စစ်ကိုင်းတိုင်း

BNRA အဖွဲ့မှ ထုတ်ပေးသော လက်နက်များ ပကဖထံ အပ်နှံရမည်

BNRA အဖွဲ့မှ ထုတ်ပေးသော လက်နက်များ ပကဖထံ အပ်နှံရမည်

RNA_ဖေဖော်ဝါရီ(၁၉)၊၂၀၂၆ခုနှစ်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်း ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် - BNRA မှ ထုတ်ပေးထားသည့် လက်နက်များကိုင်ဆောင်သည့် ရဲဘော်များအနေဖြင့် မိမိတို့နေထိုင်ရာ ခရိုင်/မြို့နယ် ပကဖ အဖွဲ့များထံသို့ ချိတ်ဆက်၍ ဆက်စပ်ပစ္စည်းများကို လာရောက်အပ်နှံရန် ယနေ့ (ဖေဖော်ဝါရီ ၁၉ ရက်) ယင်းမာပင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။ BNRA အဖွဲ့အစည်းမှ ထုတ်ပေးထားသော လက်နက်များနှင့် ဆက်စပ်ပစ္စည်းများကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ဖျောက်ဖျက်ထားခြင်း၊ ဖျက်စီးခြင်းများ မပြုလုပ်ကြရန်နှင့် ပြုလုပ်သူများ စစ်ဆေးပေါ်ပေါက်ပါက ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (more…)
Read More
ဗိုလ်နဂါး နှင့် BNRA တပ်ဖွဲ့ဝင်များ ဆင်မပိုအိစံ သတ်ဖြတ်မှုအပါအဝင် (၇) မှုဖြင့် တိုင်တန်းခံထားရကြောင်း NUG ပြည်ထဲရေးဌာနမှ အရေးပေါ်သတင်းထုတ်ပြန်

ဗိုလ်နဂါး နှင့် BNRA တပ်ဖွဲ့ဝင်များ ဆင်မပိုအိစံ သတ်ဖြတ်မှုအပါအဝင် (၇) မှုဖြင့် တိုင်တန်းခံထားရကြောင်း NUG ပြည်ထဲရေးဌာနမှ အရေးပေါ်သတင်းထုတ်ပြန်

RNA_ဖေဖော်ဝါရီ(၁၈)၊၂၀၂၆ခုနှစ်။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် အခြေစိုက်၊ BNRA ခေါင်းဆောင် ဗိုလ်နဂါးနှင့် BNRA တပ်ဖွဲ့ဝင်များသည် ဆင်မပိုးအိစံအား သတ်ဖြတ်ခုတ်ထစ်မီးရှို့မှု၊ အမျိုးသမီးငယ် (၂) ဦးအား သက်ငယ်မုဒိမ်းမှု၊ ပကဖ ရဲဘော် (၁၀) ဦးအား ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း၊ နှိပ်စက်ခြင်း၊ မုဒိမ်းကျင့်ရန်ကြံစည်သည်ဟု စွပ်စွဲကာ လူသတ်၊ အလောင်းဖျောက်သည့်အမှုအပါအဝင် အမှု (၇) မှုဖြင့် တိုင်တန်းခံထားရသူဖြစ်ကြောင်း ယနေ့ (ဖေဖော်ဝါရီလ ၁၈ ရက်) ညပိုင်းတွင် NUG ပြည်ထဲရေးဌာနမှ အရေးပေါ်သတင်းထုတ်ပြန်ထားသည်။ တိုင်တန်းခံထားရသည့်အတွက် ဗိုလ်နဂါးအး ယင်းမာပင် ပလဖစခန်း (ပ) ၈၉/၂၀၂၄ ရာဇသတ်ကြီးပုဒ်မ ၃၅၃၊ ပုလဲ ပလဖစခန်း (ပ) ၃/၂၀၂၆ ရာဇသတ်ကြီးပုဒ်မ…
Read More
တော်လှန်ရေးအဖွဲ့အချင်းချင်း တိုက်ခိုက်မှုသည် တော်လှန်ရေးကို သွေဖီနေသည်ဟု နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု အဖွဲ့ဝင် GZA ပြော

တော်လှန်ရေးအဖွဲ့အချင်းချင်း တိုက်ခိုက်မှုသည် တော်လှန်ရေးကို သွေဖီနေသည်ဟု နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု အဖွဲ့ဝင် GZA ပြော

RNA_ဖေဖော်ဝါရီ(၁၈)၊၂၀၂၆ခုနှစ်။ MOD ဗဟိုစစ်ရုံးချုပ်ညွှန်ကြားချက်ဖြင့် MOD လက်အောက်ခံတပ်များ BNRA စခန်းကို တိုက်ခိုက်ခြင်းသည် အထူးသဖြင့် လက်နက်ခဲယမ်း ရှားပါး၍ ချွေတာနေရသည့် တော်လှန်ရေးကာလတွင် ရန်သူကိုတိုက်မည့်အစား တော်လှန်ရေးအဖွဲ့အချင်းချင်း ကျည်ဖြုန်းတီးနေခြင်းဖြစ်သလို တော်လှန်ရေးကို သွေဖီနေခြင်းဖြစ်သည်ဟု နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု အဖွဲ့ဝင် Generation Z Army မှ ယနေ့ ထုတ်ပြန်ပြောကြားထားသည်။ ဗိုလ်နဂါးဦးဆောင်သော BNRA ဂိတ် (၃) ခုကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် MOD ဗဟိုစစ်ရုံးချုပ်ညွှန်ကြားချက်ဖြင့် MOD လက်အောက်ခံ တပ်သား ထောင်ဂဏန်းထက်သာလွန်အင်အားဖြင့် တပ်ဖြန့်လာခဲ့ကြောင်း၊ BNRA ဂိတ် ၃ ခုကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့…
Read More
ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်များ ပြန်လက်လွှတ်ရ

ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်များ ပြန်လက်လွှတ်ရ

RNA_ဖေဖော်ဝါရီ(၉)၊၂၀၂၆ခုနှစ်။ တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထားသော စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်နှင့် လက်အောက်ခံ ရှမ်းနီအမျိုးသားများတပ်မတော် (Shanni Nationalities Army - SNA)တို့က ဖေဖော်ဝါရီ (၈) ရက်နေ့က ပြန်လည်ထိန်းချုပ်သွားပြီဖြစ်ကြောင်း SNA တပ်မဟာ ၆၁၄ က အသိပေးထားသည်။ ဗန်းမောက်မြို့သိမ်းတိုက်ပွဲကို တော်လှန်ရေးအင်အားစုများက ၂၀၂၅ ခုနှစ် စက်တင်ဘာလ (၁၅) ရက်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ရာ စက်တင်ဘာလ (၂၀) ရက်တွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီး၊ တိုက်ပွဲအတွင်း ရဲဘော် (၆) ဦးကျဆုံးခဲ့ရသည်။ (more…)
Read More
ကန့်ဘလူမြို့နယ် ပအဖ တာဝန်ခံ လုပ်ပိုင်ခွင့်ကျော်လွန်ကာ ဖမ်းဆီးမှုများကို လုပ်ဆောင်နေ

ကန့်ဘလူမြို့နယ် ပအဖ တာဝန်ခံ လုပ်ပိုင်ခွင့်ကျော်လွန်ကာ ဖမ်းဆီးမှုများကို လုပ်ဆောင်နေ

RNA_ ဖေဖော်ဝါရီ(၂)၊၂၀၂၆ခုနှစ်။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံသည် မြို့နယ်အတွင်း Boycott ကုန်စည်မဟုတ်သည်များကို သိမ်းဆည်းခြင်း၊ တစ်ချို့ လူဖမ်းဆီးမှုတွင်လည်း လုပ်ပိုင်ခွင့်ကျော်လွန်လုပ်ဆောင်ခြင်းစသည်တို့ကို လုပ်ဆောင်နေကြောင်း သိရသည်။ ကန့်ဘလူမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံ မဲခေါင်သည် ၂၀၂၄ ခုနှစ်အတွင်းက မုဒိမ်းမှုဖြစ်စဉ်အတွင်း ဖမ်းဆီးခံရပြီး တာဝန်မှ ရပ်နားသွားကြောင်း၊ နောက်တက်လာသည့် တာဝန်ခံသည် ကန့်ဘလူမြို့နယ် PDF တပ်ရင်းတစ်ခုမှ တပ်ရင်းမှူး တစ်ဦးနှင့် ညီအစ်ကိုတော်ကြောင်း၊ တစ်ချို့သော မြို့နယ်အတွင်း ကိစ္စများကို ဝန်ကြီးဌာနများကို အသိပေးခြင်းမရှိဘဲ ညီအစ်ကိုတော်သည့် တပ်ရင်းမှူးနှင့်ပေါင်းပြီး လုပ်ဆောင်မှုများရှိသည်ဟုလည်း ဒေသခံများထံမှ သိရသည်။ (more…)
Read More
စာသင်ကျောင်း (၂) ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းကို အာဏာသိမ်းစစ်တပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်

စာသင်ကျောင်း (၂) ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းကို အာဏာသိမ်းစစ်တပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်

RNA_ဇန်နဝါရီ(၁၆)၊၂၀၂၆ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းရှိ စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အတွက် CDM ဆရာမ တစ်ဦးအပါအဝင် အရပ်သားပြည်သူတစ်ချို့ သေဆုံးခဲ့ရကြောင်း သိရသည်။ ဝက်လက်မြို့နယ်၊ ညောင်ကန်ကျေးရွာစာသင်ကျောင်းကို အာဏာသိမ်းစစ်တပ်က ယနေ့ (ဇန်နဝါရီ ၁၆ ရက်) လေကြောင်းမှ (၃) ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်အတွက် ပြည်သူ (၁) ဦး သေဆုံးကာ (၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ (more…)
Read More
စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့ ဝန်ကြီးများ အတည်ပြုခန့်အပ်

စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့ ဝန်ကြီးများ အတည်ပြုခန့်အပ်

RNA_ဒီဇင်ဘာ(၂၃)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့ဝင် ဝန်ကြီးများအဖြစ် ကာကွယ်ရေးဌာန၊ ပြည်ထဲရေးဌာန၊ ပညာရေး ကျန်းမာရေးအပါအဝင် ဒုတိယဝန်ကြီးချုပ်နှင့် ဝန်ကြီးဌာန (၁၁) ခုအတွက် ဝန်ကြီးများကို စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မှ အတည်ပြုခန့်အပ်လိုက်ကြောင်း ယနေ့ (ဒီဇင်ဘာ ၂၃ ရက်) တွင် ထုတ်ပြန်ကြေညာလိုက်သည်။ (more…)
Read More
ရေဦး ပလဖ အချုပ်ထောင် လေကြောင်းတိုက်ခိုက်ခံရပြီး တာဝန်ခံအပါအဝင် (၃) ဦးကျဆုံး

ရေဦး ပလဖ အချုပ်ထောင် လေကြောင်းတိုက်ခိုက်ခံရပြီး တာဝန်ခံအပါအဝင် (၃) ဦးကျဆုံး

RNA_ဒီဇင်ဘာ(၁၉)၊၂၀၂၅ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) အချုပ်ထောင် ဒီဇင်ဘာ ၁၈ ရက်နေ့ ညနေပိုင်းက လေကြောင်းတိုက်ခိုက်ခံရသည့်အတွက် အချုပ်ထောင် တာဝန်ခံ အပါအဝင် (၃) ဦးကျဆုံးခဲ့ရကြောင်း သိရသည်။ ရေဦးမြို့နယ် ပလဖ အချုပ်ထောင် တာဝန်ခံနှင့် ရဲဘော် (၂) ဦးကျဆုံးခဲ့ရကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများရှိသော်လည်း အတိအကျမသိရှိရသေးကြောင်း၊ မင်းကင်း ပလဖ ၏ ဖမ်းဆီးခြင်းခံထားရသော CDM ဆရာဝန် ဒေါက်တာဒေါ်ခင်သူသူလွင်ကိုလည်း ရေဦးမြို့နယ် တရားရုံးတွင် ပြောင်းရွေ့စစ်ဆေးနေသည့်အတွက် ရေဦး ပလဖ အချုပ်ထောင်တွင် ချုပ်နှောင်ထားသည်ဟု ယူဆရကြောင်း ဒေသခံထံက သိရသည်။ (more…)
Read More
သီတင်းကျွတ်လပြည့်ည လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း သပိတ်ဦးဆောင်ကော်မတီမှ လူငယ် ၄ ဦးအပါအဝင် (၁၉) ဦးသေဆုံး

သီတင်းကျွတ်လပြည့်ည လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း သပိတ်ဦးဆောင်ကော်မတီမှ လူငယ် ၄ ဦးအပါအဝင် (၁၉) ဦးသေဆုံး

RNA_အောက်တိုဘာ(၈)၊ ၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုကျေးရွာ မူလတန်းကျောင်းအတွင်း အောက်တိုဘာ ၆ ရက်နေ့ (သီတင်းကျွတ်လပြည့်) ညပိုင်း အတုအယောင်ရွေးကောက်ပွဲအလိုမရှိကြောင်း ပြည်သူ့ဆန္ဒထုတ်ဖော်နေသည့် ချောင်းဦးဒေသခံများ လေကြောင်းတိုက်ခိုက်ခံရပြီး သပိတ်ဦးဆောင်ကော်မတီမှ အမျိုးသားလူငယ် ၄ ဦးအပါအဝင် (၁၉) ဦးသေဆုံးခဲ့ပြီး ကလေးငယ်များအပါအဝင် (၄၀) ဒဏ်ရာရရှိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ကလာသည့် စစ်အုပ်စု၏ Paramotor ဖြင့် ပထမ အကြမ်တွင် ၁၂၀ မမ ဗုံးသီး ၂ လုံး ကြဲချခဲ့ကြောင်း၊ တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသူများကို ဆေးကုသနေသည့် ည ၁၁ တွင် Paramotor ၂ စီးဖြင့်…
Read More
ဗန်းမောက်မြို့သိမ်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးရဲဘော် (၆) ဦးမြင့်မြတ်စွာကျဆုံး

ဗန်းမောက်မြို့သိမ်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးရဲဘော် (၆) ဦးမြင့်မြတ်စွာကျဆုံး

RNA_စက်တင်ဘာ(၂၂)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့သိမ်းတိုက်ပွဲကို စက်တင်ဘာ ၁၅ ရက်နေ့မှစတင်ခဲ့ပြီး စက်တင်ဘာ (၂၀) ရက်နေ့တွင် အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့သည့်တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးရဲဘော် (၆) ဦးမြင့်မြတ်စွာကျဆုံးခဲ့ရသည်ဟု အမှတ် (၁) စစ်ဒေသက ယနေ့ထုတ်ပြန်ထားသည်။ လက်ရှိတွင် ဗန်းမောက်မြို့ဝန်းကျင်မှ အကြမ်းဖက်စစ်ကော်မရှင်တပ်လက်အောက်ခံများသည် ရွှေချောင်းရွာ၊ ပင်းဟင်းခါးရွာနှင့် သာယာကုန်းရွာတို့တွင် ကာကင်းထိုင်ထားပြီး အများစုမှာ ဗန်းမောက်မြို့နယ် မြောက်ဘက်ခြမ်းရှိ မံကုန်းရွာနှင့် အနောက်တောရွာသို့ ဆုတ်ခွာပူးပေါင်းသွားကြောင်း သိရသည်။ (more…)
Read More