Red News Agency

Independent Journalism for Justice and Human Rights.

Category: ရုပ်သံ

  • လက်နက်ကြီးစမ်းသပ်ရင်း ရဲဘော် ဒဏ်ရာရ (ရုပ်သံ) 

    လက်နက်ကြီးစမ်းသပ်ရင်း ရဲဘော် ဒဏ်ရာရ (ရုပ်သံ) 

    RNA_ဇူလိုင် ၁၆၊၂၀၂၂ခုနှစ်။

    စစ်ကောင်စီတပ်ကို လက်နက်ကိုင် တိုက်ခိုက်နေသည့် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တော်တော်များများအနေဖြင့် လက်နက်မလုံလောက်သည့်အတွက် လက်လုပ်မိုင်း၊ လက်လုပ်သေနတ်၊လက်လုပ် လက်နက်ကြီးများ ထုတ်လုပ်ရာတွင် ထိခိုက်ဒဏ်ရာအမျိုးမျိုးအပြင် အသက်သေဆုံးမှုများပါ ရှိနေသည်။

    [embedyt] https://www.youtube.com/watch?v=u-XdR2zrWIw[/embedyt]

    ခေတ်မှီလက်နက်များ မရှိသည့်အတွက် အန္တရာယ်များသော်လည်း လက်လုပ် လက်နက်များထုတ်လုပ်နေရသည့်အတွက် ဇူလိုင် ၁၅ ရက်နေ့က The Youth Force -Saw&Kyaukhtu မှအားထားရသော ရဲဘော် (၂) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    #RedNewsAgency

  • ၃ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က (၄၀) ကျော်သေဆုံး

    ၃ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က (၄၀) ကျော်သေဆုံး

    ၃ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က (၄၀) ကျော်သေဆုံး

    RNA_ဇူလိုင်၁၄၊၂၀၂၂ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းတွင် ရန်ကြီးအောင်ဘက်မှ စစ်ကြောင်းထိုးလာသော စစ်ကောင်စီအင်အား(၁၂ဝ)ခန့်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်များ (၃) ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က (၄၀) ကျော်သေဆုံးသည်ဟု ဇူလိုင် ၁၃ ရက်နေ့က ချင်းအမျိုးသားအဖွဲ့ချုပ် သတင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနက ထုတ်ပြန်ထားသည်။

    [embedyt] https://www.youtube.com/watch?v=XWQ8E8lJynU[/embedyt]

    ၂၀၂၂ ခုနှစ် ဇူလိုင်(၁၁)ရက်မှစတင်ပြီး ကလေးတောင်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် CNDF ၊ PDF kalay ၊ CDF-KKG ၊ RKDF ၊ UGF Kalay နှင့် ပ.က.ဖ ကာကွယ်ရေးပူးပေါင်းတပ်တို့အကြား (၃)ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ PDF-Kalay မှ ရဲဘော်တစ်ဦးနှင့် CNDF မှ ရဲဘော်တဦးတို့ကျဆုံးခဲ့ကြောင်း၊ အရပ်သားအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

    ဒေသခံ ပြည်သူ့ကာ ကွယ်ရေး တပ်များနှင့် စစ်ကောင်စီတပ်တို့ ဇူလိုင် (၁၁)ရက် နံနက်တွင် ရန်ကြီးအောင်ဘက်မှ စစ်ကြောင်းထိုးလာသော စစ်ကောင်စီအင်အား (၁၂ဝ) ခန့်သည် ခွေးခါးတောင်မှဆင်းကာ ဟားခါးလေးရွာအတွင်းသို့ဝင်ရောက်ချိန် နေ့ခင်း ၁၂ နာရီအကျော်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ဇူလိုင်(၁၂) ရက်နေ့က ဟားခါးလေးရွာတောင်ခြေဘက်မှ မြောက်ဘက်စည်သာရွာဘက်သို့ ဦးတည်ထွက်ခွာသွားခဲ့ပြီး စည်သာရွာတောင်ခြေဘက်ရှိ ဘိုးဘွားရိပ်သာအကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ဇူလိုင်လ (၁၃)ရက်နေ့တွင် စည်သာရွာအနောက်ဘက် ဘိုးဘွားရိပ်သာတွင် တစ်ညတပ်စွဲထားသော စစ်ကောင်စီတပ်သည် ထောက်ကြန့်ကျေးရွာအရောက်တွင် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

    Red News Agency

  • ကနီအခြေစိုက် Kani Guerrilla Force အဖွဲ့မှ တာဝေးပစ်လက်နက်ကြီး ထုတ်လုပ်အောင်မြင်

    ကနီအခြေစိုက် Kani Guerrilla Force အဖွဲ့မှ တာဝေးပစ်လက်နက်ကြီး ထုတ်လုပ်အောင်မြင်

    RNA_ဇူလိုင်၁၂၊၂၀၂၂ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် ပြည့်သူ့ကာကွယ်ရေး တပ်ဖွဲ့တခုဖြစ်သည့် Kani Guerrilla Force (KGF) အဖွဲ့ရဲ‌ဘော်များ၏ တီထွင်ကြံဆမှုကြောင့် တာဝေးပစ် လက်နက်ကြီး ထုတ်လုပ်အောင်မြင်ပြီဟု ယနေ့ ပြည်သူများကို အသိပေးထားသည်။

    [embedyt] https://www.youtube.com/watch?v=c0ch–5w5Qc[/embedyt]

    ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် လက်နက်လုံလောက်မှု မရှိသည့်အတွက် လက်လုပ်မိုင်းများ၊ လက်လုပ်သေနတ်များ၊ လက်လုပ် လက်နက်ကြီးများ ထုတ်လုပ်ကာ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေကြရကြောင်း၊ အလှူရှင်များ၏ ငွေများဖြင့် လက်နက်ထုတ်လုပ်နေကြသူများရှိကြောင်း သိရသည်။

    အမျိုးသား ညီညွတ်ရေး အစိုးရ -NUG ကာကွယ်ရေး ဝန်ကြီးဌာနအနေဖြင့် ၂၀၂၂ ခုနှစ်မေလအထိ နေရာအသီးသီးမှ ရှာဖွေရရှိသည့် အလှူငွေ အမေရိကန်ဒေါ်လာ (၄၄) သန်းကျော် ခွဲဝေသုံးစွဲမှုရာ လက်နက်ထုတ်လုပ်မှုတွင် ၂၂.၄၉ ရာခိုင်နှုန်း အသုံးပြုထားကြောင်း သိရသည်။

    Red News Agency

  • ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၂၁ ဦးကျဆုံးခဲ့ရသည့် နှစ်ပတ်လည်နေ့ ကျင်းပ 

    ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၂၁ ဦးကျဆုံးခဲ့ရသည့် နှစ်ပတ်လည်နေ့ ကျင်းပ 

    RNA_ဇူလိုင်၉၊၂၀၂၂ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၂၁ ဦးကျဆုံးခဲ့ရသည့် ဇူလိုင်လ ၂ ရက်နေ့က တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် Kaung Kin နှင့် ဒေသခံပြည်သူများက ဝမ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်ခဲ့ကြသည်။

    [embedyt] https://www.youtube.com/watch?v=-JsY60C2iWQ[/embedyt]

    ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့က ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီတပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် စစ်ဘေးရှောင်ပြည်သူ၊ Kaung Kin ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော် (၆) ယောက် အပါအဝင် တစ်မြို့နယ်လုံး (၂၆) ဦး ကျဆုံးခဲ့ကြောင်း Kaung Kin ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

    Red News Agency

  • ကဿပဝိဇ္ဇာ PDFက အိန္ဒိယထုတ် ခါးချိုးတစ်ထောင့်ထိုး ငါးလုံးပြူးသေနတ် ထုတ်လုပ်အောင်မြင်

    ကဿပဝိဇ္ဇာ PDFက အိန္ဒိယထုတ် ခါးချိုးတစ်ထောင့်ထိုး ငါးလုံးပြူးသေနတ် ထုတ်လုပ်အောင်မြင်

    RNA_ဇူလိုင်၉၊၂၀၂၂ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ယင်းမာပင်အခြေစိုက် ကဿပဝိဇ္ဇာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အိန္ဒိနိုင်ငံထုတ် ခါးချိုး ငါးလုံးပြူသေနတ် ထုတ်လုပ်အောင်မြင်ဖြစ်ကြောင်း သိရသည်။

    [embedyt] https://www.youtube.com/watch?v=-Dg6FqlDHSM[/embedyt]

    ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင်ကို လက်နက် ကိုင် ခုခံစစ်ဆင်နွှဲနေသည့် ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် စက်ရုံထုတ် သေနတ်များကို လုံလောက်စွာမရှိသည့်အတွက် စစ်အာဏာရှင်ကို တိုက်ခိုက်ရန် လက်လုပ် ဗုံး၊ လက်လုပ်မိုင်း၊ လက်လုပ်သေနတ်များ ထုတ်လုပ်နေကြရကြောင်း သိရသည်။

    Red News Agency

  • ပေါက်ရင်ယူ မပေါက်ရင်လှူ အစီအစဉ်က သေနတ်အတိုတလက် ဝယ်ယူနိုင်ခဲ့

    ပေါက်ရင်ယူ မပေါက်ရင်လှူ အစီအစဉ်က သေနတ်အတိုတလက် ဝယ်ယူနိုင်ခဲ့

    RNA_ဇူလိုင် ၇၊၂၀၂၂ ခုနှစ်။

    နွေဦးတော်လှန်ရေး ကြာလာသည်နှင့်အမျှ ပြည်သူများ၏ လှူဒါန်းမှုများနည်းပါးလာသည့်အတွက် ကံစမ်းမဲများရောင်းချကာ ” ပေါက်ရင်ယူ မပေါက်ရင်လှူ” အစီအစဉ်အတိုင်း အမျိုးသားကာကွယ်ရေးကွန်ယက်မှ သေနတ်အတိုတလက်စသည်တို့ကို ဝယ်ယူနိုင်ခဲ့ကြောင်း၊ ထပ်မံပြီး မဲများဝယ်ယူပြီး ပြည်သူ့ကာကွယ်ရေးတပ်ကို လှူဒါန်းကြရန် ရဲဘော် ကိုလင်းသူရထွန်းက တိုက်တွန်းထားသည်။

    [embedyt] https://www.youtube.com/watch?v=mY0qU0IfVXk[/embedyt]

    Red News Agency

     

  • တော်လှန်ရေးမှာ ရုန်းကန်ရင်းနှင့် တော်လှန်ရေးဟာ ဘဝ၊ တော်လှန်ရေးဟာအသက် ဖြစ်နေဟု သရုပ်ဆောင် အဆိုတော်် ချစ်သူဝေပြော

    တော်လှန်ရေးမှာ ရုန်းကန်ရင်းနှင့် တော်လှန်ရေးဟာ ဘဝ၊ တော်လှန်ရေးဟာအသက် ဖြစ်နေဟု သရုပ်ဆောင် အဆိုတော်် ချစ်သူဝေပြော

    RNA_ဇွန် ၃၀၊၂၀၂၂ ခုနှစ်။

    ကျောင်းသား၊မိဘ၊ဆရာ အားလုံးစုပေါင်းထားသော “Ayeyarwaddy Federal School ” ဖွင့်ပွဲအခမ်းအနား ယနေ့ နံနက်ပိုင်းက Zoom ဖြင့် ကျင်းပခဲ့ရာမှာ သရုပ်ဆောင်နှင့် အဆိုတော် ချစ်သူဝေ တက်ရောက်ခဲ့ပြီး တော်လှန်ရေးမှာ ရုန်းကန်ရင်းနှင့် တော်လှန်ရေးဟာဘဝ၊ တော်လှန်ရေးဟာ အသက် စသဖြင့် ဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ၊ မိဘများအတွက် အားပေးစကားများ ပြောကြားခဲ့သည်။

    “ဒီတော်လှန်ရေးမှာ ရုန်းကန်ရင်းနဲ့ ဒီတော်လှန်ရေးဟာ ဘဝ၊ တော်လှန်ရေးဟာ အသက်၊ တော်လှန်ရေး အသိသတိနဲ့နိုးထ၊ တော်လှန်ရေး အသိသတိနဲ့ အိပ်စက် ရှင်သန်နေကြရတာပေါ့။ အဲဒီအတွက် ကိုယ်ပိုင်ဘဝတွေ ပျောက်ဆုံးနေတယ်” ဟု ချစ်သူဝေက ပြောကြားခဲ့သည်။

    [embedyt] https://www.youtube.com/watch?v=UNuBUIfAxtY[/embedyt]

    “Ayeyarwaddy Federal School” တွင် ပညာသင်ယူနေသည့် ကျောင်းသား ကျောင်းသူ ၃၀၀၀ ကျော်ရှိပြီး ဆရာ ဆရာမ ၁၅၀ ကျော်ဖြင့် ဖက်ဒရယ်ပညာရေးကို သင်ယူသင်ကြားလျှက်ရှိကြောင်း သိရသည်။

    Red News Agency

  • “အာဏာရူး မကျမချင်း တိုက်ပွဲဝင်နေမယ် ” ဟု ဥကရစ်ထစခန်းတိုက်ပွဲ ရှေ့တန်းစစ်မျက်နှာက ရဲဘော်ကြွေးကြော် 

    “အာဏာရူး မကျမချင်း တိုက်ပွဲဝင်နေမယ် ” ဟု ဥကရစ်ထစခန်းတိုက်ပွဲ ရှေ့တန်းစစ်မျက်နှာက ရဲဘော်ကြွေးကြော် 

    RNA_ဇွန်၃၀၊၂၀၂၂ခုနှစ်။

    KNDO ဗိုလ်စလုံးနှင့်အဖွဲ့ ဥကရစ်ထစခန်းတိုက်ပွဲ ရှေ့တန်းစစ်မျက်နှာမှ နောက်တန်းရဲဘော်များထံ ရုပ်သံ ပေးပို့ရာတွင် “အာဏာရူး မကျမချင်း တိုက်ပွဲဝင်နေမယ် “ဟု ရဲဘော်တဦးက ကြွေးကြော်ထားသည်။

    အများပြည်သူ သိရှိစေရန် ဗိုလ်စလုံးအဖွဲ့ဝင် ရဲဘော်တဦး ရိုက်ကူးပြီး လူမှုကွန်ယက်တွင် ယနေ့နံနက်ပိုင်းက ဖြန့်ချိထားခြင်း ဖြစ်သည်။

    [embedyt] https://www.youtube.com/watch?v=FIRRJxoS_fs[/embedyt]

    ” စခတွေက ဥကရစ်ထစခန်းကို အသေခံကွာကွယ်မှာ မင်းအောင်လှိုင်က သူသေတာမှမဟုတ်တာ၊ အောက်ခြေကကောင်တွေ သေခိုင်းတာလေ၊ သူတို့က ဒီစခန်းကျလို့မရဘူးလို သတ်မှတ်ထားပုံပဲ၊ ကျသွားရင် ကရင်ပြည်နယ်မှာ အခိုင်အမာစခန်းတခု ကျသွားရင် ကျန်တဲ့စခန်းတွေက လွယ်သွားပြီ အခုအသေအလဲ အသေခံ တိုက်ခိုင်းတယ်၊ လေယာဉ်တွေနဲ့ အင်တိုက်အားတိုက်သုံးချနေတယ်လို့ ယူဆပါတယ်” ဟု PDF ရဲဘော်တဦးက ပြောသည်။

    ကရင်ပြည်နယ် ဝေါလေဒေသရှိ စစ်ကောင်စီတပ်၏ ဥကရစ်ထစခန်းကို KNLA၊KNDO၊PDF ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်နေသည်မှာ ယနေ့အပါအဝင် (၅) ရက်ရှိပြီဖြစ်ကြောင်း၊ နှစ်ဖက် ထိခိုက်ကျဆုံးမှုများရှိကြောင်း၊ စစ်ကောင်စီတပ်သည် စခန်းမကျရေးအတွက် လေယာဉ်ပစ်ကူ အလွန်အကျွံအသုံးပြုကာ တိုက်ခိုက်နေရကြောင်း၊ စစ်ကောင်စီတပ်ဘက်က အကျအဆုံး ပိုများနေကြောင်း သိရသည်။

    ဝေါလေဒေသ ဥကရစ်ထ စစ်ကောင်စီ စစ်ဆင်ရေးခြေကုတ်စခန်းသည် မြဝတီ ၊ သေ့ဘောဘိုး၊ ဝေါလေမြို့သစ်အဝင် မုလအိ၊ စုကလိလမ်းပိုင်း ထိပ်လမ်းဆုံနေရာတွင် တည်ရှိကြောင်း သိရသည်။

    Red News Agency

  • မြို့သိမ်းတိုက်ပွဲတွေအတွက် ဘာတွေလိုအပ်နေသလဲ

    မြို့သိမ်းတိုက်ပွဲတွေအတွက် ဘာတွေလိုအပ်နေသလဲ

    မကွေးတိုင်းမှာ မြို့သိမ်းတိုက်ပွဲ စခန်းသိမ်းတိုက်ပွဲတွေ လုပ်နိုင်ပေမဲ့ ဘာတွေလုပ်ဖို့လိုအပ်နေသလဲ၊ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဘာတွေလုပ်ပေးဖို့လိုအပ်နေသလဲဆိုတဲ့ အခြေအနေတွေကို Red News Agency သတင်းဌာနက ရေစကြို PDF က တပ်ရင်းမှူး ဗိုလ်မှိုင်းတေဇကို ဆက်သွယ်မေးမြန်းထားသည်။

    [embedyt] https://www.youtube.com/watch?v=Gb8ZrpoHSX8[/embedyt]

    Red News Agency

  • ဈေးတခုအတွင်း ဆန္ဒပြလူငယ်တွေကို ပြည်သူတွေ လက်ခုပ်တီးအားပေး

    ဈေးတခုအတွင်း ဆန္ဒပြလူငယ်တွေကို ပြည်သူတွေ လက်ခုပ်တီးအားပေး

    RNA_ဇွန် ၂၆၊၂၀၂၂ခုနှစ်။

    “ဒီမှာမင်းအောင်လှိုင် ငါတို့ လူထုတရပ်လုံး မင်းတို့ စစ်ဖိနပ်အောက် ဘယ်တော့မှ ဒူးမထောက်ဘူး ဟေ့” ဆိုသည့် ကြွေးကြော်သံများနှင့် ရန်ကုန်မြို့ ဈေးတခုအတွင်း လူငယ်များဆန္ဒပြခဲ့ကြရာ ပြည်သူများက လပ်ခုပ်တီး အားပေးခဲ့ကြသည်။

    ရန်ကုန်မြို့၏ လူစည်ကားရာနေရာတခုမှာ ချင်းကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း(၄၆)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် သူရဲကောင်း ဆလိုင်းတင်မောင်ဦးက ကြိုးစင်ထက်က ဟစ်ကြွေးသံဖြစ်သည့် ” ‘မင်းတို့ စစ်ဖိနပ်အောက် ငါတို့ ဘယ်တော့မှ ဒူးမထောက်ဘူး” ဆိုသည့် ကြွေးကြေည်သံများနှင့် ယနေ့ လှုပ်ရှားမှုကို စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု-AJAY မှ ပြုလုပ်ခဲ့ကြောင်း သိရသည်။

    (more…)