Red News Agency

Independent Journalism for Justice and Human Rights.

Category: ရုပ်သံ

  • မြဝတီမင်းကြီးဆရာတော်၏ အန္တိမအဂ္ဂိဈာပန အခမ်းအနား မြင်ကွင်း 

    မြဝတီမင်းကြီးဆရာတော်၏ အန္တိမအဂ္ဂိဈာပန အခမ်းအနား မြင်ကွင်း 

    RNA_အောက်တိုဘာ(၃၁)၊၂၀၂၂ခုနှစ်။

    မြဝတီမင်းကြီးဆရာတော် ဘဒ္ဒန္တအရိယာဘိဝံသ သည် ထိုင်းနိုင်ငံမဲဆောက်မြို့၌ အောက်တိုဘာလ (၂၇) ရက်နေ့ ည ၁၀ နာရီ ကျော်ခန့်တွင်နှလုံးရောဂါဖြင့် ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီး ယနေ့ နေ့လည် ၁ နာရီမှ ၃ နာရီအထိ အန္တိမအဂ္ဂိဈာပနအခမ်းအနားကို ထိုင်း မြန်မာနယ်စပ် တစ်နေရာတွင် ပြုလုပ်ခဲ့သည်။

    [embedyt] https://www.youtube.com/watch?v=G4_j3_l7Hvg[/embedyt]

    Red News Agency

  • ပထမဆုံး လွတ်မြောက်နယ်မြေဖြစ်လာမည့် အညာ

    ပထမဆုံး လွတ်မြောက်နယ်မြေဖြစ်လာမည့် အညာ

    “အညာဒေသဟာ ပထမဆုံး လွတ်မြောက်နယ်မြေဖြစ်လာမယ်ဆိုတာ ကောလဟလမဟုတ်ဘူး တစ်ကယ်ပါ”
     
     RNA_အောက်တိုဘာ(၂၈)၊၂၀၂၂ ခုနှစ်။
     
    ” လောလောဆယ် ကျွန်တော်တို့ လက်နက်ကိုင်တွေ စိုးမိုးထားတဲ့အခြေအနေက ကျေးရွာတွေအားလုံးကို အညာဒေသတွင်းမှာရှိတဲ့ ကျေးရွာတွေ အားလုံးနီးပါးကို ထိန်းချုပ်ထားနိုင်ပြီ PDF တွေစိုးမိုးထားနိုင်ပြီ၊ ကျေးရွာတွေရဲ့ နောက်တဆင့်ဖြစ်တဲ့ တိုက်နယ်တွေပေါ့နော် ကျေးရွာတွေစုပေါင်းထားတဲ့တိုက်နယ်တွေ အဲတိုက်နယ်တွေလည်း စိုးမိုးထားနိုင်ပြီ၊ တိုက်နယ်ကနေတဆင့် မြို့တွေပေါ့နော် အဲဒီမြို့တွေ အကုန်လုံးနီးပါးကို အဲဒီ မြို့တကွက်လေးပေါ့ဗျာ မြို့တကွက်လေး ကွက်ကွက်လေးတခုသာပဲ ဒီကောင်တွေက ထိုင်နိုင်တယ်၊ ကျန်တဲ့ဟာ သူတို့ မထိုင်နိုင်တော့ပါဘူး” ဟု စသဖြင့် 96 Solders – PDF တာဝန်ခံ ကိုဇေယျာလွင်က Red News Agency ကို ပြောသည်။
    [embedyt] https://www.youtube.com/watch?v=0KEmerY0w7A[/embedyt]
    အညာပြည်သူများ တော်လှန်ရေးနှင့်ပတ်သက်ပြီး စိတ်အားထက်သန်မှု အညာပြည်သူတို့၏ ရဲဝံ့မှု၊ အညာမြေ စစ်ရေးအခြေအနေမှာ PDF တွေစိုးမိုးထားမှုများ အခြေအနေများ၊ အညာမြေကို 96 Solders-PDF ဘာ့ကြောင့် ရွေးချယ်ခဲ့သလဲဆိုသည့် အကြောင်းအရာတွေကို Red News Agecny က 96 Solders – PDF တာဝန်ခံ ကိုဇေယျာလွင်ကို ဆက်သွယ်မေးမြန်းထားသည်။
     
    Red News Agency

  • 96 Soldiers – PDF ရဲဘော်များ မြို့ပေါ်တက်လာမည်ဟု ကြုံးဝါး

    96 Soldiers – PDF ရဲဘော်များ မြို့ပေါ်တက်လာမည်ဟု ကြုံးဝါး

    RNA_အောက်တိုဘာ(၂၇)၊၂၀၂၂ ခုနှစ်။

    “ 96 Soldiers တွေ မြို့ကိုတက်လာမယ်၊ မကြာခင်မှာ တက်လာမယ်၊ 96 Soldiers “ ဟု ရဲဘော်သစ်နောင်နောင်က တိုက်ပွဲဝင်ရန် သွားလာနေစဉ် ကြုံးဝါးထားသည်။ 

    [embedyt] https://www.youtube.com/watch?v=Xi3tqoBcx3U[/embedyt]

    96 Soldiers – PDF ရဲဘော်များသည် တောင်ပိုင်းတိုင်းစစ်ဒေသနှင့် အညာမြေစစ်ဒေသတို့တွင် စစ်အာဏာရှင်အား လက်နက်ကိုင်တိုက်ခိုက်နေပြီး ပြီးခဲ့သည့် ကော့ကရိတ်တိုက်ပွဲတွင်လည်း ပါဝင်ဆင်နွှဲခဲ့ကြသည်။ 

    Red News Agency

  • တိုက်ပွဲအရှိန်မြှင့်ရန် လုပ်ဆောင်နေပြီ

    တိုက်ပွဲအရှိန်မြှင့်ရန် လုပ်ဆောင်နေပြီ

    တိုက်ပွဲအရှိန်မြှင့်ရန်အတွက် လုပ်ဆောင်နေပြီဟု တပ်ရင်းမှူး စောစလုံးပြော 

    RNA_အောက်တိုဘာ(၂၆)၊၂၀၂၂ခုနှစ်။ 

    ဆင်ဖြူရဲ့ စစ်ကြောင်း PDFနဲ့ ပူးပေါင်းမဟာမိတ် ကော်သူးလေအာမီ အထူးကွန်မန်ဒိုတပ်ရင်း စင်ပေါ်ပြန်တက်ရင် အားလုံး တစ်ကမ္ဘာလုံး တစ်နိုင်ငံလုံး ဝိုင်းပြီး ဆုတောင်းပေးပြီးတော့ လက်ခုပ်တီးကြ။ ဒီကနေ့ ဒီအချိန်ရောက်ရင် အာဏာရှင် အာဏာရူးတွေ တော်ပါတော့ ကန်တော့ပါတော့လို့ မကြားချင်တော့ဘူး အခွင့်အရေးပေးကြာနေပြီ

    [embedyt] https://www.youtube.com/watch?v=w7gjurAAWxo[/embedyt]

    အာဏာရူး စစ်တပ်ကို တိုက်ခိုက်ရန် အရှန်မြှင့်ရန်အတွက် လုပ်ဆောင်နေပြီဟု KawThooLei Army အထူးကွန်မန်ဒိုတပ်ရင်း၊ ဆင်ဖြူစစ်ကြောင်း တပ်ရင်းမှူး ဗိုလ်မှူးစောစလုံးက ပြောကြားထားသည်။ 

    Red News Agency

  • “ရွာလေးတော့ ပြာကျသွားပြီ”

    “ရွာလေးတော့ ပြာကျသွားပြီ”

    စစ်ကောင်စီတပ်တွေက PDF တွေမနိုင်လို့ ကျေးရွာတွေကို လူမဆန်စွာ မီးရှို့ဖျက်ဆီးနေ

    RNA_အောက်တိုဘာ(၂၃)၊၂၀၂၂ခုနှစ်။

    မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ သေဆုံးပြီးနောက် လူမဆန်စွာ ကျေးရွာများကို မီးရှို့ဖျက်ဆီးမှု ပြုလုပ်နေသည်။

    [embedyt] https://www.youtube.com/watch?v=X6xedNWneFo[/embedyt]

    ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ အမှတ်‌ (၄) တပ်ရင်း၊ တပ်ခွဲ (၂) ဘာမထီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တဦးက မြေပြင်အနေအထားများနှင့်ပတ်သက်ပြီး Red News Agency ကိုပြောပြထားသည်။

    Red News Agency

  • မုံရွာ စသုံးလုံးရုံး ပစ်ခတ်ခဲ့သည့် ရုပ်သံ 

    မုံရွာ စသုံးလုံးရုံး ပစ်ခတ်ခဲ့သည့် ရုပ်သံ 

    RNA_အောက်တိုဘာ(၁၈)၊၂၀၂၂ခုနှစ်။

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့ စစ်ကောင်စီလက်အောက်ခံ အထူးစုံစမ်းစစ်ဆေးရေး (စသုံးလုံး) ရုံး ဂိတ်ပေါက်မှာ စောင့်နေသောစစ်ကောင်စီတပ်သားများနှင့် ရုံးတလျှောက်ကို ယနေ့ ( အောက်တိုဘာ ၁၈ ရက်) နံနက် ၁၁ နာရီ ၄၄ မိနစ်ဝန်းကျင်က မုံရွာနတ်ဆိုးအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရုပ်သံနှင့်တကွ မုံရွာနတ်ဆိုးအဖွဲ့က ထုတ်ပြန်ထားသည်။

    [embedyt] https://www.youtube.com/watch?v=xMoRGGpebOk[/embedyt]

    Red News Agency

  • ကျေးလက်တွေကို PDF တွေ ပိုင်ပြီလား၊ မြေပြင်အနေအထားမှာ ဒလန်တွေကို ဘာလုပ်သင့်လဲ

    ကျေးလက်တွေကို PDF တွေ ပိုင်ပြီလား၊ မြေပြင်အနေအထားမှာ ဒလန်တွေကို ဘာလုပ်သင့်လဲ

    ကျေးလက်တွေကို PDF တွေ ပိုင်ပြီလား၊ မြေပြင်အနေအထားမှာ ဒလန်တွေကို ဘာလုပ်သင့်လဲ
     
    RNA_အောက်တိုဘာ(၁၈)၊၂၀၂၂ ခုနှစ်။
    [embedyt] https://www.youtube.com/watch?v=zMPruVFb51U[/embedyt]
     
    မကွေးတိုင်း၊ ရေစကြိုမြို့နယ်က မြေပြင်အနေအထားနှင့် ဒလန်နဲ့ပျူစောထီးတွေကို ဘယ်လိုလုပ်သင်လဲ ဆိုသည့်အကြောင်းအရာတွေကို ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်းမှူး ဗိုလ်မှိုင်းတေဇကို Red News Agency က မေးမြန်းထားခြင်း ဖြစ်သည်။
     
    #RedNewsAgency

  • ကျားတက်စခန်းသိမ်းတိုက်ပွဲတွင် ကျဆုံခဲ့ရသည့် ရဲဘော်၏ ရဲဘော်ဝလုံး ဈာပန

    ကျားတက်စခန်းသိမ်းတိုက်ပွဲတွင် ကျဆုံခဲ့ရသည့် ရဲဘော်၏ ရဲဘော်ဝလုံး ဈာပန

    RNA_အောက်တိုဘာ(၃)၊၂၀၂၂ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျားတက်ကျေးရွာရှိ စစ်ကောင်စီတပ်လက်အောက်ခံစခန်းသိမ်း တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ် (ပ.က.ဖ)မှ ရဲဘော်ဝလုံးနှင့် ဆားလင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(SSTF)မှ ရဲဘော်ပိန္နဲစေ့တို့ ကျဆုံးခဲ့ရသည်။

    “ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် (ပ.က.ဖ) ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သော ရဲဘော်ဝလုံးသည် အောက်တိုဘာ ( ၂ )ရက် ကျားတက်ရွာစခန်းသိမ်းတိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်အား သတ္တိပြောင်စွာတိုက်ပွဲဝင်ရင်း တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးလှူ၍ မြင့်မြတ်စွာ ကျဆုံးခဲ့ပါသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် (ပ.က.ဖ)သည် ရဲဘော်ဝလုံးအား အာဇာနည်သူရဲကောင်းအဖြစ် ဂုဏ်ယူမှတ်တမ်းတင်အပ်ပါသည်” ဟု ယနေ့ ရေစကြိုမြို့နယ် (ပ.က.ဖ)က ဈာပနအခမ်းအနား ရုပ်သံနှင့်တကွ ထုတ်ပြန်ထားသည်။

    [embedyt] https://www.youtube.com/watch?v=QP8qlREBePA[/embedyt]

    (more…)

  • တန့်ဆည်မြို့နယ် တိုက်ပွဲမှာ TRF ရဲဘော် (၂) ဦး ကျဆုံး

    တန့်ဆည်မြို့နယ် တိုက်ပွဲမှာ TRF ရဲဘော် (၂) ဦး ကျဆုံး

    RNA_စက်တင်ဘာ(၂၄)၊၂၀၂၂ခုနှစ်။

    စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ပေကုန်းရွာအဝင်တွင် စစ်ကောင်းစီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ စက်တင်ဘာလ (၂၃) ရက်နေ့က တိုက်ပွဲဖြစ်ပွားပြီး ရွှေဘိုခရိုင်၊ တပ်ရင်း (၁၆) Taze Revolution Force – TRF မှ ရဲဘော် (၂) ဦးကျဆုံးခဲ့ကြောင်း တာဝန်ရှိသူ တဦးက ပြောထားသည်။

    [embedyt] https://www.youtube.com/watch?v=LCZg5GwClVg[/embedyt]

    စစ်ကောင်စီတပ်က ကျူးကျော်ဝင်ရောက်လာသည့် တိုက်ပွဲဖြစ်ပွားခဲ့ရပြီး၊ စစ်ကောင်စီတပ်၏ လူမဆန်သည့် လုပ်ရပ်များကြောင့် ဒေသခံသောင်းချီထွက်ပြေးနေရပြီး ကျေးရွာတချို့ မီးရှို့ခံနေရကြောင်း သိရသည်။

    Red News Agency

  • PDF များဝန်းရံလိုက်ပါသည့် ယင်းမာပင်ခရိုင် ကျေးရွာစုံလူထုသပိတ်စစ်ကြောင်း 

    PDF များဝန်းရံလိုက်ပါသည့် ယင်းမာပင်ခရိုင် ကျေးရွာစုံလူထုသပိတ်စစ်ကြောင်း 

    RNA_စက်တင်ဘာ(၂၁)၊၂၀၂၂ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်း ယမန်နေ့က ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဝန်းရံ လုံခြုံရေးယူပေးခဲ့သည့် ကျေးရွာစုံလူထုသပိတ်စစ်ကြောင်းက ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း၊ စစ်ကောင်စီတပ်သားတွေ CDM ပြုလုပ်ကြရန် ကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့ကြသည်။

    [embedyt] https://www.youtube.com/watch?v=nCClTk906GY[/embedyt]

    Red News Agency