ရုပ်သံ

ကျဆုံးသွားသည့် ရဲဘော်များအတွက် ဆုတောင်းပွဲ ပြုလုပ်

ကျဆုံးသွားသည့် ရဲဘော်များအတွက် ဆုတောင်းပွဲ ပြုလုပ်

RNA_ဒီဇင်ဘာ ၃၀ ရက်၊ ၂၀၂၁ ခုနှစ်။ နွေဦးတော်လှန်ရေးအတွင်း စစ်ကောင်စီတပ်၏ ဖမ်းဆီး ပစ်ခတ် သတ်ဖြတ်ခံရသူများနှင့် ခုခံတော်လှန်စစ်အတွင်း ကျဆုံးသွားသည့်ရဲဘော်များအတွက် ယနေ့ညတွင် ခုခံတော်လှန်စစ် ဆင်နွှဲနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ရှေ့တန်းတနေရာတွင် ဆုတောင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။ Red News Agency
Read More
သားအဖြစ်မှ အမွေပြတ်စွန့်လွှတ်ခံရသည့် CDM တပ်မတော်သား မောင်လင်းသူရထွန်း

သားအဖြစ်မှ အမွေပြတ်စွန့်လွှတ်ခံရသည့် CDM တပ်မတော်သား မောင်လင်းသူရထွန်း

RNA_နိုဝင်ဘာ ၁၆ ရက်၊ ၂၀၂၁ ခုနှစ်။ မော်လမြိုင်အခြေစိုက် ရေတပ် အမှတ် (၂) ဗျူဟာ စစ်ယာဉ်စုက ထွက်ပြီး CDM ပြုလုပ်ပြီး ပြည်သူ့ကာကွယ်ရေးတပ် ရောက်ရှိနေသည့် တပ်မတော်သား မောင်လင်းသူရထွန်းဟာ သားအဖြစ်မှ အမွေပြတ်စွန့်လွှတ်ခံလိုက်ရသည်။ Red News Agency
Read More
ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့က မူးယစ်ဆေး အသုံးပြုသူများ

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့က မူးယစ်ဆေး အသုံးပြုသူများ

RNA-နိုဝင်ဘာ ၄ ရက်၊ ၂၀၂၁ ခုနှစ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တနိုင်ငံလုံးအတိုင်းအတာဖြင့် တရားဥပဒေစိုးမှု နည်းလာပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ သဖန်းဆိပ်တွင် မူးယစ်ဆေးသုံးစွဲသူတွေဟာ ပေါ်ပေါ်ထင်ထင် အသုံးပြုနေကြသည်။ ကျောက်မဲမြို့မှာ စစ်ကောင်စီလက်အောက်ခံ ရဲက ဖမ်းဆီးမှုရှိသော်လည်း ခဏတာသာဖြစ်ပြီး မူးယစ်သုံးစွဲသူတွေ အရောင်း အဝယ်ပြုလုပ်သူတွေဟာ ရှိနေတာဖြစ်ပါတယ်၊ ယခု Video ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့က ရိုက်ကူးထားသည်။ မူးယစ်ဆေး အရောင်း အဝယ်ပြုလုပ်သူတွေ ကျောက်မဲမြို့ပေါ်မှာ ပေါ်ပေါ်ထင်ထင်ပြုလုပ်နေသည့်အတွက် လွယ်လွယ်ကူကူ ဝယ်ယူသုံးစွဲနေသည့်အတွက် ဆေးစွဲသူများလာ‌ပြီး ဆေးဖြတ်ချင်သူနည်းပါးနေကြောင်း၊ မိမိဆန္ဒအရ မူးယစ်ဆေး ဖြတ်ချင်သူတွေအနေနှင့် ကျောက်မဲမြို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာနတွင် အချိန်မရွေးလာရောက်နိုင်ကြောင်း ကျောက်မဲမြို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာန…
Read More
ကလေးမြို့‌တောင်ဘတ် တိုက်ပွဲမှာ ကျသွားသည့် ဒုတပ်ခွဲမှူး ကိုအောင်လင်းနိုင် ဈာပန

ကလေးမြို့‌တောင်ဘတ် တိုက်ပွဲမှာ ကျသွားသည့် ဒုတပ်ခွဲမှူး ကိုအောင်လင်းနိုင် ဈာပန

RNA- နိုဝင်ဘာ ၄ ရက်၊ ၂၀၂၁ ခုနှစ်။ ကလေးမြို့ တောင်ဘတ် မိုင် ၂၀ ဝန်းကျင်အကွာက နတ်ချောင်း နတ်မြောင်း၊ သာစည်၊ချောင်းခွ စသည့်ရွာအနီးတဝိုက်တွင် နိုဝင်ဘာလ ၃ ရက်နေ့က စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်သွားရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကလေးတပ်ရင်း(၇)၊ တပ်ခွဲ ( ၁ ) က ဒုတပ်ခွဲမှူး ကိုအောင်လင်းနိုင် (အသက်၂၇နှစ်) ကျဆုံးသွားခဲ့သည်။ ပြည်သူ‌တွေအတွက် တိုက်ပွဲမှာ အသက်ပေးခဲ့သည့် သူရဲကောင်း ဒုတပ်ခွဲမှူး ကိုအောင်လင်းနိုင် ဈာပနကို ရဲဘော်ရဲဘက်များ၊ ပြည်သူများက ယနေ့မှာ ပြုလုပ်ခဲ့သည်။Red News Agency
Read More
အသက် ၆၄ နှစ်အရွယ် ကိုတင်ထွဋ်ပိုင်မိခင် ဖမ်းဆီးခံခဲ့ရတဲ့နေ့က ဘာတွေကြုံတွေခဲ့ရလဲ

အသက် ၆၄ နှစ်အရွယ် ကိုတင်ထွဋ်ပိုင်မိခင် ဖမ်းဆီးခံခဲ့ရတဲ့နေ့က ဘာတွေကြုံတွေခဲ့ရလဲ

RNA- အောက်တိုဘာ ၂၆ ရက်၊ ၂၀၂၁ ခုနှစ်။ မြောက်ဥက္ကလာပနေအိမ်မှာ မေလ ၂ ရက်နေ့က ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုတင်ထွဋ်ပိုင် မိခင်ဒေါ်မိငယ်ဟာ အောက်တိုဘာလ ၁၈ ရက်နေ့က ပြန်လွတ်လာပြီး ဖမ်းဆီးခံရတဲ့နေ့က အတွေ့အကြုံတွေကို ပြောပြထားတာဖြစ်ပါတယ်။ Red News Agency
Read More
လက်နက်ကိုင်တိုက်ရာတွင် ပြည်သူလူထုက ပူးပေါင်းပါဝင်မှုရှိဖို့လိုတယ်

လက်နက်ကိုင်တိုက်ရာတွင် ပြည်သူလူထုက ပူးပေါင်းပါဝင်မှုရှိဖို့လိုတယ်

RNA- ဩဂုတ် ၂၉ ရက်။ စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ရာတွင် စစ်ကိုလိုလားလို့ မဟုတ်ဘဲ ခုခံစစ်နှင့် ဖိနှိပ်မ့ကို လုံးဝလက်မခံနိုင်သည့် မတရားမှုကို တွန်းလန်သည့် တွန်းလှန်စစ်ပုံစံမျိုးသာဖြစ်သည်။ " လက်နက်ကိုင်တိုက်ပြီးတော့ ပြည်သူလူထုက ပူးပေါင်းပါဝင်မှုမရှိရင်လဲ ဘယ်လိုမှမဖြစ်လာနိုင်ပါဘူး။ လွတ်လပ်ရေးတိုက်ပွဲ ဝင်ခဲ့သလို လက်နက်ကိုင်တိုက်တဲ့ အဖွဲ့တွေအပြင် ပြည်သူလူထုကလည်း ဝိုင်းဝန်းပြီးတော့ လုပ်ဆောင်ကြတာ။ ဝိုင်းဝန်းလုပ်ဆောင်တယ်ဆိုတာက ရရာလက်နက်နဲ့ အသေခံခိုင်းတာမဟုတ်ပါဘူး။ ပါဝင်နိုင်တဲ့ နည်းလမ်းတွေကို ဖော်ဆောင်ပြီးတော့ လုပ်ဆောင်တာဖြစ်တယ် " ဟု NUG အစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဝန်ကြီးဦးအောင်မျိုးမင်းက ပြောသည်။ စစ်ကောင်စီမှာရှိနေတဲ့ လက်နက်အလွဲသုံးစားလုပ် အာဏာအလွဲသုံးစားလုပ်နေတဲ့ သူတွေနဲ့ တိုက်ပွဲပုံစံတွေ ဖြစ်လာနိုင်သည်။ Red Nes Agency
Read More
မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်၊ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လွင် ကွယ်လွန်

မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်၊ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လွင် ကွယ်လွန်

ရန်ကုန်၊ ဩဂုတ် ၁၁ ရက်။ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဆရာ ဦးဇော်လွင် (ခ) ဦးမင်းဇော်လွင် သည် ဩဂုတ်လ ၁၀ ရက်နေ့ ညပိုင်းက ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရသည်။ ဆရာဦးမင်းဇော်လွင်သည် ၁၉၈၈ ခုနှစ် ပြည်သူ့အရေးတော်ပုံကာလက မြောက်ဥက္ကလာပမြို့နယ် GSC တွင် နာယကအဖြစ်ပါဝင်ခဲ့ပြီး၊ ၁၉၈၉ ခုနှစ် ရှစ်လေးလုံးကျောက်တိုင်ဖြစ်မြောက်ရေးအဖွဲ့တွင်ပါဝင်ခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မြောက်ဥက္ကလာပမြို့နယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂၀၁၅ ခုနှစ်၊ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲတွင် ပြည်သူများရွေးချယ်ထားသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။ ဆရာဦးမင်းဇော်လွင်သည် ကျောင်းဆရာတဦးဖြစ်ပြီး၊ မြောက်ဥက္ကလာပမြိုကနယ် ဗိုလ်ချုပ်ချစ်သူများအဖွဲ့၊ ကန်သာယာပြည်သူ့ပန်းခြံပြန်လည်ရရှိရေးအဖွဲ့၊…
Read More
“ပြည်သူ့တပ်မတော် KIA ဟာ ဒို့ ပြည်သူရဲ့ သူရဲကောင်းပဲ”

“ပြည်သူ့တပ်မတော် KIA ဟာ ဒို့ ပြည်သူရဲ့ သူရဲကောင်းပဲ”

ဖားကန့်၊ ဩဂုတ် ၁၁ ရက်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စုပြည်သူများက ယနေ့ ( ဩဂုတ်လ ၁၁ ရက်) နံနက်က အာဏာသိမ်းစစ်ကောင်စီအား ချီတက်ဆန္ဒပြကြရာတွင် "ပြည်သူ့တပ်မတော် KIA ဟာ ဒို့ ပြည်သူရဲ့ သူရဲကောင်းပဲ" စသည့် ကြွေးကြော်သံများဖြင့် ကြွေးကြော်ခဲ့ကြသည်။ Red News Agency
Read More
နောင်မျိုးဆက်တွေ အနာဂတ်လှဖို့ ဒီတိုက်ပွဲကို နိုင်မှဖြစ်မယ်

နောင်မျိုးဆက်တွေ အနာဂတ်လှဖို့ ဒီတိုက်ပွဲကို နိုင်မှဖြစ်မယ်

ဖားကန့်၊ ဇူလိုင် ၃၀ ရက်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းအုပ်စု လူငယ်တချို့က လမ်းပေါ်ထွက်ကာ " နောင်မျိုးဆက်တွေ အနာဂတ်လှဖို့့ဒီတိုက်ပွဲကို နိုင်မှဖြစ်မယ်" ဟုဆိုကာ ယနေ့ ( ဇူလိုင်လ ၃၀ ရက်) ညနေပိုင်းက ကျေးရွာအတွင်းလှည့်လည်ကာ အာဏာသိမ်း စစ်တပ်ကို ဆန္ဒပြခဲ့ကြောင်း သိရသည်။ Red News Agency
Read More
ဧပြီ ၁ ရက်နေ့ နံနက်ပိုင်းက Ruby Mart မီးလောင်

ဧပြီ ၁ ရက်နေ့ နံနက်ပိုင်းက Ruby Mart မီးလောင်

ပြည်သူများ အပြင်မထွက်ရဲသည့်အချိန် Ruby Mart မီးလောင် ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်း ထောင့်ရှိ Ruby mart ဧပြီလ ၁ရက် နံနက် ၁နာရီခွဲခန့်က စတင်မီးလောင်ခဲ့သည်။ ယခုအချိန်သည် ရန်ကုန်မြို့တွင် အကြမ်းဖက်စစ်ကောင်စီ လက်နက်ကိုင်များက နေ့ရောညပါ အချိန်ပြည့် လမ်းမများပေါ်တွင်နေပြီး ပြည်သူများမှာ ညပိုင်းအချိန် အပြင်မထွက်ရဲသည့်အချိန် မီးလောင်ခြင်း​ ဖြစ်သည်။ ယနေ့ နံနက် စောစော မီးလောင်မှုသည် မြန်မာစစ်တပ်ပိုင် စီးပွား ရေးလုပ်ငန်းများဖြစ်သော Ruby Mart နှင့် Gandamar whole sales ကုန်တိုက်တို့ တပြိုင်တည်းနီးပါး မီးလောင်မှု ဖြစ်ပွားခဲ့ချိန်တွင် ရန်ကုန်မြို့တွင် အမေရိကန်သတင်းဌာန CNN ၏…
Read More