Red News Agency

Independent Journalism for Justice and Human Rights.

Category: ရုပ်သံ

  • စစ်ကြောင်းထိုးပြီး မြောင်မြို့နယ် ကျေးရွာများကို မီးရှို့ဖျက်ဆီးနေ

    စစ်ကြောင်းထိုးပြီး မြောင်မြို့နယ် ကျေးရွာများကို မီးရှို့ဖျက်ဆီးနေ

    RNA_ဒီဇင်ဘာ(၇)၊၂၀၂၂ခုနှစ်။

    စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးပြီး ရွာသူရွာသားများမရှိသည့်ကျေးရွာများကို မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။

    ” မနက် ၇ နာရီခွဲလောက်တွင် အကြမ်းဖက်စစ်ခွေးများသည် ရွှေဘုံသာကျေးရွာသို့ဝင်ရောက်ပြီး။ ၈နာရီခွဲတွင် ရွှေဘုံသာကျေးရွာအား မီးရှို့နေသည်။ လက်ရှိခွေးများသည် ထိုရွာထဲတွင်ရှိနေပြီး ပြည်သူများသည် မနေ့ညကထည်းက စစ်ရှောင်ပြေးနေကြရသည်” ဟု မြောင်မြိုနယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ-CDSOM  က ယမန်နေ့က အသိပေးထားသည်။

    [embedyt] https://www.youtube.com/watch?v=Zd8Cq10QK1Y[/embedyt]

    စစ်ကြောင်းထိုးလာသည့်အတွက် ဒေသခံများထွက်ပြေးနေကြရကြောင်း၊ ဒီဇင်ဘာလ (၆) ရက်နေ့ နံနက်က ရွှေဘုံသာကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စစ်ကြောင်းထွက်သွားသည်နှင့် ရွာသူရွာသားများနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

    (more…)

  • လှတောရွာအထွက် တိုက်ပွဲမှာ စစ်ကောင်စီဘက်က အနည်းဆုံး ၄ ဦးသေဆုံ

    လှတောရွာအထွက် တိုက်ပွဲမှာ စစ်ကောင်စီဘက်က အနည်းဆုံး ၄ ဦးသေဆုံ

    ဝက်လက် လှတောရွာအထွက် တိုက်ပွဲမှာ စစ်ကောင်စီဘက်က အနည်းဆုံး ၄ ဦးသေဆုံး

    RNA_နိုဝင်ဘာ(၂၉)၊၂၀၂၂ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီတပ်ကို နိုဝင်ဘာလ ၂၈ ရက်နေ့က နံနက် (၉) နာရီဝန်းကျင်က လှတော့ဘက် တက်လာသည့် စစ်ကြောင်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က အနည်းဆုံး (၄) ဦးသေဆုံးကြောင်း ထုတ်ပြန်ထားသည်။

    “ ခွေး၅ကောင်အကျအဆုံးရှိသည် ခွေး၄ကောင်မှာ လမ်းမပေါ်တွင် တုံးလုံးပက်လက် ပြန့်ကျဲနေပီး ခွေး၁ကောင်မှာ မချိမဆန့်ဖစ်နေသည်ကို နာရေးကူညီရေးအသင်းကားဖြင့် လာရောက်ခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ရှိရသည်။ကျွန်တော်တို့မဟာမိတ်အဖွဲ့များ အထိအခိုက်အကျအဆုံးမရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့” ဟု ဝက်လက်မြို့နယ်အခြေစိုက် ကြောင်လက်သည်း တပ်ဖွဲ့က တိုက်ပွဲရုပ်သံနှင့်တကွ ထုတ်ပြန်ထားသည်။

    [embedyt] https://www.youtube.com/watch?v=KzITwPvjss8[/embedyt]

    လှတောရွာအထွက် ပင်းဇင်းမူးဘောင်ကြားတွင် စစ်ကြောင်းဆက်လက်တက်မရအောင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် ကြောင်လက်သည်း ပြည်သူ့ကာကွယ်ရေးတပ်၊ နန်းတက်မင်း တော်လှန်ရေးအင်အားစု၊ Dynamite “တပ်ခွဲ” နှင့် မဟာမိတ်များစုပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    #RedNewsAgency

  • ကော်ဘရာ သူရဲကောင်း (၃) ဦးဈာပန 

    ကော်ဘရာ သူရဲကောင်း (၃) ဦးဈာပန 

    RNA_နိုဝင်ဘာ(၂၃)၊၂၀၂၂ခုနှစ်။

    အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် ကော်ဘရာ စစ်ကြောင်းမှ ကျဆုံး ရဲဘော် (၃) ဦးဈာပန ယနေ့ ညနေပိုင်းက စစ်ကြောင်းမှ ရဲဘော်များက ပြုလုပ်ခဲ့သည်။

    နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်က စစ်ကောင်စီတပ်၏ ခြုံခိုတိုက်ခိုက်မှုကြောင့် ရဲဘော် နော်အဲမူ အသက် (၂၉) နှစ်၊ ရဲဘော် ကျော်စွာဟိန်း (ခ) ကျော်ကြီး အသက် (၂၀) နှစ် ၊ ရဲဘော် သီတာအေး (ခ) လုလုဖော် အသက် (၂၂) နှစ်တို့ ကျဆုံးခဲ့ရသည်။

    [embedyt] https://www.youtube.com/watch?v=krYpkDi-zj4[/embedyt]

    ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၂၇) ဗိုလ်ဒါဘော ဦးစီးသည့် ကော်ဘရာ စစ်ကြာင်းသည် ကရင်ပြည်နယ်၊ မြဝတီ – ဝေါ်လေ ဒေသ၊ လေ့ကေ့ကော်၊ ဖလူး၊ မင်းလက်ပံ၊ သဲဖြူချောင်း၊ လူခို့၊ ဘလက်တို၊ သေ့ဘော့ဘိုး၊ ဆုံဆည်းမြိုင်၊ တောင်နီ စသည့် ဒေသတွင်း နယ်မြေအတွင်း စစ်ကောင်စီတပ်ကို တိုက်ခိုက်နေကြောင်း သိရသည်။

    #RedNewsAgency

  • ရေးမြို့ရဲစခန်းမှူးအပါအဝင် (၃) ဦးသေဆုံးသည့်ရုပ်သံ

    ရေးမြို့ရဲစခန်းမှူးအပါအဝင် (၃) ဦးသေဆုံးသည့်ရုပ်သံ

    ရေးဘီလူး အဖွဲ့ပစ်ခတ်မှုကြောင့် ရေးမြို့ရဲစခန်းမှူးအပါအဝင် (၃) ဦးသေဆုံး ( ရုပ်သံ)

    RNA_နိုဝင်ဘာ(၂၃)၊၂၀၂၂ ခုနှစ်။

    မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ရေးဘီလူးအဖွဲ့၏ ယနေ့ နံနက် (၈) နာရီ ၂၀ မိနစ်ဝန်းကျင်က စောင့်ကြိုပစ်ခတ်မှုကြောင့် ရေးမြို့မရဲစခန်း စခန်းမှူးအပါအဝင် ရဲ (၃) ဦးသေဆုံးကာ M16 တလက်နှင့် ပစ္စတို တလက်နှင့် အခြားပစ္စည်းတချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

    [embedyt] https://www.youtube.com/watch?v=VAlsKPnTZHU[/embedyt]

    ရေးမြို့မရဲစခန်းအပါအဝင် စီးနင်းလာသည့် ယာဉ်ကို အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ – ၁၉) အနီးတွင် ရေးဘီလူးအဖွဲ့က စောင့်ကြိုပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

    Red News Agency

  • တပ်မ ၁၀၁ မှပြန်လာသည့် ပျူစောထီးနှင့်အဖွဲ့ကို ကြားဖြတ်တိုက်ခိုက် 

    တပ်မ ၁၀၁ မှပြန်လာသည့် ပျူစောထီးနှင့်အဖွဲ့ကို ကြားဖြတ်တိုက်ခိုက် 

    ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ မှပြန်လာသည့် ပျူစောထီးနှင့်အဖွဲ့ကို ကြားဖြတ်တိုက်ခိုက်

    RNA_နိုဝင်ဘာ(၂၂)၊၂၀၂၂ခုနှစ်။

    မကွေးတိုင်း၊ ပခုက္ကူအခြေစိုက် စစ်ကောင်စီတပ် တပ်မ (၁၀၁) မှပြန်လာသည့် စစ်ကောင်စီတပ်သားများနှင့်ပျူစောထီးများကို ဒေသခံပြည်သု့ကာကွယ်ရေးတပ်ဖွဲ့များက တွင်းမပျူစောထီးရွာနှင့် သရက်ကန်ပျူစောထီးရွာကြားတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြသည်။

    မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း(၁) တပ်ခွဲ -၁ နှင့် တပ်ခွဲ-၂( ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) တို့ ပူးပေါင်း၍ နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေ ၃ နာရီ ၅၀ မိနစ်ဝန်းကျင်က တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

    (more…)

  • ညပိုင်းအရေးပေါ် စစ်ဘေးရှောင်နေရ 

    ညပိုင်းအရေးပေါ် စစ်ဘေးရှောင်နေရ 

    စကစ တပ်၏ သတ်ဖြတ်မှုကြောင့် ညပိုင်းအရေးပေါ် စစ်ဘေးရှောင်နေရ

    RNA_နိုဝင်ဘာ(၁၅)၊၂၀၂၂ခုနှစ်။

    စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ် စစ်ကြောင်းမှ ဒေသခံပြည်သူများကို သတ်ဖြတ် နေအိမ်များကို မီးရှို့ဖျက်ဆီးနေသည့်အတွက် ဒေသခံပြည်သူများ ညပိုင်း ‌စစ်ဘေးရှောင်နေကြရသည်။

    ” အညာဒေသက ပြည်သူတွေဟာ အကြမ်းဖက်စစ်ခွေးတွေရဲ့ ရွာတွေကိုမီးရှို့မှုတွေ လူတွေကိုဖမ်းဆီးသက်မှုတွေကြောင့် ညအချိန်ကြီး စစ်ရှောင်နေကြသောမြင်ကွင်းပါ” ဟု 96 Soldiers -PDF အညာဒေသတပ်ခွဲက ရုပ်သံနှင့်တကွ အသိပေးထားသည်။

    [embedyt] https://www.youtube.com/watch?v=J6Em2qqMkNY[/embedyt]

    ယခုရက်ပိုင်း စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း၊ ဝက်လပ်မြို့နယ်မှာ ထိုးစစ်ဆင်နေပြီး နေသခံ PDF တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားနေကြောင်း၊ စစ်ကောင်စီတပ်စစ်ကြောင်းက ကျေးရွာများကို ဝင်စီးကာ နေအိမ် အဆောက်အဦများကို မီးရှို့ပြီး တွေ့ရှိပြီး ဖမ်းဆီးရမိသည့် ပြည်သူများကို သတ်ဖြတ်နေကြောင်း သိရသည်။

    စစ်ကောင်စီတပ်သည် အောက်တိုဘာလအတွင်း တနိုင်ငံလုံးအတိုင်းအတာဖြင့် နေအိမ် အဆောက် အဦ ၁၅၁၀ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခဲ့ရာ စစ်ကိုင်း တိုင်းမှာ ၁၁၂၄ လုံးထက်မနည်း၊ မကွေးတိုင်းမှာ ၃၇၁ လုံးထက်မနည်း ရှိခဲ့ကြောင်း၊ စစ်တပ်အာဏာ သိမ်းပြီးနောက် အောက်တိုဘာလအထိ စစ်ကိုင်းတိုင်းတွင် စစ်ဘေးဒုက္ခသည် ၆ သိန်းကျော်ရှိကြောင်း ISP – Myanmar ၏ အချက်အလက်များအရ သိရသည်။

    Red News Agency

  • စစ်ကောင်စီတပ်စစ်ကြောင်း မိုင်းကွင်းမိပြီး အသေအဆုံးများ

    စစ်ကောင်စီတပ်စစ်ကြောင်း မိုင်းကွင်းမိပြီး အသေအဆုံးများ

    RNA_နိုဝင်ဘာ(၁၄)၊၂၀၂၂ခုနှစ်။

    မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ မွေတလိုင်းကျေးရွာ တပ်စွပ်ထားသည့် စစ်ကောင်စီတပ် ကျေးရွာမှအထွက် ယနေ့ နံနက် (၉) နာရီဝန်းကျင်က မိုင်းကွင်းအတွင်း ဝင်ရောက်လာသည့်အတွက် တောကြီးမွေပွေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၉) ဦးသေဆုံးသည်ဟု သိရသည်။

    ” မြွေတလိုင်းကျေးရွာကို တပ်စွဲထားပြီး ဧရာဝတီအနောက်ဘက်ကမ်းကို( 107 )ဖြင့် ပစ်ခက်ခဲ့သော စစ်ကြောင်းကို မြွေတလိုင်းကျေးရွာမှ အပြန် နံနက် ( ၉ )နာရီ ဝန်းကျင်တွင်မိုင်းခွဲ ( ၉) ဦးသေဆုံးပြီး ( ၁ )ဦးပြင်းထန်ဒဏ်ရာရ။ မိုင်းကွင်းရှိတာသတင်းပေါက်တော့ ခွေး ( ၂၅) ကောင် မိုင်းကွင်းနောက်ကနေ ပတ်ဝင်လာတယ်။ ကွင်းက ( ၂) ကွင်းရှိတာကို မသိဘဲ တစ်ကွင်းပဲသိတာ ထင်တယ်။ မိုင်းချတဲ့ရဲဘော်တွေ နေတဲ့ ရွာကို ရဲကားနှစ်ဦး နဲ့ ဝင်ဖမ်းတယ်။ သူတို့လာတော့ ပြေးပြလိုက်တယ်” ဟု တောကြီးမြွေးပွေးအဖွဲ့က ထုတ်ပြန်ထားသည်။

    မွေတလိုင်းရွာအထွက် မိုင်းခွဲခံရပြီး ၁ နာရီအကြာတွင် မတ္တရာမြို့မှ စစ်ကောင်စီတပ်အင်အား (၃၀၀) နီးပါး ဧရာဝတီမြစ်ကြောင်းဘက် ထွက်လာပြီး ကျေးရွာတချို့တွင် ဝင်ရောက်တပ်စွဲနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    Video: တောကြီးမွေပွေးတပ်ဖွဲ့နှင့်မဟာမိတ်များ နိုဝင်ဘာ (၁၃) ရက်နေ့က ကျေးရွာများ မီးပတ်ရှို့နေသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်နေစဉ်။

    [embedyt] https://www.youtube.com/watch?v=9ipsHZHsJxE[/embedyt]

    Red News Agency

  • ကျေးရွာမီးရှို့သည့် စကစ တပ်ဖွဲ့ တိုက်ခိုက်ခံရ

    ကျေးရွာမီးရှို့သည့် စကစ တပ်ဖွဲ့ တိုက်ခိုက်ခံရ

    စစ်ကောင်စီတပ်ကို ဝက်လက်ဗိုလ်ကျားကြီးအဖွဲ့နှင့်မဟာမိတ်များတိုက်ခိုက်

    RNA_နိုဝင်ဘာ(၁၃)၊၂၀၂၂ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ထန်းကြီးကျေးရွာကို မီးရှို့ပြီး ထွက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ယနေ့ နေ့လည် ၁ နာရီဝန်းကျင်က ကျောင်းဖြူရွာအနီးတွင် ဝက်လက်ဗိုလ်ကျားကြီးအဖွဲ့နှင့်မဟာမိတ်ရဲဘော်များက တိုက်ခိုက်ခဲ့ကြကြောင်း Bo Tiger အဖွဲ့က ရုပ်သံနှင့်တကွ ထုတ်ပြန်ထားသည်။

    [embedyt] https://www.youtube.com/watch?v=eJztWiWJ5rA[/embedyt]

    Red News Agency

  • “တော်လှန်ရေးက အောင်ကိုယ်အောင်မှာပါ”

    “တော်လှန်ရေးက အောင်ကိုယ်အောင်မှာပါ”

    ပြည်သူ PDF NUG လက်တွဲညီညီလှုပ်ရှားနေသည့်အတွက် တော်လှန်ရေးက အောင်ကိုယ် အောင်မည်
    RNA_နိုဝင်ဘာ(၅)၊၂၀၂၂ ခုနှစ်။
     
    “ တော်လှန်ရေးက အောင်ကိုအောင်မှာပါ၊ ဘာလို့လည်းဆိုတော့ အခုချိန်ထိ ပြည်သူတွေနဲ့ PDF တွေ NUG တို့ဟာ အားလုံးက လက်တွဲညီညီ လှုပ်ရှားနေတာဖြစ်တဲ့အတွက် တနေ့တလံ ပုဂံဘယ်ရွေ့မလဲဗျာ၊ ဘယ်လိုပဲနေနေ အောင်မြင်မှုကတော့ ရကိုယ်ရမှာဖြစ်ပါတယ်၊ အဲဒီ ဖက်ဒရယ်ဒီမိုကရေစီ အောင်မြင်မှုကြီးရသည့်တိုင်အောင် အားလုံး ယုံကြည်ချက်မပျက်ပဲနဲ့ လက်တွဲမှုဖြုတ်ဘဲနဲ့ ဆက်လက်ယုံကြည်ပြီးတော့ လုပ်ဆောင်ပေးဖို့လည်း လိုအပ်ပါတယ်”ဟု လူငယ်သူရဲကောင်းတပ် – YRF မှရဲဘော် ဖီးနစ်က ပြောကြားထားသည်။
    [embedyt] https://www.youtube.com/watch?v=fUM59zMPhD4[/embedyt]
     
    စစ်ကိုင်းတိုင်း၊ ယင်းမာပင်အခြေစိုက် လူငယ်သူရဲကောင်းတပ်မှ ရဲဘော်ဖီးနစ်ကစစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က တော်လှန်ရေးအခြေအနေများ၊ လက်တလောကြုံတွေ့နေရသည့်အခက်အခဲနှင့် စစ်ရေးအခြေအနေများကို ပြောပြထားသည်။
     
    Red News Agency

  • အစာဆိပ်သင့်မှုဖြစ်ပွားသဖြင့် ကလေး ၆၀ ကျော် ဆေးရုံများသို့ ပို့တင်ထားရ

    အစာဆိပ်သင့်မှုဖြစ်ပွားသဖြင့် ကလေး ၆၀ ကျော် ဆေးရုံများသို့ ပို့တင်ထားရ

    RNA  ၊ နိုဝင်ဘာ၂ ၊ ၂၀၂၂ ခုနှစ် ။

    ရန်ကုန်တိုင်း သာကေတမြို့နယ်ရှိ အ.မ.က အမှတ် ၂၉ နှင့် ဒဂုံဆိပ်ကမ်းမြို့နယ် ၆၇ ရပ်ကွက်တို့တွင် အစာဆိပ်သင့်မှု ဖြစ်ပွားသဖြင့်  ကလေး ၆၀ ကျော် ဆေးရုံများသို့ ပို့ဆောင်ထားရကြောင်း သတင်းရရှိသည်။

    [embedyt] https://www.youtube.com/watch?v=Ggu_pZQy7DU[/embedyt]

    “ဒီနေ့ ကျောင်းတစ်ကျောင်းမှာ ကလေးတွေ အစာအဆိပ်သင့်မှု ဖြစ်လို့ ရန်ကင်းကလေးဆေးဆုံမှာ လူတွေများနေတယ်လို့ အဲဒီနေရာရောက်နေတဲ့ ဘော်ဒါ Taxi သမားတစိယောက်က လှမ်း​ပြောတယ်။ အဲဒီကို သွားပြီး ခရီသည်အော်ဒါ လာရှာဖို့ လှမ်းပြောတယ် ” ဟု အငှားယာဥ် မောင်းတစ်ဦးက ပြောသည်။

    (more…)