဘာလ ၃ ရက်နေ့ နေ့လည် ၂ နာရီဝန်းကျင်က ကန့်ဘလူမြို့နယ်မြောက်ခြမ်း ကိုးတောင်ဘို့အထိုင် စစ်ကောင်စီတပ် ခမရ-၃၆၃ စစ်ကြောင်းမှ စစ်ဘေးရှောင်တောတိုက်များမှ အပြစ်မဲ့ပြည်သူ(၁၄)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။အပြစ်မဲ့ပြည်သူ(၁၄)ဦးမှာ ခုခံနိုင်သည့် လက်နက်တစ်စုံ တစ်ရာမပါဘဲ စစ်ကောင်စီတပ်၏ ဖမ်းဆီးခံရခြင်းဖြစ်ပြီး၊ နိုဝင်ဘာ (၆) ရက်နေ့ ညနေက အပြစ်မဲ့ပြည်သူ (၁၄)ဦးအား စစ်ကောင်စီတပ်သားများက PDF စွပ်စွဲပြီးရက်ရက်စက်စက်မီးရှို့သတ်ဖြတ်ခဲ့ကြောင်းစုံစမ်းသိရှိရသည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က အသိပေးထားသည်။ ဖမ်းဆီးခံသူများမှာ လျှော်ဖြူကုန်းကျေးရွာမှ ဦးစိုးဝင်း (၂၇)နှစ်၊ ဦးကျော်မြင့်ထွန်း…
Read More
“တော်လှန်ရေးက အောင်ကိုယ်အောင်မှာပါ”

“တော်လှန်ရေးက အောင်ကိုယ်အောင်မှာပါ”

ပြည်သူ PDF NUG လက်တွဲညီညီလှုပ်ရှားနေသည့်အတွက် တော်လှန်ရေးက အောင်ကိုယ် အောင်မည် RNA_နိုဝင်ဘာ(၅)၊၂၀၂၂ ခုနှစ်။   “ တော်လှန်ရေးက အောင်ကိုအောင်မှာပါ၊ ဘာလို့လည်းဆိုတော့ အခုချိန်ထိ ပြည်သူတွေနဲ့ PDF တွေ NUG တို့ဟာ အားလုံးက လက်တွဲညီညီ လှုပ်ရှားနေတာဖြစ်တဲ့အတွက် တနေ့တလံ ပုဂံဘယ်ရွေ့မလဲဗျာ၊ ဘယ်လိုပဲနေနေ အောင်မြင်မှုကတော့ ရကိုယ်ရမှာဖြစ်ပါတယ်၊ အဲဒီ ဖက်ဒရယ်ဒီမိုကရေစီ အောင်မြင်မှုကြီးရသည့်တိုင်အောင် အားလုံး ယုံကြည်ချက်မပျက်ပဲနဲ့ လက်တွဲမှုဖြုတ်ဘဲနဲ့ ဆက်လက်ယုံကြည်ပြီးတော့ လုပ်ဆောင်ပေးဖို့လည်း လိုအပ်ပါတယ်”ဟု လူငယ်သူရဲကောင်းတပ် - YRF မှရဲဘော် ဖီးနစ်က ပြောကြားထားသည်။   စစ်ကိုင်းတိုင်း၊ ယင်းမာပင်အခြေစိုက် လူငယ်သူရဲကောင်းတပ်မှ ရဲဘော်ဖီးနစ်ကစစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က တော်လှန်ရေးအခြေအနေများ၊…
Read More
ပထမဆုံး လွတ်မြောက်နယ်မြေဖြစ်လာမည့် အညာ

ပထမဆုံး လွတ်မြောက်နယ်မြေဖြစ်လာမည့် အညာ

"အညာဒေသဟာ ပထမဆုံး လွတ်မြောက်နယ်မြေဖြစ်လာမယ်ဆိုတာ ကောလဟလမဟုတ်ဘူး တစ်ကယ်ပါ"    RNA_အောက်တိုဘာ(၂၈)၊၂၀၂၂ ခုနှစ်။   " လောလောဆယ် ကျွန်တော်တို့ လက်နက်ကိုင်တွေ စိုးမိုးထားတဲ့အခြေအနေက ကျေးရွာတွေအားလုံးကို အညာဒေသတွင်းမှာရှိတဲ့ ကျေးရွာတွေ အားလုံးနီးပါးကို ထိန်းချုပ်ထားနိုင်ပြီ PDF တွေစိုးမိုးထားနိုင်ပြီ၊ ကျေးရွာတွေရဲ့ နောက်တဆင့်ဖြစ်တဲ့ တိုက်နယ်တွေပေါ့နော် ကျေးရွာတွေစုပေါင်းထားတဲ့တိုက်နယ်တွေ အဲတိုက်နယ်တွေလည်း စိုးမိုးထားနိုင်ပြီ၊ တိုက်နယ်ကနေတဆင့် မြို့တွေပေါ့နော် အဲဒီမြို့တွေ အကုန်လုံးနီးပါးကို အဲဒီ မြို့တကွက်လေးပေါ့ဗျာ မြို့တကွက်လေး ကွက်ကွက်လေးတခုသာပဲ ဒီကောင်တွေက ထိုင်နိုင်တယ်၊ ကျန်တဲ့ဟာ သူတို့ မထိုင်နိုင်တော့ပါဘူး" ဟု စသဖြင့် 96 Solders - PDF တာဝန်ခံ ကိုဇေယျာလွင်က Red News…
Read More
စစ်ကောင်စီတပ်က PDF အယောင်ဆောင် ဝင်စီးသည့်အတွက် PDF (၉) ဦးကျဆုံး

စစ်ကောင်စီတပ်က PDF အယောင်ဆောင် ဝင်စီးသည့်အတွက် PDF (၉) ဦးကျဆုံး

RNA_အောက်တိုဘာ၂၁၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ရွှေလှံရွာရှိ မုံရွာခရိုင်တပ်ရင်း - ၁၃ (အောင်ဆန်းမျိုးဆက်) ယာယီခေတ္တတည်းခိုရာနေရာကို ယနေ့ နံနက် ၅ နာရီဝန်းကျင်က စစ်ကောင်စီလက်အောက်ခံ (၁၀၀) ဝန်းကျင်က PDF အယောင်ဆောင်ကာ ဝင်စီးသည့်အတွက် ရဲဘော် (၉) ဦး ကျဆုံးခဲ့ရသည်။ (more…)
Read More
စစ်ကောင်စီတပ် လေကြောင်း ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးနှင့်အမျိုးသားတဦး သေဆုံး 

စစ်ကောင်စီတပ် လေကြောင်း ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးနှင့်အမျိုးသားတဦး သေဆုံး 

RNA_အောက်တိုဘာ(၁၉)၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်နှင့် ယင်းမာပင်မြို့နယ်အစပ် ရင်ပေါင်တိုင်ကျေးရွာ၊ ပုထိုးသာကျေးရွာ၊ ပျားအိုကျေးရွာအပါအဝင် ရွာ (၄) ရွာကို ယနေ့ နံနက် ၁၀ နာရီဝန်းကျင်က စစ်ကောင်စီတပ် လေကြောင်း ပစ်ခတ်မှုများပြုလုပ်ကာ ကျေးရွာကိုစီးနင်းစဉ် ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးနှင့် အမျိုးသား တဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။ "ဒီနေ့ ဝင်အစီးခံရတဲ့ရွာတွေက ယမားချောင်းပဲခြားတာ၊ ပျားအိုက ကိုယ်ဝန်ဆောင်အမျိုးသမီး သေသွားတယ်၊ သေခတ်ဝင်တာဆိုတော့ တော်တော်ကြမ်းတယ်၊ အမျိုးသားတဦးလည်းသေတယ်၊ အရင်တခါလဲ ရင်ပေါင်တိုင်က အစီးခံရပြီးပြီ၊ သေတဲ့သူတွေ ဘယ်လိုသေသွားလည်း အတိအပျမသိရသေးဘူး၊ သေနတ်မှန်တာလား ရိုက်သတ်ခံရတာလားဆိုတာကတော့ ပြောမရသေးဘူး" ဟု Red News Agency ၏ နယ်မြေခံသတင်း ထောက်က သတင်းပေးပို့ထားသည်။ စစ်ကောင်စီတပ်…
Read More
မုံရွာ စသုံးလုံးရုံး ပစ်ခတ်ခဲ့သည့် ရုပ်သံ 

မုံရွာ စသုံးလုံးရုံး ပစ်ခတ်ခဲ့သည့် ရုပ်သံ 

RNA_အောက်တိုဘာ(၁၈)၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ စစ်ကောင်စီလက်အောက်ခံ အထူးစုံစမ်းစစ်ဆေးရေး (စသုံးလုံး) ရုံး ဂိတ်ပေါက်မှာ စောင့်နေသောစစ်ကောင်စီတပ်သားများနှင့် ရုံးတလျှောက်ကို ယနေ့ ( အောက်တိုဘာ ၁၈ ရက်) နံနက် ၁၁ နာရီ ၄၄ မိနစ်ဝန်းကျင်က မုံရွာနတ်ဆိုးအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရုပ်သံနှင့်တကွ မုံရွာနတ်ဆိုးအဖွဲ့က ထုတ်ပြန်ထားသည်။ Red News Agency
Read More
အမျိုးသားညီညွတ်ရေးအစိုးရ မြို့နယ်အဆင့်တရားရုံး ကသာမြို့နယ်တွင်ဖွင့်လှစ် 

အမျိုးသားညီညွတ်ရေးအစိုးရ မြို့နယ်အဆင့်တရားရုံး ကသာမြို့နယ်တွင်ဖွင့်လှစ် 

RNA_အောက်တိုဘာ(၁၆)၊၂၀၂၂ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ - NUG ၏ မြို့နယ်အဆင့် တရားရုံးကို စစ်ကိုင်းတိုင်း၊ ကသာမြို့မှာ အောက်တိုဘာ (၁၅) ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ " အမျိုးသားညီညွတ်ရေးအစိုးရ၏ကသာမြို့နယ် မြို့နယ်တရားရုံးအား15.10.22ရက်နေ့တွင်ဖွင့်လှစ်ခဲ့ပါသည်" ဟု ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
ရဲ (၄) ဦး အသတ်ခံရပြီး ကျေးရွာ (၁၁) ရွာကျော်မှ ပြည်သူများ စစ်ဘေးရှောင်နေရ

ရဲ (၄) ဦး အသတ်ခံရပြီး ကျေးရွာ (၁၁) ရွာကျော်မှ ပြည်သူများ စစ်ဘေးရှောင်နေရ

RNA_အောက်တိုဘာ(၃)၊၂၀၂၂ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် (မြောက်ခြမ်း) ညောင်ပင်ကြီးကျေးရွာမှ ရဲ (၄) ဦး အသတ်ခံရပြီးအနီးနားရှိ ကျေးရွာ (၁၁) ရွာမှ ပြည်သူများ ယနေ့ နေ့လည်ပိုင်းမှစတင်ကာ အရေးပေါ် စစ်ဘေးရှောင်နေကြရသည်။ ယနေ့နေ့လည် (၁) နာရီ မိနစ် (၃၀) ခန့်က ညောင်ပင်ကြီး ရဲစခန်းမှ စျေးထွက်ဝယ်သည့် ရဲ (၄) ဦးကို အမည်မသိအဖွဲ့မှ ဝင်ရောက်ပစ်ခတ်ခဲ့ရာ၊ ၄ ဦးလုံးသေပြီး လက်နက်လည်းရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။ (more…)
Read More
“ပြာပုံထဲကသွေးဖြင့် ဆက်လက်တော်လှန်ကြ” အမည်ဖြင့် ဆန္ဒပြပွဲတွင် MRDA နှင့်အတူ 96 soldiers -PDF ပါဝင်ခဲ့ 

“ပြာပုံထဲကသွေးဖြင့် ဆက်လက်တော်လှန်ကြ” အမည်ဖြင့် ဆန္ဒပြပွဲတွင် MRDA နှင့်အတူ 96 soldiers -PDF ပါဝင်ခဲ့ 

RNA_စက်တင်ဘာ(၂၅)၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်းတနေရာတွင် မြန်မာ့တောင်ဝင်နဂါးတပ်တော် (MRDA) ဦးဆောင်မှုဖြင့် စစက်တင်ဘာလ (၂၄) ရက်နေ့က "ပြာပုံထဲကသွေးဖြင့်ဆက်လက်တော်လှန်ကြ " ခေါင်းစဥ်ဖြင့်ပြုလုပ်ခဲ့သည့် စစ်အာဏာရှင်ဆန့်ကျင်​ရး သပိတ်စစ်ကြောင်းတွင် 96 soldiers -PDF ( အညာမြေတပ်ခွဲ) ရဲဘော်များ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။ (more…)
Read More