24
Oct
RNA_အောက်တိုဘာ(၂၄)၊၂၀၂၆ခုနှစ်။ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အရှေ့ခြမ်းမှ ကျေးရွာ (၂) ရွာကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းကြောင့် မိသားစုဝင် (၅) ဦး သေဆုံးခဲ့ပြီး (၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ယနေ့ (အောက်တိုဘာ ၂၄ ရက်) ထုတ်ပြန်ထားသည်။ ကန့်ဘလူမြို့နယ်အရှေ့ခြမ်း ထန်းတောရွာအနီးရှိ တောင်ယာတဲတစ်ခုကို စစ်အုပ်စုက အောက်တိုဘာ (၂၃) ရက်က ညနေ (၆) နာရီ (၁၅) မိနစ်ဝန်းကျင်တွင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းကြောင့် အမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၂) ဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့သည့် အရပ်သားပြည်သူများထဲတွင် မောင်နှမ (၃)…